သတင်း

လွိုင်ကော်မှာ အင်တာနက်လှိုင်း အားလုံး ဖြတ်တောက်ခံရ

လွိုင်ကော်မှာ အင်တာနက်လှိုင်း အားလုံး ဖြတ်တောက်ခံရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၂၊ ၂၀၂၃

လွိုင်ကော်မြို့ထဲမှာတော့ ဒီကနေ့ မနက် နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ပြီး အင်တာနက်လှိုင်း အားလုံး ပြတ်တောက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယမန်နေ့(၂၁)ရက်နေ့ထိ MPT လှိုင်းအနည်းငယ် ရရှိသေးတယ်။ လွိုင်ကော် မြို့ထဲမှာတော့ စစ်ကောင်စီ လျှပ်စစ်မီး ဖြတ်တောက်ထားတာ (၄)ရက်လောက် ရှိပြီလို့ မြို့ခံတဦး ပြောပြချက်အရ သိရပါတယ်။

အင်တာနက်လှိုင်း အားလုံး ဖြတ်တောက်ထားခံရတာကြောင့် မြို့တွင်း အခြေ အနေနဲ့ ပတ်သက်ပြီး သတင်းအချက်လက်များကို ဆက်သွယ် မေးမြန်းနိုင်ဖို့ အတွက် အဆင်မပြေတော့လို့ ဒေသခံများ စိုးရိမ်းနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ထဲ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့မှ စစ်ရေးတင်းမာ လျက်ရှိပြီး မြို့ထဲမှာလည်း ပြည်သူအများအပြား ပိတ်မိနေဆဲ ဖြစ်ပါတယ်။

လွိုင်ကော်စစ်ရှောင် အများစုဟာလည်း ဒီးမောဆို အနောက်ဖက်ခြမ်း၊ ဆီဆိုင်၊ တောင်ကြီး၊ညောင်ရွှေဖက်သို့တွင် တိမ်းရှောင်နေကြရတာလည်း ရှိနေပါတယ်။

Related Articles

Back to top button