တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံသတင်း စုစည်းတင်ပြချက်

(No. 89, November 7, 2023)

၁။ ဆမီးမြို့ပေါ်တွင် ကင်းစောင့်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
    November 6, 2023

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြိုနယ်၊ ဆမီမြို့ပေါ်တွင် ကင်းစောင့်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ  တိုက် ခိုက်ခံရသဖြင့်  သုံးဦးသေဆုံးကာ တစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်ခန့်က  ဆမီးမြို့၊ ဘားဝရပ်ကွက်၊ ဆမီးချောင်းဖျားတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသည် လန်အာလွှဲဂိတ်တွင် ကင်းစောင့်ပြီး အပြန် ချင်းအမျိုးသားတပ်မတော် (CNA)က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက် ရာတွင် စစ်ကောင်စီဘက်က တပ်ကြပ်ကြီး တစ်ဦးအပါဝင် သုံး ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ တစ်ဦးရရှိခဲ့သည်ဟု CNA နဲ့ နီးစပ် သူတစ်ဦးက ဆိုသည်။

“ဆမီးချောင်း တောင်ကုန်းပေါ်မှာရှိတဲ့ လန်အာလွှဲ ဂိတ်က ကင်းစောင့်ပြီးလို့ပြန်လာတဲ့ချိန် တိုက်ခိုက်ခဲ့တာပါ။ မြို့နဲ့ နှစ်ဖာလုံ နီးပါးဝေးပါတယ်၊ စစ်ကောင်စီတပ်သား တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ် တစ်ဦးနဲ့  စုစုပေါင်း သုံးဦးသေတယ် “ဟု CNA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ရာတွင် ဘားဝရပ်ကွက်နေ ငါးလသားအရွယ် ကလေး ငယ်၏ မိခင် ဒေါ် အေးမိုးသွယ် ဆိုသည့် အမျိုးသမီးကို  ကျည်ထိမှန်ခဲ့သဖြင့်  ပလက်ဝဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း  သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း  ဆမီးဗျူဟာမှူး၏ လူယုံတော်ဖြစ်သည့် ဆမီးရဲစခန်းမှူး လက်ဖက် ရည်ဆိုင်ထိုင်နေစဥ် CNA က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်  ဖြစ်ပွားခဲ့သေးသည်။ https://www.facebook.com/photo /?fbid=664590155810007&set=a.5831 20797290277

၂။ မုံးကိုးတိုက်ပွဲတွင် တပ်မ ၉၉  ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် အရာရှိစစ်သည် ၃၀ ကျော် သေဆုံး
    November 7, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးတိုက်ပွဲမှာ တပ်မ ၉၉ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်လွင် အပါအဝင်အရာ ရှိစစ်သည် ၃၁ ဦး သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။ နိုဝင်ဘာလ ၅ ရက်က မုံးကိုးမြို့က တပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်မ ၉၉ ၊ ခမရ ၁၁၃ နဲ့ ခမရ ၄၁၈ မှ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးအပါအဝင်အရာရှိစစ်သည် ၃၁ ဦး ကျဆုံးခဲ့တာလို့ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “စခန်းကုန်း တိုက်ပွဲတွေမှာကျတာ တပ်ကအရာရှိစစ်သည် ၃၁ ဦးကျ တယ်ပြောတယ်။ ၅ ရက်ည ကတည်းကသိတာ။ ဒါတောင်မြေပြင်မှာ ဘယ်လောက်သေမလဲမသိဘူး။ ရှမ်းမြောက်မှာ ဖြစ်တဲ့တို က်ပွဲတွေကို ကစထမှူး ၂ နဲ့ ၁ က တွဲပြီးတာဝန်ယူတာ ကစထမှူး ၁ က သူ့အဖွဲ့ထဲမှာ လပခ လည်းပါနေတော့ တပ်မ ၉၉ ကို ခေါ်သုံးတာ။  ရှမ်းမြောက်တိုက်ပွဲက နာမည်ကြီးသွားပြီ  ဗျူဟာမှူးအဆင့် တောင်ကျတယ်ဆိုပြီး”လို့ ပြောပါတယ်။

သေဆုံးသူ ဗိုလ်မှူးကြီးအောင်ကျော်လွင်မှာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ထားဝယ်မြို့ အခြေ စိုက် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗျူဟာမှူးတဦးဖြစ်ပြီး အမှတ် ၉၉ ခြေမြန်ဌာနချုပ်ကို ဇွန်လကမှ ပြောင်းရွှေ့လာ သူဖြစ်ကာ တပ်မမှူး အဖြစ်ရာထူးတိုးဖို့ စစ်ကောင်စီကလျာထားသူတဦးလည်းဖြစ်တယ်လို့ တပ်မ ၉၉ နဲ့ နီးစပ်သူတဦးက ပြောပါတယ်။“တပ်မ ၉၉ ရဲ့ ဒုတပ်မမှူး အရင်က ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ သူ့ကို မေလကတည်းက လာဘ်စားမှုနဲ့ ဖမ်းထား တော့ သူနေရာကို ဗိုလ်မှူးကြီးအောင်ကျော်လွင်ကို အစားထိုးခန့်လိုက်တာ။ ဇွန်လကတည်းက ခန့်လိုက်တာ။ ဒါပေမဲ့ တပ်မ ၉၉ ကို  ဇူလိုင်လကမှရောက်တာ ဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ်အဆင့်ကို ရာထူးတိုးဖို့ အသံထွက်နေတာ အခုတိုက်ပွဲမှာ ကျသွား တော့ ဗိုလ်မှူးချုပ် ဖြစ်သွားတာပေါ့။ တပ်ရဲ့သဘောက တိုက်ပွဲမှာသေရင် အရာရှိဆို ရာထူး တဆင့်တိုးပေးတာ”လို့  ရှင်းပြပါ တယ်။ စစ်မှတ်တမ်းရုံးက ပြုစုထားတဲ့ စာရင်းတွေအရ အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ရှမ်းမြောက်တိုက်ပွဲမှာ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး ဗိုလ်ကြီး အပါအဝင် အရာရှိစစ်သည် ၂၉၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ https://bu rmese.dvb.no/post/623785

၃။ သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး        ပျက်စီး
   November 6, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၄ အမြှောက်တပ်ရင်းက ပြည်သူများ နေထိုင်ရာ နေရာများ အတွင်း ညနေ ၅ နာရီ ၄၀ မိနစ် မှ ၈ နာရီ ၅၀ မိနစ် အထိ လက်နက်ကြီး ၁၁ လုံး ပစ်ခတ်ခဲ့ရာ တက်တူးကုန်းရွာတွင်း လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲပြီး ကျေးရွာနေ ပြည်သူ ဦးမိုးအောင် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်းက ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် လက်နက်ကြီး ၂ လုံး၊ ညနေ ၅ နာရီ ၄၀ မိနစ်တွင် လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အနီးအနား ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့​ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသပြည်သူများမှာ အသက်အန္တာရာယ် ခြိမ်းခြောက်မှုများရှိနေပြီး စိုးရိမ်ထိတ်လန့်နေရကာ ဒေသပြည်သူများလည်း မကြာခဏ တိမ်းရှောင်နေရကြောင်း ကေအဲန်ယူ-သထုံမြို့နယ်က ထုတ်ပြန်ထားသည်။ https://www.facebook.com/photo/?fbid=69454249277336 0&set=pcb.69454279 9439996

၄။ မင်းတပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး နေအိမ် ၃ လုံးပျက်စီး
    November 6, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက  နိုဝင်ဘာ ၄ရက်နေ့  နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်-မတူပီလမ်းရှိ ၁၆ မိုင်နှင့် ပန်းစခန်းရှိ လူနေအိမ် သုံးလုံးပျက်စီး သွားကြောင်းသိရသည်။ စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ်လာရောက်၍ ဗုံး ခြောက်လုံးကြဲချခဲ့ခြင်းဖြစ်ပြီး အများပြည်သူ သွားလာရာ လမ်းဘေးရှိ လူနေအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“မင်းတပ်တက္ကသိုလ်ကိုပြန်ဖွင့်ဖို့ စစ်ကောင်စီဖက်ကကြိုးစားတာတွေရှိခဲ့တော့ အဲဒီပတ်ဝန်းကျင်ကို နယ်မြေ ရှင်းလင်းတယ်လို့ ယူဆတာပဲ။ ကြားရသလောက်တော့ လူမနေတော့တာကြာပြီ။ တချို့မီးရှို့ခံရတာတွေ၊ လက်နက်ကြီးကြောင့် ပျက်စီးတာတွေရှိခဲ့တော့ လူလည်းမနေကြတော့တာများတယ်” လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေး နှင့် မှတ်တမ်းဌာနမှ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ပြောသည်။

မင်းတပ်မြို့နယ်၊ ၁၆ မိုင်နှင့် ပန်းစခန်းသည် မင်းတပ်-မတူပီလမ်းတွင် တည်ရှိပြီး မင်းတပ်မြို့၊ အခြေစိုက် ခလရ ၂၇၄ စစ်ကောင်စီတပ်ရင်းကလည်း လေကြောင်းတိုက်ခိုက်သည့် နေရာဘက်သို့ လက်နက်ကြီး ငါးကြိမ်ပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးမြို့နယ်ထဲတွင် မင်းတပ်မြို့နယ်လည်း ပါဝင် နေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ဒေသခံများလည်း သေဆုံး၍ နေအိမ်အများအပြားလည်း ပျက်စီးခဲ့သည်။ https://www.facebook. com/photo/?fbid=664990905769932&set =pcb.664991125769910

၅။ တရားမျှတတဲ့လူ့ဘောင် ပေါ်ထွန်းရေး ဆောင်ရွက်မယ်လို့  ပအိုဝ်းအမျိုးသမီးသမဂ္ဂ ထုတ်ပြန်
    November 6, 2023

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနဲ့ တရားမျှတတဲ့ လူ့ဘောင်တစ်ရပ်ပေါ်ထွန်းရေး ရည်မှန်းချက် တူသူများနဲ့ လက်တွဲ ပြီး ဆက်လက် ဆောင်ရွက်မယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ-PWU က အဖွဲ့ ၂၄ နှစ်ပြည့်အဖြစ် ထုတ်ပြန် ကြေညာပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ဟာ ပအိုဝ်းအမျိုးသမီးသမဂ္ဂ ဖွဲ့စည်းမှု ၂၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး PWU အနေနဲ့ တရားမျှတ တဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ အမျိုးသမီးများနယ်ပယ် အသီးသီးမှာ ဦးဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတွေမှာ ပိုမိုပါဝင်နိုင်စေရေး တို့ကို ဦးတည် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဘုံရည်မှန်းချက်တူညီတဲ့ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထု၊ အခြားသော လူမျိုးစုတိုင်းရင်းသားများနဲ့ လက်တွဲကာ ဆက်လက်ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ပအိုဝ်းအမျိုးသမီးများရဲ့ လူနေမှုဘဝတိုး တက်မြင့်မားရေးအတွက် အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ အမျိုးသမီးများ ဖြစ်လာစေရန်အတွက် စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများ၊ စည်းရုံး လှုံ့ဆော်ခြင်း လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ PWU က ဆိုပါတယ်။ ပအိုဝ်းအမျိုးသမီးသမဂ္ဂ PWU တည်ထောင် ချိန်မှ လက်ရှိအချိန်ထိ တန်းတူရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီရေးတို့အတွက် လက်တွဲပူးပေါင်းပါ ဝင်ကြတဲ့ အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ပြည်သူလူထုနဲ့ မိတ်ဖက် အဖွဲ့အစည်းများကို PWU အနေနဲ့ ဂုဏ်ပြုမှတ်တမ်းတင် တယ်လို့ ဆိုပါတယ်။ ပအိုဝ်း အမျိုးသမီးသမဂ္ဂ PWU ကို ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က နယ်စပ် တစ်နေရာမှာ စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပြီး အမျိုးသမီးအခွင့်အရေး၊ ကျား-မ တန်းတူရေး၊ တရားမျှတရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေးတို့ကို လုပ်ဆောင် နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ https://www.facebook. com/photo?fbid=364733599246424&set=pcb.3647336392464

၆။ ရှမ်းမြောက် တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို SSPP ကယ်ထုတ်နေ
    November 6, 2023

ရှမ်းမြောက် တိုက်ပွဲတွေ အတွင်း အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က အကူ အညီပေးနေတယ်လို့ SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲ နယ်မြေ အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေ၊ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို SSPP က ၎င်းတို့ရဲ့ ကိုယ်ပိုင်လမ်းကနေ ကယ်ထုတ်ပေး‌နေသလို မြို့နယ်တွေမှာရှိတဲ့ SSPP ရဲ့ နယ်မြေ အုပ်ချုပ်ရေးရုံးထံ အကူအညီ တောင်းသူတွေကို အကူအညီ ပေးနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ “တိုက်ပွဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုပေါ့ SSPP ရဲ့ လမ်းကနေ ကယ်ထုတ်တာ၊ စစ်ဘေးရှောင် စခန်းတွေဆီ ပို့ပေးတာတွေ ပြုလုပ်ပေးနေတာပေါ့နော်။ ပြီးတော့ စစ်ဘေးရှောင်တွေ ဘယ်သွားရမှန်း မသိဘူး ဆိုလည်း မြို့နယ်တိုင်းမှာရှိတဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးရုံးတွေကို အကြောင်းကြား အကူအညီတောင်းလို့ရတယ်။ လိုရာခရီးကို ပို့ပေးတာ၊ စစ်ဘေးရှောင်စခန်းဆီ ပို့ဆောင်း ပေးတာမျိုးတွေ ကူညီပေးနေတယ်။ ပြီးတော့ စစ်ဘေးရှောင်စခန်း တွေကိုလည်း SSPP နယ်မြေအတွင်းမှာ ဖွင့်လှစ်ဖို့ လုပ်နေ တယ်” လို့ SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ဒါ့အပြင် ရှမ်းမြောက်ဒေသမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို SSPP တာဝန်ရှိသူတွေ သွားရောက်ပြီး အကူအညီ ပေးခဲ့ တယ်လို့လည်း သိရပါတယ်။ ရှမ်းမြောက် လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နမ့်ခမ်း၊ ပန်ဆိုင်း စတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင် စခန်းတွေကို SSPP အုပ်ချုပ်ရေး တာဝန်ရှိသူတွေ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ သောက်ရေ စတဲ့ အကူအညီတွေ ပေးခဲ့တာ ဖြစ်ပါတယ်။“အခုတော့ မြို့နယ် လေးငါးခုမှာရှိတဲ့ စစ်ရှောင်စခန်းတွေ၊ ဘုန်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေ သွားကူညီတာပေါ့။ သူတို့လုပ်လို့ ရတာတွေကို လုပ်နေကူညီနေပါတယ်”လို့ SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် က ပြောပါတယ်။ လက်ရှိ ရှမ်းမြောက်တိုက်ပွဲမှာ SSPP တပ်ဖွဲ့ တိုက်ရိုက် ပါဝင်တိုက်ခိုက်တာ မရှိသေးပါဘူး။ လက်ရှိ ရှမ်းပြည် နယ် မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီ စခန်းပေါင်း ၁၀၀ ကျော်နဲ့ မြို့ ၄ မြို့ထက်မနည်း တိုက်ခိုက်သိမ်း ပိုက်ထားပြီး တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=364757462577371&set=p cb.364757702577347

၇။ တနင်္သာရီမှာ ဆန်တင်လာတဲ့ကားတွေကို စစ်ကောင်စီဖမ်းဆီး
    November 6, 2023

ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ဆန်အခက်အခဲဖြစ်နေတဲ့ တနင်္သာရီမြို့နယ်မှာ ဆန်သယ်ယူလာတဲ့ ကားတွေကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကမွန်းလွဲ ၂ နာရီလောက်မှာ မြိတ်မြို့ကလာတဲ့ ခရီး သည်တင် မှန်လုံကားငယ်တစ်စီးနဲ့ အိမ်စီးကားတစ်စီး(nissan)ကို တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတား စစ်ကောင်စီ စစ်ဆေး ရေးဂိတ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖမ်းဆီးခံရတဲ့ကားတွေဟာ မြိတ်မြို့ကနေ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ သဘော့လိပ်ရွာကို ပြေးဆွဲနေတဲ့ကားတွေဖြစ်ပြီး ကားတစ်စီးမှာ ဆန်အိတ် ၂၀ ဝန်းကျင်ပါလာ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။“ကားသမားတွေက အဖမ်းခံရမယ်ဆိုသိနေလည်းပဲ ဒေသတွင်းမှာ တကယ်လည်း အခက်အခဲဖြစ်နေတာ သူတို့မျက်မြင်ပဲဆိုတော့ သူတို့လည်းနိုင်တဲ့ဘက်က ကူညီရင်အဖမ်းခံရတာ။”လို့ ဒေသခံတစ်ဦးက ပြော ပါတယ်။ ဆန်တင်လာတဲ့ ကားနှစ်စီးစလုံးရဲ့ ယာဥ်မောင်းတွေကို ဗောဓိကမ်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ တနင်္သာရီမြို့ပေါ်မှာရှိတဲ့ စရဖရုံးကို ဖမ်းခေါ်သွားခံခဲ့ရပြီး နေ့တွင်းချင်း ပြန်လွတ်လာခဲ့တယ်လို့ တနင်္သာရီမြို့နယ် ယာဥ်မောင်း အသိုင်းကနေသိရပါတယ်။ ဒါပေမယ့် ဆန်အိတ် ၄၀ တွေကတော့ ပြန်မရခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တနင်္သာရီမြို့နယ်အတွင်း ဆန်သယ်ယူတဲ့ကားတွေကိုဖမ်းဆီး၊ ငွေတောင်းတာ၊ ပြည်သူ့ကာကွယ်ရေး တပ်တွေကို ရိက္ခာထောက်ပံ့ဖို့ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ပြောဆိုစစ်ဆေးလာတာကြောင့် ဒေသတွင်း ဆန်ပြတ်လပ်တာတွေနဲ့ ကြုံ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီမြို့နယ်အတွင်းက ဗောဓိကမ်းတံတားစစ်ဆေးရေးဂိတ်နဲ့ ညောင်ပင်ကွင်း ရွာအခြေစိုက် ခမရ(၅၆၁) ရှေ့က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ဆန်တင်လာတဲ့ကားတွေကိုဖမ်းဆီးလေ့ရှိတယ်လို့ ဆိုပါ တယ်။ ပြီးခဲ့တဲ့လကလည်း အဲဒီစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ဆန်တင်လာတဲ့ကား ၇ စီးထက်မနည်းဖမ်းဆီး၊ ငွေညှစ်ခံခဲ့ ရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ ကားနဲ့ကားမောင်းသူအားလုံးပြန်လွတ်လာပေမယ့် ဆန်အိတ်တွေက တော့ သိမ်းထားခဲ့တယ်လို့ သိရပါတယ်။ https://www.facebook.com/ photo/?fbid=361167349634354&set=a.1962126 82796489

၈။ ကရင်နီပြည်မှာ စခန်းတိုက်ခိုက်ခံရမှာစိုးတဲ့ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုတွေ ပိုလုပ်လာ
    November 6, 2023

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်တွေ အနီးအနား ၀န်းကျင်ကို လက်နက်ကြီး ပစ်ခတ်မှုတွေ ဒီလပိုင်းထဲမှာ ပိုလုပ် လာတယ်လို့ ဖယ်ခုံ (၁၀၀၆) တပ်ရင်း တာ၀န်ရှိသူ ဗိုလ်ကြီးတင်ထွေး ကပြောပါတယ်။ ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီ တပ် စခန်းတွေဟာ တိုက်ခိုက်ခံရမှာ စိုးရိမ်နေပြီး အခုလို အနီး၀န်းကျင်ကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ လိုက်ပစ်နေတာလို့ ဆိုပါတယ်။“တပ်တွေက ပစ်တာများတယ်။ ညတိုင်းကို ပစ်တာ။ အရင်ကထက်လည်း ပိုပစ်တယ်။ တပ်တွေဆို သူတို့ စခန်းနား က တောင်ကုန်းတွေ၊ လယ်ကွင်းတွေဘက်ကို လိုက်ပစ်နေတာ။ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ် စခန်းငယ်တွေက ပစ်ခဲ့ တယ်” လို့ သူကရှင်းပြပါတယ်။

ရှမ်းမြောက်မှာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး စခန်းသိမ်း တိုက်ပွဲတွေ ပြုလုပ်နေလို့ ကရင်နီပြည်က စခန်းတွေ တိုက်ခိုက်ခံရမှာ စစ်ကောင်စီက စိုးရိမ်နေပြီး တပ်စခန်း ဝန်းကျင်ကို ၆၀ မမတွေ၊ ပွိုင့် 5 တွေ အသုံးပြုကာ ညစဥ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာမရှိလို့ တိုက်ပွဲ တွေ ငြိမ်သက်နေပြီး ညဘက်တွေမှာ အခိုင်အမာ တပ်စခန်းတွေက စစ်အင်အား အပြောင်းအရွှေ့လုပ်တာတွေ ရှိနေတယ်လို့ ဗိုလ်ကြီး တင်ထွေး ကပြောပါတယ်။ လက်ရှိ စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ စပါး၊ ပြောင်းတွေ ရိတ်သိမ်းနေပြီး ပြည်သူတွေက တိုက်ပွဲတွေ ခေတ္တရပ်စေချင်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်မဆင်သေးတာလို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ https://www.facebook. com/photo/?fbid=364802169239567&set=a.2859 00490463069

၉။ ဒေါ့ဖုန်းယန်မှာ ခရစ်ယာန်ကျောင်းဝင်းထဲ လက်နက်ကြီးကျည်ကျလို့ နှစ်ဦးဒဏ်ရာရ
    November 7, 2023

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ ရက် နေ့လယ်မှာ မြို့ထဲဘက် ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ခရစ်ယာန် ဘုရားကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေါ့ဖုန်းယန်မြို့မှာ အခြေချထားတဲ့ ခလရ (၁၄၂) တပ်ကနေ မြို့ထဲကို လက်နက် ကြီးနဲ့ ရှစ်ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး အဲဒီအထဲက တစ်လုံးဟာ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲတာကြောင့် အနီးအနားမှာရှိနေတဲ့ ဒေသခံနှစ်ဦး ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရသူနှစ်ဦးဟာ အသက် ၃၀ နဲ့ ၄၀ ကြားအရွယ် ဦးလတ်ကျူနဲ့ ဒေါ်ကိုင်လိန်တို့ ဖြစ်ပြီး ဘုရားကျောင်းကနေ ထွက်လာချိန် ပေါင်မှာ ဗုံးစထိမှန်ခဲ့တာလို့ ဆိုပါတယ်။

အရင်ကတည်းက မြို့ထဲကို မကြာခဏပစ်ခတ်လေ့ရှိပေမယ့် လူထိခိုက်မှုဖြစ်တာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လက်နက်ကြီးနဲ့က မကြခဏပစ်နေတာ။ အရင်ကလည်း ဘုရားကျောင်းဝင်းထဲ ကျသေးတယ်။ ဒါပေမဲ့ အခုလိုတော့ လူမထိဘူး။ အခုတစ်ခေါက်က ဘုရားကျောင်းက ပြန်ထွက်လာတဲ့ အချိန် ဖြစ်သွားတာဆိုတော့ လူနှစ်ဦးကို ဗုံးစမှန်သွားတယ်” ဒဏ်ရာရသူတွေကတော့ ဗန်းမော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူ နေရပြီး လက်ရှိတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံး ခဲ့တဲ့ အရပ်သား ၄၁၆၉ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ https://www.rfa.org/b urmese/news/artillery-hit-dawthponeyan-11062023055710.html

၁၀။ မတူပီတွင် ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သား ၂ ဦးကို  ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်
      November 6, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ နိုဝင်ဘာ ၅ ရက်က စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတယ်လို့ CDF-မတူပီကနေ သိရပါတယ်။ မတူပီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၄၀ တပ်ရင်း က ကိုယ်ပိုင်အမှတ် တ-၅၇၁၅၇၈ တပ်သား ဉာဏ်လင်းအောင်နဲ့ တ-၅၆၂၃၈၇ တပ်သား မျိုးလင်းဦးတို့ဟာ နိုဝင်ဘာ ၅ ရက်မှာ CDF-မတူပီကနေတဆင့် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ဂျွမ်းကိန်းက ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်သားတွေမှာ MA1 သေနတ်တလက်၊ ကျည်ဆန် ၁၃၄ တောင့်နဲ့ ကျည် ဘောက် ၅ ခု ယူဆောင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတာကြောင့် CDF-မတူပီက အဲဒီရဲဘော် ၂ ယောက်ကို ဂုဏ်ပြုဆုငွေ သိန်း ၆၀ ကျပ် ချီးမြှင့်ပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေ အတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။ တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သား တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။ https://burmese.dvb.no/post/623716

၁၁။ ကရင်နီပြည်ရှိ စစ်ကောင်စီလက်အောက်ခံအဖွဲ့အားလုံး ပြည်သူနဲ့ပူးပေါင်းဖို့  ကလလတ အခွင့်အရေးပေး တိုက်          တွန်း
      November 6, 2023

ကရင်နီပြည်နယ်အတွင်းရှိ စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့မှ အရာရှိ အရာခံ အကြပ်တပ်သားများ၊ အခြားသော အုပ်ချုပ်ရေးဘက် ဆိုင်ရာ အမှုထမ်း၊ အရာထမ်း၊ ဝန်ထမ်းများ အားလုံး ပြည်သူတွေနဲ့အမြန်ဆုံးလာရောက် ဆက်သွယ် ပူးပေါင်းကြဖို့ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)က အခုလ တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့သားတွေဟာ မင်းအောင်လှိုင်နဲ့ အပေါင်းပါထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတစ်စုရဲ့ အာဏာတည်တံ့ခိုင်မြဲရေး၊ ကြွယ်ဝချမ်းသာရေး တို့အတွက် အသက်နဲ့ဘဝတွေကို နေ့စဥ်စတေးခံနေကြရတဲ့အပြင်  ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းဇိမ်တွေကို သတ်ဖြတ်၊ လုယက်၊ မီးရှို့ ဖျက်ဆီးခိုင်းနေတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဂုဏ် သိက္ခာလည်း ကျဆင်းနေရတာမို့ ပြတ်ပြတ်သားသား ရှုန်းထွက်လာဖို့ (ကလလတ)က တိုက်တွန်းထားတာဖြစ်ပါတယ်။

အဲဒီတိုက်တွန်းချက်နဲ့အတူ (ကလလတ) အဖွဲ့အစည်းအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ လာ ရောက်ပူးပေါင်းလိုတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကို ဖမ်းဆီး၊ ချုပ်နှောင် နှိပ်စက်မှုတွေ ပြုလုပ်မှာမဟုတ်သလို စစ် အသုံးအဆောင်ပစ္စည်းတွေက လွဲလို့ ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါအပြင် ထိခိုက်ဒဏ်ရာရရှိထားသူတွေနဲ့ နာမကျန်းဖြစ်နေသူတွေကိုလည်း ဒဏ်ရာတွေ သက်သာပျောက်ကင်း ကျန်းမာတာတဲ့အထိ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမှာဖြစ်ပြီး သွားလိုရာ ဒေသတွေကိုလည်း အမြန်ဆုံးသွားရောက်နိုင်ဖို့ လမ်းစရိတ်ကအစ စီစဥ်ဆောင်ရွက်ပေးမယ်လို့ (ကလလတ)အဖွဲ့အစည်းက ဆိုပါတယ်။ https://www.facebo ok.com/photo?fbid=710735024 423795&set=a.583749347122364

၁၂။ ကရင်ပြည်နယ်မြောက်ပိုင်းတွင် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ
     November 6, 2023

ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများ ရာသီအကူး အပြောင်းကြောင့် တုပ်ကွေးရောဂါအဖြစ်များပြီး ဆေးဝါးအပြင် ဆေးကုသမှုပေးမည့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ကရင်နီ (ကယားပြည်နယ်)နှင့် နေပြည်တော် ပျဥ်းမနားနယ်မြေတို့ နှင့် နယ်မြေချင်းနီး ကပ်နေသော ငွေတောင်ကျေးရွာအုပ်စုရှိ ငွေတောင်၊ ကိုးဒစ်သရက်တောင်၊ ကိုးဒစ်ရွာ တန်းရှည်၊ နန်းချို အထက် အောက်ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းမရှိသည့် အပြင် ရာသီတုပ်ကွေးကြောင့် ဒေသခံများနှင့် ထိုရွာများသို့ အနီးအနားမှ စစ်လာရှောင်ကြသူများတွင် တုပ်ကွေးကြောင့် ဆေးဝါးများလည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးက ပြောသည်။“သံတောင်မြောက်ပိုင်းဘက်မှာ နှစ်ဖက်စစ်တွေဖြစ်ကြတော့ အဲဒီဘက်ကဒေသခံ တွေ လည်း ငွေတောင် ဘက် လာရှောင်ကြတာရှိတယ်၊ အဲ့ဘက်တွေက တော်တော်လေး ကျန်းမာရေး လိုအပ်ချက်ရှိနေတာ တုပ်ကွေးဖြစ်တာတော့ ရက်စက်တယ်။ ဖြစ်ပြီး လည်း ပြန်ဖြစ်တာ လူတိုင်းနီး ပါးပဲ။ အဓိကကကတော့ တုပ်ကွေးနဲ့ပတ် သက်တဲ့ဆေး တွေတအားလို တာ။ နှာစေးချောင်းဆိုးနဲ့ ဖျားနာကိုက်ခဲတာတွေအတွက် ဆေးတွေ ပေါ့နော်။” ဟု အဆိုပါစစ်ရှောင်ကူသူက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး တိုက်ပွဲများဖြစ်ပွားနေသည့်အခြေအနေတွင် ကရင်နီပြည်နယ်ဘက်ခြမ်းရှိ ကျန်းမာ ရေးဝန်ထမ်းအချို့မှာ ငွေတောင်ရွာစုများဘက်သို့ လာရောက်ကုသမှုပေးနေရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။ ၎င်းက “ငွေတောင်ဘက်မှာက ကယန်းရွာက နှစ်ရွာလောက်ပဲရှိတယ်။ ကျန်တာက ဂယ်ဘား ကရင်လူမျိုးရွာတွေချည်းပဲ။ တုပ်ကွေးဖြစ်တော့ ကရင်နီခွင်ထဲမှာရှိနေတဲ့ရွာ တွေဘက်က ဆရာဆရာမတွေက လာကုပေးရတယ်။ အခုချိန်မိုးကရွာတုန်းပဲဆို တော့ ဆိုင်ကယ်နဲ့ လူတင်ရင်အဆင်မပြေလို့ လမ်းလျှောက်ပြီးလာကုပေးရတာ။ တိုက်ပွဲတွေ ကလည်း အဲဒီနားမှာဖြစ်နေတာ။ အဲဒီလိုမှအဆင်မပြေဘူးဆိုရင် ကရင်နီထဲက စစ်ရှောင်စခန်းတွေဘက်မှာရှိနေတဲ့ဆေးကုပေးတဲ့နေရာတွေဆီကို လူနာက လာကုရတဲ့အနေအထားပေါ့။” ဟု ပြောသည်။ KDHW မှ တာဝန်ရှိသူတစ်ဦးက “တချို့အထောက်အပံ့အတွက်ကျတော့ လမ်း ကြောင်း က ပို့နေကျလမ်းကြောင်းမဟုတ်ရင် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေဖြတ်ရတာက အဆင်ပြေမပြေရှိသေးတယ်။ ကျမတို့မှာ ရွှေ့ပြောင်းကျန်းမာရေးအဖွဲ့လည်းရှိ တယ်ဆိုတော့ ခရိုင်ကကျန်းမာရေးမှူးနဲ့ဝန်ထမ်းတွေနဲ့ အခုဖြစ်နေတဲ့ငွေတောင် ဘက်က ကိစ္စတွေကို တိုင်ပင်ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောသည်။ https://kicnews.org/2023/11/%e1%80%80% e1%80%9b%e1%80%84%e1%80%ba%e 1%80%95%e1%80%bc%e1

၁၃။ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် လယ်ဧက ၁၀၀၀ ကျော် ၃ နှစ်ကြာ စိုက်ပျိုးနိုင်ခြင်းမရှိပဲ  ပစ်ထားရ
      November 6, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များ၏ လယ်ဧက ၁၀၀၀ ကျော်သည် တိုက်ပွဲများကြောင့် သုံး နှစ်ကြာ စိုက်ပျိုးနိုင်ခြင်းမရှိပဲ ပစ်ထားရကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင်များသည် လယ်လှ၊ သူဌေးကုန်း၊ နှမဒါ၊ နန်းချောင်းဝ၊ စိမ်းညင်းဝ၊ အောက်သဲမဝ၊ ကျောက်ဖြာ၊ သာကာချောင်း၊သရက်တောင်နှင့် အခြားကျေးရွာများမှ ဖြစ်ပြီး လယ်များ နှင့်အတူ ကျွဲ၊ နွား၊ စပါးကျီများကိုလည်း ပစ်ထားခဲ့ရကြောင်း သိရသည်။ “ကျွန်တော်တို့ရွာဘက်က လူတွေက လယ်လုပ်ကြ တယ်၊ အိမ်တိုင်းမှာ စပါးအတင်း ၅၀၀နဲ့အထက် စပါးကျီတွေ ရှိတယ်၊ ပြီးတော့ နွားတွေ၊ ကျွဲတွေ ဝက်တွေကို မွေးကြတယ်။ အခုအဲဒါတွေ ပစ်ထားပြီးရှောင်နေရတာ သုံးနှစ်ရှိနေပြီ” ဟု  သူဌေးကုန်းကျေးရွာသား တစ်ဦးက ပြောသည်။ ပလက်ဝမြို့နယ် အောက်ပိုင်းဒေသ ကျေးရွာများတွင် နေထိုင်သည့်  ပြည်သူများသည် လယ်ယာကို အဓိက လုပ်ကိုင်စားသောက်ကြပြီး စီးပွားဖြစ် ကျွဲ၊ နွား၊ ဝက်များကို မွေးမြူကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်နေ့ က စစ်ကောင်စီနှင့်  ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သည့်  တိုက်ပွဲတွင်  နန်းချောင်းဝကျေးရွာကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးမှားကြဲကာ ကလေးငယ်တစ်ဦးအပါဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ၎င်းတိုက်ပွဲကြောင့် နန်းချောင်းဝကျေးရွာအပြင် အနီးနားရှိကျေးရွာများမှ ပြည်သူများသည် ထွက် ပြေးတိမ်းရှောင်ခဲ့ရသည်မှာ ယနေ့ထိတိုင်ဖြစ်ကာ အချိန်အားဖြင့် သုံးနှစ်ကျော်ရှိလာပြီဟု နန်းချောင်းဝကျေးရွာသား တစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ ရွာကို AA ကအမြဲအဝင်ထွက်လုပ်တော့ စစ်သားတွေက လေယာဥ်နဲ့ ဗုံးကျဲတာပါ၊ အဲ့ကတည်းက ကျွန်တော်တို့က လယ်တွေ၊ ကျွဲတွေ၊ နွားတွေ၊ စပါးကျီတွေပစ်ထားခဲ့ပြီး မြို့ပေါ်ထွက်ပြေးခဲ့ရတာ၊ အခုထိအိမ်မပြန်နိုင်သေးဘူး” ဟုဆိုသည်။ သုံးနှစ်ကြာ ပစ်ထားခံရသည့် လယ်ဧက ၁၀၀၀ ကျော်သည် ယခုခါ သစ်တော၊ ဝါးတော၊ ခြုံတောများဖြစ်နေကြောင်း သိရသည်။ ပစ်ထားခဲ့ရသည့် ဒေသခံများ၏ ကျွဲ၊ နွားများကို စစ်ကောင် စီတပ်ဖွဲ့ဝင်များက ရခိုင်ပြည်နယ်တွင် ရောင်းချနေသည် ဟု ဒေသခံများက ဆိုသည်။ https://www.faceboo k.com/photo/?fbid=665147795754243&set=a.583120797290277

၁၄။ လောင်းလုံးမှာ ပွဲလမ်းသဘင်တွေ မကျင်းပဖို့ ပကဖ တောင်းဆို
      November 6, 2023

လောင်းလုံးမြို့နယ်မှာ ပွဲလမ်းသဘင်နဲ့ တီးမှုတ်ကခုန်ပွဲတွေ မလုပ်ကြဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စာထုတ် ပြန်တောင်းဆိုပါတယ်။ လက်ရှိကာလဟာ အာဏာရှင်ကိုတော်လှန်လို့ တတိုင်းပြည်လုံးက စစ်ရေးအရှိန်မြင့်နေတဲ့ ကာလ ဖြစ် တာကြောင့် အခုလိုတောင်းဆိုရတာဖြစ်တယ်လို့ လောင်းလုံး(ပကဖ)ကရဲ့ထုတ် ပြန်ချက်မှာပြောထားပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း လောင်းလုံးမြို့နယ်အတွင်းမှာ အလှူပွဲ၊ မင်္ဂလာပွဲနဲ့ တခြားပျော်ပွဲရွှင်ပွဲတွေမကျင်းပကြဖို့ လောင်းလုံး (ပကဖ)နဲ့ DDT တပ်ခွဲ ၃ တို့က စာထုတ်ပြန်တောင်းဆိုခဲ့ဖူးပါတယ်။ လောင်းလုံးမြို့နယ် ပကဖ ရဲ့ပြန်ကြား ရေးတာဝန်ခံက အခု ထုတ်ပြန်တဲ့ကြေညာစာဟာ ကထိန်ပွဲတွေ၊ အလှူပွဲတွေနဲ့ မင်္ဂလာဆောင်တွေကိုမလုပ်ကြဖို့ တားဆီးတာ မဟုတ်ဘူးလို့ ဆိုပါ တယ်။ “အလှူတွေ မင်္ဂလာဆောင်တွေလုပ်လို့ရပါတယ်။​ အဓိက အသံချဲ့စက်တွေနဲ့ တီးမှုတ်ကခုန်တာတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ကြဖို့ပါပဲ။ ဒါကလည်း မေတ္တာရပ်ခံတာပါ” လို့လောင်းလုံးမြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ ဇုန်တွေခွဲခြားထားတာကြောင့် တချို့ဇုန်တွေမှာ အလှူလုပ်ရမယ့် ရက်ကို သတ်မှတ်​​ပေးထားတာမျိုးတော့ရှိတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာက အလှူပွဲမှာ ဇာတ်ပွဲကဖို့လာတဲ့ပွဲကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက မနေ့ ကတားဆီးပြီး လှည့်ပြန် ခိုင်းခဲ့တယ်လို့သိရပါတယ်။ “ကျနော်တို့ရွာမှာ အရင်ကဆိုပွဲတွေထပ်နေတာ။ အခုကမဟုတ်တော့ဘူး။ ဒီနေ့ဆိုအလှူမရှိဘူး။ လူတွေလည်းအများစုကြောက်ကြပါတယ်။ ပစ်တာ၊ ခတ်တာတွေကလည်း အချိန်မရွေးဖြစ်နိုင်တာကိုး” လို့ ပြောပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေ လောင်းလုံးမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက လှည့်ပတ်သွား​လာတာနဲ့ ဒေသခံ တွေကိုဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာ ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း လောင်းလုံးမြို့ပေါ်နဲ့ စမ်းလှမ်းကျေးရွာတွေမှာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိနေပြီးတပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ https://www.facebook.com/photo/?fbid=361699169581172&set=a.1962 12682796489

၁၅။ စစ်တပ်နဲ့ PNO အချင်းချင်းပစ်ခတ်တဲ့အမှု ကျပ်သိန်းလေးထောင်နဲ့ စစ်တပ်ကျေအေးပေး
      November 6, 2023

တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ PNO ပြည်သူ့စစ် ဗဟိုလုံခြုံရေးအထူးတပ်ရင်းရဲ့ တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအမှုကို စစ်ကောင်စီက ကျပ်သိန်းလေးထောင်နဲ ကျေးအေးပေးခဲ့တယ်လို့ PNO နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မူးယစ်ဆေးဝါးသယ်လာတဲ့ PNO ပြည်သူ့စစ် ဗဟိုလုံခြုံရေးအထူးတပ်ရင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ဗုဒ္ဓတက္ကသိုလ်အနီးမှာ အချင်း ချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီပစ်ခတ်မှု နောက်ဆက်တွဲအဖြစ် စစ်ကောင်စီက PNO ပြည်သူ့စစ်ရဲ့ ဗဟိုလုံခြုံရေး အထူး တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးခွန်ဗိ နဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးတစ်ဦးကို ဖမ်းဆီးခဲ့တာပါ။ အဲ့ဒီဖမ်းဆီးထားတဲ့ PNO အထူး တပ်ရင်း တာဝန်ရှိသူ ၂ ဦးကို စစ်ကောင်စီတပ်က စစ်ဆေးပြီးတဲ့နောက် အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြန်လွတ်ပေးလိုက်ပြီး PNO ပြည်သူ့စစ်ရဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးမြင့်အောင်မှ ဦးဆောင် ညှိနှိုင်းပေးမှုအရ စစ်ကောင်စီကို ကျပ်ငွေသိန်းလေးထောင် ပေးပြီးမှ ပြန်လွတ်လာတာဖြစ်တယ်လို့ PNO နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

“ဗိုလ်ကြီးဆို အနှိပ်စက်ခံရလို့ မျက်နှာတွေ ဖူးယောင်ကုန်တယ်။ ပစ်ခတ်မှုဖြစ်တဲ့နေ့က နှစ်ဖက်စလုံး ထိခိုက်တာ သေတာရှိတော့ တော်တော်ညှိနှိုင်းရတယ်။ သိန်းလေးထောင်ပေးမှ စစ်ကောင်စီက ပြန်လွတ်ပေးတယ်။ အခုက စစ်တပ်လည်း ရှေ့တန်းစစ်မျက်နှာတွေမှာ PNO ကို အသုံးချဖို့လိုနေတော့ တရားစွဲထောင်ချတဲ့အထိ မလုပ်တာ။ အခုဆို တပ်ရင်းမှူး ခွန်ဗိက မူလရာထူးနဲ့ပဲ သွားလာတာ ပြန်တွေ့နေရတယ်။ ဝေစားတာ မတည့်လို့ ဖြစ်တဲ့သဘောပဲဆိုတော့ သူတို့ခေတ်ဆိုတော့လည်း ထောင်ထဲတောင် မသွားလိုက်ရဘူး”လို့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထွက်ပြေးလွတ်မြောက် သွားတဲ့ PNO ဗိုလ်ကြီး ခွန်အုန်းမောင်ကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ အဲ့ဒီပစ်ခတ်မှုအတွင်းမှာ PNO နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာရှိခဲ့ပြီး PNO ပြည်သူ့စစ်က သယ်ဆောင်လာတဲ့ တန်ဖိုး သိန်းခြောက်ထောင်ကျော်ရှိ ယာမ ဆေးပြားကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ PNO ပြည်သူ့စစ်ရဲ့ ဗဟိုလုံခြုံရေးအထူးတပ်ရင်းကို PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီ ရဲ့သား ခွန်အောင်ကျော်က တိုက်ရိုက်ကွပ်ကဲတာဖြစ်ပြီး PNO ဗဟိုလုံခြုံရေး ဦးအောင်ခမ်းထီနဲ့ PNO ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ခရီးစဉ်လုံခြုံရေးကို အဓိက တာဝန်ယူပေးရတဲ့ တပ်ရင်းဖြစ်ပါတယ်။ https://www.facebook.com/ph oto/?fbid=364378402615277&set= a.285900490463069

၁၆။ ဘော်လခဲကပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်
      November 5, 2023

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေချပြီး လွိုင်ကော်ဖက်ကို ပြန်လာတဲ့ ယာဉ်တန်း ကို ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၄ ရက် မနက် ၁ နာရီကစပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် က ပြောပါတယ်။“ကားကိုပစ်တာ နှစ်စီးထိတယ်။ တစ်စီးတော့ ရပ်သွားတာပေါ့နော်။ ဒါပေမယ့်သူတို့က ချက်ချင်းပြန်ဆွဲတယ်။ အပြန်အလှန်ပစ်ခတ်တာတွေလည်းရှိတယ်။ ကားခေါင်းကို RPG တည့်တည့်ထိတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်သေမှာပဲလေ။ ကပ်လို့တော့မရဘူး။ ညအချိန်ဖြစ်နေတော့သေချာတော့မမြင်ရဘူး” လို့ ပါဝင်တိုက်ခိုက်ခဲ့ သူက ပြောပါတယ်။ စစ်ကောင်စီ ယာဉ်တန်း အစီး ၃၀ ကျော်က ဘောလခဲကနေ လွိုင်ကော်မြို့ကို ပြန်ဖို့အတွက် ညအချိန်တွေမှာ ဖြတ်သန်းသွားလာနေတာ ဖြစ် တယ်လို့ သိရပါတယ်။

ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တန်းကို ကြားဖြတ်ကတိုက်ခိုက်မှုပေါင်း ၃ ကြိမ်ထပ်မနည်း ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်ရဲ့ ယာဉ်တချို့ ပျက်စီးထိခိုက်တာ၊ စစ်သားအချို့ သေဆုံးတာ ရှိနိုင်ပေမယ့် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါ တယ်။ စစ်ယာဉ်တန်းတချို့က လွိုင်ကော်မြို့ကို ရောက်နေနိုင်ပြီး ဖရူဆိုမြို့နယ် အမှတ် ၁၄ လေ့ကျင့်ရေးကွင်းမှာလည်း စစ်ကောင်စီယာဉ်တန်းတချို့ရှိနေသေးတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ယာဉ်တန်းဖြတ်ဖို့အတွက် နှစ်ရက် ဆက်တိုက် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေလို့ နေအိမ်အချို့ ယမ်းစတွေထိမှန်ပျက်စီးခဲ့ရပါတယ်။ https://www.facebook.com/photo/?fbid=364256162627501&set=a.285900490 463069

၁၇။ ကြာအင်းဆိပ်ကြီးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၄၅ ဦးသေဆုံးခဲ့ကြောင်း SOF ထုတ်ပြန်
      November 6, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့တွင် ပြီးခဲ့သည့် အောက်တို ဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၄၅ ဦးသေဆုံးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ −SOF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ဖိုးချီးမုစခန်းသို့ ရိက္ခာလက်နက်ခဲယမ်းပို့ ဆောင်လာ သော အင်အား (၁၀၀) ခန့်ရှိသည့် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း (ခမရ-၃၅၈၊ ၅၅၈)၊ ခြေလျင်တပ်ရင်း (ခလရ-၅၆၁၊ ၅၅၇) စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၃၀ ဦးသေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံးများကိုပါ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်မှ နောက်ထပ် ၁၁ ဦးထပ်မံသေဆုံးခဲ့သည်ဟု SOF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ နယ်စပ် အထိုင်စခန်းဖြစ်သည့် ကွီလုံတိုင် စစ်စ ခန်းကို KNLA နှင့် SOF ၏ တပ်ဖွဲ့မှူးဦးဆောင်စစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၄ ဦးသေဆုံးကာ တပ်ဖွဲ့ဝင်အချို့မှာ စခန်းစွန့်ခွာထွက်ပြေးခဲ့သည်ဟု SOF က ဆိုသည်။ SOF ၏ပြန်ကြားရေး တာဝန် ခံတစ်ဦးက “ကြာအင်းဆိပ်ကြီးမှာတော့ စစ်ကောင်စီရဲ့ဗျူဟာတွေ ခြေလျင်တပ်ရင်း တွေရှိ တယ်ပေါ့နော်။ ခလရ ၂၈၃ အဲ့ဒီ တပ်ရင်းတွေရှိတယ်။ အခုကတော့ KNLA ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ SOF အဖွဲ့ပါ မယ်။ ကြာအင်းဆိပ်ကြီးနယ်မြေခံပုဏ္ဏက တပ်ဖွဲ့ရဲ့ ရဲဘော်တစ်ချို့ပါတယ်။ ဒရုန်းတပ်ဖွဲ့တွေရော ကျနော်တို့ အကုန်လုံး စုပေါင်းပြီးတော့ စစ်ဆင်ရေးကိုလုပ်တာပေါ့။ စကစဘက်က ထိခိုက်သေဆုံးမှုတွေများတယ်။ စခန်းက နေထွက် ပြေးသွားတာလည်းရှိတယ်”ဟု ပြောသည်။ ကြာအင်းဆိပ်ကြီး မြို့ နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၄၅ ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာ ရရှိသူများရှိခဲ့သလို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တစ်ချို့ ထိခိုက်သေဆုံးမှုများရှိသည်ဟု SOF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://kicnews.org/2023/11/%e1 %80%80%e1%80%bc%e1%80%ac%e1%80%a1%e1%80%84%e1%80%ba%e1

၁၈။ ဖရူဆို၊ ဆိုသယ်စစ်ရှောင်စခန်းမှာ စစ်ရှောင် ၂၀ ဝန်းကျင်ဟာ အရေပြားရောဂါဖြစ်ပွားနေ
      November 6, 2023

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆိုသယ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ ၂၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကစပြီး အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “ခုတလော စစ်ရှောင်တွေ ကြားမှာ ယားယံတဲ့ရောဂါတွေရှိတယ်။ ပြီးတော့ ယားလို့ဆေးလာတောင်းတဲ့လူရော ယားနာအတွက် ဆေးလာတောင်းတဲ့လူ အများကြီးပဲ။ ယားနာတဲ့လက္ခဏာကတော့ အရေပြားကွက်ဖြစ်တာ၊ ပေါင်ခြံ နဲ့ ချိုင်း တို့မှာယားနာဖြစ်တာ၊ ပြီးတော့ အဖုကြီး ထွက်၊ အဖုသေး အရည်ကြည်အဖု ထွက်တာမျိုးတွေ ဖြစ်တယ်”လို့‌ စစ်ရှောင်စခန်းမှာနေတဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါ တယ်။ အရေပြားရောဂါ ကူးစက်ဖြစ်ပွားတာ နှစ်ပတ်ကြာမြှင့်နေပြီး သက်သာပျောက်ကင်းသူရှိသလို ထပ်မံကူးစက် ဖြစ်ပွားသူ တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဆေးပေးခန်းမရှိတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို့အတွက် ဆေးဝါးတွေလည်း မရှိဘူးလို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ တဦးက ပြောပြပါတယ်။“အချို့က လိမ်းဆေးနဲ့ မသက်သာပဲ ယားယံအတွက် သောက်ဆေးနဲ့တောင်မှ မသက်သာနိုင်သေးဘူး။ ဆေးထပ်တိုးပေးပြီး ပိုးသတ်ဆေးနဲ့ တွဲတိုက်မှပဲ သက်သာလာကြတယ်။” လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတဦးက ပြောပါတယ်။ ဆိုသယ် စစ်ရှောင်စခန်းမှာ အရေပြားရောဂါတွေအပြင် ရာသီအကူး အပြောင်းမှာ ဖြစ်ပွားတဲ့ တုပ်ကွေးရောဂါတွေလည်း အဖြစ်များတယ်လို့ သိရပါတယ်။ “ယားနာလို့ ညအိပ်မပျော်တော့ဘူး။ စိတ်တအားရှုပ်တယ်။ အိပ်မပျော်လို့ စိတ်တအားပူတယ်။”လို့ စစ်ရှောင်တဦးကပြောပါတယ်။ လက်ရှိ အရေပြားယားယံ ဖြစ်ပွား သူတွေဟာ ကလေးတွေသာမက အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတွေလည်း ဖြစ်ပွားလျှက်ရှိနေတယ်လို့ စစ်ရှောင် တွေက ဆိုပါတယ်။ အဆိုပါ ဆိုသယ်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၉၀၀ ကျော်ရှိပါတယ်။ https://www. kantarawaddytimes.org/%e1%80%96%e 1%80%9b%e1%80%b0%e1%80%86%e1%80%ad%e1%80

၁၉။ ရွာငံမြို့နယ် ပြည်သူကားများဖြင့် စစ်ကောင်စီ ထောက်ပို့လုပ်
     November 6, 2023

သျှမ်းပြည် ရွာငံမြို့နယ်တွင် စစ်ကောင်စီ က အရပ်သားကားများကို အသုံးပြုပြီး ထောက်ပို့ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခုလ နိုဝင်ဘာ ၂ ရက်မှစပြီး စစ်ကောင်စီသည် အရပ်သား ကားများကို တစ်ရပ်ကွက်လျှင် ကား၂ စီး အလှည့် ကျ ဂိတ်တွင် ထားပေးရပြီး စစ်ယာဥ်တန်း အဖြစ် ထောက်ပို့ အနေဖြင့် အသုံးပြု လုပ်ဆောင်နေကြောင်း ဒေသခံများက ပြော သည်။“ရွာတိုင်းရွာတိုင်း ကားစာရင်း လုပ်ထားရတယ်၊ ရပ်ကွက်လိုက်ပေါ့ ကား နှစ်စီး သွားထားပေးရတယ်၊ နှစ်ပတ် တိတိ ထားပေးရတာပေါ့၊ နှစ်ပတ်ပြည့်လို့မှ သူတို့ မလို လို့ရှိရင် သွားယူခွင့်ရှိတာ၊ ပြီးနောက်ထပ် နှစ်စီးပြန်သွားထားပေးရတာပေါ့နော်” ဟု ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရွာငံမြို့နယ်ရှိ သိမ်ကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ၊ ထန်းလှပင်ကျေးရွာ စသည့် ရွာငယ်များကအစ စာရင်းကောက် ထားကြောင်း၊ ယူသုံးထားသည့် ကားများတစ်စုံတစ်ရာဖြစ်ခဲ့လျှင်လည်း စစ်ကောင်စီမှ တာဝန်ယူပြုပြင်ပေးခြင်းမရှိသလို ဒေသခံ များက ဆီအပြည့်ပါ ထည့်ပေးရကြောင်း သိရသည်။ ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီသည် အရပ်သားပြည်သူ များကို နည်းမျိုးစုံ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ https://burmese.shannews.org/archives /37804

၂၀။ ကြက်ခြံကနေ ထွက်ပြေးလာတဲ့ ကလေးငယ်၂ဦး တောင်ကြီးမှာ စစ်ကောင်စီက ဖမ်းစီးပြီး ပျောက်ဆုံးနေ
     November 6, 2023

ရှမ်းတောင် မိုင်းကိုင်မြို့နယ်ထဲက အသက်မပြည့်မသေးတဲ့ တအာင်းကလေးနှစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ လယ်လောက်ကတည်းက တောင်ကြီးမြို့ အေးသာယာ ထုံးဖိုစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံထားရပြီး အခုအချိန်ထိ မိသားစုဝင် တွေက အဆက်အသွယ်မရပဲ ပျောက်ဆုံးနေခဲ့ပါတယ်။ မိုင်းကိုင်မြို့နယ် ခေးအုံအွေ့အုပ်စု ပန်မွန်းကျေးရွာက မိုင်းအိုက်လူ (၁၇ နှစ်)နဲ့ မိုင်းအိုက်ဆိုင် (၁၆နှစ်)တို့နှစ်ဦးဟာ တောင်ကြီးမြို့နယ် အေးသာယာမြို့ သစ်တစ်ပင်တောင်ဖက်ရှိ ကြက်ခြံတစ်ခုကနေ ထွက်ပြေးလာရာ အေးသာယာဂိတ်အရောက်မှာတော့ စစ်တပ်နဲ့ သူ့အပေါင်းအပါတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ ၎င်းတို့ နှစ်ဦးနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။“အဲမှာ သုံးလေးရက်လောက်ပဲ လုပ်ပြီးတော့ မလုပ်ချင်တော့လို့ ထွက်ပြေး လာတာတဲ့။ ည ၁၁ နာရီလောက်မှာ ပြေးတော့ အဲထဲမှာ ဟိုးအရင်ကတည်းက အဲမှာအလုပ်လုပ်တဲ့ တစ်ယောက်ပါ ပါလာတယ်။ အဲဂိတ်ရောက်တော့ သူတို့ဖမ်းထားတယ်။ နောက်ရက်မှ သူတို့သူဌေးက လိုက်လာတာ။ လိုက်လာတော့ သူတို့ရဲ့ အလုပ်သမား ဟောင်းကိုပဲ သူပြန်ခေါ်သွားတယ်လေ။ အဲနှစ်ယောက်တော့ သူတို့သူဌေးက ဘယ်လိုပြောလိုက်လဲတော့ မသိဘူး။ သူတို့ နှစ်ယောက်ကိုတော့ ပြန်မလွှတ်ပေးတော့ဘူး” သူတို့ ၂ ယောက်အလုပ်လုပ်ခဲ့တဲ့ ကြက်ခြံပိုင်ရှင်ဖြစ်တဲ့ ဦးအားရန်ကို မိသားစုဝင် တွေ မေးမြန်းရာမှာ တာဝန်ယူဖြေရှင်းပေးတာ မရှိတဲ့အပြင် တပ်ကဖမ်းဆီးထားတာကြောင့် သူတို့နဲ့ မသက်ဆိုင်တော့ဘူးဆိုပြီး ပြန်ပြောလာတဲ့အကြောင်း အထက်က အမျိုးသားက ပြန်ရှင်းပြပါတယ်။

ကြက်ခြံပိုင်ရှင် ဦးအားရန်ကို ဆက်သွယ်မေးမြန်းရာမှာ အေးသာယာဂိတ်အစောင့် တာဝန်ကျတဲ့ ရဲတွေက အဲဒီကလေး ငယ်နှစ်ဦးကို ဖမ်းဆီးထားပြီးနောက်တစ်ရက်မှာ ရဲတွေလက်ထဲကနေ ၎င်းတို့ သွားရောက်ရွေးထုတ်ခဲ့ပြီး ပြန်လွှတ်ပေးလိုက် တယ်လို့ ပြောပါတယ်။“အဲလူတွေက အလုပ်လုပ်ပြီး ခဏခဏထွက်ပြေးနေတဲ့လူ။ သူတို့ကို မကျွေးတာလည်း မဟုတ်ဘူး။ ဆဲ တာလည်းမဟုတ်ဘူး။ ရိုက်တာလည်းမဟုတ်ဘူး။ ညအိပ်ရင်းနဲ့ သူတို့ဟာသူတို့ ခိုးပြေးသွားတာ။ ရဲကတွေ့တော့ ရဲကချုုပ်လိုက် တာ။ သူတို့ကို ငါတို့ရွေးထုတ်လိုက်ပြီ။ ဒါမယ့် ငါတို့ဆီ ၃ နှစ်လောက်နေတဲ့ ဒီကလေးကိုတော့ ပြန်ခေါ်ထားတယ်။ အဲနှစ်ယောက် က ပြန်ခေါ်ထားရင်လည်း ပြန်ပြေးမှာဆိုတော့ လွှတ်ပေးလိုက်တာ”ဆိုပြီး ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးငယ်နှစ်ဦးဟာ ဖမ်းဆီးခံရစဉ် ရိုက်နှက်ခံထားရပြီး မိသားစုဝင်တွေ စိုးရိမ်တာကြောင့် အေးသာယာ ထုံးဖိုစစ်ဆေးရေးဂိတ်အထိ သွားရောက် မေးမြန်းရာ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးတာ မှန်ကန်ပြီး နောက်တစ်ရက်မှာတော့ ထမင်းကျွေးပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ဂိတ် က တာဝန်ရှိသူတွေ ပြောတဲ့အကြောင်း ကလေးငယ်နှစ်ဦးရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ https://www.facebook.com/ photo?fbid=66250793938980 7&set=pcb.662508002723134

၂၁။ မော်လမြိုင်တွင် CDM သားဖွားဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ
     November 6, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် CDM သားဖွားဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှု ဖွင့်ကြောင်း ဖမ်းဆီးခံရသူတိုနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး အသတ်ခံရမှုနှင့် ပတ်သက်ပြီး လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည် ဟုဆိုကာ CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေကို စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။   မော်လမြိုင် တွင် နေထိုင်သည့် သားဖွားဆရာမ ဒေါ်ခင်ခင်ဝေသည် ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူကြောင်း ၎င်းတို့ ထံမှသိရသည်။ အလားတူ မော်လမြိုင်မြို့ရှိ ဝန်ကြီးများအိမ်ရာရှေ့တွင် ပြုလုပ်ထားသည့်လုံခြုံရေးအကာအကွယ်အတားအဆီး ကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သည့် မော်လမြိုင်မြို့နယ်၊ ခြောက်မိုင်ကျေးရွာနေ အသက် ၂၉ နှစ် အရွယ် ကိုကိုထွဋ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ ရက်နေ့ကဖမ်းဆီးခဲ့ကြောင်း နီးစပ်သူတို့ထံမှသိရသည်။ ယင်းနောက် ကိုကိုထွဋ် အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဇေယျာသီရိနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ၎င်းတို့ထံမှသိရသည်။

“ဒီရက်ပိုင်းမှာ ဖမ်းခံရတာ ၂ ဦးရှိသွားပြီ။ အဓိကက သူတို့ (စစ်ကောင်စီ) ကို မထောက်ခံတဲ့ အရေးအသားတွေ facebook မှာ ရေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာပေါ့။ ဖမ်းပြီးတာနဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့ကြိုက်တဲ့ ပုဒ်မတပ်ပြီး အမှုဖွင့်တာ။ ဒါက သူတို့ လုပ်နေကျပါ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ကိုကိုထွဋ်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားသဖြင့် ဖမ်းဆီးခဲ့သည်ဟု နိုဝင်ဘာလ ၆ ရက်နေ့ ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွင် ဖော်ပြသည်။ စစ်ကောင်စီကိုဆန့်ကျင်ဝေဖန်သည့်စာများကို လူမှုကွန်ရက်စာမျက်နှာပေါ် တွင် ရေးသားဖြန့်ဝေသည့်ဆိုသည့် စွပ်စွဲချက်ဖြင့် မွန်ပြည်နယ်တွင် ပြည်သူများကို ဖမ်းဆီးပြစ်ဒဏ်ချမှု ဆက်တိုက်ရှိနေသည်။ ဖမ်းဆီးခံရသူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်အရေးယူထားသူများရှိသလို အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။ ယခု နိုဝင်ဘာလတွင် လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီ ကို ဆန့်ကျင်ဝေဖန် ရေးသားဖြန့်ဝေခဲ့သည်ဟု စွပ်စွဲခံရကာ ပုဒ်မ ၅၀၅ ဖြင့် ဒေသခံလေးဦးကို စစ်ကောင်စီ တရားရုံးက ထောင် ဒဏ် ၂ နှစ်စီ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် ဒေသခံ နှစ်ဦးကို ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချ မှတ်ခဲ့သည်။ https://www.facebook.com/ photo/?fbid=705964505016234&set=a.591171916495494

၂၂။ ရခိုင်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၅ သောင်းကျော် နေရပ်စွန့်ခွာနေရဆဲဟု UNHCR ပြော
     November 6, 2023

ရခိုင်ပြည်အတွင်း ၂၀၁၈ ခုနှစ်က စတင်ခဲ့သော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ လက်နက်ကိုင်ပဋိပက္ခများ ကြောင့် အိုးအိမ်မဲ့စွာ နေရပ်စွန့်ခွာခဲ့ရသော ဒေသခံပြည်သူ နှစ်သိန်းကျော်ရှိခဲ့ပြီး ယင်းအထဲမှ လူပေါင်း ၅၁၀၀၀ မှာ ယနေ့ ထက် တိုင် နေရပ်စွန့်ခွာနေထိုင်နေကြရဆဲဖြစ်သည်ဟု UNHCR က ပြောသည်။ အောက်တိုဘာလ ၂၄ ရက်နေ့က UNHCR မှ ရေးသား ထုတ်ဝေသည့် ဆောင်းပါးထဲတွင် ပြောဆိုထားခြင်းဖြစ်ပြီး ရခိုင်ပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသက ရခိုင်တိုင်းရင်းသား များဖြစ်ကြောင်းသိရသည်။ အဆိုပါ စစ်ဘေးဒုက္ခသည်များမှာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ထောက်ပံ့ကူညီမှုများနှင့် နိုင်ငံ တကာ အသင်းအဖွဲ့ INGO များထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများတို့ဖြင့် မှီခိုရပ်တည်နေကြရသည်ဟု လည်း UNHCR ဆောင်းပါးက ဆိုသည်။ ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာကို မော်တာကျည်များကျရောက်၍ နေအိမ် ပျက်စီးသွားသောအခါ ၎င်းတို့၏ မြေယာများနှင့် အိမ်ကိုကျောခိုင်းစွန့်ခွာခဲ့ကြရသည်ဟု သိရသည်။ မြောက်ဦးမြို့ ဆင်ချဆိပ် ရပ်ကွက်ရှိ မြတန်ဆောင်းဘုန်းကြီး စစ်ဘေးရှောင်စခန်းမှ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးသိန်းလှက ဆောင်းပါးထဲတွင် ယခုလို ပြောဆိုထားသည်။ “အပြင်က လာကူညီတာတွေမရှိရင် တို့ဘဝတွေက အများကြီးပိုပြီးခက်ခဲမှာပေါ့ ” ဟု ပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အပစ်အခတ်ရပ်စဲထားခြင်းမှာလည်း ထိရှလွယ်သော အပစ်အခတ်ရပ်စဲရေး ဖြင့် ခြိမ်းခြောက်လျှက်ရှိနေကြောင်းနှင့် မလုံခြုံမှုများကြောင့် ယခုထက်တိုင်ရှိနေကြသည့် စစ်ဘေးဒုက္ခသည်များမှာ နေရပ်ပြန် လိုကြသော်လည်း မပြန်ဝံ့ကြောင်း သိရသည်။ ဒေါ်ဦးလှသိန်းက ဆက်လက်ပြောရာတွင် “ကျမတို့အတွက်တော့ ဒီနေရာ [နေရပ် စွန့်ခွာစခန်း]မှာ လွတ်လပ်မှုနည်းတာပေါ့။ တို့ရွာမှာဆို ကိုယ်ကြိုက်တဲ့နေရာကိုယ်သွား၊ ကိုယ်ကြိုက်တာကိုယ်လုပ် လွတ်လွတ် လပ်လပ်နေလို့ရတယ်။ ဒါပေမယ့် ပြန်ရမှာကိုလဲ မပြန်ရဲသေးဘူး”ဟု ပြောသည်။  ဒုက္ခသည်များ နေရပ်မပြန်ရဲကြသည်မှာ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ခြင်းနှင့် မြေမြှုပ်မိုင်းများပါဝင်သည့် စစ်ကျန်လက်နက်ပစ္စည်းများမှာ ကျေးရွာဒေသများ၊ ဒေသခံများ လုပ်ကိုင်စားသောက်သည့် တောတောင်တို့တွင် ရှိနေသေးခြင်းအပါအဝင် ပျက်စီးဆုံးရှုံးသွားသည့် လုပ်ငန်းများ အတည်တကျမရှိသေး၍ ရေရှည်ရပ်တည်ရေး ခက်ခဲမည် စသည်တို့ကြောင့် နေရပ်ပြန်ရေးမှာ အလှမ်းဝေးနေရဆဲဖြစ်သည်ဟု စစ်တွေမြို့ရှိ UNHCR ရုံးအကြီးအကဲ Federico Sersale က ပြောသည်။ နေရပ်စွန့်ခွာအသိုက်အ၀န်းများအတွက် ကြုံတွေ့နေ ရသည့်သောကများကို ထပ်ဆင့်ပိုလာစေသည့်အချက်မှာ ဒုက္ခသည်များနေထိုင်ရာစခန်းကို အာဏာပိုင်များမှ ပိတ်သိမ်းနေ၍ ဘေးဒုက္ခများ ပိုမိုများပြားလာစေနိုင်ကြောင်းနှင့် ဒုက္ခသည်များမှာ ကျေးရွာ သို့မဟုတ် အခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ဖိအားပေးခံနေရသည်ဟု စစ်တွေ UNHCR အကြီးအကဲက ဆိုသည်။ https://www.facebook.com/photo/?fbid=7768983 611162 59&set=a.682731967199566

၂၃။ ကောလင်းမြို့ကို KIA PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်
     November 6, 2023

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို နိုဝင်ဘာလ ၃ ရက်နေ့ကစလို့ ကချင်လွတ်မြောက်‌ရေးတပ်မတော် (KIA) နဲ့ PDF တို့ သုံးရက်ကြာတိုက်ခိုက်ပြီးနောက်မှာတော့ သိမ်းယူနိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဌာနက တော့ နိုဝင်ဘာလ ၆ ရက် မနက်မှာပဲ တရားဝင် ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးမဟာမိတ်အင်အားစုတွေအနေနဲ့ ပထမဦး ဆုံး ခရိုင်အဆင့်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို သိမ်းလိုက်နိုင်တာဖြစ်တယ်လို့ NUG က ဆိုပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ မနက် ပိုင်းက မြို့ပေါ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချသွားတာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်းမြို့ရှိ ရန်သူ့တပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေး ဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီး ရန်သူ့ အုပ်ချုပ်ရေး ယန္တရား ရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့ NUG က ထုတ်ပြန်ပါတယ်။

လက်ရှိ ကောလင်းမြို့ကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီးတွေကို ဖြတ်တောက်ထားပြီး မြို့ပေါ်မှာ လုံခြုံရေး အခြေအနေကြောင့် သွားလာလို့ မရသေးပေမဲ့ တိုက်ခိုက်မှုတွေ မနေ့ညကစပြီး မရှိတော့ဘူးလို့ ကောလင်းဒေသခံက ပြောပါတယ်။ မြို့ပေါ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်ခံရမှုတွေကြောင့် ထိခိုက်သေဆုံးတဲ့ အရပ်သားတွေလည်း ရှိနေပြီး အရေအတွက်အတိအကျကို မသိနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်းမြို့ပေါ်မှာ နိုဝင်ဘာလ ၃ ရက်နေ့ကစလို့ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ အ.ထ.က (၁) ကျောင်းဝန်းထဲ တပ်စွဲထားတဲ့ နေရာသုံးခုကို KIA PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။ ကောလင်း မြို့မရဲစခန်းနဲ့ အ.ထ.က (၁) ကျောင်းကို နိုဝင်ဘာလ ၅ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာတော့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပါ သိမ်းယူလိုက်တာလို့ သိရပါတယ်။ https://www.facebook.com/photo?fbid=680737480824088&set= pcb.680745124156657

၂၄။ “၁၀၂၇ စစ်ဆင်ရေး” ၁၁ ရက်မြောက်နေ့တွင် စစ်တပ်စခန်း ၂ ခု ထပ်မံ သိမ်း
     November 6, 2023

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ၁၁ ရက်မြောက်နေ့ဖြစ်သည့် ယနေ့တွင် စစ်ကောင်စီတပ် စခန်း ၂ ခုနှင့် ရဲစခန်းများကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ စစ်ကောင်စီ၏ အမာခံတပ်စခန်းဖြစ်သည့် ကိုးကန့် တုန်းရှမ်းဒေသ၊ ရှင်ရွှေထန်တွင်ရှိသော တပ်စခန်းကို ယနေ့နံနက် ၁၀ နာရီဝန်းကျင်က စတင်တိုက်ခိုက်ပြီး ၁၀ မိနစ်အကြာ၌ သိမ်းပိုက်နိုင်ခဲ့သလို၊ နံနက် ၇ နာရီတွင် ကိုးကန့်ရှင်းဝမ် ဒေသ၊ ရှင်ဟွာကျေးရွာအုပ်စု၊ တုံရပ်ထန်ပေါက်ပေါက်တောင်ကုန်းနှင့် ကျင်ဖန်ဟော်နေရာရှိ စစ်ကောင်စီစခန်းများကို ထိုးစစ် ဆင် တိုက်ခိုက်ပြီး နံနက် ၈ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတဝိုက်ရှိ စစ်ကောင်စီနှင့် တအာင်းတပ်မတော် PSLF/ TNLA + MYD PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကိုလည်း ယနေ့မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ယခုအချိန်ထိ ညီနောင်မဟာမိတ်သုံးဖွဲ့ သည် စစ်ကောင်စီ၏ တပ်စခန်း ၁၁၂ ခု ထက်မနည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ https://www.facebook.com/photo/?fbid=733895692116954&set =pcb.733896975450159

၂၅။ နိုဝင်ဘာလအစောပိုင်းက မိုးရွာသွန်းမှုကြောင့် စပါးပျက်စီးမှုရှိ၊ စားဝတ်နေရေးခက်ခဲမှာကို တောင်သူတွေ စိုးရိမ်
     November 7, 2023

နိုဝင်ဘာလအစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေါဖုအုပ်စုအတွင်းက ကျေးရွာတရွာမှာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်ယာစပါးခင်း သုံးပုံတပုံဝန်းကျင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျေးရွာဟာ တောင်ကျရေနဲ့သာ လယ်ယာစပါးကို စိုက်ပျိုးကြတာဖြစ်ပါတယ်။ မိုးသည်းထန် စွာ ရွာသွန်းပြီးနောက်မှာ တောင်ကျချောင်းရေတွေ ပုံမှန်ထက်များလာတဲ့အတွက် လယ်ကွင်းတွေထဲ ရေလျှံခဲ့ပြီး စပါးခင်းတွေ ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေထဲမှာကပ်ပါလာတဲ့ အမှိုက်နဲ့ မြေကြီးတွေဟာ စပါးနှံကို လာကပ်တာကြောင့် ရေနဲ့ပြန်ဆေးချပေမဲ့လည်း အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။“သူ့ဟာက အဖျားက ဒီလိုရှိတော့ လာကပ်ကုန်တယ်။ အသီး တွေပါကပ်ကုန်တော့ ဘာမှ လုပ်လို့မရတော့ဘူးလေ။ ရေနဲ့ပြန်ဆေးမယ်ဆိုပြီး လုပ်ကြည့်တော့လည်း အဆင်မပြေဘူး”လို့ လယ် စပါး စိုက်ပျိုးတဲ့ ဒေသခံတောင်သူ တဦးက ပြောပါတယ်။

အဆိုပါ ကျေးရွာမှာ အိမ်ခြေ ခြောက်ဆယ်နီးပါးနေထိုင်ကြပြီး စားဝတ်နေရေးအတွက် စပါးကို အားထား စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ စပါးစိုက်ပျိုးစဉ်က လယ်ယာတဧကကို ကုန်ကျစရိတ်အနည်းဆုံး ကျပ် ငါးသိန်းခန့်ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ပုံမှန်အချိန်တွေမှာ လယ်ယာတဧကကို စပါးအိတ်ခြောက်ဆယ်ကနေ အများဆုံးအိတ်တရာ ထိရရှိပြီး လာမဲ့နှစ်စားဝတ်နေရေး အတွက် ဖူလုံစေတယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ ဒီနှစ်မှာတော့ ပျက်စီးမှုရှိခဲ့တာကြောင့် ရေရှည်စားဝတ်နေရေးအတွက် စိုးရိမ် ပူပန်နေရတယ်လို့ ပြောကြပါတယ်။“တချို့က ပြန်ရိတ်ကြတယ် စပါးအသီးတွေက မြေကြီးတအားပေကုန်တယ်၊ ပေကုန်တော့ အဲ့ဒါလေးကို သေချာပြန်လုပ်ပြီးတော့မှ အခြောက်ပြန်လှန်းပြီးတော့မှ တခါ ဇကာပြန်ချ အဲ့လိုလုပ်ကြတာလည်းရှိတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။ ဒေသခံတောင်သူတွေဟာ ရွှေရင်အေး၊ ရွှေအပ်၊ ပုလဲသွယ် စတဲ့ ဆန်စပါးအမျိုးအစားကို အများ ဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ လက်ရှိ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ဆန်ဈေးအနည်းဆုံး ကျပ် ခုနှစ်သောင်း ဝန်းကျင်ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။ https://www.kantar awaddytimes.org/%e1%80%94%e1%80%ad%e1%8 0%af%e1%80%9d%e1%80%84%e 

၂၆။ တနင်္သာရီမှာ တစ်လအတွင်းစစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး
     November 6, 2023

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်သားနဲ့လက်နက်ကိုင်ပျူစောထီးတွေရဲ့ လက်ချက် နဲ့ သေဆုံးတဲ့အရပ်သား ၁၅ ဦးခက်မနည်း ရှိခဲ့ပါတယ်။ သေဆုံးသူတွေဟာ ရေဖြူ၊ သရက်ချောင်း၊ တနင်္သာရီ၊ မြိတ်နဲ့ ထားဝယ် မြို့နယ်တွေကဖြစ်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးချိန်မှာ ပစ်သတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာ၊ စစ်ကြောရေးမှာ သေဆုံးတာ စတဲ့အကြောင်းအရာတွေကြောင့် သေဆုံးခဲ့တာပါ။ ရေဖြူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး အမျိုး သမီးတစ်ဦးအပါအဝင် အရပ်သားစုစုပေါင်း ၇ ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီထဲက ပရဒတ်ရွာသား ၃ ဦးကိုတော့ စစ်ကောင်စီ တပ်ကပစ်သတ်ပြီးနောက် နေအိမ်တွေနဲ့အတူမီးရှို့ခဲ့ပါတယ်။ အလားတူသရက်ချောင်းမြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် ရငဲရွာသား ၃ ဦးပစ်သတ်ခံခဲ့ရပါတယ်။ အသက် ၂၅ နှစ်အရွယ် ကိုညီကမ်းကိုတော့ပစ်သတ်ပြီးနောက် ကျောက်ခမောက်ရွာထဲမှာ မြေမြှုပ်ခဲ့ပါတယ်။  တနင်္သာရီမြို့နယ်မှာတော့ စစ်ကောင်စီကဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့သူ တစ်ဦးနဲ့ စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီးသေဆုံးသူ ၂ ဦးရှိခဲ့ပါတယ်။ မြိတ်မြို့ပေါ်က ဆိပ်ကမ်းဘောတံတားအစောင့် ဦးဝတုတ်ကို စစ်ကောင်စီတပ်သားနဲ့ပြည်သူ့စစ်တွေကအကြောင်းမဲ့ လာရောက်ပစ်သတ်သွားခဲ့ ပါတယ်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှာလည်း စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ရွာသားရဲ့အလောင်းကို ထားဝယ်မြစ် ထဲမှာ တွေ့ရှိခဲ့ပါတယ်။ အော်တိုဘာလထဲမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်တွေကပစ်သတ်ခဲ့သူ ၃ ဦးရှိခဲ့ပါတယ်။ အဲဒီထဲက ထားဝယ်အကျဥ်းထောင်ဝန်ထမ်း နှစ်ဦးကို ထားဝယ်ဒေသအခြေစိုက် DGRF အဖွဲ့ကပစ်သတ်ခဲ့ပြီးကျောက်ရှပ်ရွာက စစ်ကောင်စီ သတင်းပေးဆိုသူကိုတော့ ကလိန်အောင်အခြေစိုက် Spring Dhamma ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလဟာ ပြီးခဲ့တဲ့ ၇ လအတွင်း စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီးဆိုသူတွေ ပစ်သတ်ခံရမှု အနည်းဆုံးလ လည်းဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကတော့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ စစ်ကောင်စီသတင်းပေးအပါအဝင် အရပ်သားစုစုပေါင်း ၂၁ ဦးအသတ်ခံခဲ့ရပါတယ်။ https://www.facebook.com/photo/?fbi d=361232139627875&set=a.196212682796489

၂၇။ မွန်ပြည်နယ်ကထွက်တဲ့ ရော်ဘာ  မှောင်ခိုဈေးကွက်ကိုသာ အဓိက အားကိုးနေရ
     November 6, 2023

မွန်ပြည်နယ်အတွင်းက ထွက်ရှိတဲ့  ရော်ဘာတွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကိုသာ အဓိကရောင်းချ နေရပြီး မှောင်ခိုစျေးကွက်ကိုသာ အားကိုးနေရတယ်လို့  ရော်ဘာလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။  “လက်ရှိ‌ ရော်ဘာ ရောင်းတဲ့အခါ အရင်လိုမဟုတ်တော့ဘူး။ အစိုးရကလဲ သွင်းကုန်၊ ပို့ကုန်ကန့်သက်ချက်တွေက များလာတယ်။ နိုင်ငံခြားတင်ပို့မှု အတွက် အစိုးရစွမ်းဆောင်ရည်က နည်းတယ်။ ပြီးတော့ လမ်းကြောင်းအခြေအနေတွေကြောင့် တရုတ်ဘက်ကို တင်ပို့မှုက အရင်ကလောက် အလုပ်မဖြစ်ဘူး။ အဲ့တော့ မွန်နဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းကသာ အားကိုးနေရတယ် လုပ်ငန်းရှင်တွေက” လို့ အမည်မဖော်လိုသူ ရာဘာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ပြည်တွင်းက ထွက်ရှိတဲ့ ရော်ဘာတွေကို ထိုင်းနိုင်ငံကို ဘုရာသုံးဆူမြို့ကနေ တရားမဝင် ကုန်သွယ်မှုလမ်းအတိုင်း တင်ပို့ ရောင်းချနေရတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ရသင့်တဲ့ အမြတ်မျိုး မရရှိဘူးလို့ ဆိုပါတယ်။ “ဘုရားသုံးဆူဘက်နေ ထိုင်းကို တရားမဝင်တင်ပို့တာပေါ့။ ထိုင်းနိုင်ငံလည်း တခြားနိုင်ငံကြီး တွေကို တစ်နှစ်တန်ဘယ်လောက် တင်သွင်းမယ်ဆိုပြီးတော့ စာချုပ်ချုပ်ထားမယ်။ ပြီးရင်သူ့နိုင့်က ထွက်နှုန်းထက် လိုအပ်လာ ပြီး တန်ချိန်မပြည့်တော့ရင် မြန်မာဘက်ကို အဝယ်လိုက်လာတယ်။ သူတို့ လိုအပ်ချက်ပြည့်သွားရင် အဝယ်ရပ်လိုက်တယ်။ ကိုယ်တွေနိုင်ငံဘက်ကတော့ အနာ‌ကြီးပဲ” လို့ ရာဘာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုအခါမှာတော့ မိုးတွင်းကာလ ကျော်လွန်လာပြီဖြစ်တာကြောင့် အောက်တိုဘာလကစလို့ ရော်ဘာထုတ်လုပ်မှု ပြန် လည် စတင်နေပြီး ထိုင်းနိုင်ငံက ဝယ်လိုအားအခြေ‌အနေကို မသိရှိသေးတာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်အတွက် စိုးရိမ်မှု တွေရှိနေတယ်လို့ ဆိုပါတယ်။ “ရော်ဘာလုပ်ငန်းက ငွေချက်ချင်းပြန်မပေါ်လာဘူး၊ ငွေအရမ်းမြုပ်တယ်၊ အချိန်တွေအရမ်းပေး ကြရတယ်။ အားလုံးပြီးစီးတော့မှ ရာဘာရောင်းရမှ ငွေပြန်ရတာ။ အဲ့တော့ ပြည်ပဝယ်လိုအားမရှိရင် ထုတ်လုပ်မှုကုန်စရိတ်တွေ အတွက် လုပ်ငန်းရှင်တွေက ကြာကြာမတောက်ခံနိုင်ကြဘူး” လို့ ရေးမြို့နယ်က ရာဘာလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ လက်ရှိ နိုဝင်ဘာ ပထမပတ်အတွင်း RSS 1 တစ်ပေါင် ၁၇၅၀ ကျပ်၊ RSS 3 တစ်ပေါင် ၁၆၅၀ ကျပ်၊ နေလှန်းပြား (အလွတ်) တစ်ပေါင် ၁၆၇၀ ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ ရော်ဘာထွက်ရှိတဲ့ ရာသီအစဖြစ်တဲ့ အောက်တိုဘာလမှာတော့ RSS 1 တစ်ပေါင် ၁၈၀၀ ကျပ်၊ RSS 3 တစ်ပေါင် ၁၇၀၀ ကျပ်၊ နေလှန်းပြား(အလွတ်) ၁၇၂၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ https://www.facebook .com/photo?fbid=361326712951751&set=a.196212682796489

၂၈။ လောက်ကိုင်တွင် ပိတ်မိနေသူများ ဒေသမှနေ၍ လားရှိုးသို့ ပြန်နိုင်ပြီး ခရီးစရိတ် ၁၅ သိန်းခန့်ကုန်ကျနိုင်
     November 6, 2023

ညီနောင်မဟာမိတ်အဖွဲ့စစ်ဆင်ရေး စတင်ရာ ချင်းရွှေဟော် နှင့် လောက်ကိုင်တွင် ပိတ်မိနေသူများ “ဝ”  ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှ တဆင့် လားရှိုးမြို့ကို ပြန်နိုင်ပြီး ခရီးစရိတ်တရုတ်ယွမ် ၃၅၀၀ ဝန်းကျင် ( ကျပ် ၁၅ သိန်း) ခန့်ကုန် ကျကြောင်း လောက်ကိုင်သို့ ရောက်ရှိနေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ စစ်ပွဲများဖြစ်ပွား နေစဉ်တွင် ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲရှိ ပန်ဆန်း – တန့်ယန်း – နမ်ပေါင်- လားရှိုးလမ်းမကြီးအတိုင်း ပြန်ကြသူများရှိ ကြောင်း သိရသည်။ လောက်ကိုင်မှတဆင့် ချင်းရွှေဟော်မြို့သို့ သွားရမည်ဖြစ်ပြီး ထိုမှတဖန် ဝ ပြည်နယ် နမ့်တစ် – ပန်ဆန်းလမ်း မှနေ၍ လားရှိုးမြို့အထိဆင်းရခြင်းဖြစ်ကာ ကားနှစ်ဆင့်စီးရပြီး လမ်းခရီး နှစ်ရက်ခန့်ကြာမြင့်ကြောင်း လောက်ကိုင်မှ လားရှိုးသို့ ပြန်လာသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။“ မနေ့က လားရှိုးဆင်းဖို့ပြန်ကြတယ်။ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြား သွားမရလို့ ပြန်လှည့်ပြန်လာရတာရှိတယ်”ဟု လောက်ကိုင် ရောက်နေသူတစ်ဦးက ပြောသည်။

ထို့ပြင်လုပ်ငန်းများအားလုံးရပ်ဆိုင်ထားသော လောက်ကိုင်တွင် ဈေးဆိုင်တချို့ပြန်လည် ဖွင့်လှစ်မှုများရှိကြောင်း ၎င်း ကဆိုသည်။ ရှမ်းမြောက်ရှိ စစ်ဖြစ်ပွားရာနေရာများမှ စွန့်စား၍နေရပ်ပြန်နိုင်သူများရှိသလို ပြန်၍မရသူအများစုက စစ်ဘေးရှောင် စခန်းတွင် နေထိုင်ရကြောင်းသိရသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြန်မာ – တရုတ် နယ်စပ်မျဉ်း ၁၂၅ အနီးတွင် စစ်ဘေးရှောင်စခန်းများထူထောင်ပြီး တရုတ်ကူညီထောက်ပံ့မှုဖြင့် စစ်ဘေးရှောင်လူဦးရေ တစ်သောင်းနှစ်ထောင်ကျော်အတွက် နေထိုင်နေရေးနှင့် စားဝတ်နေရေးကူညီပေးနေကြောင်း ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ချက် အရသိရသည်။ စစ်ဘေးရှောင် များသည် မြေကွက်လပ်ပေါ်တွင် ရွက်ဖျင်တဲထိုးကာနေထိုင်ရခြင်းဖြစ်ပြီး ရေပြတ်လပ်မှု၊ အမိုးအကာလိုအပ်ချက်နှင့် စားနပ် ရိက္ခာ လိုအပ်ချက်များရှိနေကြောင်း သိရသည်။ https://www.facebook.com/ photo/?fbid=665146222421067&set=pcb. 665146479087708

၂၉။ ပုလောက ကျောက္ကာရွာမှာ အရပ်သားတွေကို အကန့်အသတ်နဲ့ ဆန်ရောင်းခွင့်ပြန်ပေး
     November 6, 2023

ပုလောမြို့နယ်ထဲက ကျွန်းပေါ်မှာရှိတဲ့ ကျောက္ကာရွာအုပ်စုထဲက ရွာတစ်ရွာမှာ အရပ်သားတွေဆန်ရောင်းခွင့် ပြန်ရပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက္ကာကျေးရွာအုပ်စုမှာ ရာဇကြိုရွာ၊ သဂျက်ကမ်းရွာ၊ ကျောက္ကာရွာ ဆိုပြီး ရွာသုံးရွာရှိပါတယ်။ အဲ့ဒီရွာတွေမှာ အရပ်သားတွေ ဆန်ရောင်းခွင့်ကို ပြီးခဲ့တဲ့လ တတိယအပတ်ကစပြီး ပိတ်ပင်ကာ စစ်ကောင်စီခန့် ကျေးရွာအုပ် ချုပ်ရေးမှူးတွေကပဲ အိမ်ထောင်စုတစ်စုကို ဆန် ၃ ပြည်နှုန်းနဲ့ ရောင်းချပေးခဲ့တာပါ။ အဲဒီလိုရောင်းချပေးနေရာကနေ ကျောက္ကာ ရွာတစ်ခုတည်းမှာပဲ အရပ်သားတွေကို ဆန်ရောင်းဖို့ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်မှာပဲ ပြန်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် မှာတော့ အိမ်ထောင်စုတစ်စုကို ဆန် ၅ ပြည်သာ ရောင်းချပေးရမယ်ဆိုတဲ့ ကတိက ဝတ်ပါရှိပါတယ်။ ကျန်တဲ့နှစ်ရွာမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံကနေ အိမ်ထောင်စုတစ်စုကို သုံးပြည်နှုန်းနဲ့ဝယ်နေရတုန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နှစ်နှစ်လလ ဒါတွေပဲရောင်းချပြီး လုပ်ကိုင်စားသောက်လာတာ အခုမရောင်းရတော့ဘူးဆိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ မျိုးတွေပြောပြီး နားချတယ်။ အများကညီနေတော့ ရွာသားတွေကို လိုက်လျောပေးလိုက်တဲ့ပုံမျိုးပဲ။” လို့ ကျောက္ကာရွာခံ အမျိုး သားတစ်ဦးက ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရွာခံတွေ အစည်းအဝေးလုပ်တဲ့အချိန်မှာ ကန့်ကွက်တောင်းဆိုလိုက်တဲ့အတွက် အခုလိုခွင့် ပြုချက်ရရှိခဲ့တာလို့ သိရပါတယ်။ သက်ဆိုင်ရာကျေးရွာအလိုက် အိမ်ထောင်စုတစ်စုကို ကန့်သတ်ထားတဲ့ ဆန်ပမာဏအတိုင်း သာ ဝယ်ရမှာဖြစ်ပြီး ဝယ်ယူနိုင်တဲ့ ရက်ကိုတော့ ကန့်သတ်ထားတာမျိုးမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ကျောက္ကာရွာ သားနောက်ထပ်တစ်ဦးက “သဂျက်ကမ်းနဲ့ မချမ်းအေးကမ်းရွာ(ရာဇကြိုရွာ)တွေမှာက ရွာလူကြီးဆိုရင် တော်တော်ကြောက်ကြ တယ်။ အေးရာအေးကြောင်းဆိုပြီးပဲ နေနေကြတာ။ အာဏာရှင်တွေကလည်း ဒါကိုပဲလိုနေတာနဲ့ အကိုက်ဖြစ်နေတယ်။” လို့ ပြောပါတယ်။ ကျောက္ကာကျေးရွာအုပ်စုမှာ ဆန်ကြမ်းတစ်ပြည်ကို ၃၇၀၀ ကျပ်၊ ဆန်ချောတစ်ပြည်ကို ၅၈၀၀ ကျပ် နဲ့ ပေးဝယ် နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကျေးရွာအုပ်စုနဲ့ ကုန်းလမ်းရေလမ်း ၈ မိုင်လောက်သာဝေးတဲ့ ပလမြို့မှာတော့ ဆန်ကြမ်းတစ်ပြည်ကို ၃၂၀၀ ကျပ်၊ ဆန်ချောတစ်ပြည်ကို ၄၀၀၀ ကျပ် ရှိပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “အမြဲပူပန် နေရတယ်။ အရင်ကဆို ဆန်အိတ်အရေအတွက် ဘယ် လောက်လိုလို ပိုက်ဆံရှိရင်ဝယ်သိုထားလို့ရတယ်။ လှေထွက်ရင် လို သလောက် တင်သွားလိုက်ရုံပဲ။” လို့ ပြောပါတယ်။ https://www.facebook.com/photo/?fbid=362243899526699&set=a.196212682796489

၃၀။ ဖောင်းဆိုင်ဒေသက ပြည်သူတွေ နေရပ်ပြန်ဖို့ MNDAA ဖိတ်ခေါ်ပြီး စားနပ်ရိက္ခာ ထောက်ပံ့ပေး
     November 7, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဖောင်းဆိုင်ဒေသခံ ပြည်သူတွေ နေရပ်ပြန်လည် နေထိုင်လို့ ရပြီလို့  MNDAA တပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ အသိပေး ဖိတ်ခေါ်လိုက်ပါတယ်။ ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ ပူးပေါင်း ပြုလုပ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်း ဖောင်းဆိုင်ဒေသကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရှိကျိကျတောင်တန်းနဲ့ မန်ယန် ပေါက်ပေါက်တောင်တန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်းနိုင်ခဲ့တာကြောင့်  ပြည်သူတွေ နေရပ်မှာ ပြန်လည် နေထိုင်နိုင် ပြီလို့ MNDAA ကပြောပါတယ်။ ဒါ့အပြင် နေရပ်ပြန် ပြည်သူတွေ စားနပ်ရိက္ခာအတွက် မုံးကိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့က အိမ်ထောင်စု တစ်စုကို ဆန်တစ်အိတ်နဲ့ ဆီ ၇ ပေါင် ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် နေရပ်ပြန် ပြည်သူတွေ အနေနဲ့ ဗုံးခို ကျင်းတွေ ကြိုတင် ပြင်ဆင်ကြဖို့လည်း သတိပေးထားပါတယ်။ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင် ရေးအတွင်း ဖောင်ဆိုင်ဒေသ အပါအဝင် ရှမ်းမြောက်က မြို့ ၅ မြို့နဲ့ စစ်တပ် စခန်းပေါင်း ၁၀၀ ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင် မဟာမိတ်တပ်တွေက အသိပေးထားပါတယ်။ လက်ရှိ သိန္ဒီမြို့ကို မဟာမိတ်တပ်တွေ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို ရှမ်းမြောက် စစ်တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=365203709199413&set=a .285900490463069

၃၁။ လီဆူလူမျိုးစုများ တစ်အိမ်တစ်ယောက်စစ်မှုထမ်းရန် ဦးရွှေမင်းဖိတ်ခေါ်၊ အမည်စာရင်းမပေးပါက အိမ်တိုင်ရာ         ရောက် ခေါ်ယူမည်ဟုဆို
     November 6, 2023

ကချင်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဖွဲ့စည်းခဲ့သူ လီဆူနိုင်ငံရေးသမားဦးရွှေမင်းက မြန်မာနိုင်ငံ တဝှမ်းလုံးမှလီဆူလူမျိုးစုများ တစ်အိမ်တစ်ယောက်စစ်မှုထမ်းရန် လီဆူ(ကချင်)စာဖြင့် ဖြန့်ဝေနိုးဆော်လိုက်ကြောင်း သိရသည်။ “မြန်မာနိုင်ငံလီဆူစစ်တပ်ခေါ်ယူရန်ဖိတ်စာ”ဟုအမည်ပေးထားသည့်အဆိုပါဖိတ်ခေါ်စာတွင် လီဆူလူမျိုးများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်အတွက် လက်နက်ကိုင်ရန်လိုအပ်သဖြင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ် များနှင့်ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးရွှေမင်းက ပြောသည်။ “ကျွန်တော်တို့ကို ဝါးမြိုနေတဲ့ KIA ကို ကျနော်တို့ တန်ပြန်ကာကွယ် တိုက်ထုတ်နိုင်ဖို့ဆိုတဲ့ကိစ္စနဲ့ အကောင်ထည်ဖော်လုပ်ဆောင်တာဖြစ်တယ်။ ဒါကိုအကောင်အထည်ဖော်တာ ကတော့ တစ်နှစ်လောက် ရှိပါပြီ။ အခုကတော့လိုအပ်တာ‌တွေစီစဉ်ပြီးပြီဖြစ်တဲ့အတွက် တစ်အိမ်တစ်ယောက် လာလို့ရပါပြီဆို ပြီး ကျွန်တော်တို့ တံခါးဖွင့်လိုက်တာဖြစ်ပါတယ်။ လက်နက်ရှိတာက ပြည်သူ့စစ်မှာလေ ပြည်သူ့စစ်နဲ့ပဲ ပူးပေါင်းရမှာပဲ” ဟုဆို သည်။ ဦးရွှေမင်းအနေဖြင့် ၂၀၂၀ ရွှေးကောက်ပွဲတွင် တိုင်းရင်း သားရေးရာဝန်ကြီးနေရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၅၀.၈၁ ရာခိုင် နှုန်းဖြင့် အပြတ်သတ်အနိုင်ရရှိခဲ့သည့် လီဆူခေါင်း ဆောင်တစ်ဦးဖြစ်သဖြင့် လီဆူလူမျိုးများ၏ထောက်ခံမှုအပြည့်နှင့် ဝိုင်းဝန်း ဆွေးနွေးသည့် သဘောတူညီချက်ကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးရွှေမင်းကဆက်ပြောသည်။“အခုခေတ် စကားအရပြောမယ်ဆိုရင် အပြတ်သတ်လီဆူတွေရဲ့ Mandate (ထောက်ခံမှု) ရရှိထားတဲ့ ဦးရွှေမင်းအနေနဲ့ ဦးဆောင်ပြီးတော့ ထောက်ခံမှုအပြည့်နဲ့ ဝိုင်းဝန်းဆွေးနွေးသဘောတူညီချက်နဲ့ ဆောင်ရွက်တယ်ပေါ့ဗျာ။ ဒူးလေးပါတီနဲ့မဆိုင်သလို ပြည်သူ့စစ်က တိုက်ရိုက်ဦးစီးတာမဟုတ်ပါဘူး။ ကျွန်တော်ရဲ့ခေါင်းဆောင်မှုအောက်မှာ အားလုံးက သဘောတူပြီးတော့ လုပ်ကြတာဖြစ်တယ်” ဟုပြောသည်။

အဆိုပါစာတွင် တစ်အိမ်လျှင်တစ်ယောက် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ ၂၂ ရက်နေ့ အထိ အမည်စာရင်း ထည့်သွင်းခြင်းမရှိပါက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နေအိမ်တွင်လာရောက်ခေါ်ယူမည်ဟု ထည့် သွင်းရေး သားထားသည်။ တစ်အိမ်တစ်ယောက် နေအိမ်တွင်လာရောက်ခေါ်ယူမည်ဟု ရေးသားထားသော်လည်း မည်သည့်ပုံစံဖြင့် ခေါ်ယူ မည်ကို အသေးစိတ်မသိရသေးပါ။ ဦးရွှေမင်းဦးဆောင်သည့် လက်နက်ကိုင်သူများက တပ်သားသစ်စုဆောင်းရာတွင် အတင်း အကြပ်ခေါ်ယူခြင်းသည် လူအခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်း အသက် ၂၈ နှစ်ခန့်အရွယ် ရှိ လူငယ်တစ်ဦးကပြောသည်။“ကိုယ့်လူမျိုးအတွက် အမှန်တကယ်လုပ်ပေးမဲ့အဖွဲ့အစည်းဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အိမ်အထိ အတင်းလာခေါ်မယ် လို့ ပြောတာကတော့ လူ့အခွင့်အရေးနဲ့ မညီညွတ်ဘဲ အာဏာရှင်ဆန်တဲ့လုပ်ရပ် ဖြစ်တဲ့အတွက် မလုပ်သင့်ဘူး။ လီဆူအချင်းချင်း လည်း ဟိုဘက်ဒီဘက်လုံးမှာပါနေကြတာဆိုတော့ အခုတောင် အချင်း ချင်းကြား စိတ်ဝမ်းကွဲနေပြီ။ သူ့ခံယူချက်နဲ့ သူပေါ့” ဟု ပြောသည်။ လက်ရှိနိုင်ငံရေးအခြေအနေတွင် လီဆူလူမျိုးအတွက်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းခြင်းသည် လူမျိုးစုအချင်းချင်းကြား စိတ်ဝမ်းကွဲရုံသာမက လီဆူလူမျိုးများအပေါ် အခြားလူမျိုးများ အမြင်စောင်းသွားနိုင် ကြောင်း လီဆူလူငယ်အမျိုးသမီးတစ်ဦးကပြော သည်။ “မကြာခင် လီဆူလူမျိုးတွေတောင် ကွဲကြတော့မှာ။ အရင်နိုင်ငံရေး‌ဘာမှ မဖြစ်ခင် လုပ်တာတော့ ဘာမှမပြောလိုဘူး။ အခုနိုင်ငံရေး‌ ဒီလောက်ဆိုးနေတဲ့အချိန်မှ လီဆူလူမျိုးအတွက်ဆိုပြီး မလုပ်မနေရ ဖြစ်နေတာတော့ စိတ်မကောင်းဘူး။ အမြင်မကျယ်တဲ့သူတွေကလုပ်ကြမှာပေါ့။ အရင်ကအတွေးတွေပဲရှိတဲ့ လူတချို့နဲ့စကား ပြောရင် ရန်ဖြစ်ဖို့ပဲရှိတယ်ကွယ်” ဟုပြောသည်။ https://www.facebook.com/photo/?fbid=655051926822479&set=pcb .655053383489000

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button