၄ လအတွင်း နိုင်ငံတဝန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုပေါင်း ၂၇ ခု ရှိကြောင်း လေ့လာသူတွေပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၅၊ ၂၀၂၃
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ နိုင်ငံရေးနှင့် လူမှုဖြစ်စဥ်များကို စဥ်ဆက်မပြတ် စောင့်ကြည့် လေ့လာနေတဲ့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတခုဖြစ်ပြီး ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် (မေလမှ သြဂုတ်လ) ၄ လအတွင်း နိုင်ငံတဝန်းမှာ လူ (၅) ဦးထက်မနည်း သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါင်း ၂၇ခု ကို စစ်အုပ်စု က ကျူးလွန်ခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁၈၈ ဦးထိ သေဆုံးခဲ့ကြောင်း တွေ့ရှိ ရတယ်လို့ ထုတ်ပြန်ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ နိုင်ငံတဝန်းမှာ လူ (၅) ဦးထက်မနည်း သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုပေါင်း အနည်းဆုံး (၁၇၅) ခုကို စစ်အုပ်စုက ကျူးလွန်ခဲ့ပြီး စုစုပေါင်း ၁၇၉၄ ဦး သေဆုံး ခဲ့တယ် ဆိုတာကို တွေ့ရှိခဲ့ ရတယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ၂၀၂၃ မေလမှ ၂၀၂၃ သြဂုတ်လအတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားတဲ့ အထူးအစီရင်ခံစာကို ထုတ်ပြန် ချက်မှာ ဖတ်ရှုနိုင်ပါတယ်။
(ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပေးပို့ထားတဲ့ အထူးအစီရင်ခံစာကို သိမ်းဆည်းဖတ်ရှုလိုပါက ဖော်ပြပါလင့်ခ်မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။)
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ (၂၀၂၃ မေ – ၂၀၂၃ သြဂုတ်)
မြန်မာဘာသာဖြင့် – https://bit.
အင်္ဂလိပ်ဘာသာဖြင့် – https://