သတင်း

စစ်ကိုင်းဒေသထဲ ရောက်လာတဲ့ AA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေ

စစ်ကိုင်းဒေသထဲ ရောက်လာတဲ့ AA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၃၀၊ ၂၀၂၃

ယမန်နေ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး(Operation 1027)ရဲ့ ပထမနေ့မှာဘဲ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်တောင်ဘက် တောင်ရိုး တလျှာက်တို့မှာလည်း ရက္ခိုင့် တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့ ချိန်ထိလည်း ရင်ဆိုင်တိုက်ပွဲ ပြင်းထန် နေတယ်လို့ Operation 1027 သတင်းကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာကနေ သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းဒေသထဲ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ထိုးဖောက် ဝင်ရောက်ကာ စစ်ကောင်စီ တပ်နှင့် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်ထဲ ရောက်နေတဲ့ AA တပ်ဖွဲ့ဝင်များဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ပြီး စစ်ကောင်စီကို တိုက်ခိုက် နေတာလို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်တို့မှာလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ AA တို့နှင့် စစ်ကောင်စီ တပ်ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်စခန်းပေါင်း ၆၀ နီးပါး သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဓာတ်ပုံ – Operation 1027 / ကိုးကန့်နယ်မြေမှာ တိုက်ခိုက်နေတဲ့ AA တပ်ဖွဲ့ဝင်များ။

Related Articles

Back to top button