သတင်း

တောင်ကြီးမှာ ခိုးဆိုးလုနှိုက်တွေ သောင်းကြမ်းနေပြီး လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေ

တောင်ကြီးမှာ ခိုးဆိုးလုနှိုက်တွေ သောင်းကြမ်းနေပြီး လုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၆၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ခိုးဆိုးလုနှိုက်တွေ ပိုမိုသောင်းကြမ်းလာနေပြီး လုယက်ခံရမှုတွေ ဆက်တိုက် ဖြစ်ပွား လာနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့နယ်အတွင်းရှိ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်မြို့တို့မှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ၊ ခါးပိုက်နှိုက်ခံရမှုတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ အပြင်ထွက်သွားလာရာမှာ သတိထားသွားလာနေရတယ်လို့ ဆိုပါတယ်။

“ဆိုင်ကယ်က မပျောက်တဲ့ရက်မရှိဘူး၊ နေ့တိုင်းတစ်ရာမဟုတ် တစ်နေရာမှာ ပျောက်နေတယ်။ ကျွန်တော့်ဆိုင်ကယ်ဆိုရင် အိုးရှင်းနားမှာ ရပ်ထားတာ ၁၀မိနစ်တောင်မကြာဘူး၊ ပါသွားတာပဲ။ မြို့မဈေးဆိုလည်း ခါးပိုက်နှိုက်တွေသောင်းကြမ်းလွန်းလို့ ဈေးတာဝန်ခံရုံးကတောင် အသံချဲ့စက်နဲ့ သတိပေးနေရတယ်”လို့ ဒေသခံတစ်ဦးက FJMMကို ပြောပါတယ်။

ဒါ့အပိုင်း တောင်ကြီးတန်ဆောင်တိုင်ကွင်း၊ မြို့ပြင်ထင်းရှူးတော၊ အေးသာယာဆည်နဲ့ ကုန်းလှိုင်ကန်စတဲ့ နေရာအချို့မှာလည်း အုပ်စုဖွဲ့လက်တာတွေ မကြာခဏဖြစ်ပွားနေသလို ညပိုင်းအချိန်တွေမှာလည်း တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်မှာ ရိုက်နှက်လုယက်ခံရတာတွေ မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ဟာ စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်တပ်များစွာနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲရုံးတွေ အခြေစိုက်ရာဒေသဖြစ်ပေမယ့် ခိုးဆိုးလုနှိုက်တွေကို အရေးတယူဖမ်းဆီးတာမရှိကြောင့် ပိုမိုသောင်းကြမ်းလာနေတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

Related Articles

Back to top button