
CDF Thantlang က ပထမအကြိမ် ညီလာခံကနေ ဦးဆောင်သူသစ် ရွေးချယ်၊ လူထုလုံခြုံရေးကို အထူးဦးစားပေးရန် ညီလာခံမှာ ဆုံးဖြတ်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၅၊ ၂၀၂၃
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Thantlang က ပထမအကြိမ်ညီလာခံကနေ ညီလာခံအတွင်း ဆက် လက် လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် ဦးဆောင်မည့်သူများ ပြန်လည်း ရွေးချယ် ခြင်းတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့သလို တော်လှန်ရေးကာလအတွင်း ပြည်သူ လူထုများ၏ ဘေးကင်း လုံခြုံမှုကိုလည်း အထူးဦးစားပေး ဆောင်ရွက်ဖို့ ညီလာခံမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုညီလာခံကနေ စစ်အာဏာရှင်စနစ်အား အမြစ်ဖြုတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတို့၏ ကိုယ် ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပြန်လည်တည်ထောင်ရေးတို့ကို ထပ်လောင်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
ညီလာခံကနေ ထပ်လောင်း အတည်ပြုထားတဲ့ ရည်မှန်းချက်များကို ဆက်လက် အကောင် အထည် ဖော်နိုင်ဖို့ ပြည်တွင်း/ပြည်ပ ပြည်သူများအနေဖြင့် ဘဏ္ဍာရေး လိုအပ်မှုများကို ဆက်လက် ပံ့ပိုးကူညီ ပေးကြဖို့လည်း ထပ်မံတိုက်တွန်း ထားပါတယ်။
ပထမအကြိမ်မြောက်ညီလာခံကို ထန်တလန်မြို့နယ်အတွင်းရှိ တစ်နေရာမှာ အောက်တိုဘာလ ၁၈ ရက်မှ ၂၀ ရက်ထိ ၃ ရက်တာ ကျင်းပခဲ့ပြီး တပ်ရင်း ကိုယ်စားလှယ် များ၊ ဒေသကိုယ်စားလှယ်များ၊ ရပ်ရွာတာဝန်ခံ ကိုယ်စားလှယ်များနှင့် အထူးဧည့်သည်တော်များအပါအဝင် ၁၉၀ ဦး တက်ရောက်ခဲ့ပြီး ကျင်းပပြီးစီးခဲ့တယ်လို့ ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်မှာ CDF Thantlang ဘက်က သတင်း ထုတ်ပြန် ထားပါတယ်။
ဓာတ်ပုံ – ပုံဟောင်း | CDF Thantlang



