မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာရှိ စစ်ကောင်စီ တပ်စွဲထားသောနေရာကို PDF ပူးပေါင်းတပ်ဖွဲ့ တွေ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၁၊ ၂၀၂၃
ရှမ်း၊ ကရင်နီ နယ်စပ် မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာရှိ ရထားသံလမ်းအနီး စခန်းထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို မိုးဗြဲ Local PDF၊ လွိုင်ကော် PDF၊ ကလလတနှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDF တို့ ယမန်နေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၉ )ရက်နေ့ မနက်( ၆ )နာရီမှစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ (၂)နာရီကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာမှာတော့ စစ်ကောင်စီတပ်နှင့်အတူ KNG (ပြည်သူ့စစ်)တို့ ပူပေါင်းကာ စခန်းထိုင် တပ်စွဲထားကြတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများစွာ ပစ်ကူများနဲ့ စစ်ကူများ ရောက် လာသောကြောင့် တပ်စခန်းအား မသိမ်းပိုက်နိုင်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်လည် ဆုတ်ခွာ ခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှု ရှိသော်လည်း အတည်ပြုနိုင်ရန် စုံစမ်း နေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ တိုက်ပွဲကြောင့် မိုးဗြဲ Local PDF တပ်သား တစ်ဦးကျဆုံးပြီး၊ (၃)ဦးခန့် ဒဏ်ရာရှိခဲ့လို့ သိရပါတယ်။
KNG( ပြည်သူ့စစ်)တပ်ဖွဲ့ဟာ ပြည်သူ့နှင့်အတူ မပူပေါင်းဘဲ ကိုယ်ကျိုး နှင့် လုပ်ပိုင်ခွင့် အာဏာအတွက် စစ်ကောင်စီတပ်နှင့် ပူပေါင်းခဲ့တာကြောင့် အခုလို တိုက်ခိုက်ခံရတာလို့ ဒေသခံတွေဆီကနေ သိရပါ တယ်။
ဓါတ်ပုံ – DMO-Local PDF