သတင်း

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ သူရဲ့ လက်ရုံးကို အရေးယူပြ လိုက်တာဟာ တပ်တွင်း စည်းလုံးမှု ရရှိဖို့ ရည်ရွယ်တာလို့ CDM တပ်ကြပ်ကြီးပြော

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ သူရဲ့ လက်ရုံးကို အရေးယူပြ လိုက်တာဟာ တပ်တွင်း စည်းလုံးမှု ရရှိဖို့ ရည်ရွယ်တာလို့ CDM တပ်ကြပ်ကြီးပြော

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၁၊ ၂၀၂၃
 
နိုင်ငံ‌တော်သစ္စာဖောက်ဖျက်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံခြား သုံးငွေ တရားမဝင် လက်ဝယ်ထားမှု အပါအဝင် တခြားစွဲချက်တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်။
 
ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ လက်ရုံးဖြစ်တဲ့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ ဗိုလ်မှူးချုပ် ဟောင်း ရန်နောင်စိုးကိုလည်း အနှစ်နှစ်ဆယ်နဲ့ ညီမျှတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ စစ်ကောင်စီ က သတင်းထုတ်ပြန်ပါတယ်။
 
ချင်းပြည်၊ ဟားခါး အခြေစိုက် အနောက်မြောက်ပိုင်း စစ်ဌာနချုပ်(နမခ) ဒုတိုင်းမှူး မျိုးထွဋ်လှိုင်ရုံးမှာ အဓိက အမှုတွဲကိုင် စာရေးလုပ်ခဲ့တဲ့ CDM ဝင်လာသူ တပ်ကြပ် ကြီး ဟန်လျန်ပြန်း ကတော့ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေကို အခုလို အရေးယူလိုက်ပြ လိုက်တာဟာ တပ်တွင်းစည်းလည်းမှု ပိုအားကောင်း လာနိုင်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
 
တပ်တွင်း ထိပ်ပိုင်း အရာရှိတွေကို အရေးယူခဲ့တဲ့ သာဓကတွေ ရှိခဲ့သလို ခင်ညွန့်ကို သန်းရွှေက အရေးယူခဲ့တဲ့ ဖြစ်ရပ်မျိုးလို့ ထောက်ပြပါတယ်။ သန်းရွှေက ခင်ညွန့်ကို ထိန်းသိန်းလိုက်တာဟာ စစ်တပ်တွင်း နှစ်ခြမ်းကွဲတဲ့ ဖြစ်ရပ် မကြုံရအောင် ထိန်းသိမ်းပေးနိုင်ခဲ့တာဆိုတဲ့ တပ်တွင်းဝါဒ ဖြန့်ပြီး သန်းရွှေကို ကြည်ညိုအောင် လုပ်ပြနိုင်လို့ အဲဒီအချိန်က မြန်မာစစ်တပ်ဟာ တပ်တွင်း ပိုပြီးစည်းလုံး သွားပြီး အင်အားကြီးထွားခဲ့တယ်လို့ ပြောပါတယ်။
 
ဒါပေမယ့် အခုလို စစ်ဗိုလ်ချုပ်တွေကို အရေးယူပြလိုက်တာဟ စစ်တပ် အကျိုးအမြတ်အတွက် လုပ်တာဖြစ်ပြီး ပြည်သူ အကျိုးအမြတ်အတွက် မပါဝင်ပါဘူးလို့ သူက ပြောပါတယ်။
 
တဘက်မှာလည်း စစ်တပ်ကတော့ သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူတွေကို နည်းလမ်း ပေါင်းစုံ အသုံးပြု ပြီး ဖိနှိပ်မှုတွေ တောက်လျှောက် ပြုလုပ်နိုင်ဖို့ တဘက်ကလည်း စစ်ဗိုလ်ချုပ်တွေကို အရေးယူပြလိုက်တာ ဟာ ပြည်သူတွေကို မျက်လှည့်ပြတဲ့သဘောလည်း ဖြစ်နိုင်ပြီး ပြင်ပကို ထုတ်ပြန် တဲ့ သတင်းအချက်အလက် နဲ့ တပ်တွင်း ထဲမှာ ထုတ်ပြန်တဲ့ သတင်းတွေက ပြောင်းပြန်လည်း ဖြစ်နိုင် တယ်လို့ သုံးသပ်ပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် ဒီကနေ့မှာ စတင်ပြီး အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ စက်တင် ဘာလ၂၅ ရက်နေ့မှာ ထုတ် ပယ်ခဲ့တာပါ အခုလို တပ်တွင်း ထိပ်ပိုင်းအရာရှိ ခေါင်းဆောင် တွေကြားက အရေးယူမှုနဲ့ ပတ်သက်ပြီး စစ်ရေး အကဲခတ်တွေကလည်း အာရုံစိုက် စောင့်ကြည့် လေ့လာနေခဲ့ ကြတာ ဖြစ်ပါတယ်။

Related Articles

Back to top button