(No. 81, October 10, 2023)
၁။ လိုင်ဇာမြို့အနီး ဗုံးကျဲခံရမှုမှာ အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိခဲ့ပြီး နေအိမ် ၅၀ လောက် ထိခိုက်ပျက်စီး
October 10, 2023
KIO ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် (Mung Lai Hkyet) ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားထိခိုက် သေဆုံးသူ ၅၀ လောက်ရှိပြီး တစ်ရွာလုံးနီးပါး ထိခိုက်ပျက်စီးမှု ရှိခဲ့ တယ်လို့ မုန်လိုင်ခက်ဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့၊ ည ၁၁ နာရီအချိန် စစ်ကောင်စီတပ်က မြစ်ကြီးနား ဘက်နေ စစ်တပ်သုံးလေယာဉ်နဲ့ အရပ်သားပြည်သူတွေရှိတဲ့နေရာဘက်ကို ပစ်မှတ်ထားပြီး လာရောက်တိုက်ခိုက်ခဲ့တာပါ။ မုန်လိုင်ခက် စစ်ရှောင်စခန်း ၂ ခုအပါအဝင် ကျေးရွာအောက်ဘက်ခြမ်းမှာရှိတဲ့ နေအိမ်တွေတစ်စစီ ထိခိုက်ပျက်စီးသွားတယ်လို့ မုန်လိုင်ခက်မှာရှိတဲ့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။“ဗုံးကျတဲ့နေရာက ကားကြီးကွင်းရဲ့နားမှာကျမှန်တာ ဟုတ်တယ်။ ဗုံးကအရင်က ဗုံးနဲ့မတူဘူး တအားကြီးတယ် ကျတာက တစ်လုံးထဲ ဒါပေမယ် သူ့ဗုံးအငွေ့နဲ့ နေအိမ်တွေ အကုန် ပျက်စီးသွားတယ်။ ပိုဆိုးတာက အဲဒီ ဗုံးကျတဲ့ ရွာရဲ့ အောက်ဘက်ခြမ်းဆိုအကုန်တစ်စီးဖြစ်သွားတယ်။ အဲထဲမှာ စစ်ရှောင်စခန်း က ဘာမှမကျန်တော့ဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးဟာ မုန်လိုင်ခက်ကျေးရွာ KIA ဂိတ်ရှိတဲ့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့အတွက် အနီးမှာရှိတဲ့ စစ်ရှောင်အိမ်ထောင်စု ၁၀ ကျော်နေထိုင်တဲ့ စစ်ရှောင်စခန်း နေရာ ၂ ခု တစ်စစီ ပျက်စီးသွားပြီး စစ်ရှောင်ပြည်သူ ၂၇ ယောက်ဟာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
စစ်ရှောင်လူဦးရေ ၃၀ ကျော်လောက်ရှိတဲ့ထဲကနေ ၆ ယောက်သာ လွတ်မြောက်နိုင်ခဲ့ပြီး လွတ်မြောက်လာနိုင်တဲ့ ၆ ယောက်မှာလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် လက်ရှိမှာ ဆေးကုသခံယူနေရတယ်လို့ သိရပါတယ်။ သေဆုံးခဲ့သော စစ်ရှောင် ၂၇ ဦးထဲမှာ နို့စို့ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် ၁၀ နှစ်အောက် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေက အများ ဆုံးပါဝင်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် စစ်ရှောင်စခန်း အနီးပတ်ဝန်းကျင်နဲ့ မုန်လိုင်ဂိတ်အနားနေထိုင်တဲ့ အရပ်သားပြည်သူ ၂၀ ဝန်းကျင်လောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “အလောင်းတွေကတော့ မနေ့ကနေ ရှာတာ ဒီမနက်အထိ ရှာနေဆဲဖြစ်တယ်။ သေဆုံးတဲ့သူတွေက အခုချိန်အထိ ၂၇ ယောက်တွေ့တယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေနဲ့ ပေါင်းရင်တော့ ၅၀ လောက်ရှိမယ် ဆေးရုံမှာ စားရင်းကောက်နေဆဲဖြစ်ပါတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီ တပ်က ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၂၄ ရက်နေ့မှာလည်း ဖားကန့် ဒေသ KIA တပ်မဟာ ၉ အနန့်ပါ နေရာကို စစ်ကောင်စီတပ် ဗုံးကျဲ တိုက်ခိုက်ခဲ့အတွက် အရပ်သားပြည်သူ ၆၀ ကျော် သေဆုံးမှုရှိခဲ့ပြီးအနန့်ပါ ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ၁ နှစ်ပြည့်မှာအခုလို ထပ်မံ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/10/10/yl1-122/
၂။ စစ်သားနှင့် ရဲများ မြို့သိမ်းတိုက်ပွဲများ မဖြစ်မှီ CDM ပြုလုပ်ကြရန် PDF-Zoland ထပ်မံဖိတ်ခေါ်၊ လက်နက် နှင့်တကွ CDM ပြုလုပ်ရင် သိန်း ၅၀ ထက်မနည်း ဆုချီးမြှင့်မည်
October 10, 2023
ချင်းပြည်နယ်မြောက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီလက်အောက်က စစ်သားနှင့် ရဲများကို မြို့သိမ်းတိုက်ပွဲများမဖြစ် လာမှီ CDM ပြုလုပ်ကြရန် ထပ်မံဖိတ်ခေါ်ပြီး လက်နက်နှင့်တကွ CDM ပြုလုပ်ပါက သိန်း ၅၀ ထက်မနည်း ဆုချီးမြှင့်မည်ဟု PDF – Zoland က ထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်မှ တချို့တပ်သားများသည် CDM ပြုလုပ်ချင်သော်လည်း ဆက်သွယ်၍ မရဖြစ်နေသူများလည်း ရှိပြီး တချို့မှာ လုပ်သင့်၊ မလုပ်သင့် ချင့်ချိန်နေသူများလည်းရှိသည့် အတွက် ထပ်မံ ဖိတ်ခေါ်ခြင်းဖြစ် သည်ဟု PDF- Zoland မှ တာဝန်ရှိသူက ပြောသည်။“သူတို့မှာလည်း မလွဲမရှောင် သာလို့သာ လုပ်ရတာ တချို့တွေ ရှိတယ်။၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ သူတို့ ဆင်ခြေတွေ ပေးမနေတော့ဘဲနဲ့ ပြည်သူတွေနဲ့ အမြန်ပူးပေါင်းပါလို့ တိုက်တွန်းချင်တယ်။ ဘယ်နေ့ ဘယ်အချိန်လဲတေ့ာ မသိဘူး။ မြို့သိမ်းတိုက်ပွဲမှာ စခန်းမှာ တွေ့ရင် ကျနော်တို့ ညှာမှာ မဟုတ်တဲ့အတွက်ကြောင့် သူတို့ မိသားစုအတွက်၊ မိတ်ဆွေအတွက် အသက်ရှိစေချင်တယ်။ နိုင်ငံအသစ် ထူထောင်တာမှာလည်း သူတို့ကို ပါဝင်စေချင်တယ်။ အဲဒါကြောင့် သူတို့ကို CDM လုပ်ဖို့ ထပ်မံဖိတ်ခေါ်ရခြင်းဖြစ်တယ်” ဟု သူက ပြောသည်။
စစ်သားနှင့် ရဲများအနေဖြင့် လက်နက်များ၊ ခဲယမ်းများနှင့် တကွ CDM ပြုလုပ်လာလျှင် လက်နက်တစ်လက်ကို အနည်း ဆုံး သိန်း ၅၀ ၊ ခဲယမ်းကျည်များကိုလည်း ကာလပေါက်ဈေးနှင့် တွက်၍ ပေးမည်၊ အမျိုးအစား ပိုကောင်းသော လက်နက်ကို သိန်း ၅၀ နှင့်အထက် ပိုပေးမည်ဟု PDF- Zoland မှ တာဝန်ရှိသူက ပြောသည်။ လက်နက်ခဲယမ်းများ မပါဘဲ CDM ပြုလုပ်သော ရဲနှင့် စစ်သာားများကို ဆုချီးမြှင့်နိုင်မည် မဟုတ်သော်လည်း နေရေးထိုင်းရေး စီစဉ်ပေးပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်မည် ဟု သိရသည်။ PDF – Zoland ထံသို့ စစ်ကောင်စီ၏ ၂၆၉ ခြေလျင်တပ်အပါအဝင် အခြားတပ်ရင်းနှင့် ရဲစခန်းများက စစ်သားနှင့် ရဲတို့ စုစုပေါင်း ၃၀ ထက်မနည်း CDM ပြုလုပ်ထားပြီးဖြစ်သည်ဟု သိရသည်။ https://www.facebook.com/photo/?fbid= 805852964877092&s et=pcb.805853028210419
၃။ လောင်းလုံးမြို့နယ် ကျောက်နီမော်ရှိ စစ်ကောင်စတပ်စခန်းကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ သုံးဦးသေဟု LLPDF ပြော
October 9, 2023
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက် ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က (အောက်တိုဘာ ၈) ထုတ်ပြန်သည်။ ကျောက်နီမော် ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့စခန်းအား အောက်တိုဘာ ၄ ရက် နံနက် ၅ နာရီခွဲတွင် LLPDF နှင့်အတူ နွေဦး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် တပ်ရင်း(၁)တို့ ပူးပေါင်းကာ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ “တိုက်ပွဲဖြစ်ပွားတဲ့ အချိန် (စစ်ကောင်စီတပ်မှ) ၂၀ ကျော်ရှိခဲ့တယ်ခင်ဗျား။ နောက်ပြီး စစ်ကူ ၄၀ ရောက် လာတာရှိတယ်”ဟု LLPDF မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ တိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ မြေပြင်ချေမှုန်းရေးတပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့ တို့ အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်မှ မိုက်ခရိုဝေးတောင်ပေါ်စခန်းနှင့် ရေတပ်စစ်သင်္ဘောများမှ လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲချိန် ၃ နာရီကြာဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့နောက် စစ်ကောင်စီ၏ လက်နက်ကြီးအလွန်အကျွံအသုံးပြုမှုကြောင့် PDF ပူးပေါင်းတပ်များပြန်လည် ဆုတ်ခွာခဲ့ရ သော်လည်း အထိအခိုက်မရှိခဲ့ဘဲ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ ငါးဦးပြင်းထန်ဒဏ်ရာရသွားကြောင်း LLPDF က အသိပေးသည်။ “အခုတော့ ဒဏ်ရာရ စကစတွေနဲ့ လှေဖြင့်ပြန်ဆုတ်သွားတာ (ကျောက်နီမော်စခန်းမှာ)လက်ကျန် ၂၀ လောက်ရှိနေတယ်”ဟု တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီစခန်းနှင့် ၎င်းတို့လှုပ်ရှားမှုအခြေအနေကို LLPDF မှ တာဝန် ရှိသူက ရှင်းပြသည်။ လက်ရှိအခြေအနေတွင် လောင်းလုံးမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိလာနိုင် သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိကြရန် တော်လှန်ရေးတပ်ဖွဲ့များက နှိုးဆော်ထားသည်။ https://www.facebook.com/photo/?fbid=65903818 9628310&set=a.559396182925845
၄။ ခုံးဟန့်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဖက်ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံး၊ လက်နက်တချို့သိမ်းဆည်း ရမိ
October 9, 2023
ကရင်နီပြည်၊ ဘောလခဲခရိုင် ဖားဆောင်းမြို့နယ်၊ ခုံးဟန့်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦး အပါ အ၀င် ၅ ဦးသေဆုံးခဲ့ပါတယ်။ မနက် (၆)နာရီဝန်းကျင်ကနေစပြီး တစ်နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲ အတွင်း စစ်ကောင်စီရဲ့ လက်နက်တချို့ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ဖာဆောင်း PDF က အောက်တိုဘာလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။
“အဓိကကတော့ စစ်ကြောင်းထိုးလာတာပေါ့နော်။ ဖားဆောင်းတံတားထိပ်ကနေပြီးတော့မှ စစ်ကြောင်းထိုးလာ တယ်။ အဲ့တာကို ကျနော်တို့ အဲ့ဖက်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုဖြစ်တဲ့ ကျနော်တို့ တပ်ရင်းအနေနဲ့ တပ်ဖွဲ့စုတွေနဲ့ ထိတွေ့မှုဖြစ်တာပေါ့။ ပြီးတော့ သူတို့ကတော့ပြန်ဆုတ်သွားတယ်။ ပြန်ဆုတ်ပြီးမှ ဖာဆောင်းထဲကိုပြန်ဝင်သွားတယ်ပေါ့။ တိုက် ပွဲ ဖြစ်ပွားတာကတော့ တစ်နာရီလောက်ပဲကြာပါတယ်။ ကျနော်တို့ ကြည့်ရတာကတော့ သူတို့ရဲ့ စစ်ကြောင်းမှူးနဲ့ တူတယ်။ သူတို့ရဲ့ စစ်ကြောင်းမှူးပေါ့နော် ဗိုလ်ကြီး ၃ ပွင့်နဲ့ စစ်ကြောင်းမှူးကျသွားတယ်ပေါ့။ အဲ့တော့ စစ်ကြောင်းမှူး ဗိုလ်ကြီး ၃ ပွင့်နဲ့ ကျသွားတာကိုလည်း ကျနော်တို့မျက်မြင်တွေ့လိုက်ရတယ်။ စစ်ကြောင်းမှူးကျသွားတော့ စစ်ကြောင်းတစ်ကြောင်းလုံး နောက် ပြန်ဆုတ်ပြီး အထဲပြန်ဝင်သွားတယ်ပေါ့။ အခုချိန်ထိ လည်းပဲ စစ်ကြောင်းထပ်မထိုးနိုင်ဘူး။”လို့ ဘောလခဲခရိုင် PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ MA1တစ်လက်၊ MA2 တစ်လက်၊ MA4 တစ်လက်သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။ https://www.kantarawaddytimes.org /%e1%80%81%e1%80%af%e1%80%b6%e1%80%b8%e 1%80%9f%e1%80%
၅။ ဘုံရန်သူစစ်ကောင်စီကို တော်လှန်နေခြင်းသာဖြစ်ပြီး ဘာသာရေးဆိုင်ရာကိစ္စများတွင် စွက်ဖက်ခြင်းလုံး၀မရှိဟု CDF ပလက်၀ အသိပေး
October 9, 2023
ချင်းပြည်နယ် ပလက်၀မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) အနေဖြင့် စစ်ကောင်စီတပ်ကိုတော်လှန် တိုက်ခိုက် ခြင်းသာ လုပ်ဆောင်လျက်ရှိပြီး ဘာသာရေးဆိုင်ရာ ကိစ္စများတွင် စွက်ဖက်ခြင်း လုံး၀ မရှိဟု ပလက်၀ CDF က ထုတ်ပြန်သည်။ ပလက်၀မြို့နယ်မှ အင်္ဂလီကန် အသင်းတော်သူ၊ အသင်းတော်သားတချို့သည် လက်နက်ကိုင်အဖွဲ့၏ အမည်ကို ခုတုန်းလုပ်ပြီး အင်္ဂလီကန် အသင်းတော်လူကြီးများထံ ခြိမ်းခြောက်စာပေးပို့ခြင်း၊ မဟုတ်မမှန် သတင်းများ ဖြန့်ဝေခြင်း၊ လက်နက်ကိုင်အဖွဲ့ များကို အမည်ဆိုး ထွက်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း၊ အချင်းချင်း စိတ်ဝမ်းကွဲပြားစေမည့် သတင်းအချက်အလက်များ ဖြင့် ဝါဒမှိုင်းတိုက်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိ ၍ ယခုကဲ့သို့ထုတ်ပြန် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
CDF ပလက်၀သည် ချင်းပြည်နယ်အတွင်း ချင်းနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အတူ တစ်နိုင်ငံလုံး၏ ဘုံရန်သူ ဖြစ် သည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းလျက်ရှိပြီး ပြည်သူ့လွတ်မြောက်ရေးအတွက်ကို တစ်စိုက် မတ်မတ် ဦးတည်လျက် တော်လှန်နေသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း အသိပေးသည်။ ထို့ကြောင့် ယခု ထုတ်ပြန်သည့် နေ့မှစ၍ အဖျက်အမှောင့် အဟန့်အတား ဖြစ်စေသော မည်သည့်လုပ်ရပ်ကိုမဆို ရပ်တန့်ရန်နှင့်ဆက်လက်ကျူးလွန် လုပ်ဆောင် နေပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခံရမည်ဟု တားမြစ်ထားသည်။ https://www. facebook.com/photo/?fbi d=659327096266086&set=a.559396186259178
၆။ တနိုင်းနဲ့ရှင်ဗွေယန် ကားလမ်းပိုင်းမှာ နာဂလူငယ်တွေ ပစ်မှတ်ထားဖမ်းဆီးခံနေရ
October 9, 2023
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့ကြား လီဒိုကားလမ်းပိုင်းမှာ နာဂလူငယ်တွေကိုပစ်မှတ်ထားပြီး ဖမ်းဆီး နေတာကြောင့် နာဂလူငယ်တွေခရီးသွားလာဖို့ခက်ခဲလာနေတယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း တနိုင်းဒေသမှာ အခြေစိုက်ပြီးအသစ်ဖွဲ့စည်းထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့အစည်းအသစ် ကနေ ခရီးသွားလာနေတဲ့ ခရီးသည်တွေထဲက နာဂ လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး တပ်သားသစ်အဖြစ်ဖမ်းတာမျိုး ဆက်တိုက်ရှိလာနေတာကြောင့် နာဂလူငယ်တွေ ခရီး သွားလာဖို့ခက်ခဲလာနေတယ်လို့ တနိုင်းမြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။“တခြားလူမျိုးထဲကလူငယ်တွေကိုတော့ မဖမ်းဘူးဗျ။ နာဂလေးတွေကတော့ အတော်များ များပါသွားပြီ ဒီတနိုင်းနဲ့ရှင်ဗွေယန်ကြားမှာ ဖမ်းနေတာ နာဂလူငယ်တွေက တော့ ၁၀ ယောက်သွားရင် ၆ ယောက်၊ လောက်တော့ ဖမ်းခံရတယ် နေ့တိုင်းတော့မဟုတ်ဘူး တစ်လကို ၂ ကြိမ် ၃ ကြိမ်အ့လို ထွက်ထွက်ပြီးဖမ်းတာ”လို့ သူကပြောပါတယ်။ အဓိကအဖမ်းအဆီးများတဲ့နေရာဟာ လဂျားဘွမ်၊ ရှင်လုံဂါး၊ တရုံကျေးရွာ နဲ့ရှင်ဗွေယန် မြို့ကြားမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်သြဂုတ်လလောက်ကတည်းစ ဖမ်းဆီးမှုစတင်လာရာကနေ ဒီနှစ်ထဲ ခပ်စိတ်စိတ် ဖမ်းဆီးလာနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“ကျွန်တော်လည်း အိမ်မပြန်ရတာ ၅ နှစ် လောက် ရှိပြီဗျ ဒီနှစ်တော့အိမ်ပြန်မလို့ပဲ အစီစဥ်ဆွဲထားတာပေါ့နော် တာ ပေမယ့် တနိုင်းလမ်းမှာ အရမ်းဖမ်းတယ်ကြားလို့ မပြန်ရဲဘူးဖြစ်နေတာ။ လမ်းကြောင်းကလည်းဒီတစ်လမ်းပဲရှိတာ ဒီလမ်း ကြောင်း မှာဖမ်းနေတော့၊ဘယ်လိုမှပြန်မရဘူးဗျာ”လို့ ဖားကန့်ဘက်ရောက်နေတဲ့ နန်းယွန်းဒေသခံလူငယ်တစ်ဦးက ပြောပါ တယ်။ နာဂဒေမှာလက်နက်ကိုင်တပ်ဖွဲ့အဖြစ် အရင်ကတည်းကရှိနေတဲ့ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ NSCN-K နဲ့ အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ ခန္တီးဘက်က နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသာရှိပြီး ခုဖမ်းအဆီးရှိနေတဲ့ နာဂ လက်နက်ကိုင်အသစ်ဟာ PDF မဟုတ်ဘဲ သီးခြားရပ်တည်နေတဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့အသစ်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ https://burmese.kachinnews.com/2023/10/09/wl1-42/
၇။ မင်းပြားမြို့တွင် ညမထွက်ရ အမိန့်ကြောင့် နာရေးပြုလုပ်ရန် အခက်အခဲဖြစ်
October 9, 2023
လက်တစ်လော စစ်ရေး ပဋိပက္ခ မရှိဘဲ ငြိမ်သက်နေသည့် ရခိုင်ပြည် မင်းပြားမြို့တွင် ညမထွက်ရအမိန့် ၁၄၄ ထုတ် ပြန်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်မှုကြောင့် သွားလာရေးအခက်အခဲ ဖြစ်နေကြသည်။ မင်းပြားမြို့၏ ညအထွက်ရအမိန့်မှာ အောက်တိုဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိဖြစ်ပြီး ည ၉ နာရီကနေ နံနက် ၅ နာရီအထိ ညမထွက်ရကြောင်း စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ညမထွက်ရ အမိန့်ကြောင့် ဒေသခံများမှာ ကျန်းမာရေး၊ လူမှုရေးနှင့် အရေးပေါ်သွားလာရေးအတွက် အခက်အခဲဖြစ် ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ “မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မနေ့က မြို့ကိုလှည်ပတ်ပြီး အသိပေးနေတယ်။ ၂ ရက်နေ့ ကနေ နှစ်လကြာတဲ့အထိပေါ့ ၁၄၄ ထုတ်တယ်ဆိုပြီးတော့။ မထွက်ရအမိန့်ကြောင့် နာရေးတွေဖြစ်တယ်ဆိုရင် စောင့်အိပ်ကြဖို့ လူအရေအတွက်ကို နာမည်နဲ့တကွ စာရင်းပေးရတယ်။ စာရင်းမှာပါတဲ့ သူတွေသာ ညမှာ သွားလာခွင့်ရှိပြီးတော့ မပါတဲ့သူတွေ က နာရေးကို ညမှာ လာခွင့်မရှိဘူး။ အဲဒီတော့ နာရေးမှာ မိသားစုဝင်အရင်းတွေကပဲ နေလို့ရတော့ တခြား အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ဘေးပတ်ဝန်းကျင်တွေက ညမှာ လာခွင့်မရှိဘူးဖြစ်သွားတယ် ” ဟု ပြောသည်။
ယင်းအပြင် အရေးပေါ်ကျန်းမာရေးအရ ဆေးရုံဆေးခန်းသွားရမည်ဆိုလျှင် ညမထွက်ရ အမိန့်ကြောင့် ဒေသခံများမှာ အခက်အခဲဖြစ်သည်ဟုလည်း မင်းပြားမြို့ခံတစ်ဦးက ပြောသည်။ “ညမထွက်ရအမိန့်မှာ ဘယ်သူတွေပဲ သွားလို့ရတယ်။ ဘယ်သူ တွေကတော့ သွားလို့မရဘူးလို့ ထုတ်ပြန်တာမဟုတ်တော့ ကျန်းမာရေးအရ အရေးပေါ်ဆေးရုံသွားရမယ်ဆိုရင် သူတို့ ကင်းလှည့် တဲ့အချိန်နဲ့တိုးမိရင် နားလည်ပေးရင်ကောင်းတယ်။ နားလည်မပေးဘူးဆိုရင် အရမ်းဒုက္ခရောက်တာပေါ့။ ကင်းလှည့်တဲ့ စစ်ကောင်စီတပ်သားတွေမှာ သဘောကောင်းတာရှိသလို ညှိနှိုင်းလို့မရဘဲ ကြမ်းတမ်းတဲ့သူတွေက များတော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ် ” ဟု ပြောသည်။ ရက္ခိုင့်တပ်တော် ULA/AA နှင့် အပစ်အခတ်ရပ်စဲထားသည့်ကာလတွင် ရခိုင်ပြည်အတွင်းက မြို့နယ်အချို့တွင် ထုတ်ပြန်ထားသော ညမထွက်အမိန့်ကို စစ်ကောင်စီက အလုံးစုံရုပ်သိမ်းသင့်ကြောင့် အမည်မဖော်လိုသည့် ရခိုင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။ “AA နဲ့ အပစ်ရပ်ထားတာက တစ်နှစ်ပြည့်တော့မယ်။ တိုက်ပွဲတွေလည်းရှိ တာမဟုတ်ဘူး။ စစ်ကောင်စီအနေနဲ့ ၁၄၄ ကို ပြန်ရုပ်သိမ်းသင့်တယ်။ ပြဿနာတစ်စုံတစ်ရာ ဘာမှမရှိဘဲ ဒေသခံတွေအတွက် အနှောက်အယှက်ဖြစ်စေတယ်။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ ထိခိုက်တယ်လေ”ဟု ပြောသည်။ https://www.facebook.com/photo/?fbid=75973265 2832830&set=a.682731967199566
၈။ ဖရူဆိုမြို့နယ်က ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်လို့ ၈ နှစ်အရွယ် ကလေးငယ် သေဆုံး
October 9, 2023
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းက ကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၈ နှစ် အရွယ် စစ်ဘေးရှောင် ကလေးငယ် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၇ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေး သင်တန်းကျောင်းက တာဝေးပစ် ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။“၅ ကြိမ် ပစ်တာ။ ၂ ကြိမ်က အဲဒီကလေး အိမ်ပေါ်တည့်တည့် ကျတာပေါ့။ ခါး အပေါ် ကျောက်ကပ်နဲ့ အဆုတ်ကို ထိတာ။ ပွဲချင်းပြီးတော့ မဟုတ်ဘူး။ ဆေးခန်းရောက်မှ ဆုံးတာ” လို့ ကူညီဆောင်ရွက်ပေးခဲ့ သူ တစ်ဦးက ပြောပါတယ်။ အဲဒီ ကလေးငယ်ဟာ ကစားဖို့အတွက် အိမ်ပေါ်တက်ပြီး အရုပ်သွားယူစဥ် လက်နက်ကြီး ထိမှန်တာ ဖြစ်ပြီး အိမ်ခေါင်မိုးနဲ့ ကြမ်းပြင်တွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးတဲ့ ကလေးငယ် မိသားစုဝင် စုစုပေါင်း ၉ ဦးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကတည်းက တိုက်ပွဲတွေကြောင့် ဖရူဆိုမြို့ ပေါ်ကနေ လက်ရှိ ကျေးရွာကို စစ်ဘေးရှောင်လာကြတာလို့ သိရပါတယ်။“သူတို့ မိသားစုက စစ်ရှောင်လည်းဖြစ် အလုပ်လည်း မရှိတော့ အရမ်းခက်ခဲတယ်။ ဒီနောက်ပိုင်းက သိတဲ့အတိုင်း စစ်ရှောင်တွေကို လှူတဲ့လူလည်း နည်းလာပြီလေ။ အခု ဈပနာ လုပ်ဖို့တောင် ခက်နေတယ်။ အလှူရှင်ကလည်းမရှိဘူး” လို့ ကူညီဆောင်ရွက်ပေးနေသူက ရှင်းပြပါတယ်။ ဒီကျေးရွာမှာ စစ်ဘေး ရှောင် အများစု နေထိုင်ကြပြီး လက်နက်ကြီး ကျတာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဖရူဆိုမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်ကနေ ၇ ရက်အထိ ၄ ရက်အတွင်း လက်နက်ကြီးနဲ့ ၃၅ ကြိမ် ပစ်ခတ် ခဲ့ရာ စစ်ဘေးရှောင် တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=349 431647443286&set=pcb.349431730776611
၉။ အရေးပေါ် လူနာကယ်ဆယ်ရေးကား ၀ယ်ယူနိုင်ရေး ကူညီလှူဒါန်းပေးဖို့ JPDF တပ်ဖွဲ့ မေတ္တာရပ်ခံ
October 9, 2023
ကရင်နီပြည်နယ် အခြေစိုက်၊ Fight for Justice-JPDF တပ်ဖွဲ့ အတွက် လိုက်အပ်နေတဲ့ အရေးပေါ်လူနာ ကယ်ဆယ် ရေးကားဝယ်ယူနိုင်ရေး အလှူခံရရှိငွေ ၁၀ ရာခိုင်နှုန်းသာရှိသေးတာကြောင့် ပါဝင်ကူညီပေးကြဖို့ တပ်ဖွဲ့တာဝန်ခံက မေတ္တာရပ်ခံ ထားပါတယ်။ ကား၀ယ်ယူနိုင်ဖို့ ပြုလုပ်တဲ့ “ရုန်းအား ၄ ဆ ဖေးကူမ” ကမ်ပိန်းကို စက်တင်ဘာလ ၁၅ ရက်ကနေ စပြီး အောက်တို ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ထားပေမယ့် အလှူခံငွေဟာ ကားတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ဆိုပါတယ်။ “ဒီမိုးတွင်းဆိုရင် ကုန်းသာလမ်းက ပျက်သွားပြီ။ ကားက ရှေ့မှာ ready ထားမှာ။ ရဲဘော် ဒဏ်ရာ ကြီးတယ်ဆိုရင် နောက်ကို ရွှေ့ပြီး ကုမှရတာ။ ဆေးအဖွဲ့အတွက် ကားက အဆင်မပြေဘူး ဖြစ်နေတာ။ ဒီကားက တကယ်ကို လိုအပ်နေတာဗျာ။ ရဲဘော်တွေ ထိပြီဆိုရင် ချက်ချင်း နောက်ကို ပြန်မပို့နိုင်လို့ အသက်ပေးလိုက်ရတဲ့ ရဲဘော်တွေလည်း အများကြီးရှိခဲ့တယ်” လို့ JPDF တပ်ဖွဲ့ တာ၀န်ခံက ပြောပါတယ်။
ရှေ့တန်း ရဲဘော်တွေ ဒဏ်ရာကြီးကြီးမားမားရပါက အရေးပေါ် ကုသနိုင်ရေး နောက်တန်း ပြန်ပို့ဖို့ အတွက် လူနာတင် ကား လိုအပ်နေတာဖြစ်လို့ ကူညီပေးကြဖို့ သူကတောင်းဆိုပါတယ်။ JPDF တပ်ဖွဲ့ဟာ လတ်တလော ကုန်းသာ၊ မိုးဗြဲနဲ့ မယ်စဲ့တို့ မှာ ဖြန့်ကျက်ကာ ရှေ့တန်းတွေမှာ နေရာယူထားပြီး စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=349317874121330&set=a.285900490463069
၁၀။ ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည် ပေါက်ကွဲ၍ စစ်ဘေးရှောင် ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာ ပြင်းထန်
October 9, 2023
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်တိုက်နယ်ကျေးရွာ အနီးရှိ မီးရထားဘူတာရုံတွင် အောက်တိုဘာလ ၈ ရက် နံနက် ၁၀ နာရီခန့်က မြေမြှုပ်နေသော လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်ပွား၍ ကလေးငယ် ၃ ဦးထိခိုက်သွားကြောင်း သိရ သည်။ ယင်းကလေးငယ်ထဲက တစ်ဦးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ပြီး ကျန် ၂ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကာ အသက်အန္တရာယ်စိုးရိမ်ရသော ကလေးငယ်တစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောက်လိုက်ကြောင်း ယိုးတရုတ်ကျေးရွာရှိ ရွှေရောင် မေတ္တာဖောင်ဒေးရှင်း ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီနေ့ နံနက် ၁၀ နာရီလောက်က ဘူတာရုံနားမှာ ပေါက်ကွဲမှု ဖြစ်တာ။ ကလေးတွေက ဆော့နေကြတာမှာ မြေတပိုင်းမြှုပ်နေတဲ့ လက်နက်ကြီးကျည် ထင်တယ်။ ကလေး တစ်ယောက် က အဲဒါကို ထုခွဲလိုက်လို့ ပေါက်ကွဲမှုဖြစ်သွားတာ။ ကလေးသုံးယောက် ထိခိုက်သွားတယ်။ အဲဒီအထဲက တစ်ယောက်က ပွဲချင်းပြီး သေပြီးတော့ နှစ်ယောက်က ယိုးတရုတ်ဆေးရုံရောက်မှာ။ ကလေးတွေရဲ့ နာမည်တွေကို မသိရသေးဘူး” ဟု ပြောသည်။ ကလေးငယ် ၃ ဦးမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ပါဝင်ပြီး အသက် ၆ နှစ်အရွယ်ထဲက ကလေးငယ်တစ်ဦးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်သည့် ကလေးငယ်မှာ အသက်အရွယ်ကို မသိရသေးသော်လည်း ယိုးတရုတ်ဆေးရုံတွင် ကလေးငယ်တစ်ဦးက ဆေးကုသမှုကို ခံယူနေကြောင်း ယိုးတရုတ်ဆေးရုံမှ ဝန်ထမ်းတစ်ဦးက ပြော သည်။ “ကလေး ၃ ယောက်မှာ တစ်ယောက်က ပွဲချင်းပြီး သေတယ်။ သေတဲ့တစ်ယောက်နဲ့ ကလေးတစ်ယောက်က ကျနော်တို့ ယိုးတရုတ်ဆေးရုံမှာ။ နောက်တစ်ယောက်ကိုတော့ စစ်တွေဆေးရုံကို PDYO လူမှုရေးအသင်းအဖွဲ့ကားနဲ့ ပို့ ဆောင်လိုက်ပါတယ်။ အသက်အတိအကျကိုတော့ ကျနော်တို့လည်း မသိဘူး” ဟု ပြောသည်။ ယိုးတရုတ်ဘူတာရုံတွင် ကျောက်တော်မြို့နယ်မှ အိုးအိမ် စွန့်ခွာထွက်ပြေးလာကြသော စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ခန့်နေထိုင်ကြပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်သွားသော ကလေးငယ် များမှာ စစ်ဘေးရှောင်ကလေးငယ်များဖြစ်သည်ဟု ယိုးတရုတ်ရုံးခွဲ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံအချို့ကြားတွင် သတင်းထွက်နေသည်မှာ ယခင်စစ်ပွဲအတွင်း ကျန်ခဲ့သည့် လက်နက်ကြီးကျည်ကို ထုခွဲရာကြောင့် ပေါက်ကွဲခြင်းဖြစ်သလို ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်တစ်ဦးမှ လက်ပစ်ဗုံးကို ကလေးငယ်များအား ပေးကစားရာ၌ ပေါက်ကွဲမှုဖြစ်သွားသည်ဟု ပြောဆိုနေကြသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၉ နာရီအချိန်က ပုဏ္ဏားကျွန်းမြို့နယ် ကုန်းတန်းကြိမ်ချောင်းကျေးရွာတွင် ရက္ခိုင့်တပ်တော် ULA/AA ၏ တပ်ဖွဲ့ဝင်တစ်ဦးက အရက်မူးပြီး ဈေးဆိုင်တစ်ခု၌ ကိုင်ဆောင်လာသော လက်ပစ်ဗုံး စနက်တံကိုဖွင့်လိုက်ရာမှ ပေါက်ကွဲမှုဖြစ်၍ ဆေးဝယ်လာသော ကလေးငယ် နှစ်ဦးသေဆုံးသွားပြီး ကလေးငယ်တစ်ဦးအပါအဝင် ရွားသား ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။ https://www .facebook.com/photo/?fbid=759159392890156&set=pcb.759156512890444
၁၁။ သိန္နီမြို့နယ်၌ တိုက်ပွဲဖြစ်၊ ဘုန်းကြီးကျောင်းနှင့် ရွာထဲ လက်နက်ကြီးကျ၊ ရွာသားများ တိမ်းရှောင်
October 9, 2023
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကျည်တချို့ ဘုန်းကြီးကျောင်းဝင်းထဲ ကျတာကြောင့် ကျောင်းဆောင်ပျက်စီးခဲ့သလို ကိုယ်ဝန်ဆောင်မိခင်တဦးလည်း ထိမှန်ဒဏ်ရာ ရသွားပါတယ်။ ကွန်ကောက်ကျေးရွာမှာ သိန္နီနဲ့ ချင်းရွှေဟော်သွား ကားလမ်းမကြီးဘေးက ရွာကြီးဖြစ်ပြီး ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အောက်တို ဘာလဆန်းက တည်းက ရွာထဲနဲ့ ဘုန်းကြီးကျောင်းအနီးမှာ လာရောက်တပ်စွဲထားပြီး လမ်းပေါ်ထွက်ကာ ဖြတ်သန်းသွားလာနေတဲ့ ကားကြီး ကားငယ် တွေကို အခွန်ကောက်ခံခဲ့ကြောင်း၊ အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ကြ တယ်လို့ ကွန်ကောက်ရွာသားတဦးက ပြောပါတယ်။“ကေအိုင်အေတွေက လမ်းပေါ်ထွက်စောင့်ပြီး ကားကြီးကားငယ် တွေကို ဆက်ကြေးကောက်တာ။ အထူးသဖြင့် ကုန်တင်ကားကြီးတွေပေါ့၊ ကုန်ပစ္စည်းတွေပေါ် မူတည်ပြီး ကားတစီးကို ကျပ် သိန်း ၅၀ ကနေ ၈၀ ထိ ကောက်တယ်ကြားတယ်။ ရွာထဲမှာတော့ မကောက်ပါဘူး။ ကားသမားတချို့က မပေးချင်လို့ စစ်တပ်ကို တိုင်တာ ထင်တယ်။ အဲဒါ ၅ ရက်နေ့မှာ မြန်မာစစ်တပ် ရောက်လာပြီး တင်းလူမ်းရွာနားမှာ စခန်းချတယ်။ ၇ ရက်နေ့ကျတော့ ကချင် စစ်သားရှိတဲ့ဘက်ကို အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ဘုန်းကြီးကျောင်းဇရပ် ခေါင်မိုးပေါက်ကုန်တယ်။ လက်နက် ကြီးကျည်တခုက ကျောင်းတိုက်ဘေးမှာ ကျလာတယ်။ ကျောင်းတိုက်က သံဃာအပါး ၁၀ ကျော် ဟိုမိန်းကျောင်းတိုက်ကို ထွက် ပြေးရတယ်။ အဲဒီနေ့က ညနေထိ ပစ်ခတ်သံကြားတယ်။ နောက်နေ့လည်း ပစ်ကြတယ်။ ရွာသားတွေလည်း ထွက်ပြေးတယ်။”
အောက်တိုဘာ ၉ ရက် ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာလည်း ကောင်းချိုကျေးရွာထဲကို လက်နက်ကြီးကျပြီး အိမ်ခြံထဲမှာ အလုပ်လုပ်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ထိမှန်သွားပါတယ်။ လက်နက်ကျည်စဟာ သူ့ရဲ့နောက် ကျောကို ထိမှန်ပြီး သိန္နီဆေးရုံကို ခေါ်သွားတယ်၊ သိန္နီဆေးရုံကနေတဆင့် အခု လားရှိုးဆေးရုံကို ဆက်ပို့လိုက်တယ်လို့ ရွာသားက ပြောပါ တယ်။ ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ ကွန်ကောက်ရွာထဲတင်မကဘဲ ကျေးရွာအုပ်စုတွင်းရှိ တန့်ခန်၊ နောင်မောင်း အစရှိတဲ့ ရွာတွေထဲမှာပါ ဝင်နေတော့ ရွာသားတွေ မနေရဲတော့ဘဲ ထွက်ပြေးကြကြောင်း၊ ဒီကနေ့ထိ ကုန်ကောက်နဲ့ စယ့်အူရွာကြားရှိ ကွန်ကောက်၊ ပိန်းဟုန်း၊ ဝမ့်ဟေ့၊ နောင်မောင်း၊ ပိန်းကန်း၊ ဟိုနောင်၊ ဖိုင်ခမ်း အစရှိတဲ့ကျေးရွာက ရွာသား ၅၀၀ ကျော် ၆၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။ လက်ရှိ သိန္နီမြို့နယ် ဟိုမိန်းကျောင် းတိုက်မှာ စစ်ဘေးရှောင် ၁၀၀ ကျော်၊ စယ့်အူကျောင်း တိုက်မှာ ၃၀ ကျော်၊ ဖိုင်ခမ်းကျောင်းတိုက်မှာ ၃၀ ကျော်ရှိကာ ကျန်သူတွေကတော့ သိန္နီမြို့ပေါ်နဲ့ ဆွေမျိုးသားချင်းရှိရာ တခြား ရွာတွေမှာ တိမ်းရှောင်နေတာကြောင့် စာရင်းအတိအကျ မသိရဘူးလို့ ဆိုပါတယ်။ https://burmese.dvb.no/post/619006
၁၂။ KTLA မီးရှို့ခဲ့သော သံသတ္တုမိုင်းလုပ်ငန်းခွင်သည် အဖွဲ့အစည်းနှင့်ပတ်သက်မှုမရှိဟု KNU ပြော
October 9, 2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသ သတ္တုမိုင်းတွင်း လုပ်ငန်းတစ်ခုကို ယခုလအောက်တို ဘာလ ၇ ရက်နေ့က ဗိုလ်အယ်ခွီးဦးဆောင်သည့် ကော်သူးလေအာမီ(KTLA) တပ်ဖွဲ့ဝင်များ သွားရောက် မီးရှို့ဖျက်ဆီးခဲ့သည့် လုပ်ငန်းခွင်သည် ၎င်းတို့အဖွဲ့အစည်းနှင့်ပတ်သက်မှုမရှိကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဘိတ်-ထားဝယ်ခရိုင်၊ (တပ်မဟာ ၄)ဘက်က ပြောဆိုသည်။ (ဒေသအခေါ်)ဖိုးလမိုင်းသတ္တုတွင်းဟု ခေါ်ဆိုသည့် အဆိုပါ သတ္တုတွင်းကို စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့်သာ KNU နယ်မြေအတွင်း လုပ်ကိုင်နေသည်မှာ (၂)နှစ်ခန့်ရှိနေပြီးဖြစ်ကာ ကေအဲန်ယူနှင့် သက်ဆိုင်မှုမရှိကြောင်း နှင့် ၎င်းလုပ်ငန်းမှ မည်သည့်အကျိူးအမြတ်မျှမရရှိကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်နာ က ယခုလို ပြောသည်။“ဒီဟာက အခြေအမြစ်မရှိတဲ့စွပ်စွဲချက်ပဲ။ ကေအဲန်ယူ တပ်မဟာ(၄) ကို အထင်အမြင်လွဲမှားအောင် လုပ်တာ။ ဒီမိုင်းတွင်းက စစ်ကောင်စီရဲ့ ခွင့်ပြုချက် သက်သက်ပဲရတယ်။ တင်ဒါကနေပြီးတော့ ကေအဲန်ယူက ဘာအကျိုးအမြတ် မှ မရဘူး။” ဟု ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောသည်။
ဟိန္ဒားကျေးရွာ အုပ်စု၊ ဖွတ်လက်တိုရွာချောင်းဖျားတွင် တည်ရှိသည့် ၎င်းသတ္တုမိုင်းတွင်းသည် စစ်ကောင်စီနှင့် KNU ခေါင်းဆောင်အချို့တို့ ပူးပေါင်းလုပ်ဆောင်၍ လုပ်ငန်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အကျိုးတူခွဲဝေယူနေသည့်အပြင် ၎င်းသတ္တုမိုင်းကြောင့် မြစ်ချောင်းများပိတ်ဆို့ပြီး ဒေသခံများ အခက်အခဲဖြစ်ပေါ်လာသောကြောင့် ယခုလို ဝင်ရောက်မီးရှို့ဖျက် ဆီးမှု လုပ်ဆောင်ရခြင်းဖြစ်ကြောင်း KTLA အဖွဲ့ထုတ်ပြန်သည့် မှတ်တမ်းရုပ်သံတွင် ဗိုလ်အယ်ခွီးက ပြောဆိုထားသည်။ ၎င်း သံသတ္တုမိုင်းတွင်းသည် ၂၀၁၉ ခုနှစ်မှ စတင်ကာ ၂၀၃၀ ခုနှစ်အထိ တောင်ပိုင်းကမ္ဘာကုမ္ပဏီက အလတ်စားတူဖော်ခွင့် ရရှိထား သော်လည်း နယ်မြေလုံခြုံရေး အခြေအနေကြောင့် ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းမှစတင်ပြီး ကုမ္ပဏီတာဝန်ရှိသူများက တဖြည်း ဖြည်း ရွှေ့ပြောင်းပြီး လုပ်ငန်းရပ်နား ထားရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။“ဟိန္ဒားသတ္တုတွင်း အခုမီးရှို့ တာ။ ရေအားလျှပ်စစ်နဲ့ အင်္ဂလိပ်ခေတ်ကတည်းက ဖောင်းတော မီးစက် အဲဒီကလျှပ်စစ်နဲ့ သတ္တုတွင်းလည်တာ။ ချောင်းပျက် တာကတော့ အရင်ကတည်းကပဲ။ အခုမှ မဟုတ်ဘူး အခုမှစပျက်တာက ထားဝယ်ခီးဘက်က။ ပြီးတော့ ပြီးခဲ့တဲ့ တစ်ခေါက်က အရှေ့တောနယ်မှာ ရေကြီးတယ်။ ပုံမှန်မိုးကြီးလို့ တံတားပြိုတာမဟုတ်ဘဲ အာဏာသိမ်းပြီးနောက်ပိုင်း ရေနောက်တဲ့အထိ ခဲတူးနေကြတယ်။ အဲ့တော့ ရေစီးဆင်းမှုက ပုံမှန်မဟုတ်ပဲ ကမ်းနံဘေးမြေသားတွေ ပြိုလို့ တံတား လည်းအက်သွားတယ်။”ဟု ၎င်းဒေသခံက ပြောသည်။ https://kicnews. org/2023/10/ktla%e1%80%99%e1%80%ae%e1%80%b8%e1%80%9b%e1
၁၃။ ညောင်ရွှေမြို့နယ် အင်းလေးဒေသ စစ်ဆေးရေးဂိတ်တွင် ဗျုတပ်ဖွဲ့ဝင်များစောင့်ပြီး ဆက်ကြေးကောက်
October 10, 2023
သျှမ်းပြည် အင်းလေးဒေသရှိ စစ်ဆေးရေးဂိတ်အချို့တွင် ဗျူစောထီးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းပြီး ဆက်ကြေး ကောက်ခံ မှုပြုလုပ်နေသဖြင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း အင်းလေးဒေသ ကျေးပေါခုံကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန်းဘုရားမှ စစ်ဆေးရေးဂိတ်တွင် ဗျုစောထီးတပ်ဖွဲ့ဝင်များ စောင့် ဆိုင်းပြီး ကားတစ်စီးလျှင် ကျပ်ငွေ ၅ ထောင်မှ ၁ သောင်းခွဲ အထိ ဆက်ကြေးကောက်ခံနေကြောင်း အင်းလေးဒေသခံ တစ်ဦးက ပြောသည်။ အလားတူ ဝက်များတင်ဆောင်လာသည့် ကားများကို တစ်စီးလျှင် ၃ သောင်းကျပ်၊ နွားများတင်ဆောင် လာပါက တစ်စီးကို ၈ သောင်းကျပ်အထိ ကောက်ခံနေကြောင်း ၎င်းကဆက်ပြောသည်။“ အရင် PNO တို့၊ စစ်တပ်တို့က ခြိမ်းခြောက်ငွေ တောင်းတာ ရှိခဲတယ်ဆိုပေမယ့် ဖြတ်သွားတဲ့ ယာဉ်အစီးတိုင်းကို မကောက်ဘူး။ အခုဗျုတွေလက်ထဲ အပ်လိုက်တော့ ဖြတ်သန်း သွားသမျှ ယာဉ်တွေ အကုန်လိုက်ကောက်နေတာ “ ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ရေးဂိတ်၌ ဗျူစောထီးတပ်ဖွဲ့ဝင်များ စောင့်ပြီး ဆက်ကြေးကောက်ခံမှုကြောင့် ဒေသခံများသည် ဂိတ်ကိုဖြတ် သန်းသွားလာပါက လုံခြုံရေးမရှိသလို ခံစားနေရကြောင်း ဆိုသည်။ ထို့အပြင် အင်းလေးဒေသရှိ ဗျုးစောထီးတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် သတင်းပေးပို့ခြင်း၊ အမြင်ကပ် ပုဒ်မဖြင့် ပြည်သူများကိုစွပ်စွဲဖမ်းဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်။“မတရား အမှုဆင်စွပ်စွဲပြီးအကြောင်းမျိုးမျိုးပြ ဖမ်းနေတော့တာပဲ။ ဖမ်းလိုက်၊ ငွေညှစ်လိုက် ပြီးရင်ပြန် လွတ်လာလိုက် လုပ်နေတာပါ “ ဟု အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)မှ အမည်မဖော်လိုသူ တာဝန်ခံတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသရှိ ပြည်သူများ၏ လုံခြုံရေးသည် ၈၉ ရာခိုင်နှုန်း မရှိကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC-Innlay မှ ပြုလုပ်သည့် သုတသနသတင်းအချက်အလက်အရ သိရသည်။ https://burmese.shanne ws.org/archives/37067
၁၄။ မော်ချီးဒေသမှာ အနိမ့်ဆုံးဆန်စျေး ကျပ်လေးသိန်းထိ ရှိနေ
October 9, 2023
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ အခြေခံစားသောက်ကုန်တွေ အဆမတန်စျေးမြှင့်တက်နေပြီး ပုလဲ သွယ် အမျိုးအစား ဆန်တအိတ်ကို ကျပ်လေးသိန်းအထိ ပေးဝယ်နေရတယ်လို့ မော်ချီးဒေသခံတွေနဲ့ နီးစပ်သူတွေထံကနေသိရပါ တယ်။“အဓိကကတော့ မော်ချီးမှာ သူတို့ဒီရွှေအပ်(ဆန်)ဆိုတော့ ခြောက်သိန်းလောက်တော့ ပေါက်ပြီးပေါ့နော်။ ဟိုတခြားဆန် တွေ ဗမာဆန်တို့ဆိုရင် လေးသိန်းပေါ့နော်။ အဲ့တာက ဆန်အညံ့စားဆုံးဖြစ်မယ်ဗျာ။ ဆန်က ပုလဲသွယ် အမျိုးအစားဗျာ ဗမာဆန် ပေါ့နော်” လို့ ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ကရင်နီပြည်တွင်းတိုက်ပွဲတွေကြောင့် ပြည်နယ်ထဲကို ကုန်စည်စီးဆင်းမှုတွေ မရှိတော့တဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့်လည်း ကုန်စျေးနှုန်းတွေ မြင့်တက် နေတာဖြစ်ပါတယ်။ အထူးသဖြင့် ဒီးမော့ဆို – ဖရူဆို- ဘောလခဲ- ဖားဆောင်း လမ်းမကြီးတလျှောက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အတွက် မော်ချီးဒေသကို ကုန်စည်မရောက်ရှိနိုင်တော့တာ ဖြစ်ပါတယ်။
“တနေရာနဲ့တနေရာကတော့ မတူဘူး။ အောက်ရွာ နဲ့ လိုခါးလိုက ဈေးတူတာ နီးစပ်တယ်။ တဆိုင်နဲ့တဆိုင်ကလဲ မတူ ပြန်ဘူး။ ဈေးကတော့ ပြန်ကျကိန်းမတွေ့တော့ပါဘူး ကားမဝင်တာလည်း ကြာပေါ့ ဟိုး..ဒီးမော့ဆို တိုက်ပွဲစကတည်းက။ ဒီလို ကုန်ဈေးနှုန်းမြင့်တက်တာကြောင့် အခြေခံလုပ်သားတွေ တစ်ရက်လုပ်တစ်ရက်စားအတွက်ကတော့ တအားခက်ခဲနေတာပေါ့။” လို့ မော်ချီးဒေသက အလုပ်သမားတစ်ဦးက ပြောပါတယ်။ မော်ချီး လိုခါးလိုကျေးရွာနဲ့ အနီးတဝိုက်မှာတော့ ကွမ်းသီး တစ်ပိဿာ ၄သောင်း၊ ငရုပ်သီးခြောက် တစ်ပိဿာ တသိန်းခွဲ၊ အာလူးတစ်ပိဿာ ၃သောင်း၊ ကြက်သွန်နီ တစ်ပိဿာ ၃သောင်း၊ ကြက်သွန် ဖြူ တစ်ပိဿာ ၄သောင်းဝန်းကျင်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄သောင်းဝန်းကျင်၊ မုန်ညင်းတစ်စီး ၃ထောင်၊ ကြက်ဥတစ်လုံး ၁၅၀၀၊ ကွမ်းယာတစ်ယာကို တစ်ထောင်၊ ကြက်သားတစ်ပိဿာ ၅သောင်း၊ အမဲသားတစ်ပိဿာ ၄သောင်း၊ ဝက်သားတစ်ပိဿာ ၃သောင်း၊ စားဆီဗူးသေးတစ်ဘူးကို တစ်သောင်းဝန်းကျင်၊ ဓာတ်ဆီတစ်လီတာ တစ်သောင်းဝန်းကျင်၊ ဒီဇယ်တစ်ပီပါကို ကျပ်သိန်း ၂၀ အထိ ပေးဝယ်ရတယ်လို့ သိရပါတယ်။ နေရာအလိုက် ဆန်ဈေးနှုန်းအပြင် အခြားသော အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ကွာခြားမှုရှိနိုင်တယ်လို့ သိရပါတယ်။ https://www.kantarawaddytimes.org/12f7
၁၅။ နာဂ ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲမှု စိုးရိမ်ဖွယ်ရာ မြင့်တက်လာ
October 9, 2023
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် ဒုံးဟီး၊ ပန်ဆောင်မြို့များက လူငယ်နဲ့ လူလတ်ပိုင်းတွေကြားမှာ မူးယစ်ဆေး ဝါး သုံးစွဲမှုမြင့်တက်လာနေပြီး စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာနောင်ပိုင်း မူးယစ်ဆေးဝါးတွေကို ရှာဖွေထုတ်ဖော်ဖမ်းဆီးမှု မရှိ သလောက် နည်းလာတာကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှု စိုးရိမ်ဖွယ်မြင့်တက်လာတယ် လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ မူးယစ် ဆေးဝါးရောင်းချမှုနဲ့ သုံးစွဲမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာမြင့်တက်လာသလို အလွယ်တကူဝယ်လို့ရတဲ့ အခြေအနေအထိ ရှိလာပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုကို စစ်ကောင်စီဘက် ဖမ်းဆီးမှုမရှိသလောက် နည်းပါးနေတဲ့အတွက် တရားဝင်သဖွယ် သုံးစွဲလာကြပြီး ကျေးရွာတွေမှာ အဆိုးဝါးဆုံး အခြေအနေအထိ ရောက်ရှိလာပါတယ်။ တချို့ရောင်းချသူတွေ ကလည်း စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းတချို့နဲ့ပူးပေါင်းပြီး တရားဝင်ကိုယ်စားလှယ်ပုံစံမျိုး ရောင်းချနေတာတွေရှိ သလို တိုင်းကြားပါကလည်း ဒဏ်ကြေးလောက်သာရိုက်ပြီး ပြန်လည်လွတ်ပေးတာတွေရှိတယ်လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။“ဗြောင်အနေအထား ဖြစ်နေပြီ။ အခု ဆိုရပ်ကွက်ထဲ လမ်းဘေးနေရာ၊ ရပ်ကွက်တွင်းက နေရာလွတ်နေတဲ့ အိမ်၊ အဆောက်အဦးတွေနား ပေါ်တင် ထိုင်သုံးကြတယ်။ ဒီလိုခွင့်ပြုထားတာတော့ အကုန်လုံးပဲပေါ့။ အဖွဲ့အစည်းတိုင်းအားလုံး နီးပါး ပဲ တရားဝင်ပုံစံမျိုးကို ဖြစ်နေတယ်။ ရပ်ကွက်ထဲက ရောင်းတဲ့သူတွေလည်း အဲ့အဖွဲ့အစည်းတွေနဲ့ ပေါင်းထားတဲ့ သဘော ပေါ့”လို့ ဆိုပါတယ်။
နန်းယွန်းမြို့ အ.ထကကျောင်းက ကျောင်းသားအချို့လည်း ဘိန်းဖြူသုံးစွဲမှု ရှိနေပြီး ကျောင်းပျက်ကွက်မှုများတဲ့ ကျောင်းသားတွေကို မိဘများကိုပါအတူခေါ်ယူသတိပေးပြောဆိုမှုတွေ အကြိမ်ကြိမ်ရှိနေပြီဖြစ်တယ်လို့ နန်းယွန်းမြို့က ပညာ ရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ “မည်သူဘယ်ဝါ ဆိုတာ အတိအကျမသိသေးလို့၊ သိရင်တော့ကျောင်း ထုတ်သင့်ရင်တော့ ထုတ်ရမှာပဲ။ ကျောင်းဖက်က တိကျအောင်လေ့လာစောင့်ကြည့်နေတုန်း”လို့ ပြောပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ မြင့်တက် လာမှုနဲ့အတူ နောက်ဆက်တွဲ ပြသနာတွေဖြစ်တဲ့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုအပြင် ရာဇဝတ်မှုတွေကလည်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာနေပါတယ်။ NSCN-K ရဲ့ မူးယစ်နှိမ်နှင်းရေး စီမံချက်နဲ့ ရောင်းချသူများကို ကွပ်မျက်တာတွေ ရှိခဲ့ပြီး ဘိန်းခင်းမခုတ်ကြဖို့နဲ့ ဘိန်းမစိုက်ပျိုးကြဖို့ ထုတ်ပြန် သတိပေးတာတွေ ရှိခဲ့ပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုကို ထိထိ ရောက်ရောက် အရေးယူနိုင်တာ မရှိဘူးလို့ ဒေသနေ ပြည်သူတွေက ဝေဖန်ထားပါတယ်။ https://www.facebook.com/phot o/?fbid=259309130438368&set=pcb.259309203 771694
၁၆။ ရေး အခြေစိုက် စစ်သားများ မြို့တွင်းနေရာသို့သာ သွားလာရဲတော့ဟုဆို
October 9, 2023
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်သားများမှာ မြို့တွင်းနေရာများသို့သာ သွားလာရဲတော့ ကြောင်း သိရသည်။ ရေးမြို့နယ်အခြေစိုက် စစ်တပ်တို့မှာ လမ်းအသုံးပြုရာတွင်လည်း ဒေသတွင်း တော်လှန်ရေး အင်အားစုတို့၏ တိုက်ခိုက်မှုများ ကြောင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကို အသုံးပြုမှုနည်းသွားပြီး အတွင်းလမ်းများသာ သုံးရဲကြတော့ကြောင်း ဒေါနစစ် ကြောင်း၊ စစ်ဆင်ရေးမှူးရဲဘော်ရဲနိုင်က ပြောသည်။ “ကိုယ့်ဘက်က ရေးမြို့နယ်ကို ရာခိုင်နှုန်းနဲ့ ဘယ်လောက် ထိန်း ချုပ်နိုင်ပြီလဲ ဆိုတာထက်ကို သူတို့ရဲ့ တပ်ဝန်းထဲ၊ မြို့ထဲနေရာတွေလောက်ပဲ သွားလာတာတွေ ရှိပါတယ်”ဟု ပြောသည်။ ဒေါနစစ်ကြောင်း နှင့် မဟာမိတ်တပ်များပူးပေါင်းကာ ရေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ထိန်းချုပ် သွားနိုင်ရန် စစ်ရေးအရှိန်မြှင့်သွား မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေါနစစ်ကြောင်းက ထုတ်ပြန် ထားပြီးစစ်ဆင်ရေးများ ဆောင် ရွက်နိုင်ရန်အတွက် မိုးတွင်းဖြစ် သောကြောင့် လမ်းအခက်အခဲ၊ လက်နက်ခဲယမ်း စုဆောင်းရန် နှင့် ရိက္ခာလိုအပ်ချက်များ ရှိနေသေးသော်လည်း စစ်ရေးအရှိန် မြှင့်သွားရန်သာ ရှိ ကြောင်း ရဲဘော်ရဲနိုင်က ဆိုသည်။
” ပွင့်လင်းရာသီ ရောက်တာနဲ့ ဒီထက်ပိုပြီး စစ်ပူလာတော့မှာဆိုတော့ ပြည်သူတွေလည်း အတက်နိုင်ဆုံး အထိအခိုက် နည်းအောင်ပေါ့ ။ လက်နက်ကြီး အန္တရာယ်၊ လေကြောင်းရန်ကာကွယ်မှု အသိပညာပေးမှုတွေလည်း အပိုင်းလိုက် ဆောင်ရွက်နေ တယ်”ဟု ၎င်း က ဆက်လက် ပြောသည်။ ဒေသခံ မဟာမိတ် ပူးပေါင်းတပ်များက စစ်ရေးအရှိန် မြှင့်မည်ဟု ထုတ်ပြန်ပြီးနောက် ရေးမြို့၌ လုံခြုံရေး ပိုမိုတင်းကျပ်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့- YGF ကဆိုသည်။ “ခုရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ က မြို့ပေါ်မှာ ကင်းပုန်းတွေ ချလာတယ်။ အရင်ထက် စစ်အင်အား ပိုသုံးပြီး ကင်းပတ်လာတာ တွေ့ရတယ်။ မဟာမိတ်တပ်တွေ ရဲ့ စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ထုတ်ပြန်ချက်ကြောင့် ဖြစ်မယ်ထင်တယ်”ဟု ရေးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကျန်ရစ် ကပြောသည်။ လက်ရှိအချိန်၌ ရေး မြို့နယ်အတွင်းရှိ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ရေး_ ထား၀ယ် လမ်းပိုင်းကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်မှု မလုပ်သေးသော်လည်း ပြောက်ကျား တိုက်ခိုက်မှုနှင့်ပြောက်ကျား စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ “ပွင့်လင်းရာသီရောက်တာနဲ့ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးထိန်းချုပ် နိုင်ဖို့ စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ၎င်း ကဆက်လက်ပြောသည်။ https://www.facebook.com/photo/?f bid=8793423 93555150&set=a.776968607125863
၁၇။ လိုအပ်ချက်မြင့်မားနေတဲ့ ကရင်နီ လူထုတွေကိုကူညီဖို့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေကို IEC တောင်းဆို
October 9, 2023
တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ကရင်နီပြည်က စစ်ရှောင် နှစ်သိန်းခွဲကျော်ဟာ လက်ရှိမှာ လိုအပ် ချက်တွေမြင့်မားလာတာကြောင့် သက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တွေဆီ ကို ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ IECက အကူအညီတောင်းခံလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၁၉ ရက်နေ့မှာ ကရင်နီပြည်ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လိုအပ်ချက်များ အကျဉ်း ချုပ်ကို IEC ရဲ့ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာမှ အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။“ဒီနိုင်ငံတကာ community ပေါ့နော အထူးသဖြင့်တော့ ဒီနိုင်ငံတကာ အသိုင်းအဝိုင်း ဒီမြန်မာပြည်၊ အထူးသဖြင့် ကရင်နီရဲ့ နိုင်ငံရေးနဲ့ humanitarian issue တွေကို ပံ့ပိုးပူးပေါင်း ကူညီ ပေးဖို့အတွက် ကျမတို့ ပြောတာဖြစ်တယ်။” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ မှ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ က ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံထဲကို ရောက်ရှိ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေကို လုံခြုံမှုရှိတဲ့ အနေအထားတခုထိ ဆက်လက် လက်ခံ ထားပေးဖို့ ထိုင်းအစိုးကို တောင်းဆိုထားတာရှိတယ်လို့ ဇူးပဒုမ္မာ က ပြောပါတယ်။“အထူးသဖြင့် ဒီ ထိုင်းနဲ့ ကရင်နီနယ်စပ်မှာ ရှိတဲ့ ဒီ စစ်ရှောင်တွေကို လက်ခံထားပေးဖို့၊ ယာယီလက်ခံထားပေးဖို့ အခြေအနေတွေ ဒီယာယီစခန်းတွေပေါ့နော်၊ ဒီယာယီစခန်း တွေလုပ်ဆောင်ထားပေးဖို့ အခြေအနေတွေကို ကျမတို့တောင်းဆိုတယ်။” လို့ ကရင်နီပြည်ကြားကာ လ အုပ်ချုပ်ရေးကောင်စီ မှ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ က ပြောပါတယ်။ ကရင်နီတပြည်နယ်လုံးမှာ စစ်ရှောင်စခန်း ၂၀၀ ကျော်ရှိနေပြီး စစ်ရှောင် ဦးရေ နှစ်သိန်းခွဲကျော်ရှိနေကာ အဆိုပါ လူဦးရေအတွက် တလစာ စားနပ်ရိက္ခာကုန်ကျမှုဟာ အမေရိကန်ဒေါ်လာ တသန်းကျော်ရှိနေ တယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လတ်တလောအနေနဲ့ အဲ့ဒီကုန်ကျစရိတ်တွေကို ပြည်သူအချင်းချင်း ကူညီပံ့ပိုးတာရှိသလို နိုင်ငံတကာ INGO အဖွဲ့အစည်း၊ အရပ်ဖက် အဖွဲ့အစည်းကနေတဆင့် ပံ့ပိုးကူညီမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ မြေပြင်မှာ လူသားချင်းစာနာထောက်ထားမှုနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့တွေအနေနဲ့ IEC နဲ့ လာ ရောက်ပူးပေါင်း ဆောင်ရွက်နိုင်ကြောင့် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ https://www.kantarawaddytimes.org/%e 1%80%9c%e1%80%ad% e1%80%af%e1%80%a1%e1%80%95%e1%80%
၁၈။ သံတောင်ကြီးရှိ နော်ဘူဘောဆုတောင်းတောင်တွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထား
October 9, 2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ် ထားရာ နော်ဘူဘောဆုတောင်း တောင်ပေါ်တွင် ယခုလ အောက်တိုဘာလ(၇) ရက်နေ့မှစ၍ လက်ရှိအချိန်ထိ လက်နက်ကြီး၊ ငယ်များ ယူဆောင်လာသော စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ သံတောင်ကြီးမြို့အခြေစိုက် ဘုရင့် နောင် စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီ တပ် သားများက အထက်အမိန့်ကြောင့်ဟုဆိုကာ စစ်ကြောင်းထွက်၍ လက်နက်ကြီး များပါ ယူဆောင်ပြီး ဆုတောင်းတောင်ပေါ်တွင် တပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောပြသည်။“အမိန့်ရလို့ ပြောတာပဲ ဒီနေ့အထိတော့ ပြန်မဆင်းသေးဘူး။ လက်နက်ကြီး ပါသယ် သွားတာ ပစ်ရင်လည်းပစ်မှာပေါ့၊ မပစ်ရင် လည်း မပစ်ဘူးပေါ့။ ဒီလို စိတ်ထားပြီးနေရတာပဲ။ ဘယ်သူမှ သွားမစရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဘုန်းတော်ကြီးတွေက မြို့ပေါ်တော့ သွားမလုပ်ကြနဲ့ဆိုပြီး စစ်တပ်နဲ့ညှိထားတာလည်း ရှိတော့လေ။ အခုကတော့ တောင်ပေါ်က ဆုတောင်းခန်းတွေ ထဲမှာပဲ နေကြမယ်ထင်တယ်။ ဘယ်နေရာမှ နေစရာမရှိတာ” ဟု ၎င်းက ဆိုသည်။
ထိုသို့ စစ်တပ် တပ်စွဲထားမှုကြောင့် တောင်ပေါ်တောင်အောက် အတက် အဆင်း လုပ်သူ နယ်ခံအချို့ပါ တက်ရောက် ဝံ့ခြင်းမရှိတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက “အာဏာသိမ်းပြီး ဒီနွေတုန်းကတော့ တောင်ငူတို့ရန်ကုန်တို့က လာတဲ့သူ နည်းနည်းပါးပါးရှိသေးတယ်။ တပ်စွဲထားရင်တော့ ဘယ်သူမှသွားမရဲ လောက်ဘူး။ တောင်ပေါ်မှာလည်း သူတို့နေစရာဆိုလို့ ဆုတောင်း ခန်းတို့ ဧည့်သည်တွေ ဘာတွေလာရင် နားဖို့ ခိုဖို့ အခန်းတွေ လုပ်ထားပေးတာရှိတော့ နေရင်လည်း နေနိုင်တာပေါ့” ဟု ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) နယ်မြေ၊ တောင်ငူခရိုင်ရှိ ဆုတောင်းပြည့်သည်ဟု နာမည်ကြီး၍သော်လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ သဘာဝ အလှအပများနှင့် တိမ်ပင်လယ်ရှုခင်းကြောင့်သော်လည်းကောင်း ပြည်တွင်းပြည်ပရှိ လူမျိုး၊ ဘာသာပေါင်းစုံ လာရောက်လာပတ်ကြသော နော်ဘူဘောဆုတောင်း တောင်သည် တောင်ငူမြို့နှင့် မိုင်(၃၀)သာ ကွာဝေးသည်။ အာဏာ သိမ်းထားသည့်ကာလတွင် ဒေသ အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် နော်ဘူဘောတောင်သို့ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးလာပြီး မြို့အတွင်း အသေးစားပေါက်ကွဲများလည်း ဖြစ်ပွားခဲ့သည်ဟု နယ်ခံများ၏ ပြောပြချက်အရ သိရသည်။ https://kicnews.org/20 23/10/%e1%80%9e%e1%80%b6% e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1
၁၉။ နောင်ဂုန့်ရွာမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို ဖျက်ဆီး၀င်ရောက်ပြီး ပစ္စည်းတွေ မွှေနှောက် ခိုးယူသွား
October 9, 2023
ကချင်ပြည်နယ်၊ ဗန်းမော်-မြစ်ကြီးနား လမ်းမပေါ်ရှိ ဒေါ့ဖုန်းယန် အနီး၊ နောင်ဂုန့်ရွာမှာ အောက်တိုဘာ ၈ ရက်နေ့က စစ်ကောင်စီတပ် ရွာထဲ၀င်ရောက်ပြီး နေအိမ်တွေထဲ ဖျက်ဆီး ၀င်ရောက်ကာ ပစ္စည်းတွေ မွှေနှောက် ခိုးယူသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ စစ်ကောင်စီ ခမရ (၃၇၀) တပ်ရင်းဟာ ယမန်နေ့ မနက် ၈ နာရီခွဲဝန်းကျင်က နောင်ဂွမ်ရွာကနေ စစ်ကြောင်းစထွက်လာပြီး လမ်းတစ်လျှောက် ပစ်ခတ်လာရာ မနက် ၉ နာရီကျော်မှာ နောင်ဂုန့်ရွာကို ရောက်လာခဲ့တာလို့ ဒေသခံတွေ က ဆိုပါတယ်။
အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ နေအိမ်တွေထဲက တန်းဖိုးကြီး ပစ္စည်းတွေ အကုန် ခိုးယူသွားတယ်လို့ နောင်ဂုန့်ရွာကို ရွာခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ “မွှေနှောက်ယူတယ် ဆိုတာက သူတို့ တချို့ ကြောက်လို့ တနေရာရာ၊ သူတို့ ဘုန်းကြီး ကျောင်းလိုမျိုးနေရာမှာ သွားနေနေချိန် သူတို့ ဘယ်သူမှ မရှိရင် လာရောက် မွှေနှောက် ယူသွားတဲ့ အခြေအနေပါ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ရှင်းပြပါတယ်။ တိုက်ပွဲရှောင်နေရတဲ့ ရွာတွေမှာ အိမ်သော့တွေ ခတ်ခဲ့ပေမယ့် စစ်ကြောင်းတွေလာရင် သော့ဖျက် တံခါးဖွင့်ပြီး တန်ဖိုးကြီး ပစ္စည်းတွေကို မွှေနှောက် ယူဆောင်သွားတဲ့အပြင် အိမ်မွေး တိရစ္ဆာန်တွေကိုပါ သတ်ဖြတ် စားသောက်သွားလေ့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ KIO ဌာနချုပ် လိုင်ဇာအနီး နမ်ဆန်ယန် ဒေသမှာတော့ စစ်ကောင်စီ တပ်နဲ့ KIA တို့ နေ့စဥ် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/photo?fbid=3 49456287440822&set=a.285900490463069
၂၀။ ရခိုင်ပြည်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှု ဒေသခံများ လိုလားမှုမရှိ
October 9, 2023
ရခိုင်ပြည် မြို့နယ်အချို့တွင် စစ်ကောင်စီမှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုကို ရက္ခိုင့်တပ်တော် ULA/AA နှင့် အပစ်ရပ် ပြီးနောက် ခပ်စိပ်စိပ်ပြုလုပ်လာသော်လည်း ယခုလပိုင်းအတွင်းမှာ ဆက်တိုက်ပြုလုပ်လာနေ၍ ဒေသခံပြည်သူများက လိုလားမှု မရှိ ဖြစ်နေကြသည်။ ရက္ခိုင့်တပ်တော်နှင့် အပစ်ရပ်ပြီးနောက် ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအထိ အကြိမ်ရေ ၂၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး တစ်ကြိမ်စမ်းသပ် ပစ်ခတ်လျှင် ၂ ရက်မှ ၃ ရက်အထိ ကြာတတ်သည်။ အဆိုပါမြို့များ၌ အကြိမ်ရေ ၂၀ ထက်မနည်း စမ်းသပ်ပစ်ခတ်မှုမှာ လက်နက် အမျိုးအစား အများအပြားဖြင့် ပစ်ခတ်ခဲ့ပြီး ပစ်ချက်ပေါင်းလည်း ရာနှင့်ချီရှိခဲ့ကာ ဒေသခံများ စိုးရိမ်မှု မြင့်တက်မှုများလည်း ရှိနေခြင်းလည်း ဖြစ်သည်။ ယခုလ အောက်တိုဘာလ ၂ ရက်နေ့စပြီး ကျောက်ဖြူမြို့နယ် ပင်လယ်ပြင်နှင့် တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်တို့က လက်နက်ကြီး၊ လက်နက်ငယ်များကို စမ်းသပ်ပစ်ခတ်နေသည်မှာ အောက်တိုဘာလ ၆ ရက်နေ့အထိ ဖြစ် လာနေသည်။ အောက်တိုဘာလ ၂ ရက်နေ့က ကျောက်ဖြူမြို့နယ် စနဲမြို့အနီး တောင်မော်ဦးရေတပ်စခန်းမှ ပစ်ခတ်ခဲ့သလို ၃ ရက်နေ့တွင် သစ်ပုတ်တောင်ကျေးရွာအနီး ဓညဝတီရေတပ်စခန်းမှ ပစ်ခတ်ခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့တွင် တောင်ကုတ်မြို့ နယ် သရဂူကျေးရွာအနီး စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးလက်နက်ငယ်များ စမ်းသပ်ပစ်ခတ်ခဲ့သည်။
တောင်ကုတ်ဒေသခံ ဦးတင်မောင်ဦးက “စစ်ကောင်စီက လက်နက်ကြီးစမ်းသပ်တာ ပုံမှန်ဆိုပေမယ့် ဒေသခံတွေ အတွက်တော့ စိုးရိမ်စရာဖြစ်ပါတယ်။ လက်နက်သံတွေက ဒေသခံပြည်သူတွေကို စိုးရိမ်းစိတ်ထိခိုက်စေတယ်။ အပစ်ရပ်ကာလ မှာ လက်နက်သံတွေကြားတာက ဒေသခံတွေထင်က စစ်ပွဲ ပြန်ဖြစ်လာတော့မှာလား အဲလို စိုးရိမ်နေကြတာ။ ဒီတစ်ခေါက် စစ်ဖြစ်ကြရင်တော့ ရခိုင်တပြည်လုံးကို သက်ရောက်မှာ မြို့နယ်တိုင်းလိုလိုမှာ စစ်ဖြစ်ကြမှာ” ဟု ပြောသည်။ ပြီးခဲ့သည့် စက်တင် ဘာလ နောက်ဆုံးအပတ်က မာန်အောင်မြို့နယ် ပင်လယ်ပြင်၌ စစ်ကောင်စီမှ ပြုလုပ်ခဲ့သည့် လက်နက် ကြီးစမ်းသပ်ပစ်ခတ်မှု သည် အနီးအနားကျေးရွာများသာမက မြို့အပေါ်မထိပါ ကြားခဲ့ရမှုအပေါ် တိုက်ပွဲများ ပြန်ဖြစ်နေပြီလားဟု ဒေသခံများက စိုးရိမ်သွားကြသည်ဟု မာန်အောင်မြို့နယ် ဒေသခံ ဦးလှစိန်ထွန်းက ဆိုသည်။ “စစ်ကောင်စီက ကြိုတင်သတိပေးခဲ့တယ်လို့ တော့ ပြောတာပဲ။ ဒါပေမယ့် လူမှုကွန်ရက်ကသာ အသိပေးထုတ်တာဆိုတော့ မြေပြင်မှာ ပြည်သူတွေ မသိတဲ့သူတွေများတယ် လေ။ မသိကြတဲ့သူတွေအတွက် ချက်ချင်း လက်နက်သံတွေကို ကြားလိုက်တော့ အရမ်းအံ့ဩပြီးတော့ စိုးရိမ်သွားကြတောပေါ့” ဟု ပြောသည်။ “စစ်ကောင်စီက လက်နက်ကြီးစမ်းသပ်ပစ်ခတ်နေတာဟာ တိုက်ပွဲတွေ ပြန်ခေါ်နေတာနဲ့အတူတူပဲ။ ဒါက ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့အတွက် စစ်ကောင်စီမှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်တာကို မလုပ်စေချင်ဘူး။ ဒေသခံတွေ အတွက် လည်း စိုးရိမ်စရာဖြစ်တယ်။ မလုပ်တာအကောင်းဆုံးပါဘဲ” ဟု ပြောသည်။ မင်းပြားမြို့နယ်ရှိ ခမရ ၃၇၉ တပ်ရင်းမှ ပြီးခဲ့ သည့် ဇူလိုင်လ ၂၆ ရက်နေ့က ဘူးပင်၊ ဆင်ကြီးပြင်(ရခိုင်)၊ ဆင်ကြီးပြင်(မွတ်ဆလင်)၊ ဘူးချောင်းကြီး၊ ဘားဘူတောင်၊ င/တင် ဗျင်း စသည့်ကျေးရွာအနီးတွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခဲ့သည်။ https://www.facebook.com/photo?fbid=758 603566279072&set=a.682731967199566
၂၁။ ကြားကာလ မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီဖွဲ့စည်း
October 10, 2023
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ကြားကာလ မတူပီမြို့နယ် ဘဏ္ဍာရေးကော်မတီကို စတင် ဖွဲ့စည်းခဲ့ကြောင်း တာဝန်ရှိ သူတွေထံက သိရပါတယ်။ မတူပီမြို့နယ်က ပြည်သူ့ဝန်ဆောင်မှုအဖွဲ့အစည်းတွေဖြစ်တဲ့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့နဲ့ မြို့နယ်ကျန်းမာရေးအဖွဲ့တွေကို အောက်တိုဘာ ၅ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးကော်မတီကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဟန်ချက် ညီညီ လည်ပတ်နိုင်ဖို့အတွက် ဘဏ္ဍာငွေတွေ တစုတစည်းတည်း စီးဆင်းနိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။ ဌာနအလိုက် ရန်ပုံငွေသီးသန့်ရှာဖွတာ မပြုလုပ်ဘဲ ဘဏ္ဍာရေးကော်မတီ ခေါင်းစဉ်အောက်မှာသာ ပြည်တွင်း၊ ပြည်ပရှိ ဘာသာရေးအသင်း အဖွဲ့ တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေထံမှာ ရန်ပုံငွေရှာဖွေကြဖို့ ဖြစ်ပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “အဓိက ငွေကြေးတစုတစည်းတည်း စီးဆင်းဖို့ပေါ့။ အရင်က ဌာန တခု စီ ရန်ပုံငွေရှာကြတာ ဆိုတော့လေ၊ အခုနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ္ဍာရေး တစုတစည်းတည်း စီးဆင်းပြီး ပွင့်လင်းမြင်သာမှုရှိအောင် ဖွဲ့စည်းလိုက်တာပါ” လို့ ပြောပါတယ်။ မတူပီမြို့နယ် ကာကွယ်ရေးဌာနဖြစ်တဲ့ CDF-မတူပီအနေနဲ့ ဘဏ္ဍာရေးအပိုင်းကိုတော့ သီးခြားဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ https://burmese.dvb .no/post/619030
၂၂။ လွိုင်ကော်မြို့မှာ ခရီးသည်ယာဥ်နဲ့ ကားဂိတ်တွေကို နာမည်စာရင်းပေးပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေ
October 9, 2023
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ အဝေးပြေးဂိတ်မှာ စစ်ကောင်စီက နာမည်စာရင်း စာရွက်တွေ လိုက်ပေးပြီး စာရင်းထဲပါ နာမည်၊ မှတ်ပုံတင် နံပါတ်တူသူတွေကို လက်မှတ် မဖြတ်ပေးဖို့ ပြီးခဲ့တဲ့ အပတ်ကစပြီး လိုက်လံ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ စာရင်းထဲ ပါသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့် နာမည်၊ မှတ်ပုံတင်နံပါတ် အတိအကျနဲ့ စာရင်းပေးတာကြောင့် စစ်တပ်က ထွက်ပြေးလာတဲ့ စစ်သားတွေရဲ့ အချက်အလက်တွေ ဖြစ်နိုင်တယ်လို့ ကားဂိတ်တွေက သုံးသပ်ပါတယ်။“စစ်ပြေးတွေ များလာလို့နေမယ်။ ကားဂိတ်တွေကို သူတို့လာပြောတဲ့ နာမည်တွေဆို ကားလက်မှတ်မဖြတ်ပေးဖို့လိုက်ပြောနေ တာ”လို့ လွိုင်ကော် ဒေသခံတစ်ဦးကပြောပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့အဝင်၊ အထွက်မှာ ခရီးသည်တင် ယာဥ်တွေကို အဓိက စစ်ဆေးနေတာ တစ်ပတ်ခန့်ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။“ရှမ်းပြည်ကနေလာရင် လွိုင်ကော် မရောက်ခင် နွားလဝိုးဂိတ် မှာ စစ်တယ်။ ၂၂၄ မှာ တစ်ဂိတ် စစ်တယ်။ မြို့အဝင်က တခါတလေ စစ်တယ်။ အခု ပြန်စစ်နေတာ တစ်ပတ် လောက် ရှိပြီ” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက အခုလို လွိုင်ကော်မြို့အတွင်း စစ်ဆေးမှု တင်းကြပ်နေတာဟာ ထွက်ပြေးသွားတဲ့ စစ်သားတွေရဲ့ နာမည် စာရင်းနဲ့ ကိုယ်ရေး အချက်အလက်တွေ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်တာ မရှိသေး ပါဘူး။ အောက်တိုဘာလ ပထမပတ်ကစပြီး လွိုင်ကော်မြို့နယ်က ကျေးရွာ တစ်ချို့နဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီက တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်နေတာကြောင့် အိမ်အတွင်း ၀င်ရောက်စဥ် မတရား ဖမ်းဆီးခံရမှာကို စိုးရိမ်ထိတ် လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/pho to?fbid=348279710891813&set=a.2 85900490463069
၂၃။ ၀ိုင်းမော်မြို့နယ် ခမရ (၃၂၁) တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး စစ်ကောင်စီတပ်ဖွဲ့ကို ထိမှန်လို့ အထိနာ
October 9, 2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ အောက်တိုဘာ ၈ ရက်နေ့၊ မနက် ၁၀ နာရီ မိနစ် ၄၀ ဝန်းကျင်က စစ်ကောင်စီ ခမရ (၃၂၁) တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဒဘတ်ရွာ အနီးက စစ်ကောင်စီတပ်ဖွဲ့ကို ထိမှန်လို့ စစ်ကောင်စီဘက်က ထိခိုက်မှု များပြီး ဖရိုဖရဲ ဖြစ်သွားတယ် KIA သတင်းရင်းမြစ်တွေထံက သိရပါတယ်။ ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် ခမရ (၃၂၁) တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ဒဘတ်ရွာ အလွန်က စမားလမ်းဆုံ အနီးဝန်းကျင်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အလယ် မှာ ကျရောက် ပေါက်ကွဲတာလို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီတွေ တော်တော်ထိ သွားပုံရ တယ်။ ဖရိုဖရဲ နဲ့ စကားတွေများ ရန်တွေရော ဖြစ်ကြတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၇ ရက်နေ့၊ မွန်းတည့်ချိန်မှာ ဝိုင်းမော်မြို့နယ်၊ ဗန်းမော်-မြစ်ကြီးနားလမ်းရှိ ဂျာပူ အနီး၊ မလိယန်ဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အင်အား ၈ ဦး လာချရာ တစ်ဦး ပြုတ်ကျ သေဆုံးသွားတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ “ပထမက ၅ ဦးချတာ။ နောက်တော့ ၃ ဦး ထပ်ချတယ်။ အဲဒီမှာ စစ်သား တစ်ဦးက လေထီးက ချွတ်ယွင်းချက် ဖြစ်သွားတာ ထင်တယ်။ လေဟာနယ်ကနေ ကျသွားတာ။ သေပြီလေ” လို့ KIA ရှေ့တန်း သတင်းရင်း မြစ် တစ်ဦးက ပြောပါတယ်။ လေယာဉ်နဲ့ လာချသူတွေဟာ ဒရုန်းနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ဖြစ်နိုင်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။ လက်ရှိမှာတော့ ဗန်းမော်နဲ့ မြစ်ကြီးနားဘက်ကနေ လိုင်ဇာ အနီး၊ နမ်ဆန်ယန် ဘက် ကို စစ်ကောင်စီ စစ်ကြောင်းထိုးကာ အင်အားအဆက်မပြတ်ဖြည့်နေပြီး ဗန်းမော်-နမ်ဆန်ယန်-မြစ်ကြီးနား လမ်းမှာ စစ်ကောင်စီ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်း တိုက်ပွဲ ဖြစ်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ https://www.face book.com/photo/?fbid=349358307 450620&set=a.285900490463069
၂၄။ ပေါက်တောတွင် အသက် ၃ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ ပြီး စစ်တွေသို့ အရေးပေါ် ပို့ ဆောင် လိုက်ရ
October 9, 2023
ရခိုင်ပြည် ပေါက်တောမြို့နယ်တွင် သရက်ချောင်းကျေးရွာတွင် အသက် ၂၂ အရွယ်ရှိ အိမ်နီးချင်း အမျိုးသားတစ်ဦးက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှုကြောင့် စစ်တွေ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း မိသားစုဝင်များက ပြောသည်။ ကလေးငယ်အား မုန့်ပေးခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်၏ မိခင်ဖြစ်သူက ပြောသည်။ “မနေ့က ည ၇ နာရီလောက်မှ ကလေးတွေက မီးတိုင်အောက်မှာ ကစားနေကြ တာပါ။ ကျမသမီးအငယ်လေးရော အကြီးလေးရော အတူတူရှိနေတာ။ ပြန်လာတော့ အငယ်လေးကပါမလာဘူး။ အကြီးမကို မေးကြည့်တော့ မုန့်ပေးပြီး ခေါ်သွားတယ်ဆိုတာသိရတာ။ ခေါ်သွားတယ်ဆိုတော့ ဒီအချိန်အရက် မူးနေမှာ ကလေးကိုထားလို့ မရဘူးဆိုပြီး ကျမလိုက်ရှာမယ်လုပ်တော့ သူကိုယ်တိုင် လာပို့လာပါတယ်” ဟုပြောသည်။ ကလေးငယ်အားပြန်လာပို့ချိန်တွင် အဝတ်များစိုစွတ်နေသည့်အတွက် ရေချိုးရန်ပြုလုပ်ရာ၌ ကလေးငယ်၏ စအိုကွဲနေခြင်းနှင့် မိန်းမကိုယ်(အင်္ဂါစပ်)တို့မှာ ရောင် ရမ်းနေသည်ကို တွေ့မြင်ခဲ့ရပြီး ယခုကဲ့သို့လုပ်ရပ်အတွက် ထိရောက်သည့် အရေးယူမှုကိုရလိုသည်ဟု မိသားစုဝင်များက ပြော သည်။ “သူပြန်လာပို့တော့ အဝတ်အစားတွေစိုပြီးပါလာတာတွေ့ရတယ်။ ဒါနဲ့ ရေချိုးလိုက်မယ်ဆိုပြီး လုပ်တဲ့အချိန် ကလေး မှာ စအိုကွဲနေတာ။ အပေါ့သွားတဲ့ နေရာ အမျိုးသမီးကိုယ်မှာ ရောင်ရမ်းနေတာတွေ တွေ့ရတာပါ။ ဒါနဲ့ချက်ချင်းပဲ ရွာလူကြီးသွား တိုင်ခဲ့တယ်။ အခုလိုလုပ်ရပ်အတွက်တော့ ပြစ်ဒဏ်ပေးမယ်ဆိုရင် သေဒဏ်အထိတောင် ပေးစေချင်ပါတယ်” ဟုပြောသည်။
ကလေးငယ်အား အဓမ္မကျူးလွန်သူမှာ အိမ်နီးချင်းဖြစ်သူ အသက် ၂၂ နှစ်အရွယ်ခန့်ရှိ ကိုကြည်လှအေး ဆိုသူဖြစ်ပြီး ထိုသူမှာ မိန်းမနှင့်ကွာရှင်းထားသူဖြစ်ကာ ရပ်ရွာတွင် ရေလုပ်ငန်းလုပ်ကိုင်၍ နေထိုင်သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။ ပြစ်မှု ကျူးလွန်သူ ကိုကြည်လှအေးကိုမူ ULA မှတာဝန်ရှိသူများက အောက်တိုဘာ ၆ ရက် ညအချိန်ခန့်တွင်ပင် ဖမ်းဆီးခေါ်ဆောင် သွားပြီဖြစ်ကြောင်း သိရသည်။ ရခိုင်တွင် မုဒိမ်းမှုများပြားလာခြင်းအခြေနေနှင့်ပတ်သက်၍ အမျိုးအသီးအရေးတက်ကြွ လှုပ်ရှား သူများက ဥပဒေ စိုးမိုးရေးလျော့နည်းလာခြင်းနှင့် လိင်နှင့်ပတ်သက်သည့် အသိပညာလျော့နည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောဆိုကြသည်။ ရခိုင်တွင် ယခုကဲ့သို့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရသေ့တောင်မြို့နယ် အလယ်ရွာတွင် အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးကို ဆွေမျိုးတော်စပ်သူမှ အဓမ္မပြုကျင့်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ https://www.facebook.com/photo?fbid=758489049623857 &set=a.682731967199566
၂၅။ စပါးပိုးကျမှုတွေကြောင့် ဒေသခံတောင်သူတွေ အခက်တွေ့
October 8, 2023
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတချို့မှာ ဒေသခံတောင်သူတွေရဲ့ စပါးစိုက်ခင်းတွေမှာ ပိုးကျတာတွေနဲ့ကြုံတွေ့နေတာကြောင့် အခက်တွေ့နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ လွိုင်နန်းဖကျေးရွာဖက်က လယ်ယာစိုက်ခင်းတချို့မှာ စပါး ငါးဧက ၀န်းကျင်လောက် ပိုးကျတဲ့ လက္ခဏာ တွေ့ရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။ “စစဆို ကျနော်တို့တွေ့ရတာကတော့ အနှံနုတဲ့ချိန်ဆို အလယ်မှာတော့ အညွှန့်ကပိုးအကုန်စားကုန်တယ်။ ရင့်တဲ့ချိန်တော့ နည်းနည်းပျောက်သွားတယ်။ အခုနောက်ပိုင်းဆို ရင့်လာတဲ့အချိန်ဆို အရွက်ဝါတာပြန်တွေ့ရတယ်။ နှုတ်ကြည့်တဲ့အချိန် ကျတော့ အမြစ်ကစုပ်အားမရှိပြန်ဘူး အသက်ရှင်ဖို့အပင်က အားလဲမရှိပြန်ဘူး။ သူ့ဟာ အဝါ ဒီတိုင်းပဲရပ်နေပြီးတော့ အနှံလည်း မထွက်နိုင်ဘူးပေါ့ အဲ့ဒါတွေရှိတယ်”လို့ ဆိုပါတယ်။ အခုလို စပါးပိုးကျတာတွေကြောင့် ရင်းနှီးထားတဲ့ပမာဏအတိုင်း စပါးပြန်မရ မှာကို စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တောင်ယာ၊ လယ်ယာလုပ်ငန်းကိုသာ ဒေသခံတွေဟာ စား၀တ်နေရေးအတွက် အားကိုးမှီခိုရတယ်လို့ ဆိုပါတယ်။
“ဒေသခံရဲ့အခက်အခဲကတော့ တော်တော် ကြုံရတယ်ပေါ့နော်။ လယ်ယာလုပ်တဲ့အရင်းအနှီးလည်း အများကြီးကုန် ထားတယ်။ ပြီးတော့ ကျနော်တို့ ဒီစပါးပိုးကျတဲ့ အချိန်မှာ မြေဩဇာက တစ်ပုံသုံးမယ်ဆိုရင် နှစ်ပုံ၊ သုံးပုံအထိ အဆင့်တိုးပြီး သုံးနေရတဲ့အချိန်မှာ အခက်ခဲကတော့ ကုန်ကျစရိတ်တွေ ပိုပြီးတော့ များလာတယ်။ အထွက်နှုန်းတွေပိုပြီးနည်းလာတယ်။ လယ် သမားတွေရဲ့ ဖူလှုံမှုလည်း အခက်အခဲရှိလာတယ်ပေါ့နော်” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။ အာဏာမသိမ်းခင်က ကျေးရွာတွေမှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အသိပညာပေး သင်တန်းလာပေးတာတွေ ရှိခဲ့ဖူးပေမယ့် လက်ရှိမှာတော့ သင်တန်း ပေးတာမျိူးတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ အသိပညာပေးမှုကို လာရောက်ပို့ချပေးပါက တောင်သူတွေအတွက် ပိုမိုအဆင်ပြေ စေနိုင်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ စပါးပိုးကျတာတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ https://www.kantarawaddy times.org/%e1%80%85%e1%80%95%e1%80%ab% e1%80%b8%e1%80%95%e1%80
၂၆။ မိုးညှင်းတွင် မူးယစ်ဆေးဝါးရောင်းချသည့်နေရာကို KIA ဝင်ရောက်စီးနင်း
October 9, 2023
မိုးညှင်းမြို့အရှေ့တောင်ဘက်ရှိ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသည့် နေရာတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ အရှေ့စုနှင့် အောင်သပြေရပ်ကွက် မြို့ရှောင်လမ်းရှိ ရာဘာခြံအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု မိုးညှင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။“အဲဒီမှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အခန်းတွေလည်းရှိတယ်။ အဲဒီကလူတွေတော့ အကုန်လုံး ပါသွားတာပေါ့နော်။ ပြီးရင်အခင်းသွားလုပ်တဲ့သူတွေလည်းပါသွားတယ်။ ကျွန်မတို့လမ်းက တောင် ယောကျ်ားလေးကြီးပဲ ခြောက်ယောက်လောက်ပါသွားတာပေါ့” ဟုဆိုသည်။ အဆိုပါမြို့နှင့်အလှမ်းဝေးသော နေရာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဘိန်းခန်းများဖွင့်ကာ မူးယစ်ဆေးဝါး တွင်တွင်ကျယ်ကျယ် ရောင်းဝယ်လာကြပြီး လာရောက်သုံး စွဲသူများတွင် မိုးညှင်းမြို့နေရာပေါင်းစုံမှ ပါဝင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဖမ်းဆီးခံရသူများတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများအပြင် အခင်းလုပ်ကိုင်သူများလည်းပါဝင်ပြီး အသက်ကြီး ပိုင်း အမျိုးသားအချို့ကို ပြန်လည်လွှတ်မြောက်လာသော်လည်း ဆက်လက် ဖမ်းဆီးခံထားရသူများလည်းရှိကြောင်း အရှေ့စု ရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“အသက် ၄၀၊ ၅၀ အဖွဲ့တော့ ပြန်လွှတ်လာတယ်။ ကြိမ်ဒဏ် လေး၊ ငါး ချက် ရိုက်ပြီးတော့ပေါ့နော်။ နောက်ခါ မူးယစ်ဆေးဝါးလာမလုပ်ကြနဲ့ပေါ့။ အဲဒီလိုပြောတာပဲ။ ကျန်တဲ့ကလေးတွေတော့ မလွှတ် သေးဘူးပေါ့လေ” ဟုဆိုသည်။ ဒေသခံတို့၏ ပြောဆိုချက်အရ ထိုနေရာတွင် ဖမ်းဆီးခံခဲ့ရသူများမှာ လူငယ်၊ အမျိုးသားနှင့် အမျိုး သမီး စုစုပေါင်း ၅၀ ကျော်ခန့်ရှိသည်ဟုသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ မိုးညှင်းမြို့ အရှေ့တောင်ဘက် တွင် ယခင်နှစ်များကလည်း လယ်ယာအခင်းလုပ်ကိုင်သူများနှင့် စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူများ မကြာခဏ ဖမ်းဆီး ခံရလေ့ရှိကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။ https://www.facebook.com/photo/?fbid=639465345047804&set=a.5358674054 07599
၂၇။ ၄ နှစ်အရွယ် ကလေးငယ်ကို ပြန်ပေးဆွဲသူကို TNLA က ပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရမိ
October 10, 2023
ရှမ်းမြောက် နမ့်ခမ်းမြို့ စာရေးတန်းရပ်ကွက်က ၄ နှစ်အရွယ် ကလေးငယ်ကို ပြန်ပေးဆွဲသူကို တအာင်းတပ်မတော် (TNLA)က ပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။ အောက်တိုဘာ ၉ ရက် မနက် ၈ နာရီခွဲ ဝန်းကျင်က စာရေးတန်းရပ်ကွက်မှ ကလေးငယ်ကို ဖခင်ဖြစ်သူက မူကြိုကျောင်းဘက် ဆိုင်ကယ်နဲ့ လိုက်ပို့နေချိန် ကား ၂ စီးနဲ့ အမျိုးသား ၄ ဦး၊ အမျိုးသမီးတစ်ဦးတို့က ပြန်ပေးဆွဲသွားခဲ့တာပါ။ ရပ်ကွက်နေ အမျိုးသားတစ်ဦးက “အဲလူတွေက တရုတ်တွေ လို့ ပြောကြတယ်။ တချို့က ဖမ်းမိတယ် တချို့က ထွက်ပြေးသွားတယ် ” လို့ ရွှေဖီမြေသို့ ပြောပါတယ်။ ပြန်ပေးဆွဲသူကို နမ့်ခမ်း-နမ့်ဖတ်ကာ လမ်းပိုင်းမှာ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကားတာကို မရပ်တာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ၎င်းလူတစ်စု ထဲမှ ၂ ဦးကို အရှင်ဖမ်းမိကာ အမျိုးသားတစ်ဦးကတော့ ကျည်ထိမှန် သေဆုံးပြီး Crown ကား အပြာရောင်နဲ့ မောင်းပြေးသွားတဲ့ အမျိုးသား ၂ ဦးကိုတော့ မဖမ်းမိသေးဘူးလို့ သူကဆိုပါတယ်။
နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း “အဲဒါက ပြန်ပေးဆွဲသလိုကြီး ဖြစ်နေတာ။ သေချာတော့ မပြောနိုင်သေးဘူး။ အခုက တော်သေးတယ် ကလေးက မိဘဆီကိုပြန်ရောက်နိုင်လို့။ အဲလူထဲက တစ်ယောက်တောင် ဒဏ်ရာရထားတယ်။ သေလား မသေလားမသိဘူး မျက်လုံးထိထားတာ” လို့ ပြောပါတယ်။ ကလေးငယ်လည်း ထိခိုက်ဒဏ်ရာရထားတာကြောင့် မန်စီမြို့ ဆေးရုံ မှာ ကုသမှု ခံယူနေရပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် ရှမ်းမြောက် မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးနဲ့ နမ့်ခမ်းမြို့တွင်းထဲ တရားဥပဒေ စိုးမိုးမှု မရှိတော့တဲ့အပြင် လောင်းကစားဝိုင်းတွေလည်း များလာပြီး မူးယစ်ဆေးဝါး အလွယ်တကူ ရနေတာကြောင့် မကြာခဏ ခိုးမှု၊ လုယက်မှု၊ သတ်ဖြတ်ခံရမှုနဲ့ ပြန်ပေးဆွဲတာတွေ ဖြစ်ပွားနေပါတယ်။ https://www.facebook.com/photo/ ?fbid=647202364253698&set=pcb.647202400920361
၂၈။ စစ်ကောင်စီ နှင့် BGF လုံခြုံရေးဂိတ်များတွင် အသက်မပြည့်သူလူငယ်များ၊ သက်ကြီးပိုင်းများသာ အသုံးပြုလာ
October 9, 2023
ဖားအံမြို့နှင့် လှိုင်းဘွဲမြို့သွားရာ လမ်းတစ်လျှောက်တွင် ဂိတ်ချထားသည့် စစ်ကောင်စီနှင့် နယ်ခြား စောင့်တပ်(BGF) တပ်စခန်းဂိတ်များတွင် အသက်မပြည့်သေးသည့် ကလေးငယ်များနှင့်သက်ကြီးပိုင်းတပ်ဖွဲ့ဝင်များကိုသာ အသုံးပြချထားကြောင်း ဖြတ်သန်းသွားလာနေကြသူများက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၏ အဓိကကျသည့် မြို့ကြီးများ အနီးတွင် လုံခြုံရေးဂိတ် စခန်းများပိုမိုချထားပြီး ရံဖန်ရံခါ စစ်ဆေးမှုများပြုလုပ်ကြသလို ကုန်တင်ကားများကိုပါ ငွေကြေး ကောက်ခံ မှု များပြုလုပ်နေသည့် အဆိုပါဂိတ်များတွင် သက်ကြီးရွယ်အို စစ်သားများနှင့် အသက်မပြည့်သေးသူ ကလေးငယ် များကို ပိုမိုအသုံးပြုလာကြောင်း ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောသည်။ ၎င်းက “ အရင်ကဆို ဒီလမ်းတစ်လျှောက်က ဂိတ် တွေမှာ လူငယ်လူလတ်ပိုင်း စစ်သားတွေပဲ စောင့်တာ။ အခုကျ စစ်ကောင်စီ ဂိတ်တွေမှာဆို အဖိုးကြီးသက်သက်ပဲ။ ပြီးတော့ BGF ဂိတ်တွေကျတော့ အသက်မပြည့်တဲ့ကလေးတွေကို ယူနီဖောင်းပေးဝတ်သေနတ်ပေးကိုင်ပြီး ပိုက်ဆံတောင်းခိုင်းနေတာ။ ဂိတ် မှာ တစ်ခုခုဖြစ်ရင် သူတို့ပဲထိမယ်” ဟု ပြောသည်။
ဖားအံမြို့မှ လှိုင်းဘွဲမြို့တစ်လျှောက် ဂိတ်စခန်းအကြီးငယ် ၈ ခုခန့်ရှိပြီး အဆိုပါဂိတ်တချို့တွင် ဖြတ်သန်းသွားလာသည့် ကား၊ ဆိုင်ကယ်စသည့် မော်တော်ယာဉ်များကိုမကြာခဏ စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကာ မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးမှု များလည်း ပြုလုပ်လေ့ရှိသည်။ အဓိကအားဖြင့် စစ်ဆေးဖမ်းဆီးမှုပြုလုပ်သည့်ဂိတ်များမှာ လှိုင်းဘွဲမြို့အဝင် အထွက် ဒိုင်းပြဂိတ်၊ မသိမ်ကုန်းဂိတ်၊ ဖားအံမြို့အဝင် တောင်ကလေးအနီးရှိ ဂိတ်စခန်း ၂ခု တို့ဖြစ်ပြီး ထိုသို့ စစ်ဆေးမှု ပြုရာတွင်လည်း စစ်ကောင်စီ စစ်သားများထက် ရဲများ၊ BGF တပ်ဖွဲ့ဝင်များသာ အဓိက တာဝန်ယူ စစ်ဆေးကြောင်း ဖြတ်သန်းသွားလာသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။“သူတို့က လူငယ်တွေဆိုရင် ပိုပြီးစစ်တယ်။ ကားဆိုရင်တော့ သိပ်မစစ်ဘူး။ ဆိုင်ကယ်သမားတွေဆို ပိုစစ် တယ်။ စစ်ပြီးဆိုရင်လည်း ရဲတွေက အဓိက စစ်တယ်။ သူတို့က တစ်ထောင်စားရ၊ နှစ်ထောင်စားရ စစ်တာပေါ့။ တခါတလေ BGF ပါတယ် အဖွဲ့စုံဆိုရင်။ ဒါပေမဲ့ စစ်သားတွေတော့ သိပ်မပါလိုဘူး။ သူတို့က အထဲကနေပဲ စောင့်ကြည့်ပေးတယ်” ဟု ၎င်းဒေသ ခံက ပြောသည်။ https://kicnews.org/2023/1 0/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e 1%80%ac%e1
၂၉။ BRI ပိုးလမ်းမ စီမံကိန်း တိုးမြှင့်လုပ်နေသည့်အပေါ် ရပ်တန့်ရန် KWAT တောင်းဆို
October 10, 2023
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ BRI-ပိုးလမ်းမ စီမံကိန်းတိုးမြှင့်လုပ်ဆောင်မည့် အစီအစဉ်များကို ရပ်တန့်ရန် ကချင် အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) က တောင်းဆိုလိုက်သည်။ စစ်ကောင်စီသည် BRI -ပိုးလမ်းမစီမံကိန်းတိုးချဲ့ ပြု လုပ်နေသည့်အပေါ်ရပ်တန့်ပေးရန်နှင့် ကချင်ပြည်နှင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ကောင်စီမှ လူ့အခွင့် အရေးချိုးဖောက်မှု ပိုပြင်းထန်လာပြီး KWAT က အောက်တိုဘာ ၉ ရက် တွင် ကြေညာထုတ်ပြန်သော “သွေးစွန်းနေသော တံခါးပေါက်များ” အစီရင် ခံစာ တွင်ရေးသားထားသည်။“တရုတ်နိုင်ငံဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး BRI-ပိုးလမ်းမ စီမံကိန်းတွေကို ရှေ့တိုးလုပ်ဆောင်ခြင်း အားဖြင့် ကြီးမားတဲ့ အန္တရာယ်တွေကို ယူနေတယ်”ဟု KWAT၏ ပြောရေးဆို ခွင့်ရှိသူ ဂျာအိန် က ပြောဆိုလိုက်သည်။ ဆက်လက် ပြီး “စီမံကိန်းတွေအတွက် ဘာလုံခြုံရေးအာ မခံချက်မှလည်း မရှိဘူး။ ပြီးတော့ စီစဉ်ထားတဲ့ စီမံကိန်းတွေနဲ့ ဆက်နွယ်နေတဲ့ တိုးမြင့်လာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲမှာပဲ တရုတ်နိုင်ငံကပါ ကြံရာပါ ဖြစ်လာလိမ့်မည်။”ဟု ဂျာအိန်က ဆိုပြန်သည်။
လွန်ခဲ့သည့် ၁၅ လနှင့် နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူ ၂၀၀ နီးပါးနှင့် လူသားဒိုင်းအဖြစ် အတင်းအဓမ္မ ခိုင်းစေခံရသူ ရွာသူရွာသားဦးရေမှာ ၂၂၁ ဦးထိ သိသိသာသာ တိုးမြင့်လာကြောင်းကို အစီရင်ခံစာ တွင် ဖော်ပြထားသည်။ KWAT မှ မှတ်တမ်းတင်ထားသော စစ်ကောင်စီမှ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသော အခြားချိုးဖောက်မှုများ ထဲတွင် အရပ်သား ၆၁ ကို ထိခိုက်သေဆုံးစေခဲ့သော လူနေထူထပ်သော ဒေသများသို့ လက်နက်ကြီးပစ် ခတ်မှု အကြိမ် ၃၀ နှင့် ကချင်ဘာသာရေးအကြီးအကဲ ဒေါက်တာ ခလမ်ဆမ်ဆွန် အပါအဝင် လူပေါင်း ၄၄၁ ဦးအား မတရားဖမ်း ဆီးခြင်း ပြုလုပ်ခဲ့သည်။ ထို့အပြင် ဖမ်းဆီးခံရသူများထဲမှာ ဒါဇင်ပေါင်းများစွာသည် ယနေ့ချိန်ထိ ပျောက်ဆုံးနေဆဲဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။ စစ်ကောင်စီကျူးလွန်သော ချိုးဖောက်မှု အများစုသည် BRI-ပိုးလမ်းမ စီမံကိန်းအောက်ရှိ အခြေခံအဆောက်အအုံများ၏ အရေးကြီးသော တံခါးပေါက်များဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်းရှိ အဓိက သယ်ယူပို့ဆောင် ရေး လမ်းကြောင်းများ တစ်လျှောက်တွင် ဖြစ်ပွားသည်ကို ပြသနေသည်။ https://burmese.shannews.org/archives/37063
၃၀။ ရခိုင်ပြည်နယ်၌ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို အေအေ ဖမ်းဆီး
October 9, 2023
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ရက္ခိုင့်တပ်တော် (အေအေ) က စတင်ဖမ်းဆီး နေကြောင်း မျက်မြင်ဒေသခံတွေထံက သိရပါတယ်။“ရက္ခိုင့်တပ်တော် (အေအေ) က ရခိုင်မှာ မူးယစ်ဆေးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကို မင်းပြားမြို့နယ်က စတင်ပြီး ဖမ်းဆီးတယ်လို့ ပြောလို့ရတယ်။ ဒီလို တခါမှ ဖမ်းဆီးတာ မရှိခဲ့ဘူးလေ။ နောက် ရခိုင်ပြည်နယ်အနှံ့က မြို့နဲ့ ကျေးလက်ပါမကျန် အခုလို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးဖို့ လိုအပ်တယ်။” မင်းပြားမြို့နယ်၊ စွန်ရဲ ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၁၃ ဦးကို အောက်တိုဘာ ၈ ရက်၊ ညဉ့် ၂ နာရီက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် (ULA/AA) က ညဉ့်အချိန် ဝင်ရောက်ပြီး ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့ကြတာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၄ဝ ကျော်အရွယ်တွေနဲ့ ၁၈ နှစ်အရွယ်တွေ ပါဝင်ပြီး စွန်ရဲရွာ အပါအဝင် အနီးအနား ကျေးရွာကလည်း ပါဝင်ကြောင်း ဒေသခံတွေထံက သိရပါတယ်။ အခုလို မူးယစ်ဆေးနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးအရေးယူတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်၊ ကျေးရွာတွေပါ ချန်မထားဘဲ အခုလို ဖမ်းဆီး အရေးယူဖို့လိုအပ်နေတယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက လေ့လာသုံးသပ်ကြပါတယ်။ “ULA/AA အနေနဲ့ မူးယစ်ဆေး နဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ဖမ်းဆီးတာလို့ ပြောလို့ရတယ်။ မင်းပြားမှာ မူးယစ်ဆေးသုံးသူတွေနဲ့အတူ WY ဆေးပြား ၆၀၀ ကျော်ကို ဖမ်းဆီးမိတယ်လို့ သိရတယ်ဗျ။ မင်းပြားက စွန်ရဲကျေးရွာအနီးတဝိုက်က ရွာတွေမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူတွေကိုပါ အေအေက ဆက်လက်စုံစမ်းနေတယ်လို့ သိရတယ်။ ရခိုင်ပြည်နယ် မြို့နယ် ကျေးရွာတွေပါမကျန် အခုလို ဖမ်းဆီးဖို့ လိုအပ်နေပြီ။ လူငယ်တွေ မူးယစ်နွံနစ်နေကြတာ။” စိတ်ကြွမူးယစ်ဆေးတွေကို ရခိုင် လူငယ်လူရွယ်တွေ၊ ကျောင်းသူ ကျောင်းသားတွေပါ သုံးစွဲမှု မြင့်တက်လာနေတာကြောင့် ULA/AA နဲ့ စစ်ကောင်စီကပါ စနစ်တကျ ထိန်းသိမ်းကြပ်မတ်ဖို့ လိုအပ် နေကြောင်း ရခိုင်ဒေသခံတွေက လိုလားနေကြပါတယ်။ https://burmese.dvb.no/post/619003
၃၁။ SSPP နဲ့ TNLA ကွတ်ခိုင်တိုက်ပွဲနဲ့ပက်သက်ပြီး ဆွေးနွေးဖြေရှင်း၊ တပ်ဖွဲ့ ၂ ဖွဲ့ ပူးပေါင်းပြီး တော်လှန်ရေး လုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ သဘောတူ
October 9, 2023
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တပ်တွေအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာနဲ့ပက်သက်ပြီး တပ်ဖွဲ့ ၂ ခုက ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ အဆိုပါတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ ကွတ်ခိုင်မြို့နယ် ၊ မိုင်းယုလေးဒေသမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေဟာ တပ်ဖွဲ့အချင်းချင်း နားလည်မှု လွဲမှားခဲ့ ကြတာသာ ဖြစ်တယ်လို့ဆိုပါတယ်။ အခုလို နှစ်ဖက်တပ်တွေ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာနဲ့ပက်သက်ပြီး အောက်တိုဘာလ ၆ရက်နဲ့ ၇ရက်နေ့တွေမှာ ပြဿနာကိစ္စရပ်တွေဖြေရှင်းဖို့နဲ့ နှစ်ဖက်အဖွဲ့အစည်းကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ် ဆောင်ဖို့ အစည်းအဝေးကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါအစည်းအဝေးမှာ နှစ်ဖက်တပ်အကြား ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ခိုက်မှုဟာ မဟာမိတ် မိတ်ဖက်ပဋိပက္ခသာ ဖြစ်လို့ အပြန်အလှန်သင်ပုန်းခြေပြီး နောက်နောင် ထပ်မံ မဖြစ်ပွားစေဖို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ SSPP နဲ့ TNLA က ဆိုပါတယ်။ မဟာမိတ်အဖွဲ့အစည်း၂ခုအကြား သဘောတူထားတဲ့ စစ်ရေး နိုင်ငံရေး သဘောတူညီချက်တွေကို အပြန်အလှန် စောင့်ထိန်းပြီး အမျိုးသားလွတ်မြောက်ရေး နဲ့ တော်လှန်ရေး လုပ်ငန်းတွေကို နှစ်ဖက်တပ်တွေ အဆင့်ဆင့် ပူးပေါင်းဆောင် ရွက် ကြဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း SSPP နဲ့ TNLA ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=754868839987858&set=a.50123 9188684159
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။