သတင်း

ကချင်မှာ စစ်ကောင်စီနဲ့ KIA၊ မြို့လှ K-PDFတို့ ​ကြား တိုက် ပွဲ ဆက်တိုက် ဖြစ်ပွားနေသလို မြစ်ကြီးနား-ဗန်းမော် လမ်းမ တလျှောက်မှာလည်း စစ်ရေး ပိုမိုပြင်းထန် လာနိုင် တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်မှာ စစ်ကောင်စီနဲ့ KIA၊ မြို့လှ K-PDFတို့ ​ကြား တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေသလို မြစ်ကြီးနား-ဗန်းမော် လမ်းမတလျှောက်မှာလည်း စစ်ရေး ပိုမိုပြင်းထန် လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၇၊ ၂၀၂၃

ကချင်ပြည်မှာ စစ်ကောင်စီနဲ့ KIA၊ မြို့လှK-PDFတို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး မြစ်ကြီးနား-ဗန်းမော် လမ်းမတလျှောက်မှာလည်း စစ်ရေးလှုပ်ရှားမှု ပိုမို ပြင်းထန် လာနိုင်တယ်လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့ ဆိပ်ကမ်းမှ စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ၆စီးက ဗန်းမော်ကိုဆန်တက်စဥ် လုံခြုံရေးယူဖို့ သင်္ဘောအင်း​​ကျေးရွာကို စက်တင်ဘာလ ၂၀ ရက်မှာ တပ်မ (၈၈)လက်အောက်ခံ ခလရ (121)နဲ့ခလရ (၁၀+၇၇)တို့ ဝင်ရောက်တပ်စွဲထားပြီး ညပိုင်းမှာ ကျွန်းတော်ရွာဘက်ကို စက်လှေချော လှမ်းခေါ်ထား တာကို ကြိုတင်သတင်းရရှိခဲ့တယ်လို့ K-PDFက ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအဖွဲ့တွေဟာ ​ဆင်တပ်​ကျေးရွာဘက်ကို စက်လှေတစ်စီးဆင်းလာပြီး သင်္ဘောအင်းရွာကနေ နောင်မိုဘက်ကို ဆန်တက်စဥ် မြို့လှK-PDF အဖွဲ့က စက်တင် ဘာလ ၂၁ရက်၊ မနက်ပိုင်းက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စက်လှေအတွင်းကို ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့တဲ့အတွက် ချောစက်လှေဟာ ကျောက်ကြိုးဘုရားအနီး​ရှိ ဧရာဝတီမြစ်ကမ်းကိုမောင်းကပ်သွားရာ ကမ်းအရောက်မှာ နစ်မြုပ်သွားခဲ့ပြီး ထိခိုက်သေဆုံးသူတွေနဲ့ လက်နက်တွေကို ဆွဲတင်နေကြသည်ကို မြင်တွေ့နေခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် အပြန်အလှန်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကြောင်းမှူးကိုယ်တိုင်ဒဏ်ရာသွားသလို (၉)ဦးသေဆုံးကာ (၁၁)ဦးဒဏ်ရာရရှိသွားသလို တတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ပြင်းထန်လာနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ လိုင်လွမ်အောင်ဂျာတပ်စခန်းထဲမှာ စစ်ကြောင်းတွေက ဝင်ကြမှာဖြစ်ပါတယ်။ သူတို့ကိုလာကူဖို့၊ လာကယ်ဖို့ ဖြစ် ပါတယ်။ ဒါပေမယ့် ခုထိ နှစ်လကျော်၊ သုံးလနီးပါးရှိပြီ။ အောင်ဂျာစခန်းဘက်ကို စစ်ကြောင်းတွေက မဝင်ရဘူး။ ဆိုတော့ သူတို့ (စစ်ကောင်စီ) အတွက်လည်း လိုင်လွမ် အောင်ဂျာကို မရရအောင် ကယ်ရမှာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်၊ မွန်းလွဲပိုင်းကလည်း နမ်ဆန်ယန်ကျေးရွာနဲ့ လိုင်လွမ်အောင်ဂျာကျေးရွာ တစ်ဝိုက်မှာ တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာရှိတယ်လို့ ဗိုလ်မှူး ကြီးနော်ဘူက ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၅ ရက်၊ မနက်ပိုင်းက ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) ရုံးနဲ့ ရဲစခန်းကုန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး MA-4 သေနတ်နှစ်လက် သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

Related Articles

Back to top button