သတင်း

တောင်ကြီးမှာ အမျိုးသမီး ၂ဦး တော်လှန်ရေးနဲ့ ပတ်သက် တယ်လို့ စွပ်စွဲဖမ်းဆီးခံရပြီး ဆက်စပ်သူတွေပါ လိုက်လံ ရှာဖွေနေ

တောင်ကြီးမှာ အမျိုးသမီး ၂ဦး တော်လှန်ရေးနဲ့ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးခံရပြီး ဆက်စပ်သူတွေပါ လိုက်လံရှာဖွေနေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၃၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမှာ အမျိုးသမီး ၂ဦး တော်လှန်ရေးနဲ့ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးခံရပြီး ဆက်စပ်သူတွေပါ လိုက်လံရှာဖွေနေတယ်လို့ တော်လှန်ရေးထောက်ပို့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၁၁၊ ဆင်နှစ်ကောင်ကျောင်းတိုက်အနီးမှာ စက်တင်ဘာလ ၂၁ရက်က အမျိုးသမီး ၂ဦးကို တော်လှန်ရေးထောက်ပို့တွေလို့ စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့တွေက စွပ်စွဲဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“ထောက်ပို့လုပ်တယ်ဆိုပြီး ဖမ်းသွားတာ၊ နှစ်ယောက်လုံးက တောင်ကြီးကပဲ။ လောလောဆယ်တော့ စွပ်စွဲဖမ်းဆီးခံရတာဆိုတော့ နာမည်နဲ့ အချက်အလက်တွေကို ထုတ်ပြောလို့အဆင်မပြေသေးဘူး။ သေချာသိရအောင် ဆက်စုံစမ်းနေပ်တယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကို ပြောပါတယ်။

အဲဒီအမျိုးသမီး ၂ဦးကို တောင်ကြီးမြို့၊ အမှတ် ၂ရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေပြီး လက်ရှိအချိန်ထိ တွေ့ဆုံဆက်သွယ်ခွင့်မရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအမျိုးသမီး ၂ဦးနဲ့ ပါတ်သက်ပြီး စဝ်စံထွန်း၊ ပြည်တော်သာနဲ့ ဘုရားဖြူရပ်ကွက်က နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စစ်ဆေးမှု တွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button