သတင်း

ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြီး မဏ္ဍိုင် (၃) ရပ်အခြေခံတဲ့ ချင်းပြည်ကောင်စီကို ဖွဲ့စည်းထူထောင် သွားမယ်လို့ ချင်းပြည်ကောင်စီ ညီလာခံ အလုပ်အဖွဲ့ ထုတ်ပြန်

ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြီး မဏ္ဍိုင် (၃) ရပ်အခြေခံတဲ့ ချင်းပြည်ကောင်စီကို ဖွဲ့စည်းထူထောင် သွားမယ်လို့ ချင်းပြည်ကောင်စီ ညီလာခံ အလုပ်အဖွဲ့ ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၂ ၊ ၂၀၂၃။

ချင်းပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃)ရပ် အခြေခံတဲ့ ချင်းပြည်ကောင်စီကို ဖွဲ့စည်း ထူထောင်သွားမယ်လို့ ချင်းပြည်ကောင်စီ ညီလာခံအလုပ်အဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ချင်းပြည်ကောင်စီ ပေါ်ပေါက်လာနိုင်ရေးအတွက် ချင်း ပြည်ထဲက ချင်းအမျိုးသားတပ်ဦး(CNF) ခေါင်း ဆောင်များ၊ မြို့နယ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) ကိုယ်စား လှယ်များနှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း (၁၀၈) ဦးပါဝင် တက်ရောက်ကာ နယ်စပ်ဒေသ တစ်နေရာမှာ အကြိုတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ချင်းပြည်ကောင်စီ ညီလာခံအလုပ်အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီ အကြို ဆွေးနွေးပွဲကနေ တဆင့် ချင်းပြည်ကောင်စီ ညီလာခံ အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး တော်လှန်ရေး ကာလ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ရေးဆွဲခြင်းနှင့် ချင်းပြည်ကောင်စီ ညီလာခံကြီး ကျင်းပပြုနိုင် နိုင်ရေးအတွက် အရှိန်မြင့် ပြင်ဆင်ဆောင်ရွက်လျှက် ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အခု ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ချင်းပြည်ကောင်စီ ညီလာခံအလုပ်အဖွဲ့ရဲ့ ပြောခွင့်ရေ Dr. Ngai Tam Maung ပြောတာက “ အခုကျနော်တို့ ဖွဲ့လိုက်တဲ့ Working Group ကနေပြီး ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Working Group က ဦးဆောင်ပြီးတော့ တော်လှန်ရေးကာလ ချင်းပြည် အခြေခံ ဥပဒေ ပေါ်ပေါက်လာပြီးတော့ အဲ့ဒီကနေ ချင်းလဲန်းကောင်စီဖွဲ့မယ်။ အဲ့ဒီကနေ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြော ပါတယ်။

အခုနှစ် ၂၀၂၃ ခုနှစ် မကုန်ခင်မှာ ချင်းပြည်အခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖို့အတွက် ချင်းပြည်ကောင်စီ ညီလာခံ အလုပ်အဖွဲ့ ဘက်က ညီလာခံ တရပ်ကျင်းပနိုင်ဖို့ စီစဉ်သွားမယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – Getty / WCCCC

Related Articles

Back to top button