တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 75, September 19, 2023)

၁။ မူဆယ်မှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ပြန်ဖြစ်
   September 18, 2023

ရှမ်းမြောက် မူဆယ်မြို့နယ် ဝိန်းနန်းရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက် မနက် ၉ နာရီဝန်းကျင်ကနေ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ဆုတောင်းပြည့်တောင်အနီးကနေ လက်နက်ကြီးတွေနဲ့ ဝိန်းနန်းရွာဘက် လှမ်း​ပစ်နေတာလို့ ဆိုပါ တယ်။ စယ်လန့်ဒေသခံ အမျိုးသားတစ်ဦးက “ဒီနေ့ တောင်ပေါ် တက်မလို့ တိုက်ပွဲဖြစ်တော့ လမ်းတစ်ဝက်မှာဘဲ လှည့်ပြန်ခဲ့ရ တယ်။ အရင်တိုက်ပွဲရှောင်ကတည်းက တောင်ပေါ်မတက်ဖြစ်တော့ဘူးလေ။ အခုတောင် အသံတွေကြားနေရတယ်”လို့ ပြောပါ တယ်။ မနက် ၁၀ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စယ်လန့်ရွာခံ အမျိုးသမီးတစ်ဦးကလည်း “နမ့်ကတ်တောင်ဘက်မှာဖြစ်တာ။ အရင်က ကျမတို့ စစ်ရှောင်တဲ့နေရာမှာ။ နေရပ်ပြန်တဲ့အချိန်ကနေ ဒီနေ့အထိ ဘယ်မှမသွားရဲသေးဘူး။ အခုလည်း ဘယ်ဘက်ကို ပြေးရမှာလဲ မသိသေးဘူး” လို့ ပြောပါ တယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်ကလည်း စစ်တပ်နဲ့ TNLA တို့အကြား စယ်လန့်ရွာအနီးမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စယ်လန့်ကျေးရွာအုပ်စုထဲက မန်ကန်၊ မိုင်းဆတ်၊ နမ့်ကတ် စတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲ အတွင်း စယ်လန့်ရွာခံ အမျိုးသား ၂ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ပျက်စီးကာ နေအိမ်တချို့ လက်နက် ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=634632268844041&set=pcb.634632342177367

၂။ ပုလော၌ နေအိမ် ၁၅ လုံးကို စစ်တပ်ကမီးရှို့၊ ခရမ ၅၆၁ တပ်ရင်းမှ တပ်သား ၁ ဦး PDF ထံခိုလှုံ
   September 18, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုရှိ ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က ၂ ရက် တာအတွင်း နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီ တပ်က နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ နေအိမ် ၁၀ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။“တိုက်ပွဲဖြစ်ရင်း စကစ ဘက်က နေအိမ်တွေကို မီးရှို့ခဲ့တာပါ။ PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲချက်နဲ့ မီးရှို့ဖျက်ဆီးခဲ့ တာပါ”လို့ ဒေသခံတဦးကပြောပါတယ်။ စက်တင်ဘာ ၁၅ နဲ့ ၁၆ ရက်နေ့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတို့ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်တပ်က ရွာသား အယောက် ၁၀၀ နီးပါးကို လူသားတံတိုင်းအနေနဲ့ လက္ကူးရွာရှိ ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။“ရွာသားတွေ တော်တော်များများက မြို့တွေ၊ ရွာတွေဘက်ကို စစ်ရှောင်ကုန်ကြပြီ။ စကစကလည်း ၁၅ ရက်နေ့မှာ စစ်ကြောင်းထိုးလာပြီး လက္ကူးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ လက္ကူးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ရွာသားတွေကိုတော့ စကစက ဖမ်းဆီးထားတယ်။

၁၇ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်နေတော့ ဖမ်းဆီးခံရတဲ့ ရွာသားတွေရဲ့ အခြေအနေတွေ အတိအကျမသိရသေးပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက် တိုက်ပွဲအပြီးမှာ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လက္ကူးကျေးရွာရှိ ဒေသခံတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်တပ် လက်နက်ကြီး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၈ နှစ်အရွယ် ဦးသန်းဇော်ဟာ  ဝမ်းဗိုက်မှာ လက်နက်ကြီးကျည်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခရမ ၅၆၁ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ တပ်သား ၁ ဦး  စက်တင်ဘာ ၁၃ ရက်မှာ လက်နက် အပြည့်အစုံနဲ့ ခိုလှုံခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါ တယ်။ တပ်သား ကိုအောင်မင်းဆိုဟာ အခုလ စက်တင်ဘာ ၁ဝ ရက်နေ့က ခမရ ၅၆၁ တပ်ရင်းကနေ MA (၁) လက်၊ ကျည် တောင့် (၃၀) ပါ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် (၁၀၀) နဲ့အတူ ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ တနင်္သာရီတိုင်းပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုစတားက ပြောပါတယ်။ “ကျနော်တို့ကတော့ ပြည်သူနဲ့အတူ ပူးပေါင်းလာကြတဲ့သူတွေကို အမြဲ တမ်း ကြိုဆိုနေပါတယ်။ ကျနော်တို့ဆီ ရောက်ပြီဆိုရင် ဘာမှ စိုးရိမ်စရာမရှိပါဘူး။ တပ်တွင်းသတင်းတွေအရလည်း ပူးပေါင်း လာကြမယ့်သူတွေ အများကြီးရှိနေတာ သိထားတယ်။ ကျနော်တို့ဆီရောက်လာရင် သူတို့ရဲ့ဆန္ဒအပေါ် မူတည်ပြီး လွတ်မြောက် ဒေသဖြစ်ဖြစ်၊ ပြည်ပနိုင်ငံဖြစ်ဖြစ် ပို့ဆောင်ပေးနေပြီး နယ်မြေထဲမှာ တော်လှန်ရေးအတွက် ဆက်လက်ပါဝင်မယ်ဆိုရင်လည်း သင့်တော်ရာ စီမံဆောင်ရွက်ပေးနေပါတယ်”လို့ ကိုစတားက ပြောပါတယ်။ လာရောက်အပ်နှံတဲ့ လက်နက်ခဲယမ်းတွေကို တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင်ငွေပေးအပ်နိုင်ဖို့အတွက် လုပ်နေတယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/post/615429

၃။ ပုလော လက္ကူးရွာ စစ်ရှောင် မိသားစုဝင် ၄ ဦးကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်
   September 18, 2023

အကြမ်းဖက် စစ်ကောင်စီတပ်က ကုန်းလမ်းရော ရေလမ်းကပါ တောက်လျှောက်အင်အား အလွန်အကျွံသုံးပြီး ပုလော မြို့နယ်ထဲက လက္ကူးရွာခံ စစ်ရှောင် မိသားစုဝင် လေးဦးကို စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက သေနတ်နှင့် ပစ်သတ်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နယ် လက္ကူးရွာအုပ်စုထဲကို စစ်ကောင်စီက အခု ရက်ပိုင်း အင်အား အများအပြား  ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာမှ စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ ရွာသားများသည် စက်တင် ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက ရွာထဲမှ စစ်ကောင်စီတပ်သားများ စစ်ကြောင်းပြန်ထွက်ချိန် ထိပ်တိုက်တွေ့မိသည့် စစ်ဘေး ရှောင် မိသားစုဝင် လေးဦးကိုအကြောင်းမဲ့ သေနတ်ဖြင့်ပစ်သတ်ခြင်းခံရကြောင်း ဒေသခံစစ်ရှောင်များက ဆိုသည်။

“မနေ့ ညနေပိုင်းက မိသားစုလိုက် ပစ်သတ်ခံရတာပါ၊ စစ်တပ်က ရွာထဲက ပြန်ထွက်ချိန်မှာ ထွက်ပြေး တိမ်းရှောင်နေ တဲ့ မိသားစုဝင် လေးဦးကလမ်းမှာ တည့်တည့်တိုးချိန်မှာ ပစ်သတ်လိုက်တာ ဖြစ်တယ်”လို့ လက္ကူးရွာခံ စစ်ရှောင်တစ်ဦးကပြော သည်။ ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စု အတွင်း ကျေးရွာ ၅ ရွာခန့် သည်၊ အခု ရက်ပိုင်း နှစ်ဖက် တိုက်ပွဲကြောင့် စစ်ကောင်စီ ဘက်က ရေကြောင်းနှင့် ကုန်းလမ်းကပါ လက်နက်ကြီးဖြင့် ပစ်ခတ်ဖမ်းဆီးမှုများ ရှိနေသည့်အထဲမှ ဒေသခံ ၁၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ လက်ရှိတွင် စစ်ကောင်စီက စစ်ကြောင်း ထိုး ဝင်ရောက်ချိန်တွင် အရပ်သားများကို ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း သေဆုံးသူ ၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်းသိရ သည်။ https://www.facebook.com/photo/?fbid=63787469178 6869&set=pcb.637874785120193

၄။ မင်းတပ်တွင် စစ်ရှောင်ကလေးငယ်များ အရေပြားရောဂါဖြစ်၊ ကန့်ဘလူ၌ ရာသီတုပ်ကွေး အဖြစ်များ
    September 18, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မြောက်ပိုင်း ကျေးရွာတွေမှာ  စစ်ဘေးရှောင်တွေ အပါအဝင် ကလေးငယ်တွေ အရေပြား နဲ့ ပတ်သက်တဲ့ရောဂါ ဖြစ်ပွားနေကြတယ်လို့ ဒေသခံ ဆရာဝန်တွေဆီက သိရပါတယ်။ မင်းတပ်မြို့နယ်မြောက်ပိုင်း ကျေးရွာ တွေက ကလေးငယ် ၈၀ ရာခိုင်နှုန်းနီးပါးနဲ့  လူကြီးတချို့ပါ အရေပြား ရောဂါဖြစ်ပွါးနေကြရတာလို့ ဒေသတွင်းမှာ ကျေးလက်နေ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့  ဆရာဝန်တစ်ဦးကပြောပါတယ်။ မင်းတပ်မြို့ခံအများစုဟာ စစ်ဘေးရှောင် တွေ ဖြစ်ကြပြီး အချိန်တိုင်းနီးပါး တိမ်းရှောင်နေကြရလို့  ကလေးတွေဟာ တကိုယ်ရည် သန့်ရှင်းရေး အားနည်းတာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရှားပါးမှုတွေကြောင့်အရေပြားနဲ့ပတ်သက်တဲ့ ရောဂါတွေအဖြစ်များနေကြတာပါ။ အရေပြားရောဂါဟာ  ရေဓာတ် ခမ်းခြောက်တာ၊  တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာနဲ့ အဟာရ ဓာတ်မလုံလောက်မှုတွေကြောင့် အဓိကဖြစ်ပွားရတာလို့ သိရပါတယ်။

ဒေသခံ ဆရာဝန်တစ်ဦးက “အဓိကက သန့်ရှင်းရေးအားနည်းတာပေါ့လေ၊ ရာသီဥတုက အရမ်းအေးတော့ တပတ်တ်မှာ ရေ နှစ်ခါလောက်ပဲချိုးရတယ်။ နယ်ခံအများစုက စစ်ရှောင်တွေဖြစ်တယ်။ မိဘတွေက တောင်ယာသွားရတော့ ကလေးတွေကို ဂရုမစိုက်အားဘူး သန့်ရှင်းမှု အားနည်းကြတာပေါ့”လို့ ပြောပါတယ်။ မင်းတပ်မြို့နယ်မြောက်ပိုင်းက စစ်ဘေးရှောင်ပြည်သူ တွေဟာ  အရေပြားရောဂါအပြင် ဝမ်းပျက်ဝမ်းလျော၊ ရာသီတုပ်ကွေးရောဂါတွေလည်း အဖြစ်များနေကြတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာလည်း ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်တွေ ချောင်ဆိုးတာနဲ့ ရာသီ တုပ်ကွေးရောဂါ အဖြစ်များနေတယ်လို့  စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူ တဦးက ”ကိုးတောင်ဘို့တိုက်နယ်မှာ ကြာရင် စစ်ရှောင်တွေရဲ့ ကျန်းမာရေးအခြေ အနေတွေက ရှေ့ရှောက်  စိုးရိမ်စရာရှိပါတယ်၊ အခုက စစ်ရှောင်တွေမှာ ချောင်းဆိုးတာနဲ့ ရာသီတုပ်ကွေး အဖြစ်များနေပါတယ်၊ ကျွမ်းကျင်ဆရာဝန်တွေတော့ ကုသပေးနေပါ တယ်”လို့ ပြောပါတယ်။ ကျန်းမာရေးမှူးက ”ရောဂါကတော့ ရာသီဥတုကြောင့်ဖြစ်မယ်၊ တော်တော်များများက ချောင်းဆိုး တယ်၊ နှာစေးတယ်၊ ဘယ်နှစ်ယောက်လဲဆိုတာထက် စစ်ရှောင်တနေရာစီမှာ ဖြစ်နေကြတာပါ။ ကျနော်တို့ဘက်က နည်လှည့် ကုသမှုတွေ တတ်နိုင်သလောက် ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။ https://burmese.dvb.no/post/615413

၅။ သဲဖြူကုန်း စစ်ရှောင်စခန်းမှာ ရာသီဥတုကြောင့် နှာစေး၊ ချောင်းဆိုး အဖြစ်များနေ
    September 18, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာ ရာသီဥတုကြောင့် ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး လက္ခဏာတွေက ယခု သီတင်းပတ်အတွင်း ကလေး၊ လူကြီးအပါအဝင် စစ်ရှောင်တွေမှာ အဖြစ်များတယ်လို့ စစ်ဘေး ရှောင် အမျိုးသမီးတစ်ဦးထံ ကနေ သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ စိတ်ဒဏ်ရာတွေကြောင့် စားမဝင်၊ အိပ်မပျော်ခြင်းနဲ့ နှာစေး၊ ချောင်းဆိုးခြင်း အပြင် ရာသီဥတုကြောင့် ဖျားနာနေကြတယ်လို့လည်း တပ်မံပြောပါတယ်။ “အခုက ငှက်ဖျားလား ဘာလားမသိဘူး။ နှာစေး၊ ချောင်းဆိုးနေကြတယ်၊ ကလေးရော၊ လူကြီးရော ဒီတစ်ပတ် နှစ်ပတ်အတွင်းမှာပေါ့ မပျောက်သေး ဘူး။ တချို့ကျတော့ ပျောက်ပြီထင်ကြတယ် ပျောက်လိုက် ပြန်ဖြစ်လိုက်၊ ကူးစက်နေကြတယ်၊ အဓိက နှာစေး၊ ချောင်းဆိုးပေါ့။ ဘယ်လိုပြောရလဲတော့မသိဘူး၊ ငှက်ဖျားပဲလား ဘာရောဂါလဲတော့ မသိဘူးပဲ။”လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေး ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ယခု စက်တင်ဘာလ လဆန်းပိုင်း အတွင်းမှာတော့ မိုးရွာသွန်းမှု ရက်ဆက်နေပြီး ရောဂါ ကူးစက် ပြန့်နှံ့မှုမြန်တဲ့ အချိန် ကာလဖြစ်နေတယ်လို့လည်း အဆိုပါ အမျိုးသမီးကပြောပါတယ်။ လက်ရှိ သဲဖြူကုန်း စစ်ရှောင်စခန်းမှာ ကိုယ်ထူ ကိုယ်ထ ဆေးပေး ခန်းကိုသာ မှီခိုအားထားရတာဖြစ်ပြီး ဆေးဝါးတွေအပြည့်အစုံ မရှိဘူးလို့ သိရပါတယ်။ ဖရူဆိုမြို့နယ် အနောက်ဘက် ခြမ်း သဲဖြူကုန်း စစ်ဘေးရှောင်စခန်းမှာတော့ စစ်ဘေးရှောင် အိမ်ခြေ (၁၀၀) ကျော် ရှိနေပြီး စစ်ရှောင်လူထု စုစုပေါင်း (၉၀၀) ကျော် ရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%9 e%e1%80%b2%e1%80%96%e1%80%bc%e1 %80%b0%e1%80

၆။ မူဆယ်နဲ့ မိုးကုတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် အသေများပြီး သေနတ် တစ်လက်ရတယ်လို့ TNLA ဆို
    September 18, 2023

မူဆယ်နဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ် အသေ အပျောက်များနိုင်ပြီး လက်နက်ငယ် တစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ တအာင်း အမျိုးသားလွတ် မြောက်ရေး တပ်မတော်-TNLA ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာကနေ နမ့်ကတ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉) နဲ့ မနေ့ မနက် ၈ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး လက်နက်ငယ် တစ်လက်နဲ့ ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ TNLA ပြန်ကြားရေးက ပြောပါတယ်။ ဒါ့အပြင် မိုးကုတ်မြို့နယ်၊ ကုန်းစံကျေးရွာ အနီး TNLA လုံခြုံ ရေး ယူထားတဲ့ နေရာကို တပ်မ (၄၄) လက်အောက်ခံ တပ်ရင်း ၃ ခု ပူးပေါင်း ထိုးစစ်ဆင်လာတာကြောင့် မနက် ၉ နာရီခန့်နဲ့ ညနေ ၅ နာရီခန့်မှာ တစ်ကြိမ်စီ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာအနီး စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံ တပ်တွေနဲ့ TNLA တပ်ဖွဲ့တို့ မွန်းတည့် ၁၂ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မူဆယ်၊ နန့်ကတ် တိုက်ပွဲ အတွင်း စစ်ကောင်စီ က လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့သလို ကုန်းစံ တိုက်ပွဲ မှာလည်း ဂျက်လေယာဥ်နဲ့ ၂ ကြိမ် ဗုံးလာကြဲခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ‌ဖော်ပြထားပါတယ်။ ဒါပေမဲ့ ၂ ဘက်တပ်ထိခိုက်သေဆုံးမှုကိုထုတ်ပြန်ချက်မှာ ဖော်ပြထားတာမတွေရပါဘူး။ ရှမ်းမြောက် မှာ စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး ဇူလိုင်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၁၇ ရက်နေ့ အထိ တိုက်ပွဲ ၄၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ https://www. facebook.com/photo/?fbid=338552788531172&s et=a.285900490463069

၇။ SB ရဲအုပ်တစ်ဦးပစ်သတ်ခံရလို့ သေဆုံး
    September 18, 2023

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်မှာ SB ရဲအုပ်တစ်ဦးပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာ အဖော်မပါ တစ်ဦးတည်း ကားနဲ့ လာတဲ့ ရေးမြို့ သတင်းရဲတပ်ဖွဲ့က  ရဲအုပ် မြင့်လွင် ကို သေနတ်သမားတွေက အနီးကပ်ပစ်ခတ်ခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခံရလို့ ရဲအုပ်မြင့်လွင်မှာ နားထင်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့နေရာမှာဘဲ သေဆုံးသွားပါတယ်။ “မြို့ထဲပစ်ခတ်သံတွေကြားလို့ စုံစမ်းကြည့်မှာ ရဲတစ်ဦးပစ်သတ်ခံရတယ်လို့ သိရ တယ်။ သူက SB သတင်းရဲတပ်ဖွဲ့က ရေးတာဝန်ခံ”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

ပစ်ခတ်မှု​ဖြစ်ပွားပြီး နောက် ရဲနဲ့စစ်သားတွေရောက်လာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အလောင်းကိုတော့ ရေးဆေးရုံကို လူမှုကူညီရေးအသင်းကားနဲ့သယ်ဆောင်သွားပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက လမိုင်းမြို့၊ လက်ဝှေ့ရုံအနီးက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတဲ့ SB က ရဲအုပ် ညီညီဝင်းဆိုသူဟာ သေနတ်နဲ့ ပစ်ခံ ရလို့ သေဆူံးခဲ့ပါသေးတယ်။ https://www.facebook.com/photo?fbid=6605857161 76582&set=a.606834888218332

၈။ KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား
    September 18, 2023

ထားဝယ်အရှေ့တောဒေသမှာ KNU တပ်မဟာ ၄ ကရဲဘော်တွေနဲ့ ကော်သူးလေတပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စက်တင်ဘာလ ၁၆ ရက် မနက် ၇ နာရီလောက်ကစလို့ မေတ္တာမြို့၊ ကျောက်မဲ တောင်ကျေးရွာအုပ်စု၊ ပျဥ်းသားတောရွာတဝိုက်မှာ နှစ်ဖက်ပစ်ခတ်သံတွေအများအပြားထွက်ပေါ်ခဲ့တာပါ။ ပျဥ်းသားတောရွာမှာ ရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဂိတ်ကို KTLA က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေ ကဆိုပါတယ်။ မွန်းလွဲ ၁ နာရီလောက်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကား အတက်အဆင်းလည်းလုပ်လို့မရခဲ့ဘူးလို့ ခမောင်းသွယ် ဒေသခံတစ်ဦးကပြောပါတယ်။  ပျဥ်းသားတောရွာဟာ ကျောက်မဲတောင်ရွာကနေ ခမောင်းသွယ်တိုက်နယ်ကို သွားတဲ့လမ်း ပေါ်မှာ တည်ရှိတာပါ။  KNLA ဂိတ်ကို KTLA က ဘာကြောင့် သွားရောက်ပစ်ခတ်တယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါ ဘူး။  အရှေ့တောဒေသက ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကတော့ “တဖက်က ခြိမ်းခြောက်ပြီးပြောလို့ နောက်တဖက်က လိုက်ပစ်တယ်လို့ကြားရတယ်” လို့ပြောပါတယ်။

ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းကို ဆက်သွယ်မေးမြန်းချိန်မှာ အဲဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး မြေပြင်ကနေသတင်းမရောက်သေးဘူးလို့ ပြောပါတယ်။ အခုလအစပိုင်းမှာ KTLA ဘက်က ရဲဘော် ၁၆ ဦး တပ်မဟာ ၄ ဆီကိုလက်နက်အပြည့်အစုံနဲ့လာရောက်ပူးပေါင်းခဲ့တယ်လို့ တပ်မဟာ ၄ ရဲ့တပ်မှူးတစ်ဦးရဲ့ ပြောဆို ချက်ကို KIC သတင်းဌာနက အခုရက်ပိုင်းမှာ ရေးသားထားပါတယ်။ ကော်သူးလေတပ်မတော် ဆာကဆောတပ်မဘက်ကတော့ အဲဒါဟာ သတင်းအမှားသာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ KNU တပ်မဟာ ၄ နဲ့ကော်သူးလေတပ်မတော်တို့ကြား စစ်ရေးအရ သဘောထား တင်းမာမှုတွေဆက်တိုက်ရှိနေပြီး အခုနှစ်နှစ်ဆန်းပိုင်းနဲ့ ပြီးခဲ့တဲ့ဇူလိုင်လတွေမှာ တိုက်ပွဲနဲ့ကြားဖြတ်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေမှာ KNLA စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီ အပါအဝင်နှစ်ဖက်ထိခိုက် သေဆုံးတာတွေရှိခဲ့ပါတယ်။ https://www.facebook. com/photo/?fbid=336089182142171&set=a.196212682796489

၉။ စစ်ကောင်စီထိုးစစ်ကြောင့် ဝင်းရေးဒေသခံ ၁၅,၀၀၀ ကျော် တိမ်းရှောင်နေရ
    September 17, 2023

စစ်ကောင်စီတပ်တွေ အင်အားဖြည့်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် နေရတယ်လို့ ကေအဲန်ယူတပ်မဟာ ၆ နယ်မြေဒေသခံတွေကပြောပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူး လေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆၊ ဝင်းရေး(ရေး)မြို့နယ်၊ တံခွန်တိုင်ရဲစခန်းကိုအင်အားဖြည့်တင်းဖို့ ကျိုက်ထို တပ်မ ၄၄ လက်အောက်ခံ ခလရ-၂၊ အမတ-၃၁၈ (အဘစ်အမြောက်တပ်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက် အောက်ခံ BGF တပ်ရင်း ၁၀၂၁ နဲ့ BGF တပ်နယ် ၃ တို့က စုစုပေါင်း အင်အား ၁၀၀ လောက်စစ်ကြောင်းထိုးလာခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့တွေ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၁၆ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ခုခံကာကွယ် ရင်း စက်တင်ဘာ ၁၄ ရက် မနက် ၈ နာရီလောက်ကစလို့ နှစ်ဖက်ထိတွေ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ တပ်မဟာ ၆ တပ်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါကြောင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် မော်လမြိုင် ရတခ ကနေ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာရောက်ပြီး ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ နေရာတဝိုက်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁ ယောက်ကျဆုံးခဲ့ပြီး ကျေးရွာစာသင်ကျောင်းနဲ့ ပြည်သူပိုင်အိုးအိမ်တွေ ထိမှန်ပျက်စီးခဲ့ရတယ်လို့ ကေအဲန်ယူ-ဗဟိုပြန် ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် စက်တင်ဘာ ၁၄ ရက်နေ့စာရင်းအရ ဒေသခံ ၁၅၀၀၀ လောက်ဟာ ဘေးလွတ်ရာတိမ်ရှောင်နေရပြီး မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ တောင်ကျရေကြောင့် နေရာထိုင်ခင်းအတွက်ရော စားသောက်ရေးပါ ခက်ခဲနေပြီး စစ်ဘေးရှောင်ဒေသခံပြည်သူတွေ အတွက် ရိက္ခာတွေ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ကေအဲန်ယူ ဗဟိုပြန်ကြားရေးကနေ သိရပါတယ်။ https://burmese.dvb.no/post/615357

၁၀။ ပင်လယ်ထွက်ဝ အနီးကျေးရွာ ရှိ စစ်ရှောင်ပြည်သူများ မိုးများ၍ နေရာထိုင်ခင်း အခက်ကြုံနေ
     September 18, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပင်လယ်ထွက်ဝအနီး ကျေးရွာရှိ စစ်ရှောင်ပြည် သူများ အနေဖြင့် မိုးများ၍နေရာထိုင်ခင်းနှင့် အမိုးအကာလိုအပ်ချက်များရှိနေကြောင်း ၎င်းတို့ကို ကူညီပေးနေသည့် စစ်ဘေးရှောင်ကူညီ ရေးအဖွဲ့အစည်းများက ပြောသည်။ လောင်းလုံးမြို့နယ်၏ ပင်လယ်ထွက်ဝအနီးရှိ ညောပြင်ကျေးရွာ၊ အောက်ကျောက်ဝပ် ကျေးရွာ၊ ကျောင်ဝပ်ပြင်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာဒေသခံပြည်သူများအနေဖြင့် ပြီးခဲ့သည့် မတ်လ ဒုတိယအပတ် လောက်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဘေးလွတ် ရာ ပင်လယ်ကမ်းစပ်တောများတွင် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်ခိုလှုံ နေကြရသေးကြောင်း စစ်ဘေးရှောင် ကူညီသူတစ်ဦးက ယခုလို ပြောသည်။ ၎င်းက “စစ်တပ်က ကမ်းကိုဝင်ကပ်တာမျိုးတွေရှိတယ်။ အဲ့လိုတွေလုပ်တော့ ရွာသားတွေ က ရွာမှာ မနေ ရဲကြတော့ဘူး။ ပြီးခဲ့တဲ့ မတ်လလောက်က ရွာထဲကို စစ်ကြောင်းထိုးဝင်ပြီးတော့ လူလေးယောက် ပစ်သတ် သွား တာမျိုးတွေရှိတာပေါ့။ ပြီးတော့အိမ်တွေမီးရှို့သွားတာမျိုးလုပ်တယ်။ မိုးရာသီကာလဆိုလို့ရှိရင် လိုအပ် ချက်က တော်တော်လေး ရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေက အညာဒေသတွေနဲ့မတူတာက မိုးက တော်တော်များတယ်။ ပင်လယ်နဲ့လည်းနီး တော့ လေကတော်တော်လေးကြမ်းတယ်။” ဟု ပြောသည်။

လက်ရှိ စစ်ဘေးရှောင်နေရဆဲ ဒေသခံ ပြည်သူလူထုမှာ စုစုပေါင်း (၆,၀၀၀) ကျော်ရှိနေပြီး ၎င်းတို့အတွက် စစ်ရှောင် ကူညီသူများအနေဖြင့် လိုအပ်သည့် စားနှပ်ရိက္ခာများသွားရောက် လှူဒါန်းရာတွင်လည်း လမ်းခရီးအခက်အခဲများကို ကြုံတွေ့နေ ရကြောင်း ၎င်းစစ်ရှောင်ကူညီသူကဆက်ပြောသည်။ ထို့အပြင် စစ်တပ်ကအုပ်ချုပ်လာသည့် (၂) နှစ်ကျော်ကြာကာလအတွင်း အခြေခံစား သောက်ကုန်ဈေးနူန်းများမှာလည်း တစ်လထက်တစ်လ ဈေးနူန်းများ အဆမတန် မြင့်တတ်လာသောကြောင့် စစ်ရှောင်ကူညီ သူများအနေဖြင့် စစ်ဘေးရှောင်များကို လှူဒါန်းရာတွင် အခြေခံ စားသောက်ကုန်ဖြစ်သည့် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီများက လွဲ၍ အခြားအခြေခံ စားသောက်ကုန်များကိုသာ လှူဒါန်းပေးနိုင်ကြောင်း နောက်ထပ် စစ်ဘေးရှောင် ကူညီ သူတစ်ဦး ယခုလို ပြောသည်။ ၎င်းက “စစ်ရှောင်ကူညီတဲ့အဖွဲ့တွေက ပုံမှန်တော့ မဟုတ်ဘူးပေါ့။ အဆင်ပြေရင် အဆင်ပြေသလို လှူတာမျိုးတွေ လည်းရှိတယ်။ ဒါပေမဲ့ အစားသောက်တွေဆိုလို့ရှိရင်လည်း တော်တော်လေး အခက်အခဲရှိတယ်။ ကုန်ဈေး နူန်းတွေကလည်း မြင့်နေတော့ ကြက်သွန်ဖြူတစ်ပိဿာကို တစ်သောင်းဝန်းကျင် လောက်ပေးနေရတယ်။ အဲ့တော့ ကျနော်တို့ စစ်ရှောင်ကူညီရေးအတွက် ရိက္ခာတွေလှူတဲ့အခါမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ချန်ခဲ့ပြီးတော့ လှူနေရတာမျိုးတွေရှိ တယ်။” ဟုပြောသည်။ https://kicnews.org/ 2023/09/%e1%80%95%e1%80%84%e1%80%ba%e1%80%9c%e1%80%9a%e1 %80%ba%e1

၁၁။ ဗန်းမော်မှာ လူငယ် ၁၀ ယောက်ကျော် ဖမ်းဆီးခံရ
     September 18, 2023

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က လူသာဒိုင်းအသုံးပြုဖို့ရန်အတွက် လမ်းမပေါ်မှာ သွားလာတဲ့ လူငယ် အများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက် ညပိုင်းလောက်ကနေ ဗန်းမော်မြို့အဝင်ပေါက် ဂေါက်ကွင်းလမ်းတောင့်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ပူးပေါင်းပြီး လမ်းသွားလာတဲ့ လူငယ် ၁၀ ယောက် ကျော်ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဗန်းမော်ဒေသခံတစ်ယောက် ပြောပါတယ်။“မြို့ထဲဝင်လာတဲ့ ဂေါက်ကွင်း လမ်း တောင့်မှာစောင့်ပြီးမှ လူငယ်တွေကို ဖမ်းနေတာဟုတ်တယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေများတယ်လို့ပြောပါတယ်။ အခုလူငယ် တွေ အချင်းချင်းပြောတာတောင် ၁၀ ယောက်ကျော်လောက်ရှိပြီ။ သူက ထွက်လာတဲ့သူတွေကော ဝင်လာတဲ့သူတွေ အကုန်ဖမ်း နေတာ”လို့ပြောပါတယ်။ ဒေသခံသတင်းအရင်းတွေရဲ့ ပြောဆိုချက်အရ လက်ရှိ စစ်ကောင်စီတပ်ဖမ်းဆီးထားတဲ့ အရေအတွက် သိရှိဖို့ ခက်ခဲနေဆဲဖြစ်ပြီးတော့ ဖမ်းဆီးခံရတဲ့ လူငယ်တွေနဲ့ နီးစပ်သူတွေက ၁၀ ယောက်အထက်ရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေ လက်ရှိမှာ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာကို မသိရပဲ ဗန်းမော်မြို့က တာဝန်ရှိသူ တစ်ချို့က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာတွေရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ စစ်တပ်ရဲ့ လက်နက်ရိက္ခာတင် ဆောင်လာတဲ့ စစ်‌သင်္ဘော၆ စီးလည်း ဗန်းမော်ဘက်ကို ဆန်တက်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဖမ်းဆီးထားတဲ့ လူငယ် တွေကို ဗန်းမော်ကနေ နမ်ဆန်ယန်ဘက် လက်နက်ရိက္ခာပို့မယ့်လမ်းကြောင်း ရှေ့တန်းတိုက်ပွဲနယ်မြေဘက်မှာ ရိက္ခာသယ်ပို့ဖို့နဲ့ စစ်ကြောင်းထဲ ခေါ်ဆောင်သွားဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ လောက်ကနေ လက်ရှိဖမ်းဆီးမှုပြုလုပ်နေတဲ့ ဗန်းမော်မြို့အဝင် ဂေါက်ကွင်းနေရာနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ဒေသခံ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နက်တာတွေ ပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ https://burmese.kachinnews.com/2 023/09/18/yl1-115/

၁၂။ ပိန္နဲတော စစ်ကောင်စီစခန်းမှ ပစ်ခတ်သောလက်နက်ကြီးကြောင့် ကလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ထိခိုက်            ဒဏ်ရာရ
    September 16, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁) သထုံမြို့နယ် မင်းလွင်ကျေးနယ် ပိန္နဲတောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပြီးခဲ့သည့်စက်တင်ဘာလ (၈)ရက်နေ့က ပစ်ခတ်သည့် လက်နက် ကြီးကြောင့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့ သည့် စက်တင်ဘာလ (၈)ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်၍ ပိန္နဲတောအလယ်ရွာ ကုလားတန်းတွင် တစ်လုံးကျကာ အသက်(၁၃)နှစ်အရွယ် မောင်ဇော်ဖြိုးဦး ထိခိုက် ဒဏ်ရာ ရရှိပြီး ဝမ်းဘဲအင်းကျေးရွာတွင် လည်း လက်နက်ကြီး သုံးလုံးကျရောက်ပေါက်ကွဲသဖြင့် အသက် (၃၈)နှစ်ရှိ နော်ခိုင်ခိုင်လည်း ဒဏ်ရာရှိသည့်အပြင် လူနေအိမ် (၃)လုံးလည်း ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ဒေသခံတစ်ဦးက “ပိန္နဲတော စစ်ကောင်စီစခန်းက ခဏခဏလက်နက်ကြီးပစ်တယ်။ ဒေသခံလူထုတွေ ထိခိုက် သေဆုံးတာလည်း ခဏခဏပဲ။ ဘာမှမပြော ချင်တော့ဘူး၊ လူထုတွေက တော်တော်ဒုက္ခရောက်တယ် မလုံခြုံဘူး။ ပြီးတော့ သူတို့ပစ်မှတ်တွေကလည်း ကျေးရွာတော်တော် များများမှာ ရောက်တယ်။ တိုက်ပွဲမဖြစ်လည်း ပစ်ချင်တဲ့ အချိန်ပစ်တာဘဲဆိုတော့ လူထုတွေကတော့ အမြဲစိုးရိမ်စိတ်နဲ့ နေရတာပေါ့ ” ဟု ပြောသည်။

ထို့အပြင် စက်တင်ဘာလ (၁၀)ရက်နေ့တွင်လည်း အဆိုပါ ပိန္နဲတောစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ခြောက်လုံး ကျေးရွာများထဲတွင် ထပ်မံပစ်ခတ်သည့်အတွက် သထုံမြို့နယ် စူးအင်းကျေးနယ် ကျုံမိန် ကျေးရွာအနီးဝန်းကျင်တွင် ကျရောက် ပေါက်ကွဲခဲ့ခြင်းလည်းရှိကြောင်း ကေအဲန်ယူဘက်မှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလတုန်းကလည်း ၎င်းစစ်ကောင်စီတပ် စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကျည်ထိမှန်သေဆုံးရပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။ https://kicnews. org/2023/09/%e1%80%95%e 1%80%ad%e1%80%94%e1%80%b9%e1%80%942%e1

၁၃။ ငွေတောင်ရွာသစ် တိုက်ပွဲ တပ်ရင်းမှူး အပါအဝင် စစ်သား ၃၀ ဦးထက်မနည်းသေပြီး လက်နက် အများအပြားရ
    September 18, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ ဩဂုတ်လ ၂ ရက်နေ့ကနေ စက်တင်ဘာ ၁၇ ရက်နေ့ အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေ့စဉ်တိုက်ပွဲ  ဖြစ်ပွါးခဲ့တယ်လို့  ချိုးဖြူတော်လှန်ရေးတပ်-JPRF က ပြောပါ တယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃၀ ဦး ထက်မနည်း သေဆုံးပြီး လက်နက် ခဲယမ်းနဲ့ စစ်ပစ္စည်းအများအပြား သိမ်းဆည်းရရှိတယ်လို့ JPRF ကဆိုပါတယ်။“စစ်ကောင်စီကို ကျွန်တော်တို့က မြေပြင်တိုက် ခိုက်ချေမှုန်းရေး အပြင်ဝေဟင် (Drone) စစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ထိခိုက်ကျဆုံး များပါတယ်။ ကျွန်တော်တို့ဘက်က ရဲဘော် ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ရပါတယ်” လို့ JPRF တပ်ဖွဲ့မှ ကိုဂျိုကာက ပြောပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ငယ် ၁၅ လက်၊ လက်နက်ကြီး တစ်လက် အပါအဝင် ခဲယမ်း အများ အပြား သိမ်းဆည်းရရှိခဲ့တယ်လို့ JPRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲတွေကို JPRF အနေနဲ့ ကရင်နီ တော်လှန် ရေး ပူးပေါင်းတပ်နဲ့အတူ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ရှမ်းတောင်၊ ဓနုဒေသမှာ စတင် ဖွဲ့စည်းခဲ့တဲ့ ချိုးဖြူတော်လှန်ရေးတပ်-JPRF ဟာ လက်ရှိ ကရင်နီဒေသမှာ စစ်ရေး လှုပ်ရှားနေတဲ့အပြင် ဓနုဒေသမှာလည်း ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီကို တော်လှန် နေပါတယ်။ https://www. facebook.com/photo?fbid=3384738185 39069&set=pcb.338474068539044

၁၄။ ဖားကန့်မြို့ ပန်တင်တံတားမှာ သွားလာနေတဲ့ ကားသမားနဲ့ ဒေသခံတွေကို စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က            စစ်ဆေးပြီး ငွေညစ်နေ
     September 18, 2023

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ပန်တင်တံတားမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က သွားလာနေ တဲ့ ဒေသခံနဲ့ ကားသမားတွေကို စစ်ဆေးပြီး ငွေညစ်တောင်းခံနေတယ်လို့ မှော်ဝမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ ညပိုင်း အလုပ်ကနေ ပြန်လာတဲ့အချိန်ကို စောင့်ပြီးတော့ ဖြတ်သွားဖြတ်လာတဲ့သူတွေကို စစ်ဆေးပြီး ကားတစ်စီး ကို သောင်းဂဏန်းအထိ တောင်းနေတယ်လို့ ၎င်းက ဆိုပါတယ်။ “သူတို့က ညပိုင်း သူများအလုပ်ပြန်လာတဲ့အချိန်ကို စောင့်နေ ကြတာ။ ကျောက်ဝိုင်းကနေ ပြန်လာတဲ့အချိန်တို့ဘာတို့ပေါ။ သူတို့က ပိုက်ဆံ တောင်းချင်လို့ကို စစ်တာ။ ကားတွေဆို ၂၊ ၃ သောင်းအထိ ပေးရတယ်။ သွားလာတဲ့ လူတွေကျတော့ ၅ ထောင် အဲလောက်တောင်းတယ်” နေ့ရောညပါ စစ်ဆေးနေတဲ့ အတွက်​ သွားလာရာမှာ အခက်အခဲ ဖြစ်စေတယ်လို့ ၎င်းက ဆိုပါတယ်။

“အရင်ကတည်းက အဲဒီတံတားမှာ ဟိုစစ်ဒီစစ်ပြီး ငွေ တောင်းနေတာ။ ဘယ်သွားသွား အဲတံတားကို ဖြတ်ရတာလေ။ သွားလာတဲ့သူတိုင်းကို စစ်ဆေးပြီး ငွေတောင်းတယ်။ သွားရလာရတာလည်း အဆင်မပြေဘူး။ ခက်ခဲတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့မှာ လူသေမှု၊ လူသတ်မှု၊ ခိုးဆိုးလုယက်မှု၊ လူဖမ်းပြီး ငွေညစ် တောင်းတဲ့ဖြစ်ရပ်တွေ မကြာခဏ ကြုံနေရပေမဲ့ သက်ဆိုင်ရာဘက်က အရေးယူ ဆောင်ရွက်ပေးနိုင်တာ မရှိဘူးလို့ ဒေသခံတွေ က ဝေဖန်ပြောဆိုနေကြပါတယ်။ https://www.facebook.com/photo?fbid=63477 0712163530&set=a.404503215190282

၁၅။ ပုလောတွင် ၂ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပြီး စစ်သား ၅ ဦးသေ
     September 17, 2023

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည် သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ၇ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က လက္ကူးကျေးရွာကို အင်အား ၇၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း လက္ကူးကျေးရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အနီးကပ်ထိတွေ့တိုက်ပွဲ ၂ ကြိမ် ထပ်ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဝင်ရဲဘော်တယောက်က “၁၅ ရက်နေ့မှာ စစ်ကြောင်းထိုးလာပြီး ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စကစ တပ်သားတွေကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ၁၆ ရက်နေ့မှာ အနီးကပ်တိုက်ပွဲ ၂ ကြိမ်ထပ် ဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ စကစ ဘက်က ရေတပ် စစ်သင်္ဘောတွေနဲ့ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်း ကနေ လက်နက်ကြီးတွေ ရာနဲ့ချီ လှမ်းပစ်တာတွေရှိတယ်။ စကစ ဘက်က ၁၆ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ပြန်ဆုတ် သွားတယ်”လို့ ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၅ ယောက်ရှိပြီး ဒေသခံ ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် တယောက်ဟာ စိုးရိမ်ရတဲ့ အဲဒီတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း၊ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ ပုလောစစ်ကြောင်း-၁ နဲ့ ဒေသတွင်း တော်လှန်ရေး မဟာ မိတ်အဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ https://burmese.dvb.no/post/615327

၁၆။ ရေနွေးပူစိမ်ရန် ဖိအားပေးခံရသည့် ကလေးနှစ်ဦး တရုတ်ယွမ်ငွေ သုံးထောင်ခန့်ဖြင့် ကျေအေး၊ တာဝန်ရှိသည့်           ဆရာမ နှစ်ဦးကို သီးခြားအရေးယူမှုမရှိ
     September 18, 2023

တရုတ်ငွေ ယွမ် ၄၀ ခိုးယူသည့် စွပ်စွဲချက်ဖြင့် ရေနွေးပူတွင် လက်စိမ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူနှစ်ဦး အမှု ကို လျော်ကြေးပေးကာ ကျေးအေးပေးလိုက်ကြောင်း သိရသည်။ လက်ရေနွေးစိမ်သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကျောင်းသူ နှစ်ဦးထဲမှ တစ်ဦးကို ယွမ် ၃၀၀၀ (မြန်မာငွေကျပ် ၁၄ သိန်းခန့်) နှင့် အခြားတစ်ဦးကို ယွမ်ငွေ ၂၀၀၀ (မြန်မာငွေကျပ် ၁၁ သိန်း ခန့်)  ဖြင့်အမှုကို ကျေးအေးပေးလိုက်ခြင်းဖြစ်သည်ဟု အဆိုပါအမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများမှ သိရသည်။ ကလေး သူငယ်များအပေါ် အကြမ်းဖက်မှုမြောက်သည့် ကိစ္စရပ်ကို ငွေကြေးဖြင့် အပြစ်ပေးအရေးယူခြင်းမှာ ထိရောက်သည့် အရေးယူမှု မဟုတ်ဘဲ လူသိရှင်ကြားဖြစ်မှ အရေးယူခြင်းလည်းဖြစ်သည်ဟု မိုးမောက်မြို့နယ်၊ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက ပြော သည်။“ငွေနဲ့ ဖြေရှင်းတာက လုံးဝ မဖြစ်သင့်ဘူး၊ အဓိက ကလေးတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားပြီ။ ယွမ်ငွေသုံးထောင် မပြောနဲ့ သုံးသိန်းပေးရင်တောင် ခွင့်မလွတ်ချင်ဘူး။ ကျေအေးပေးလိုက်တယ်ဆိုတာက ဖြေရှင်းပေးတဲ့သူတွေက အာဏာနဲ့လေ၊ ပြေလည်ရာ‌ ပြေလည်ကြောင်းပြောတော့ မိဘတွေကလည်း မတတ်နိုင်လို့ ခေါင်းငြိမ့်လိုက်ရတာ။ တရားမျှတမှုဆိုတာ မရှိဘူး၊ ငွေများ ငွေနိုင်ပေါ့၊ တရားဥပဒေဆိုတဲ့အရာကိုလည်း ဘယ်သူတွေ ယုံကြည်လို့ရမလဲ” ဟုပြောသည်။

တာဝန်ရှိသည့် ဆရာမနှစ်ဦးကို အရေးယူလိုက်သည်ဟု ကနဦးတွင် သတင်းထွက်ပေါ်ခဲ့သော်လည်း မမှန်ကြောင်း မိုင်ဂျာယာန်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“စာထုတ်ထားတဲ့အတိုင်းပဲ တခြားသီးသန့် အရေးယူတာတော့ မရှိတော့ဘူး။ ဘော်ဒါဆောင် မပိတ်ဘူး။ အဲ့ဒါက ဘော်ဒါနဲ့ မဆိုင်ဘူးလေ။ လူနဲ့ဖြစ်တဲ့ ကိစ္စဆိုတော့ သပ်သပ်စီခွဲထားတယ်။ အဲ့ဒီ ဆရာမက KIO အစိုးရကျောင်း ဆရာမလည်း မဟုတ်တော့ဘူး၊ နားသွားပြီ။ အခုက အပြင်မှာသူ့ဖာသာသူ အဆောင်ဖွင့်ပြီး စာသင်နေတာ။ အစိုးရ ကျောင်းဆရာမ မဟုတ်တော့ဘူးဆိုတော့ ဆရာမ ဆက်မလုပ်ခိုင်းဖို့လည်း ပိတ်ပင်လို့ မရတော့ဘူးလေ” ဟု ပြောသည်။ ကလေးများကို ပညာသင်ကြားပေးနေသည့် ဆရာမများကိုယ်တိုင်က ကလေး သူငယ်အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်သော်လည်း ကျူးလွန်သူနှစ်ဦးကို အရေးမယူသည်မှာ မဖြစ်သင့်ကြောင်း ဒေသခံရပ်မိရပ်ဖတစ်ဦးက ထောက်ပြသည်။“ဘယ်လိုဖြစ်ပြီး ဒီလောက်ငွေလေးနဲ့ ကျေအေးလိုက်သလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။ လာဘ်ပေးလာဘ်ယူရှိနေလို့လား၊ ဆရာမနှစ်ယောက်က ဆိုင်ရာပိုင်ရာတွေနဲ့ အမျိုးတွေလား။ တာဝန်ရှိသူတွေဒီလိုဆုံးဖြတ်တာ လုံးဝမဖြစ်သင့်ဘူး”ဟုပြောသည်။ မိုင်ဂျာယာန်မြို့၊ ရပ်ကွက် (၁၀)ရှိ ဆရာမ လရှီးမိုင်မိုင်နှင့် လရှီးကိုင်ဆိုသူက ဖွင့်လှစ်ထားသော ဘော်ဒါဆောင်တစ်ခုတွင် ဩဂုတ် လ ၂၄ ရက်နေ့က တရုတ်ငွေ ယွမ် ၄၀ (မြန်မာငွေကျပ် လေးသောင်း) ခိုးသည်ဟူသော စွပ်စွဲချက်ဖြင့် အဆောင်နေ ကျောင်းသူ၊ ကျောင်းသားများကို ရေနွေးပူငွေ့ဖြင့် လက်အပူဟပ်ရန် အတင်းအကြပ် ခိုင်းစေခဲ့ရာ ဆယ်တန်းကျောင်းသူ နှစ်ဦးကထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ https://www.facebook.com/photo/?fbid=628039319523740&set=a.535867405407599

၁၇။ သတ်ဖြတ်ခံရသည့် ရသေ့တောင်က ကျောင်းဆရာမအတွက် တရားခံအားသေဒဏ်ပေးရန် ရခိုင်ကျောင်းသားများ       တောင်းဆို
    September 18, 2023

လူသားမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသော ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က ကျောင်းဆရာမအတွက် တရားခံအားသေဒဏ်ပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂက တောင်းဆိုလိုက်သည်။ ရခိုင်ပြည် ရသေ့တောင်နယ်မြို့နယ် ပန်းဖော်ပြင်ကျေးရွာမှ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ် မှာ လည်လှီးဒဏ်ရာနှင့်အတူသေဆုံးလျှက် ရုပ်ပျက် ဆင်း ပျက် စွန့်ပစ်ခံထားရပြီး စက်တင်ဘာ ၁၆ ရက်နေ့က ကျေးရွာသားများမှ ရွာအနီးဝန်းကျင်၌ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုဖြစ် ရပ်သည် ရခိုင်အမျိုးသမီးထု၏ လူမှုဘဝလုံခြုံမှုအား ခြိမ်းခြောက်နေသည့်အတွက် ကျူးလွန်သူ တရားခံအား ရခိုင်ပြည်သူ များ၏ ရှေ့မှောက်တွင် သေဒဏ်ချမှတ်နိုင်သည့် တရားရေးမဏ္ဍိုင်ဖော်ဆောင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကို ရခိုင်ပြည်ကျောင်း သား သမဂ္ဂက စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။ ရခိုင်ပြည်အတွင်း နိုင်ငံရေးအခြေအနေ မတည်မ ငြိမ်မှုကို အခွင့်ကောင်းယူ၍ မသာမာသူများသည် အမျိုးသမီးများ၊ တက္ကသိုလ်ကျောင်းသူများအပါအဝင် အသက်မပြည့်သေး သောအမျိုးသမီးငယ်တို့ကို အဓမ္မပြုကျင့်စော်ကားရိုင်းပြမှုများကို ခပ်စိပ်စိပ်တွေ့လာရခြင်းနှင့်ပညာရေးဝန်ထမ်း ဒေါ်နှင်းယုနွယ် လူမဆန်စွာ သတ်ဖြတ်ခံရခြင်းတို့အတွက် ရခိုင်ကျောင်းသားများက ကန့်ကွက်ရှုတ်ချထားသည်။ ရခိုင်ပြည်၏ ဆင်းရဲမွဲတည်မှု ကြောင့် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်းနှင့် ကျပ်တည်းလာမှုကြောင့် ခိုးဆိုးလုယက်မှုများ တိုးပွားလာပြီး လမ်းသွားလမ်း လာ ပြည်သူများအပြင် နိုင်ငံဝန်ထမ်းများအတွက်လည်း မလုံခြုံမှုများရှိလာသည်ဟု ရခိုင်ကျောင်းသားများက ဆိုသည်။

အမျိုးသမီးအပေါ် အဓမ္မပြုကျင့်မှုအပါအဝင် ရခိုင်ပြည်အတွင်း ရာဇဝတ်မှုများ တိုးပွားလာရခြင်းသည် ကျူးလွန်သူများ ကို ထိထိရောက် အရေးယူမှုမရှိခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ RWIO ဥက္ကဌ စောစံငြိမ်းသူက ပြောသည်။ “ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးမယူတဲ့အတွက် ကျူးလွန်ဖို့ ဆန္ဒရှိနေတဲ့သူတွေကို အားပေး အားမြှောက်ပေးရာ ရောက်ပါတယ်။ ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်နဲ့အတူ အချိန်မီ အရေးယူနိုင်မယ်ဆိုရင် အဓမ္မပြု ကျင့်တာတွေ၊ ရာဇဝတ်မှုတွေကို တားဆီးနိုင်မှာ ဖြစ်တယ်။ ဒါတွေကို မလုပ်နိုင်ဘူးဆိုရင် ဒီထက်ပိုဆိုးတဲ့ ကျူးလွန်မှုတွေ ဖြစ်ပေါ်လာမှာကို အရမ်းစိုးရိမ်နေပါတယ်” ဟု ပြောသည်။ ဆရာမ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်သည် ရက္ခိုင့်တပ်တော် ULA/AA ၏ ထိန်းချုပ်ရာနယ်မြေတွင် ဖြစ်သည့်အတွက် တရားခံအား ဖော်ထုတ်ရေးကိစ္စနှင့် ထိရောက်သော ပြစ်ဒဏ်ပေးနိုင်ရေးမှာ ရက္ခိုင့်တပ်တော်၌ အပြည့်အဝ တာဝန်ရှိကြောင်း စစ်တွေဒေသခံတစ်ဦးက ထောက်ပြသည်။ ဒေသခံ များ၏ ပြောဆိုချက်အရ ဆရာမ မနှင်းယုနွယ်မှာ အလောင်းတွေ့ရှိသည့်နေရာတွင် သတ်ဖြတ်ခံထားရခြင်း မဟုတ်ဘဲ တစ်ခြား နေရာတွင် သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းအား လာရောက်စွန့်ပစ်ထားခြင်းဖြစ်သည်ဟု သွားရောက်ကြည့်ရှု့ခဲ့သည့် ဒေသခံများက ပြောကြသည်။ ဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရခြင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ULA/AA မှ တာဝန်ရှိသူ များ စုံစမ်းစစ်ဆေးနေကြောင်း သိရပြီး အသေးစိတ်ကို ထုတ်ပြန်ပေးသွားမည်ဟု ဒေသဆိုင်ရာ AA  တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။  https://www .facebook.com/photo/?fbid=747144990758263&set=a.682731967199566

၁၈။မိုးကုတ်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
     September 17, 2023

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ကုန်းစံကျေးရွာအနီးတဝိုက်နဲ့ အနောက်ပိုင်း ဒေါ်နန်းကြည်တောင် အနောက် ဘက်ကျေးရွာဘက်ကို စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် နဲ့  ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့စတင်ပြီး မိုးကုတ်မြို့အရှေ့ပိုင်းဘက်က ကုန်းစံကျေးရွာဘက်မှာ TNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီ တပ်ဘက်က လေကြောင်းအသုံးပြုပစ်ခတ်နေတာလို့ သိရပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းဒေသခံတယောက်က “မြို့ထဲတော့ မဟုတ်ဘူး။ လေယာဉ်ပစ်တာက တောဘက်ကျေးရွာတွေကို ပစ်တာ။ ၅ လုံးချသွားတယ်။ တနေကုန်ခေါင်းပေါ်မှာ လေယာဉ် တွေ ဝဲနေတယ်” လို့ ပြောပါတယ်။

တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှု အခြေနေကို တော့ မသိရသေးပါဘူး။ မိုးကုတ်မြို့ အနောက်ပိုင်းနေထိုင်သူဒေသခံတယောက်က “ရုပ်ရှင်ဆန်ဆန်ပဲ၊ ဝဲဝဲပြီး ပစ်သွားတာ၊ ၂ လုံး ချသွားတယ်။ တအုန်းအုန်းနဲ့။ မြို့ထဲတော့မဟုတ်ဘူး။ မြို့အနောက်ဘက်ရွာတွေကို ပစ်သွားတာ” လို့ ပြောပါတယ်။ မိုးကုတ် မြို့နယ်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖြစ်တဲ့ မိုးကုတ်အခြေပြုတပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၁၂၂၁၊ ၁၂၂၃ တို့က မိုးလုံးမှိုင်းစစ်ဆင်ရေး အဖြစ် စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့မှုပြင်းထန်နေပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးတဲ့နေရာမှာ နေကြဖို့ သတိပေးစာထုတ်ပြန်ထားပါတယ်။ https://burmese.dvb.no/post/615369

၁၉။ မြန်မာစစ်တပ်က “ပဒေသာဗုံး”များ အသုံးပြုပြီး အရပ်သားများကို တိုက်ခိုက်နေ
     September 18, 2023

စစ်ကောင်စီတပ်တွေဟာ   ‘ပဒေသာဗုံး’လို့ခေါ်တဲ့ အတွဲလိုက် ဆင့်ကွဲပေါက်စေတဲ့ ဖျက်အားပြင်း ကလပ်စတာဗုံးတွေနဲ့ ပြည်သူတွေနေတဲ့ နေရာတွေကို တိုက်ခိုက်နေတယ်လို့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ Cluster Munition Coalition (CMC) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ မြန်မာစစ်တပ်ဟာ ပဒေသာဗုံးတွေကို စစ်အာဏာ သိမ်းပြီးစ အချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အရပ်သားတွေကိုတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ပဒေသာဗုံးတွေ ကို အသုံးပြုပြီး ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို လေကြောင်းကတိုက်ခိုက်ခဲ့တာကို မှတ်တမ်းတွေအရ သိရတယ်လို့ အခု ဩဂုတ်လကုန်ပိုင်းမှာ ထုတ်ပြန်တဲ့ CMC ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က မင်းတပ်မြို့နယ်ရှိ ပန်းပါကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဇူလိုင် ၈ ရက်နေ့ကလည်း မရှိန်းလှော်အုပ်စု၊ ဝုန်းခုန်ကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပြီး ကလေး ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှု ၂ ခုစလုံးမှာ ပေါင် ၅၀၀ ဗုံးထဲ ထည့်ထားတဲ့ ပဒေသာ ဗုံးတွေ အသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ CDF မင်းတပ်ရဲ့ သတင်း၊ ပြန်ကြားရေးနဲ့ မှတ်တမ်းဌာနဆီက သိရပါတယ်။

ဒီဗုံးတွေဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ပစ္စည်းထုတ်လုပ်စက်ရုံ “ကပစ” မှာ ထုတ်လုပ်တာနဲ့ ပုံစံတူပေမဲ့ ရရှိထားတဲ့ မှတ်တမ်းပုံတွေမှာတော့ ဘယ်မှာထုတ်လုပ် တပ်ဆင်တယ်ဆိုတဲ့ အမှတ်အသား မတွေ့ရဘဲ အင်္ဂလိပ်စာနဲ့ ထိုင်းစာကို တွေ့ရတာ ကြောင့် ဗုံးရဲ့ သံမဏိကိုယ်ထည့်ကိုတော့ ထိုင်းမှာ ထုတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ CMC ရဲ့ သုတေသီတယောက်က “မြန်မာနိုင်ငံမှာ ကလပ်စတာဗုံးတွေထုတ်လုပ်ပြီး အရပ်သားတွေကိုသတ်ဖြတ်နေတယ်။ နိုင်ငံတကာကတားမြစ်ထားတဲ့ ကလပ် စတာဗုံး အသုံးပြုမှုကို အစိုးရအားလုံး ရှုတ်ချသင့်တယ်” လို့ ပြောပါတယ်။ ပဒေသာဗုံးဆိုတာ ဗုံးအကြီးကနေ ဗုံးအသေးစား လေးတွေ ခွဲထွက်ပေါက်ကွဲစေပြီး ကျတဲ့ နေရာတဝိုက်မှာ ရှိတဲ့လူတွေကို သေစေနိုင်ပါတယ်။ ဆင့်ကွဲပေါက်ကွဲစေတဲ့ ခဲယမ်း စောင့်ကြည့်ရေးအဖွဲ့ CMC အဖွဲ့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အခြေစိုက်ပြီး ၂၀၀၃ ခုနှစ် နိုဝင်ဘာလက စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။ https://burmese.dvb.no/post/615403

၂၀။ CDF-Kanpetlet က သိန်း ၅,၀၀၀ ကမ်ပိန်းပြုလုပ်နေ
     September 17, 2023

ချင်းပြည်နယ်၊ CDF-Kanpetlet ရဲဘော်တွေဦးစီးပြီး ဝိတိုရိယ သူရဲကောင်း စုပေါင်းအားသစ်လောင်း သိန်း ၅,၀၀၀ ကမ်ပိန်းကို သြဂုတ် ၃၁ ရက်ကနေ အောက်တိုဘာ ၁၅ ရက်ထိ ပြုလုပ်နေပါတယ်။ ကမ်ပိန်းတာဝန်ရှိသူတယောက်က “ခု ဒီကမ်ပိန်းပြုလုပ်ရခြင်းက ထိရောက်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်နိုင်ရန်နဲ့ ပြည်သူလူထုတရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ စောင့်ရှောက်ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ရန်ပုံငွေက သိန်း ၆၀၀ လောက်ပဲ ရသေးတာဖြစ်လို့ ဝိုင်ဝန်းကူညီကြဖို့ တောင်း ဆိုချင်ပါတယ်”လို့ ပြောပါတယ်။ ကမ်ပိန်းကနေ ရရှိတဲ့ရန်ပုံငွေနဲ့ ထိရောက်တဲ့ စစ်ဆင်ရေးများ၊ စစ်ဆင်ရေးမှာလိုအပ်တဲ့ လက်နက်ခဲယမ်းတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့  ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကိုဝယ်ယူပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ထိရောက်စွာ ခုခံသွားမယ်။ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းနဲ့ သူတို့ရဲ့ ယာယီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်သွားမယ်။ စစ်ကောင်စီရဲ့ အခြေ ချစခန်းတွေကို ထိရောက်စွာ ထိုးစစ်ဆင်မယ်။ စစ်ကောင်စီတပ်က ပြည်သူတွေကို ဓားပြတိုက် ညှင်းဆဲမှုများကို ကာကွယ်ရာမှာ ထိရောက်စွာ အသုံးပြုသွားမယ်” ဒီ ကမ်းပိန်းအတွက် ချင်းအဆိုတော်တွေဖြစ်တဲ့ Guys From Chin ကလည်း စက်တင်ဘာ ၁၇ ရက်မှာ Music Concert အစီအစဉ်နဲ့ အားဖြည့် ပါဝင်မယ်လို့လည်း သိရပါတယ်။ CDF-Kanpetlet ရဲဘော်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီရဲ့ ကြီးမားတဲ့ စစ်ကြောင်းကို ခုခံကာကွယ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၆၀ လောက် သေဆုံးခဲ့ပြီး ချင်းမျိုးချစ်ရဲဘော်တွေဘက်က လွတ်လပ်ရေးအတွက် ရဲဘော် ၃ ယောက် အသက်စတေးခဲ့တယ်လို့ သိရပါတယ်။ https://burmese.dvb.no/post/615333

၂၁။ စစ်ရေး ငြိမ်သက်သော်လည်း လဲချားမြို့နယ်အတွင်း ည ၆ နာရီ အပြင်မထွက်ရအမိန့် မရုတ်သိမ်းသေး
    September 18, 2023

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား စစ်ရေးငြိမ်သက်နေသော်လည်း နှစ်ဘက် ထုတ်ပြန်ထားသည့် အမိန့်များ ပြန်လည်ရုပ်သိမ်းပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် SSPP/SSA တို့ လဲချားမြို့နယ် အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ်လ ၇ ရက်တွင် စစ်ကောင်စီမှ ပြည်သူများ ည ၆ နာရီမှ မနက် ၆ နာရီထိ အပြင်ထွက်သွားလာခြင်း မပြုရန် ထုတ်ပြန်တားမြစ်ခဲ့သည်။ အဆိုပါ ထုတ်ပြန်တားမြစ်ချက်သည် ယနေ့အချိန်အထိ ရုတ်သိမ်း ခြင်း မရှိသေးပေ။ “တိုက်ပွဲကတော့ မဖြစ်တော့ဘူး။ ဒါပေမယ့် သူတို့ ၂ ဖွဲ့ ထုတ်ပြန်ထားတဲ့ ည ၆ နာရီကနေ မနက် ၆ နာရီ အပြင်မထွက်ရ အမိန့်က မရုတ်သိမ်းသေးဘူး” ဟု လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ နှစ်ဖက်တပ် စစ်ရေးတင်း မာမှုလျော့ပါက ဒေသခံပြည်သူများ အသက်ရှူချောင်ကြောင်း၊ လယ်ယာကိုလည်း ကောင်းမွန်စွာ သွားနိုင်ပြီး ဝါတွင်းကာလ အတွင်းလည်း ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်တည်နိုင်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်တို့သည် ပင်လုံမြို့ဘက်မှ လွိုင်ခန် (လွႆၶၢင်) တွင် တစ်နေရာ၊ မက်လန်းကျေးရွာ အနီးတွင် တစ်နေရာနှင့် မိုင်းနောင်ဘက်သွားသည့် လမ်းတွင် တစ်နေရာ စစ်ဆေးရေးဂိတ် ထားရှိကြောင်းလည်း သိရသည်။ လက်ရှိ လဲချား မြို့နယ်အတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး SSPP/SSA ၏ မြေပြင် အရာရှိတစ်ဉီးက “တိုက်ပွဲဖြစ်ပြီးကတည်းက အချင်းချင်း စစ်ရေးအခြေအနေ စောင့်ကြည့်မှုတော့ရှိပါတယ်၊ သူတို့အပိုင်း သူတို့ဘာသာနေနေရင်တော့ ကောင်းပါတယ်၊ အချင်းချင်းစောင့်ကြည့်နေရတဲ့ အနေအထားပါ”ဟု ပြောသည်။ လဲချားဒေသခံပြည်သူများအနေဖြင့် ဆက်လက်ပြီး ပစ်ခတ် တိုက်ပွဲမရှိကြစေလိုကြောင်း၊ ပစ်ခတ်သံများလည်းမကြားလိုကြောင်းနှင့် သီတင်းကျွတ်ကာလအထိ လွတ်လွတ်လပ်လပ် သွား လာ လှူဒါန်းနိုင်ကြစေလိုကြောင်း ပြောဆို ထားကြသည်။ “တိုက်ပွဲထပ်ဖြစ်မှာကိုတော့ ကြောက်တာပေ့ါ။ အခုလို အေးချမ်းနေ တာပဲ ကောင်းပါတယ်၊ ဝါထွက်ပြီးရင် ယူရမယ့် ကောက်ပဲ သီးနှံတွေ ၊ စပါးတွေ အိမ်ရောက်မှ စိတ်ချမ်းသာရမှာလေ၊ တိုက်ပွဲ ဖြစ်ရင် တော့ အဲ့တာတွေ မယူရဘူးပေါ့၊ ဒါကြောင့် တိုက်ပွဲကတော့ မဖြစ်စေချင်တော့ဘူး” ဟု လဲချားမြို့ အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသား က ဆိုပြန်သည်။ https://burmese. shannews.org/archives/36730

၂၂။ စစ်ကောင်စီက ဖမ်းဆီးထားသည့် UNRA တပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုခင်ကျော် မိသားစုနှင့် အဆက်သွယ်မရလို့            မိသားစုဝင် များမှ စိုးရိမ်နေကြရ
    September 18, 2023

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ပြည်ထောင် စုကာကွယ်ရေးတပ်မတော် (ABSDF- UNRA) မှ စစ်ဦးစီးချုပ် ကိုခင်ကျော်ကို လွတ်ရက်စေ့၍ ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် လမ်းတွင် ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များနှင့် ယနေ့အထိ အဆက်အသွယ်ရရှိခြင်းမရှိ၍  စိုးရိမ်ပူပန်လျက် ရှိကြောင်းသိရသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့်  ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က  ကိုခင်ကျော် အပါဝင် ABSDF-UNRA တပ်ဖွဲ့ဝင် သုံးဦးကို မွန်ပြည်နယ်  ပေါင်မြို့အဝင်တွင် ဖမ်းဆီးခဲ့ပြီးနောက်   မိသားစုဝင် ၁၇ ဦးကိုပါ  ထပ်မံဖမ်းဆီးခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ကိုခင်ကျော်ကို ရေကြည်အိုင် စစ်ကြေားရေးသို့ပို့ဆောင်စစ်ဆေးခဲ့ပြီး တောင်ဒဂုံမြို့နယ် စစ်အကျဥ်း တရားခုံရုံးမှ ပုဒ်မ (၁၇/၁) ဖြင့် ထောင်ဒဏ် ၂ နှစ်ကျော်ချမှတ်ခဲ့သည်။ ထို့နောက်  ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်  လွတ်ရက် စေ့၍  ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ယင်းနေ့တွင်ပင် လမ်း၌ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စရဖ)က ပြန်လည်ဖမ်းဆီးခဲ့ပြီး မိသားစုနှင့် အဆက်သွယ်ရရှိမှု လုံး၀ မရှိတော့ကြောင်း   ကိုခင်ကျော်၏  မိသားစုဝင်တစ်ဦးထံက သိရသည်။

“ကျွန်တော်တို့ ABSDF-UNRA အဖွဲ့အနေနဲ့ မဟာမိတ်အဖွဲ့စည်းတွေဖြစ်ကြတဲ့ တော်လှန်ရေးအင်အားစုတွေကို ဝိုင်းဝန်းကူညီပေးကြပို့ စာထုတ်ထားပါတယ်။ UNRA ဟာ ပထမဦးဆုံး စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာ  စစ်အာဏာ ရှင် စနစ်ဆိုးကိုအမြစ်ပြတ်တိုက်ထုတ်ဖို့ လူငယ်တွေကို သင်တန်းပို့ချပေးခဲ့တဲ့  အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်” ဟု ABSDF-UNRA အဖွဲ့မှ ကိုနိုင်နိုင်အောင် က ပြောသည်။ ကိုခင်ကျော်ကို လွတ်ရက်စေ့၍ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ပထမအကြိမ် ဖမ်းဆီးခံ ရစဥ်က စစ်ကောင်စီက ရေကြည်အိုင်စစ်ကြောရေးတွင် ကိုခင်ကျော်၏ မိခင်ကို စစ်ဆေးနေရင်း သေဆုံးသွားခဲ့၍  သတင်းအစ အန ဖျောက်ပစ်ခြင်း ခံခဲ့ရကြောင်းသိရသည်။ “အခု ပြန်လည်လွှတ်ပေးတယ်ဆိုပေမဲ့ စစ်ကြေားရေးမှာ ရက်ရက်စက်စက် ညှင်း ပမ်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေရှိနေတယ်။ ကိုခင်ကျော်ရဲ ဘယ်ဘက်ခြေထောက်မှာ သံစိုက်ပြီး ရိုက်သွင်းခံထားရလို့ ခြေထောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်။ အခုလည်း မိသားစုနဲ့ တွေ့ဆုံခွင့်မရသေးခင်မှာ ထပ်ပြီးတော့အဖမ်း ခံရ တာ”ဟု ကိုခင်ကျော်၏  မိသားစုဝင်တစ်ဦးက ဆိုသည်။ https://www.facebook.com/photo?fbid=638844078384615&s et=pcb.63884411 8384611

၂၃။ ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဘေးက ရွှေဖောင်များကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
    September 18, 2023

ကချင်ပြည်နယ်၊ ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ရပ်နားထားသည့် ဒေသအခေါ်ရွှေမော်တော်(ရွှေဖောင်) များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီခန့်မှ စတင်မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။ ဧရာဝတီမြစ်ကမ်း‌ဘေး ရှိ အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက်တွင် ရပ်နားထားသည့် ရွှေဖောင်များကို စစ်သင်္ဘောပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ရွှေကူမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။“ကျနော်တို့မြို့က ဧရာဝတီမြစ်ဘေးရှိ တာလေ။ သူတို့(ရွှေဖောင်သမား)လည်း သင်္ဘောတက်မယ်ဆိုလို့ မြစ်ဘေးမှာ ခါတိုင်းလည်း အဲဒီလိုပဲ လုပ်ကြတဲ့အခါကြတော့ အခုကတော့ ရှို့သွားတာပေါ့လေ” ဟု ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာ သော စစ်ကောင်စီ သင်္ဘော ၆ စီးမှာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ လက်နက်၊ ရိက္ခာများတင်ဆောင်ကာ ဗန်းမော်ဘက်သို့ ဆန်တက်နေခြင်းဖြစ်ပြီး လမ်းခုလတ်တွင် ထိုကဲ့သို့ ရွှေဖောင်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြစ်ကမ်းဘေးရှိ ရန်ကြီးအောင်၊ အောက်ကျင်း၊ မော်လမြိုင် စသည့် ရပ်ကွက်မှ ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။ အလားတူ ရွှေကူမြို့ဆိပ်ကမ်း နှင့် ၂ မိုင်ခန့်အကွာရှိ ရေပျံဆိပ် ရေလယ်ကောင်တွင် ကျောက်ချ ရပ်နားထားသည့် စစ်သင်္ဘောပေါ်မှလည်း မြို့တစ်ဖက်ကမ်းရှိ မိုးစစ်၊ ရေတပ်၊ ဆင်လဲစသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများပစ်ခတ်နေသည်ဟု အခြား ဒေသခံ အမျိုးသမီးတစ်ဦးက ပြော သည်။ “ရွှေဖောင်တွေကို စစချင်းရှို့တာတော့ သုံးစီးတဲ့။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ တော်တော်များနေပြီ ရှို့တာ။ အစီးရေတော့ မသိရသေးဘူး။ မနေ့ညကလည်း တအားပစ် အခုလည်း မနက်ကတည်းက တအားကို ပစ်နေတာ” ဟုဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ လိုက်သည့် ရွှေဖောင်များ မီးလောင်ရာကတဆင့် ရွှေဖောင်ပေါ်ရှိ လောင်စာဆီပေပါများ ပေါက်ကွဲပြီး အမှတ် ၂  ရွာသစ်ရပ်ကွက် ရှိ နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်းလည်း သိရသည်။  https://www.facebook.com/photo?fbid=628098942851111&se t=pcb.628099359517736

၂၄။ ဘီးလင်းတွင် ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီး ၁ ဦးပစ်သတ်ခံရ
     September 17, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးအနောက်ရွာက ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတယောက် မနေ့က ပစ်သတ် ခံရပြီး သေဆုံးသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အသက် ၅၀ အရွယ် ကြံ့ခိုင်ရေးပါတီဝင် ဒေါ်ကေသီဟာ သူ့အိမ်မှာရှိနေတုန်း လက်နက်ကိုင် လူတစု လာရောက်ပစ်ခတ်သွားတာပါ။ ဒေသခံ တယောက်က “နေအိမ်ထဲ သေနတ်နဲ့လာပစ်သွားတာ။ အချက်ရေ တော်တော်များတယ်။ နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်။ ဖြစ်ဖြစ်ချင်း ဘယ်သူမှ သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။

သေနတ်သမားတွေဟာ ဒေါ်ကေသီကို  ၇ ချက် ပစ်ခတ်ခဲ့ပြီး ညာဘက်မျက်လုံး၊ ညာလက်ခုံ၊ ဆီးခုံ၊ ရင်ညွန့်နဲ့ ဝမ်းဗိုက် တို့မှာ ဖောက်ဝင်ဒဏ်ရာတွေရရှိ​ပြီးနေရာမှာတင် သေဆုံးသွားခဲ့တာပါ။ ရပ်/ကျေးအဆင့် ကြံ့ခိုင်ရေးပါတီဝင်ဖြစ်တဲ့ ဒေါ်ကေသီ ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရပ်ရွာထဲမှာ နေရတကာ ပါတတ်သူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောစိုးသိန်းဟာ နေအိမ်ရှေ့မှာရှိ နေတုန်း လက်နက်ကိုင် လူတစုရောက်လာပြီး ပစ်သတ်ခဲ့တာ​ကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ https://burmese.dvb.no/post/615324

၂၄။ မြိတ်မှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်စီးရင် ပစ်မိန့်ထုတ်၊ ဆိုင်ကယ်ကို နှစ်ပတ်သိမ်းမယ်လို့ ကြေညာထား
     September 18, 2023

မြိတ်မြို့မှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်စီးတာတွေ့ရင် သေနတ်နဲ့ပစ်မိန့် ထုတ်ထားပြီး ဆိုင်ကယ်ကိုလည်း သိမ်း မယ်လို့ ကြေညာထားတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။“အမျိုးသားနှစ်ယောက်စီးတာတွေ့ရင် ဆိုင်ကယ်ကို ၁၄ရက် သိမ်းထားမယ်။ ရုံးချိန်းပြီးမှ ထုတ်ပေးမယ်။ ပြေးရင်တော့ ပစ်မယ်။”ဆိုတဲ့ စာသားပါအမိန့်စာရွက်ကို မြိတ်မြို့က ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးတံခါးတွေမှာ အခုလ ၁၅ ရက်နေ့ကစပြီး ကပ်ကာ ကြေညာထားတာလို့ သိရပါတယ်။ အခုလို တင်းကြပ်လိုက်တာ ဟာ မြိတ်မြို့နယ်နဲ့ ကပ်ရပ်မြို့နယ်ဖြစ်တဲ့ ပုလောမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်စစ်ရေးတင်း မာနေလို့ လုံခြုံရေးအခြေအနေစိုးရိမ်တာကြောင့်စစ်ကောင်စီအဝန်းအဝိုင်းက ဒီလိုအမိန့်ထုတ်လိုက်တာဖြစ်နိုင်တယ်လို့ မြိတ်မြို့ ခံ အမျိုးသားတစ်ဦးက ခန့်မှန်းပါတယ်။ အဲဒီအမိန့်ထုတ်ပြန်ပြီးနောက်မှာ မြိတ်မြို့အတွင်း အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီး ပြီးသွားတာမျိုး မတွေ့ရတော့ဘူးလို့ သိရပါတယ်။ အသက် ၂၀ ဝန်းကျင်အရွယ်မြို့ခံအမျိုးသား နောက်တစ်ဦးကတော့ “နေ့ဘက် ဆိုရင်တော့ပုံမှန်ပဲ။ ညဘက်ကျမှ ပိုပြီးဂရုတစိုက်သွားနေရတယ်။” လို့ ပြောပါတယ်။ အခုလ ၁၅ ရက်‌နေ့ကစပြီး အုပ်ချုပ်ရေးရုံး တံခါးတွေမှာကပ်ထားတဲ့ ကြေညာစာရွက်တွေကိုတော့ ဒီကနေ့မနက်မှာ မတွေ့ရတော့ဘူးလို့လည်း မြို့ခံတွေက ဆိုပါတယ်။

မြိတ်မြို့မှာ ဆိပ်ငယ်ရပ် ကမ်းနားလမ်း၊ ထားဝယ်ကမ်းလမ်း၊ မြို့သစ်စျေးဟောင်းလမ်းလေးဆုံ၊ ဘုရားကိုင်ရပ်ကွက်၊ မြိတ်တောင်ရပ်ကွက်ရုံး၊ အမှတ်(၄)ရဲကင်းစတဲ့နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးလေ့ရှိပြီး မြိတ်တောင်ရုံးအနီး တဝိုက်က မီးသတ်တပ်ဖွဲ့ဝင်တွေပါတဲ့စစ်ဆေးတဲ့အဖွဲ့ကတော့ စစ်ဆေးတဲ့နေရာမှာအကြမ်းဆုံးလို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီအဖွဲ့ဟာ ဆိုင်ကယ်တွေကို ထိုင်ခုံလှန်စစ်တာအပြင် လူကိုယ်ခန္ဓာတွေကို စမ်းပြီးစစ်‌ဆေးတာ အများဆုံးလို့ သိရပါတယ်။ မြိတ်မြို့မှာ အဲဒီအမိန့်ကြေညာစာထွက်လာတဲ့ အခုလ ၁၅ ရက်နေ့ညက သားအဖနှစ်ယောက် အလုပ်ပြန်လာချိန် မြို့တွင်းမှာ ကင်းလှည့်နေတဲ့ ရဲတစ်ဦးနဲ့စစ်သားတစ်ဦးက လိုက်လံတားဆီးပြီး ငွေတောင်းလို့ သားဖြစ်သူကပြန်ပြောရာက သေနတ်ဒင်နဲ့ ထုပြီး ဆိုင်ကယ်သိမ်းသွားတဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိတယ်လို့ သိရပါတယ်။ အဲဒီဆိုင်ကယ်ကိုလည်း ကျပ် ၃ သိန်းနဲ့ ပြန်ရွေးခိုင်း ခဲ့တယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo/?fbid=336260008791755&set=a.196212682796489

၂၅။ ပြည်နယ်ကောင်စီဥက္ကဋ္ဌ၏ ခွင့်ပြုမိန့်ဖြင့် ငါးကန်တူးမည်ဟုဆိုကာ ရွှေတူးနေသည်ဟုဆို
    September 18, 2023

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ခွင့်ပြုမိန့်ဖြင့် ငါးကန်တူးသည်ဟုဆိုကာ မချမ်းဘော့မြို့နယ်အတွင်း ရွှေတူးဖော်မှုအလွန်များလာပြီး အကျိုးဆက်အနေဖြင့် ချောင်းရေခမ်းခြောက်လာကြောင်း သိရသည်။ နမ်းခမ်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူတို့၏ နေအိမ်များနှင့် စာသင်ကျောင်းပိုင်မြေများတွင် ငါးသားဖောက်ရန်အတွက် ခွင့်ပြုမိန့်ရရှိထားသည်ဟုဆိုကာ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသည်ဟု အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ရပ်မိ ရပ်ဖတစ်ဦးက ပြောသည်။“ခြံဝန်းတွေမှာလည်းတူးကြတာ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း ခြံဝန်းမှာတွေက တူးလို့မရ ဘူးလို့လည်း မပြောကြဘူး။ ဒေသခံတွေက သနားစရာလေး ငါးကန်ဆိုတာ ဗန်းပြတာပဲဟုတ်တယ်။ ရွှေတူးတာက ပေါ်တင်ပါပဲ မျောချပီးလုပ်တာပါ။ ဆယ်ပေလောက်နက်သွားပေမဲ့ ဖာမရောက်မချင်းတော့ဆက်တူးတာကြဆိုတော့ ငါးကန် မဖြစ်တော့ဘူး လေ” ဟုပြောသည်။ အဆိုပါရေကန်မှာ ပေ ၃၀ ပတ်လည်အကျယ်ရှိပြီး အနက် ၁၀ ပေကျော်ရှိကြောင်း ဒေသခံများထံက သိရ သည်။

ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းနေသော နမ်းခမ်းချောင်းတွင်လည်း ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ အပါ အဝင် စက်ဆိုင်း ၂၀ ခန့်ဖြင့် ရွှေတူးဖော်နေကြကြောင်း သူကဆက်ပြောသည်။“တစ်နိုင်တစ်ပိုင်နဲ့ လုပ်နေတာ အားလုံးက ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူကြီးတွေဟာပဲဟုတ်တယ်။ အရင်ကနေကာကွယ်ထားတဲ့နေရာဖြစ်လို့ မတူးကြနဲ့လို့ပြောတာ နားမထောင်ဘဲနဲ့ မြို့နယ်အုပ်ချုပ်ရေးတွေစီ သွားခွင့်တောင်းပြီး တူးနေကြတာ။ ဒေသခံတွေရဲ့ဆန္ဒမပါဘဲ အထက် လူကြီးတွေကို ပိုက်ဆံပေးပြီးတူးကြတာ” ဟုပြောသည်။ နမ်းခမ်းချောင်းရေကို ကျေးရွာအတွင်းရှိ လယ်ယာစိုက်ပျိုးရေးအတွက် အသုံးပြုနေ သောကြောင့် ချောင်းရေခမ်းသွားပြီး ရေလွှဲမြောင်းများ ပျက်စီးလာမည်ကာ ချောင်းအနီးမှ ရာသီပေါ်စိုက်ခင်းများ ပျက်စီးသွား မည်ကို ဒေသံများက စိုးရိမ်နေကြခြင်းဖြစ်သည်။ လက်ရှိဘက်ဟိုးလေးစီးဖြင့် ရွှေတူးဖော်နေသူများတွင် မချမ်းဘော့မြို့မှ ဦးအင်ဖုန်းလဒိန်ဆိုသူနှင့် ဗန်းမော်မြို့မှ ဦးအိုက်စံဆိုသူပါဝင်ကြောင်းသိရပြီး ခြံပိုင်ရှင်အချို့မှာလည်း အကျိုးအမြတ်ရယူကာ ပူး ပေါင်းလုပ်ကိုင်နေကြသူများလည်းရှိကြောင်း ဒေသခံများထံကသိရသည်။ ရွှေတူးဖော်မှုကို ကန့်ကွက်လိုသော်လည်း မချမ်းဘော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၊ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၁၃၇) နှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ငွေကြေး ကောက်ခံနေသောကြောင့် သွားရောက်တိုင်ကြားရန် အခက်အခဲကြုံရကြောင်း အသက် ၆၀ နှစ်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ https://www.facebook.c om/photo?fbid=626852876309051&set=pcb.626868406307498

၂၆။ မောင်တောတွင် သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ ကွမ်းသီးကားများကို စစ်ကောင်စီဖမ်းဆီး
     September 17, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဂုတ်ပ္ပီတောင်ကျော်လမ်းမှာ သိန်းပေါင်း ၂၃၀၀ ကျော်တန်ဖိုးရှိတဲ့ ကွမ်းသီးကား ၁၃ စီးကို စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ နေ့မနက်အာရုံ ၅ နာရီ၌ စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ မောင်တောမြို့နယ် အကောက်အခွန်ဦးစီးဌာနအား လွဲပြောင်းလိုက် ကြောင်း ကွမ်းသီးကုန် သည်များထံမှသိရှိရပါတယ်။ ကွမ်းသီးတင်လာတဲ့ ကားသမားတယောက်က “ကျနော်တို့က ဂြိုက်ချောင်း နယ်ခြားစောင့်စခန်းကို ငွေပေးပြီးသား။ သူတို့က မနက်အာရုံ ၅ နာရီလောက်မှ သွားကြပါဆိုလို့ ကားတွေအားလုံး တန်းစီစောင့် နေကြတာ။ မနက်မိုးလင်းမှ အထက်အမိန့်အရ မောင်တောကိုသွားပါဆိုပြီး ကားတွေမှာပါလာတဲ့ လူတွေရဲ့ ဖုန်းတွေအားလုံးကို သိမ်းလိုက်တာ။ ကားတွေကို မောင်တောမြို့နယ် အကောက်အခွန်က ကွမ်းသီးတွေကို ကန့်သတ်ကုန်အနေနဲ့ သိမ်းတယ်ဆိုပြီး ကွမ်းသီးအိတ်တွေကို သူတို့ဂုံတင်(ဂိုဒေါင်)ထဲမှာ ချခိုင်းထားလိုက်ကြတယ်”လို့ ပြောပါတယ်။ မောင်တောဒေသကို ကွမ်းသီးတွေ သယ်ယူရာမှာ အရင်ကတော့ ရေချမ်းပြင်၊ အငူမော်၊ အင်းဒင်၊ မောရဝတီ၊ ၃ မိုင် စုပေါင်းအဖွဲ့၊ မြို့ဝင်ဂိတ်၊ သီဟိုဠ်ခြံဂိတ်၊ ဌာနချုပ်ဂိတ်၊ ၂၄ စစ်ဆေးရေးဂိတ်တို့မှာ ငွေပေးသွားလာလို့ရခဲ့ပေမဲ့ ရခိုင်ပြည်နယ်တိုင်းမှူး အမိန့်နဲ့ ကွမ်းသီးကို ကန့်သတ်ကုန် အဖြစ်သတ်မှတ်ပြီး မောင်တောမြောက်ပိုင်းကို သယ်ယူခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ မောင်တောဒေသခံတယောက်က “ဒီကွမ်းသီးတွေက ပြည်ပက တင်သွင်းလာတဲ့ ကုန် တွေ မဟုတ်ဘူးလေ။ မြန်မာ့ဒေသထွက်ကုန်တွေ ဖြစ်တယ်။ အဲဒီလိုကုန်စည်တွေကို မြန်မာအပိုင်ဖြစ်တဲ့ မောင်တောကို မသယ် ရဘူးလို ပိတ်ပင်တားမြစ်လာနေတာက ဥပဒေမဲ့ဖြစ်နေတယ်။ ဘင်္ဂလာဘက်ကို ပို့တဲ့အချိန် ဖမ်းပေါ့။ အခုက ဒေသတွင်း သယ်ယူ နေတာလေ။ သူတို့ နယ်ခြားစောင့်တွေကိုလည်း ပေးကမ်းပြီးသွားကြရတာလေ”လို့ ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ ကွမ်းသီး ကားတစီးမှာ ပိဿာ ၃၀၀၀ လောက်ပါပြီး ကာလပေါက်စျေး တပိဿာ ၆၀၀၀ ကျပ်နဲ့ဆိုရင် စုစုပေါင်း သိန်း ၂၃၀၀ ကျော်တယ်လို့ ကွမ်းသီးကုန်သည်တွေက ပြောပါတယ်။ အဲဒီကွမ်းသီးတွေကိုလက်ရှိမှာမောင်တောမြို့နယ်အကောက်အခွန်ဦးစီးဌာန၊ သိုလှောင် ရုံမှာထားပြီး ကုန်ကား ၁၃ စီးကို တရားရုံးတင်ဖို့ ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ မောင်တောဒေသဆီ ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ကန့်သတ်နေတာဟာ ဒေသခံတွေကို အဲဒီဒေသမှာ မနေထိုင်နိုင်အောင် ဖိနှိပ်ချုပ်ချယ်လာတာဖြစ်တယ်လို့ ရခိုင် ဝါရင့်နိုင်ငံရေးသမားတွေက သုံးသပ်ထားပါတယ်။ https://burmese.dvb.no/post/615312

၂၇။ သထုံနှင့်ကျိုက်ထိုက  ထိုင်းငွေလွှဲ လုပ်ကိုင်သူ ၂ ဦး ဖမ်းဆီးခံရ
     September 17, 2023

မွန်ပြည်နယ်၊  သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်က ထိုင်းငွေနဲ့မြန်မာငွေ  ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ၂ ယောက်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းလောက်က သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၊ ရွာလယ်ပိုင်းမှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် မမေရတနာဦးကို  သိမ်ဆိပ် နယ်မြေရဲ တွေ နဲ့ စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားခဲ့တာပါ။ ဒါ့အပြင်  ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ်  မချိုလွင်အေးကိုလည်း ကျိုက်ထိုရဲစခန်းက ရဲနဲ့စစ်တပ်က ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။ ကျိုက်ထိုဒေသခံ တယောက် က “မနေ့က ထိုင်းငွေလွှဲလုပ်သူတွေကို လိုက်ဖမ်းတယ်လို့ သိရတယ်။ တယောက်တော့ မိသွားတယ်။ လုပ်တဲ့သူတွေ ကတော့ အများကြီးပဲ။ မနေ့က ဖမ်းဆီးရေးသတင်းကြောင့် အများစု ဆက်မလုပ်ကြတော့ဘူး” လို့ ပြောပါတယ်။

ငွေလွှဲလုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ၂ ယောက်ကို သက်ဆိုင်ရာ ရဲစခန်းမှာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၁ နဲ့ အမှုဖွင့်လှစ်ထား တယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။  မွန်ပြည်နယ်ထဲက ငွေလဲလုပ်နေသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  လိုက်လံဖမ်းဆီးနေတာကြောင့် တနိုင်တပိုင်ငွေလွှဲလုပ်ကိုင်သူ အများစုဟာ လုပ်ငန်း ရပ်နားထားတယ်လို့လည်း လုပ်ကိုင်နေသူ တွေဆီက သိရပါတယ်။ https://burmese.dvb.no/post/615302

၂၈။ ရခိုင်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီအဖွဲ့ဝင်များ လာရောက်စည်းရုံးလျှက်ရှိ
     September 18, 2023

တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီက စီစဉ်လျှက်ရှိနေပြီး ရခိုင်ပြည်မှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီအဖွဲ့ဝင်များက ဒေသခံပြည်သူများအား လာရောက်စည်းရုံးနေကြောင်း သိရသည်။  စက်တင် ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အတူ ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းတို့အဖွဲ့မှာ ကျောက်ဖြူခရိုင်နှင့် တောင်ကုတ်ခရိုင်သို့ ရောက်ရှိလာကာ ဒေသခံပြည်သူများအား စည်းရုံးခဲ့ခြင်းဖြစ် သည်။ စစ်ကောင်စီက လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုရှိစေရေးကို အလေးထားဆောင်ရွက်နေသည်ဟု ဒေါက်တာဘရွှေက ဒေသခံများအား ပြောကြားခဲ့သည်။ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အဓိကထား အကောင်အထည်ဖော်နေခြင်းနှင့် ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ဒေသခံပြည်သူများကလည်း ဝိုင်းဝန်း ပူးပေါင်းကြ ရန် ဒေါက်တာဘရွှေက စည်းရုံးခဲ့သည်။

ကျောက်ဖြူဒေသခံတစ်ဦးက “ရခိုင်မှာ ဘယ်လောက်ပဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စည်းရုံးစည်းရုံး ဒေသခံတွေက စိတ်ဝင်စားမှာ မဟုတ်ဘူး။ အခု နိုင်ငံတဝန်းမှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာ တွေက အယုံအကြည်မဲ့စေတယ်။ စစ်ကောင်စီက ဘာပဲလုပ်လုပ်ထောက်ခံကြမှာ မဟုတ်ဘူး။ ရခိုင်မှာဆိုရင်လည်း အပြစ်မဲ့ ပြည်သူတွေကို ပုဒ်မအမျိုးမျိုးတပ် မတရားဖမ်းဆီး ထောင်ချလုပ်နေတာတွေကို မျက်ဝါးထင်ထင်မြင်နေရတော့ အရမ်းစိတ်ပျက် နေပါပြီ။ ဒါ့ကြောင့် ရွေးကောက်ပွဲကို သဘောတူမှာမဟုတ်ပါဘူး”ဟု ပြောသည်။ ယင်းအပြင် ဒေါက်တာဘရွှေ သည် ကျောက်ဖြူ ဒေသခံများနှင့် ရမ်းဗြဲဒေသခံတို့ကို ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အကြောင်း ပြောကြားခဲ့သည်။ စီမံကိန်း အကောင်အထည် ဖော်နိုင်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး ကို ဦးစားပေး လုပ်နေသလို ကျောက်ဖြူအထူးစီးပွားရေးဇုန် အောင်မြင်စွာ ပြီးစီးပါက ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာရရှိလာမည်ဟု ဒေါက်တာဘရွှေက ဆိုသည်။ ကျောက်ဖြူအထူးစီးပွား ရေးဇုန်တည်ဆောက်မည်ဆိုလျှင် အသေးစိတ်အချက်အလက်များစွာကို သုတေသနပြုလုပ်ရန် လိုအပ်ကြောင်း၊ မြေယာလျော် ကြေးညှိနှိုင်းခြင်းနှင့် လျော်ကြေးမူဝါဒ အသေးစိတ်ချမှတ်ခြင်းများ၊ ထိခိုက်နစ်နာသွားမည့် ရေလုပ်သားများအတွက် အစားထိုး လုပ်ငန်းများကို အကောင်အထည်ဖေါ်ပေးခြင်းများ၊ ဒေသဖွံ့ဖြိုးရေး မူဝါဒချမှတ်ခြင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများအ တွက် ကြိုတင်ဖန်တီးပေးခြင်းများ ဦးစွာပြုလုပ်ပေးရန် လိုအပ်သည်ဟု ဒေသခံများက တောင်းဆိုနေကြသည်။ https://www.fa cebook.com/photo?fbid=747072914098804&set=a.682731967199566

၂၉။ လိုင်ဇာမြို့အနီးက စစ်တပ်စခန်းကို KIA သိမ်းပိုက်
    September 17, 2023

ကချင်ပြည်နယ် ၊ လိုင်ဇာမြို့နယ်နားက စစ်ကောင်စီတပ်စခန်းကို  ကချင် လွတ်မြောက်ရေးတပ် KIA က  စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။  KIA နဲ့ စစ်ကောင်စီတို့ နမ်ဆန်ယန်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ အောင်ဂျာရွာအထက်ပိုင်းမှာရှိတဲ့ စစ်တပ် စခန်းကို  KIA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။ KIA ရှေ့တန်း သတင်းရင်းမြစ် တယောက်က “မနေ့က မနက် ၆ နာရီ ၁၄ မှာ စတင် တိုက်ခိုက်တာ မနက် ၈ နာရီ ၂၀ မိနစ်နဲ့ ၂၅ မိနစ်ကြားမှာ စခန်းသိမ်း နိုင်ခဲ့ တယ်”လို့ ပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီအင်အား ၂၀ နဲ့ ၃၀ လောက်ရှိပြီး စစ်ကောင်စီဘက်က ကျဆုံး သူ ရှိသလို ထွက်ပြေးတဲ့သူတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။ အဲဒီ တပ်စခန်းဟာ ဗန်းမော်- နမ်ဆန်ယန် – လိုင်ဇာလမ်း ကြောင်း ပေါ်မှာ ရှိပြီး လိုင်ဇာမြို့ အနီး နမ်ဆန်ယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ပစ္စည်းနဲ့ ရိက္ခာထောက်ပို့ လုပ်ရာမှာ အဓိကကျတဲ့ စခန်းတခု ဖြစ်တယ်လို့လည်း ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

KIA ရှေ့တန်း သတင်းရင်းမြစ်က “စခန်းသိမ်းပြီးတော့ ကျနော်တို့ဘက်က လက်နက်ခဲယမ်း ပစ္စည်း‌ကောက်သိမ်းပြီးချိန် မနက် ၉ နာရီ ၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၃ ခါလာကြဲသွားတယ်” လို့ ပြောပါတယ်။ ဒေသခံတယောက်ကလည်း စက်တင်ဘာ ၁၆ ရက်နေ့ နမ်ဆန်ယန်အနီး အောင်ဂျာရွာဘက်က တိုက်ပွဲမှာ မနက်ပိုင်းကစလို့ ည ၁၁ နာရီ ဝန်းကျင်အထိ သိရသလောက် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၈ စင်းနဲ့ ၁၀ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။  ပြီးတော့ ခန်ကိုင် – ခလား (ခါ့လား) – ဘွမ်ရေ – ဖွန်းပျန်ဘွမ် – မုန်လိုင်ချောင်းတံတား – လဂျားယန် ခါ့ယာတောင် လမ်းကြောင်းဘက် ဗန်းမော်ဘက်က စစ်ကြောင်းထိုး အင်အား ထပ်ဖြည့်လာတာ ၁၅၂ ယောက်တိတိ ရှိတယ်လို့လည်း မျက်မြင် ဒေသခံတွေက ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီး မဒီးယန်ကျေးရွာ၊ နမ်ဆန်ယန်ကျေးရွာနဲ့ အောင်ဂျာကျေးရွာတို့မှာ ဇူလိုင်လပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတာပါ။ https://burmese.dvb.no/post/615305

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button