သတင်း

ရှမ်းတောင်မှာ စားအုံးဆီလုဝယ်ရင်း စကားများရန်ဖြစ်တာတွေ ရှိနေတာကြောင့် စားအုံးဆီဝယ်ခွင့်ကတ်ပြား ထုတ်ပေးမယ်

ရှမ်းတောင်မှာ စားအုံးဆီလုဝယ်ရင်း စကားများရန်ဖြစ်တာတွေ ရှိနေတာကြောင့် စားအုံးဆီဝယ်ခွင့်ကတ်ပြား ထုတ်ပေးမယ်

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၈၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ စားအုံးဆီလုဝယ်ရင်း စကားများရန်ဖြစ်တာတွေ ရှိနေတာကြောင့် အခုရက်ပိုင်းအတွင်း စားအုံးဆီဝယ်ယူခွင့်ကတ်ပြား ထုတ်ပေးသွားမှာဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ရှမ်းတောင်မှာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ စားအုန်းဆီ တစ်ပိဿာကို ၄၇၀၀ကျပ်နဲ့ ၅၈၀၀ ကျပ်ကြား ဈေးနှုန်းနဲ့ ရောင်းချပေးနေတာကြောင့် တန်းစီဝယ်ယူသူအများအပြားရှိနေတယ်လို့ သိရပါတယ်။

အဲဒီလိုတန်းစီဝယ်ယူရာမှာ တစ်အိမ်ထောင်ကို တစ်ပိဿသာ ရောင်းချပေးနေတာဖြစ်ပေမယ့်
တစ်အိမ်တည်းကနေ လူအများအပြားတန်းစီဝယ်ယူတာ၊ နေရာလုယူတာတွေကြောင့် စကားများပြီး ရန်ဖြစ်ထိုးကြိတ်တာတွေ မကြာခဏရှိနေတာကြောင့် ဆီဝယ်ယူခွင့်ကတ်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

“ကတ်ထုတ်ပေးဖို့ ပြင်ဆင်နေပြီ၊ ရပ်ကွက်ရုံးမှာ အိမ်ထောင်စုဇယားပြပြီး လာထုတ်ရမှာ။ ကတ်နဲ့ဆိုတော့ တစ်အိမ်တည်းကနေ ၄ယောက်ဝယ်လို့ မရတော့ဘူးပေါ့၊ ဒါဆိုအခုလိုစကားများတာတွေပါ လျော့သွားမှာပေါ့”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကို ပြောပါတယ်။

တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ အောင်ပန်း၊ ဟိုပုံး၊ နမ့်စန်စနဲ့ မြို့တွေမှာ စားအုံးဆီတွေကို စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ တစ်အိမ်ထောင်စုကို ၅၀ကျပ်သားကနေ တစ်ပိဿအထိ ရောင်းချပေးနေပြီး ဝယ်ယူသူများပြားလွန်းတာကြောင့် ရောင်းချပြီးခဏအကြာမှပဲ ဆီကုန်သွားတဲ့ အခြေအနေကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button