သတင်း

တိုက်ပွဲဧရိယာ ဖြစ်နေတဲ့ ဗန်းမော်မှာ မနောပွဲကျင်းပဖို့ စီစဉ်နေမှုအပေါ် ကချင်လူထုများဝေဖန်

တိုက်ပွဲဧရိယာ ဖြစ်နေတဲ့ ဗန်းမော်မှာ မနောပွဲကျင်းပဖို့ စီစဉ်နေမှုအပေါ် ကချင်လူထုများဝေဖန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၇၊ ၂၀၂၃

တိုက်ပွဲဧရိယာ ဖြစ်နေတဲ့ ဗန်းမော်မှာ မနောပွဲကျင်းပဖို့ စီစဉ်နေမှုအပေါ် ကချင်လူထုများဝေဖန်က ဝေဖန်ပြောဆိုနေပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ အောင်သာရပ်ကွက်မှာ လာမယ့် နိုဝင်ဘာလထဲ မနောပွဲတော်ကြီးကျင်းပဖို့ စီစဉ်နေတဲ့အပေါ် ဒေသခံများက မလိုလားမှု ရှိနေသလို မနောပွဲ ကျင်းပခြင်း မလုပ်ဖို့ တောင်းဆို ကန့်ကွက်နေတာတွေလည်း ရှိနေပါတယ်။

အခု မနောပွဲတော်ကြီး အစီအစဉ်ကို ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီကနေ ဦးဆောင်ကျင်းပမှာ ဖြစ်ပြီး ပွဲဖြစ်မြောက်ရေး အတွက် လက်ရှိ စစ်ကောင်စီ တာဝန်ရှိသူများနဲ့ ညှိနှိုင်းထားကာ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲဒီ မနောပွဲတော်ကြီး အစီအစဉ်ဖြစ်မြောက်ရေးအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ ကချင်ပြည်နယ် ကောင်စီဥက္ကဋ္ဌ Hkyet Hting Nan နဲ့ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူတို့၏ ဗန်းမော်ခရီးစဉ်အတွင်း ရိုရားယဉ်ကျေးမှုအဖွဲ့ဝင် တာဝန်ရှိသူ တစ်ချို့က ရိုးရာ ပလိုင်းကိုင်ဆောင်ပြီး မနောပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး မြသီတာ အေးရိပ်သာမှာ သွားရောက် တွေ့ဆုံပြောဆိုခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တွေမှာ ဖော်ပြပါတယ်။

လူမှုတရားမျှရေး လှုပ်ရှားသူ အက်စာဇယ်နော်ကတော့ မနောပွဲကျင်းပဖို့ ကြေညာချက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက် (Facebook) ကတဆင့် အခုလို ဝေဖန် ရေးသား ပြောဆိုပါတယ်။
“ဒီလောက် တိုက်ပွဲတွေဆက်၊ ကြပ်တည်းနေတဲ့ ကာလမှာတောင် – ပွင့်လင်းရာသီရောက်လာပြီဆို ကချင်တွေရဲ့ ကောက်သစ်စားချင်၊ မနောပွဲပွဲချင်တဲ့ရောဂါက ဘိန်းစားတွေလိုပဲ ယင်းထလာကြပြီ။ ထူးခြားတာက အဲ့ယင်းက ရင်ကြေးမှုလူကြီးတွေမှာ အထများတတ်တယ်။ နောက်ပြီး ဆင်တွေမြင်ရင် ယင်းပိုကြွလာတတ် တယ်လို့ ကြားဖူးတာပဲ၊ ဟုတ်မဟုတ်တော့မသိဘူး။ လူငယ်တွေကတော့ မြို့ပတ်ချာလည်မှာဖြစ်နေတဲ့ မုန့်ဟင်းခါးချက်ပွဲတွေအတွက် အားစိုက်နေရတော့ ယင်းထချိန်တောင်မရှိ။ အလုပ်လုပ်နေတဲ့လူငယ်တွေက အလုပ်ကတဖက်၊ အချိန်အခါမဟုတ် ယင်းထလာတဲ့ လူတွေကို စိတ်ပျက်ရတာက တစ်ဖက်နဲ့…။”

ဗန်းမော်ဒေသခံ လူငယ်တဦးကလည်း ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီကနေ ကျင်းပပြုဖို့ ကြေညာထားတဲ့ မနောပွဲ ဆိုတာ ကတော့ တတိုင်းပြည်လုံးက တော်လှန်လူငယ်တွေ၊ ပြည်သူတွေကို စော်ကားလိုက်သလို ဖြစ်နေတယ်။ အထူးသဖြင့် ကချင်လူမျိုးတွေအပေါ် ကချင်မဟုတ်တဲ့ တခြား လူမျိုးတွေက အမြင်အမျိုးမျိုး မှားယွင်းစွာ မြင်သွားနိုင်တယ်။ ဒါက စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် လုပ်ဇာတ် တစ်ခုပါပဲလို့ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် မနောပွဲတော်ဟာ ကချင်လူမျိုးများအတွက် အောင်မြင်မှု၊ ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုတို့ကို သရုပ်ဖော် သင်္ကေတအဖြစ် ပုံဖော်ကြတဲ့ ပွဲတော်ဖြစ်လို့ အခု ကာလဟာ ဝမ်းနည်းကြေကွဲစရာများတာ ဖြစ်နေတာကြောင့် နောင်တချိန် နိုင်ငံရေး တည်ငြိမ်မှု ရှိသွားတဲ့ နောက်မှာသာ ပျော်ရွှင်စွာနဲ့ ပြုလုပ်သင့်တယ်လို့ လူမှုကွန်ရက် (Facebook) အသုံးပြုတဲ့ ကချင် လူထုများက ရေးသား တိုက်တွန်းနေကြပါတယ်။

မနောပွဲကိုတော့ ဆောက်လုပ် ပြီးစီးထားတဲ့ မနောကွင်း မုဒ်ဦး၊ မနောတိုင်၊ မနောရင်ပြင် နဲ့ ၄ ကြိမ်မြောက် ဆွတ်မနော ကောက်သစ်စားပွဲ (Nlung Nnan) စတဲ့ အစီအစဉ်တွေနဲ့အတူ နိုဝင်ဘာလ ၂၁ ရက်နေ့ ကနေ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ်ကျင်းပသွားမယ် ဖြစ်တယ်လို့လည်း ဗန်းမော်ခရိုင် ရိုးရာနဲ့ စာပေယဉ်ကျေးမှု ဗဟိုကော်မတီကလည်း ကြေညာထားပါတယ်။

ဒါ့အပြင် အဲဒီအစီအစဉ်အတွင်း ဖွင့်ပွဲအနေနဲ့ ဂေါက်ရိုက်ပြိုင်ပွဲအပြင် ရိုးရာအကပြိုင်ပွဲ၊ စင်တင်တေးဂီတာဖျော်ဖြေပွဲအစီအစဉ်တို့နဲ့ မနောရိုးရာစုပေါင်းကခြင်းတို့ကိုပါ ပြုလုပ်သွားမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီဘက်က မနောပွဲကို ကြေညာထားတဲ့အစီအစဉ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမယ်လို့ ပြောဆိုနေပေမယ့် တစ်ဖက်မှာတော့ မြစ်ကြီးနား-ဗန်းမော် လမ်းမတလျှောက်အပြင် ဗန်းမော်မြို့နယ်တွေထဲက ကျေးရွာတွေမှာပါ စစ်ပွဲဇုံ ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်ကနေ ပြီးခဲ့တူ ဇူလိုင်လကတည်းက စတင်ပြီး အင်အားအလုံးအရင်းနဲ့ စစ်ရိက္ခာတင်ပို့တဲ့ စစ်ကားယာဉ်တန်းတွေ မြစ်ကြီးနား၊ ဗန်းဘက်ကနေ KIA ဌာနချုပ် တည်ရှိတဲ့ လိုင်ဇာနဲ့ အနီး နမ်ယန်ဘက်သို့ စစ်မျက်နှာ ၁၀ ခုကျော်ဖြင့် ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်နေလို့ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြား ပြင်းထန်စွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

Related Articles

Back to top button