သတင်း

စစ်တွေတွင်အမျိုးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

စစ်တွေတွင်အမျိုးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၃

ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့၊ ဆက်သွယ်ရေးရုံးအနီးမှာ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသွားသူမှာ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ဦးခေါင်းမှာ သေနတ်ဒဏ်ရာတစ်ချက်နဲ့ သေဆုံး သွားတာ ဖြစ်တယ်လို့ စစ်တွေအခြေစိုက် လူမှုကူညီရေးအသင်း ရွှေရောင်‌မေတ္တာက ဆိုပါတယ်။

” ပစ်ခတ်မှုဖြစ်ပွားတာမှန်တယ်။ သေတဲ့သူက ဘယ်ကလဲတော့မသိဘူး။ သေနတ်ဒဏ်ရာက တစ်ချက်ပါ။ အသက်က ၂၈ နှစ်၊ ၃၀ ဝန်းကျင်။ ဘယ်သူပစ်တယ်၊ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကိုလည်း မသိဘူး” လို့ ဆိုပါတယ်။

ဒီလိုမျိုး ပစ်ခတ်မှုဖြစ်ပွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်တွေမြို့အတွင်း လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှု တွေလုပ်နေတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ တစ်ရက်နေ့ကလည်း စစ်တွေတက္ကသိုလ်အနီးတွင် ALP တပ်ဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး သွားခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်တွေမြို့၊ အာဂျိတ်တော်ကုန်းမှာ ALP တပ်ဖွဲ့ဝင် ၃ ဦးပစ်ခတ်ခံရပြီးတော့ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button