သတင်း

မောင်တောသို့ ကုန်ပစ္စည်းသယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် အခက်အခဲတွေဖြစ်နေ

မောင်တောသို့ ကုန်ပစ္စည်းသယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် အခက်အခဲတွေဖြစ်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၃။

ရခိုင်ပြည်၊ မောင်တောမြို့သို့ စားသောက်ကုန်တွေအပါအဝင် ကုန်ပစ္စည်းတချို့ သယ်ယူမှုကို စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် ကားသမားတွေဟာ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စားသောက်ကုန်တွေအပါအဝင် ‌ပရိဘောဂပစ္စည်းတင်သွင်းမှုတချို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလကနေ ကန့်သတ်ထားတဲ့အတွက် ကားသမားတွေဟာ အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။

” စားသောက်ကုန်တွေကလည်း မတင်ရဘူး။ ကျနော်တို့ ကုန်ပစ္စည်းတွေ သယ်လာတယ်ဆိုရင် အငူမော်ဖက်မှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက ဟိုပစ္စည်းကို မသယ်ယူရဘူး။ ဒီပစ္စည်းတွေကို မသယ်ယူရဘူးဆိုပြီးတော့ ကျနော်တို့ကို လှည့်ပြန်ခိုင်းတယ်” လို့ ဆိုပါတယ်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေသို့ တင်ပို့မှုကို ကန့်သတ်ခံထားရတဲ့ ကုန်ပစ္စည်းတွေကတော့ ဆန်၊ ဆား၊ ငါးပိ၊ ငါးခြောက် စတဲ့ စားသောက်ကုန်တွေအပါအဝင် စက်သုံးဆီနဲ့ ပရိဘောဂ ပစ္စည်းတွေကိုလည်း ကန့်သတ်ထားတယ်လို့ ကားသမားတွေက ဆိုပါတယ်။

ဒီလိုမျိုး လှည့်ပြန်ခိုင်းတဲ့အတွက် ကားသမားတွေမှာ အလုပ်သမားခတွေနဲ့ ဇက်ခတွေအတွက်လည်း ကုန်ကျစရိတ်တွေ များနေတဲ့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီ‌တပ်သားတွေက ဘူးသီတောင်၊ မောင်တောမြို့သို့ ဂျုံ၊ ခေါက်ဆွဲ စတဲ့ ကုန်ပစ္စည်းတချို့ကိုသာ သယ်ယူခွင့်ပေးထားတယ်လို့ ဆိုကြပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button