သတင်း

KGZ တပ်ဖွဲ့ဝင် (၃၈)ဦး KNDF – BO (1) ထံ လာရောက်ပူးပေါင်းခဲ့

KGZ တပ်ဖွဲ့ဝင် (၃၈)ဦး KNDF – BO (1) ထံ လာရောက်ပူးပေါင်းခဲ့

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၃၁ ရက်၊ ၂၀၂၃။

Karenni Generation Z (KGZ)တပ်ဖွဲ့ဝင် ( ၃၈ )ဦးဟာ KNDF – BO ( 1 ) ထံ လာရောက် အသွင်ပြောင်းပြီး ပူးပေါင်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Karenni Generation Z(KGZ)တပ်ဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပရဟိတ တိုက်ခိုက်ရေး အဖွဲ့လည်း ဖြစ်ပါတယ်။

အခုလို ဘက်ပြောင်းမှုနဲ့ ပတ်သက်ပြီး KNDF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန် ပြောပြတာက “သူတို့(KGZ) အချင်းချင်း ကြားထဲမှာ မကြေလည် ကြတဲ့ဟာ တချို့ ပြသာနာတွေရှိတယ်လို့ သိရတယ်၊ အဲဒါကြောင့် သူတို့က ကျနော်တို့ တပ်ရင်း( ၁ )ထံမှာ ( ၅ )ခါထက်မနည်း လာပြောတယ်၊ သူတို့တပ်ဖွဲ့ ဝင် တချို့ ကို လာရောက် ပူးပေါင်း ပါဝင်ချင်တယ် ဆိုတာပေါ့၊ ပြီးတဲ့ ( ၂ )လ လောက်က ဒီတိုင်းလက်ခံ ထားတယ်၊ ပြီးမှ ဒီလ လလယ်လောက်မှ KNDF – BO1 တပ်ဖွဲ့ ဝင် နံပတ်တွေ သစ္စာရေ တွေသောက် ကျမ်းသစ္စာတွေ ဆိုတာတွေ လုပ်ခဲ့ပါ တယ်”

Karenni Generation Z (KGZ)တပ်ဖွဲ့ဝင် (၃၈)ဦး ဘက်ပြောင်းပြီး လာရောက် ပူးပေါင်းတဲ့ချိန် လက်နက်( ၁၄ )လက်ကို လည်း ယူဆောင် လာနိုင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – KNDF

Related Articles

Back to top button