သတင်း

ကျိုက်ထိုတော်လှန်ရေး အင်အားစုက နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးရေးလုပ်ငန်းတွေ စတင်ပြုလုပ်

ကျိုက်ထိုတော်လှန်ရေး အင်အားစုက နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးရေးလုပ်ငန်းတွေ စတင်ပြုလုပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

သြဂုတ် ၁၉ရက်၊ ၂၀၂၃။

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးမှာရှိတဲ့ တိုးဂိတ်၊ပုဂံဘုရား၊သထုံစု၊ကျောက်ကလပ်၊ပေရှစ်ဆယ်နဲ့ သိမ်ဇရပ် မြို့ အဝင်တို့ကို နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က ယနေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ(၁၈) ရက်နေ့မနက်အစောပိုင်းမှာ KNU/KNLA၊KRF၊ABSDF၊ဝံပလွေနက် စစ်ကြောင်းအဖွဲ့နဲ့ ကျိုက်ထို(ပ.က.ဖ) တို့ပူးပေါင်းပြီး စစ်ဆေးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့တယ် လို့ သိရပါတယ်။

စစ်ဆေးရေးလုပ်ငန်းတွေဆောင်ရွက်ချိန်မှာ ပြည်သူတွေအနေနဲ့ တက်ကြွပျော်ရွှင်စွာပူးပေါင်းပါဝင်ပေးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေကို အစားအသောက်ပစ္စည်းတွေ ထောက်ပံ့ကူညီပေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို မနေ့က နေ့လည် (၁၁) နာရီမှာ ရုတ်သိမ်းခဲ့ကြပါတယ်။

Photo – KRF

Related Articles

Back to top button