သတင်း

ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်နဲ့အတူ နွေဦးတော်လှန်ရေးအင်အားတို့ရဲ့ ဘုံသဘောထားကို NUCC ထုတ်ပြန်

ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်နဲ့အတူ နွေဦးတော်လှန်ရေးအင်အားတို့ရဲ့ ဘုံသဘောထားကို NUCC ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

သြဂုတ် ၆ ရက်၊၂၀၂၃ ခုနှစ်။

ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက်နဲ့အတူ နွေဦးတော်လှန်ရေး၌ အတူတကွလက်တွဲ တိုက်ပွဲ ဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ၏ဘုံရပ် တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက် ကို NUCC ထုတ်ပြန်ပါတယ်။

NUCC ရဲ့ ထုတ်ပြန်ချက်မှာတော့ နွေဦးတော်လှန်ရေးအင်အားစုများက လက်ခံယုံကြည်သဘောတူထားပြီး မျှော်ရည်ပိုင်းဖြတ်ထားတဲ့ ခေတ်သစ်၊ စနစ်သစ် ပြောင်းလဲရေးဆိုင်ရာ ရည်မှန်းချက် စံတန်ဖိုးများအား လမ်းလွဲစေမယ့် မည်သည့် နိုင်ငံရေး အခင်းအကျင်းမျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ အာဏာသိမ်း အလေ့အထ လုံးဝအဆုံး သတ်ချုပ်ငြိမ်း စေရေး မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေအနေနဲ့ အခိုင်အမာ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို တိုင်းရင်း သား လူမျိုးပေါင်းစုံကိအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေများကို တာဝန်ယူမှုတာဝန်ခံမှု ရှိစေဖို့ အကောင်အထည်ဖော်ဆောင်သွားမှာ ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုံ တန်းတူပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်နဲ့ ပြောင်းလဲဖွဲ့စည်းတည်ထောင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုထုတ်ပြန်ချက်ဟာ တော်လှန်ရေးအင်အားစုများရဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်ဟူသမျှ ချုပ် ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter) အစိတ်အပိုင်း (၁) ပါ ပြည်ထောင်စုမျှော်ရည်ချက်နှင့် စံတန်ဖိုး၊ လမ်းညွှန် အခြေခံမူများ၊ အခြေခံမူဝါဒများနှင့် နိုင်ငံရေးလမ်းပြမြေပုံတို့ကို အခြေခံ၍ နိုင်ငံရေး ရည်မှန်းချက်များနှင့် နိုင်ငံရေးရပ်တည်ချက်များကို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

Related Articles

Back to top button