သတင်း

မိုးဗြဲ – လွိုင်ကော် / ဆီဆိုင် – လွိုင်ကော် လမ်းမများမှာ KNDF နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ

မိုးဗြဲ – လွိုင်ကော် / ဆီဆိုင် – လွိုင်ကော် လမ်းမများမှာ KNDF နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

ဇူလိုင် ၂၂ ရက်၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည်နယ်  မိုးဗြဲ – လွိုင်ကော် / ဆီဆိုင် – လွိုင်ကော် လမ်းမများမှာ ပြီးခဲ့တဲ့ ဇူလိုင်လ( ၂၀ )ရက်နေ့က စတင်ပြီး KNDF နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပါတယ်။

ဇူလိုင်လ( ၂၀ )ရက်နေ့က အင်အား( ၂၅၀ )ခန့်ရှိတဲ့ စစ်ကောင်စီတပ်များဟာ မိုးဗြဲကနေ လွိုင်ကော်သို့ ခြေလျင်ဖြည့် စစ်ကြောင်းထိုးလာခဲ့သလို လွိုင်ကော်ရှိစစ်ကောင်စီတပ်ဖွဲ့မှလည်း ခြေလျင်ဖြင့် လွိုင်ကော်မှ ကယန်းသာဖက်သို့ စစ်ကြောင်းထိုးလျက်ရှိပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကို မိုးဗြဲ – လွိုင်ကော် / ဆီဆိုင် – လွိုင်ကော် လမ်းမပေါ်မှာ KNDF တပ်ဖွဲ့က အသင့်နေရာယူလျက် ကြားဖြတ်တိုက်ခိုက်ခဲ့လိုပ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများရှိခဲ့ပြီး၊ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ( ၄ )ဦးထိခိုက်ဒဏ်ရာသလို၊ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့မှာလည်း မိုးဗြဲ – လွိုင်ကော်လမ်းမပေါ် သစ်လုံးကွင်အနီးမှာ KNDFနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ခရီးသည်ယာဥ်များ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

KNDF တပ်ရင်း – ၂ ကတော့ ဇူလိုင် ( ၁၈ )ရက်နေ့က မိုးဗြဲ – လွိုင်ကော် / ဆီဆိုင် – လွိုင်ကော် လမ်းမများတွင် ခရီးသွားလာရှောင်ရှားဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – KNDF BO-2

Related Articles

Back to top button