သတင်း

စစ်အာဏာရှင်တွေ ပြစ်မှုကျုးလွန်သူတွေကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေဖို့အတွက် အမေရိကန် ရှေ့ဆုံးကနေ ပါဝင်နေတယ်လို့ ဆို

စစ်အာဏာရှင်တွေ ပြစ်မှုကျုးလွန်သူတွေကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေဖို့အတွက် အမေရိကန် ရှေ့ဆုံးကနေ ပါဝင်နေတယ်လို့ ဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၁၈ ရက်၊ ၂၀၂၃။

စစ်အာဏာရှင် အဖွဲ့အစည်းကို ဖိအားပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ခံမှု ရှိစေရေးအတွက် နိုင်ငံတကာ အားထုတ်မှုမှာ အမေရိကန်ဟာ ရှေ့ဆုံးကနေ ပါဝင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံ အသစ် မစ္စ ဆူဆန်စတီဗင်ဆင်က ပြောလိုက်ပါတယ်။

“စစ်အာဏာရှင် အဖွဲ့အစည်းကို ဖိအားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့အတွက် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်ပြည်ထောင်စုဟာ ရှေ့ဆုံးက ပါဝင်နေပါတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ပြင်းထန်ဆိုးရွားသည့် အခက်အခဲများကို နားလည် သိရှိသည့်အပြင် ပြည်သူများ၏ လူ့အခွင့်အရေးကို အကာအကွယ်ပေးပြီး ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ ထောက်ခံအားပေး နေတယ်လို့ မစ္စ ဆူဆန်စတီဗင်ဆင်ရဲ့ သံရုံးထုတ်ပြန်ချက်မှာ ပြောဆိုထားတာပါ။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပဋိပက္ခကို အဖြေရှာနေကြသူများအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှား ဆောင်ရွက်မှုများကိုလည်း အားပေး ထောက်ခံနေသလို၊ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုအကူအညီ လိုအပ်သူများထံသို့ အကူအညီ ရောက်ရှိရေးအတွက် အာဆီယံအပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမိတ်ဖက်များဖြင့်လည်း ချိတ်ဆက် ဆောင် ရွက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံ အသစ် မစ္စ ဆူဆန်စတီဗင်ဆင်က ပြောပါတယ်။

သံအမတ်ကြီးအဖြစ် ၂ နှစ်နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ သောမတ်စ်ဗိုက်ဒါ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာသွားပြီးနောက် ယာယီတာဝန်ခံအဖြစ် သံရုံးဒုတိယအကြီးအကဲ Deborah Lynn က တာဝန်ယူခဲ့ပြီး နောက် ယခုအခါ တာဝန်ခံအသစ်အဖြစ် မစ္စ ဆူဆန်စတီဗင်ဆင် ကိုရွေးချယ် ခန့်လိုက်ခြင်း ဖြစ်ပါတယ်။

ဓါတ်ပုံ – U.S. Embassy Rangoon (စက်ခင်ရှော့) 

Related Articles

Back to top button