သတင်း

ပုလောမြို့ နယ်ထဲက ပျူစောထီးတို့ရဲ့ နေအိမ် ၄ လုံး နှင့် ဥယာဥ်ခြံမြေတစ်ခုကို PDF တွေ ချိပ်ပိတ်

ပုလောမြို့ နယ်ထဲက ပျူစောထီးတို့ရဲ့ နေအိမ် ၄ လုံး နှင့် ဥယာဥ်ခြံမြေတစ်ခုကို PDF တွေ ချိပ်ပိတ်

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဇူလိုင်လ ၁၃ရက်၊ ၂၀၂၃။

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်ထဲက ပုလောကုန်း ကျေးရွာအုပ်စု နတ်အိမ်တောင်ကျေးရွာရှိ ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီ သတင်းပေး ဆိုသူများ၏ နေအိမ် ၄ လုံးနှင့် ဥယျာဉ်ခြံ တစ်ခြံတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၁၁ ရက်နေ့တွင် သွားရောက်ချိပ်ပိတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါနေအိမ်နဲ့ ဥယာဥ်ခြံကို KNDO နှင့် ပူရိယက္ခညီနောင် စစ်ကြောင်းတို့က သွားရောက်ပြီး ပြည်သူပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။

” ချိပ်ပိတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်ဆတွဘက်က တုန့်ပြန်လာခြင်းတော့မရှိသေးပါဘူး။ လက်ရှိမှာတော့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ မရှိသေးပင်မဲ့ ရွာထဲကိုတော့ လက်နက်ကြီးတွေ မကြာခဏ ပစ်လေ့ရှိတယ် ” ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက FJMM ကိုပြောပါတယ်။

လက်ရှိ နေအိမ်နှင့် ခြံတို့ကို ချိပ်ပိတ် သိမ်းဆည်းခံရတဲ့ သူများဟာ တိုက်ပွဲကြောင့် နေအိမ် စွန့်ခွာပြီး ပုလောကုန်းကျေးရွာရှိ ပျူစောထီးအကြီးစား ခေါင်းဆောင်၏နေအိမ်တွင် သွားရောက် နေထိုင်နေသည်မှာ ကြာပြီး ဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ယခုအိမ်ချိပ်ပိတ်ခံရသော ပျူစောထီးအဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ ပြည်သူများကို ဖိနှိပ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများပြုလုပ်တဲ့ အပြင် စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်များကိုလည်း ချိပ်ပိတ်ခြင်းများပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုလောမြို့နယ်က စစ်ကောင်စီရဲ့စစ်အုပ်ချုပ်ရေး ကြေညာထားသော ဒေသတစ်ခုဖြစ်သော်လည်း လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေတော်တော်များများကို ထိန်းသိမ်းထားနိုင်ပြီး ပြည်ထောင်စုလမ်းမကြီးကိုပါ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကိုရောက်နေပြီးလို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

ဓါတ်ပုံ – ပူရိယက္ခ ညီနောင် စစ်ကြောင်း

Related Articles

Back to top button