သတင်း

လွိုင်ကော်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေ သေနတ် ရမ်းသမ်း ပစ်ခတ်လို့ ဒေသခံပြည်သူ (၃)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူရှိ

လွိုင်ကော်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေ သေနတ် ရမ်းသမ်း ပစ်ခတ်လို့ ဒေသခံပြည်သူ (၃)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူရှိ

ဖယ်ဒရယ်ဂျာနယ် မြန်မာ၊
ဇူလိုင် ၁၁ ရက်၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာနှင့် နွားလဝိုးဈေးအနီး ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့ မနက် ပိုင်း(၇)နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီတပ်က မိုးဗြဲက‌နေ လွိုင်ကော်မြို့သို့ စစ်ကား (၁၅)စီးခန့်ဖြင့် စစ်သည်အင်အား၊ လက်နက် အင်အားဖြည့်တင်းနိုင်ဖို့ စစ်ကြောင်းထိုးလာပြီးနောက် လမ်းတစ်လျှောက်တွင် ကားပေါ်ကနေ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်  ဒေသခံ ပြည်သူ (၃)ဦးသေဆုံးပြီး၊ ထိခိုက် ဒဏ်ရာရသူများ လည်းရှိခဲ့တယ်လို့ သိရပါတယ်။

ကုန်းသာကျေးရွာဒေသခံ တစ်ဦး ပြောတာက ” မနက် (၇)နာရီလောက်ရှိပြီးထင်တယ်၊ ရုတ်တရက်ကြီး စစ်ကား တွေဖြတ်လာတယ်၊ ပြီးတော့ကားပေါ်ကနေ သေနတ်တွေနဲ့ပစ်တယ်၊ လမ်းဘေးမှာရှိတဲ့အိမ်တွေတော့ သူတို့ပစ်တာ အတော်ပျက်စီးသွားတယ်၊ တချို့လည်းထိခိုက်ဒဏ်ရာရတယ်၊ သေသွားတဲ့တစ်ယောက်ဆို (၁၇)နှစ် ဘဲ ရှိသေး တယ်၊ သူကသေနတ်သံကြားတော့ အုတ်တံတိုင်နားမှာသွားပုန်းနေတာ သူ့နားမှာ လက်နက်ကြီး ကျတော့ ထိမှန်ပြီးဆုံးသွားတာ”

အလားတူ နွားလဝိုးဒေသခံတစ်ဦး ပြောတာက “ဒီနေ့ဈေးနေ့ဆိုပြီး ဈေးမှာပစ္စည်းတွေသွားဝယ်တာ၊ ဈေးကလည်း လမ်း ဘေးမှာ ဘဲရှိတယ်လေ၊ ရုတ်တရက်စစ်ကားတွေဖြတ်လာတော့ ကားပေါ်ကနေ သေနတ်တွေပစ်တာ၊ သူတို့ ပစ်တာ ကျနော်အမျိုးသမီးကိုတော့ ခြေထောက်မှာ ထိသွားတယ်၊ ဈေးထဲမှာရှိတဲ့လူတွေလည်း ပြာယာ ခတ်ကုန်ပြီး ထွက်ပြေးသွားကြတယ်၊ ဈေးထဲမှာတော့ အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက် (၂)ယောက် သေသွား တယ်၊ တချို့လူတွေလည်း ထိခိုက်ဒဏ်ရာရတဲ့လူတွေ များမယ်လို့ထင်တယ်”  

လက်တလော်မှတော့ ကုန်းသာနှင့် နွားလဝိုးအနီးနားရှိ ပြည်သူများဟာ နေအိမ်များမှာ မနေရဲကြတော့ဘဲ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကနေဦး သတင်းရရှိပါတယ်။

ဓါတ်ပုံ – CJ (ပုံဟောင်း)

Related Articles

Back to top button