သတင်း

နမ့်ဆန်ယန်က နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားလုံခြုံရေးဆိုင်ရာ လိုင်ဇာမြို့နယ် အုပ်ချုပ်ရေးရုံး အရေးပေါ် ထုတ်ပြန်

နမ့်ဆန်ယန်မှာ နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားလုံခြုံရေးဆိုင်ရာ လိုင်ဇာမြို့နယ် အုပ်ချုပ်ရေးရုံး အရေးပေါ် ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၄ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက တရုတ်-မြန်မာနယ်စပ်မှာ တည်ရှိတဲ့ ကချင်ပြည်လွတ်မြောက်အရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာနဲ့ အနီးဆုံးဒေသ နမ့်ဆန်ယန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်လာလို့ လိုင်ဇာမြို့နယ် အုပ်ချုပ်ရေးဘက်က အရပ်သားလုံခြုံရေးဆိုင်ရာ အရေးပေါ်ထုတ်ပြန်လာပါတယ်။

လိုင်ဇာမြို့နယ် အုပ်ချုပ်ရေးဘက်က ထုတ်ပြန်ချက်ထဲမှာတော့ အရပ်သားလုံခြုံရေးကို အဓိကထားပြီး နားလည် လိုက်နာဖို့ အချက် ၅ ချက် ပါတဲ့ အရေးပေါ် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ချက်ထဲမှာတော့ ဗန်မော်-မြစ်ကြီးနား ကားလမ်းမကြီးကို မလိုအပ်ပဲ ခရီးသွားခြင်းကို ရှောင်ရှားဖို့ ပြောထားသလို ကား၊ မော်တော်ဆိုင်ကယ်၊ ခြေလျင် တို့ဖြင့် မဖြစ်မနေ သွားရမယ့် ခရီးစဉ်မှအပ စစ်ရေးဆိုင်ရာ သတင်းများကို နားစွင့်ပြီး သွားဖို့ ပြောထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ နီးစပ်မှုရှိတဲ့ နေရာများမှာ လှုပ်ရှားသွားလာခြင်းများ မပြုလုပ်ဖို့၊ စစ်ဘက်ဆိုင်ရာ စစ်ပွဲဖြစ်ပွားလာမယ့်နေရာများမှာလည်း ရှောင်ရှားဖို့ ပါဝင်ပါတယ်။

နောက်ဆုံးအချက်အနေဖြင့် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးထားတဲ့ အရပ်ဘက်နဲ့ မသက်ဆိုင်တဲ့ နေရာများ၊ ပစ္စည်းများကိုလည်း ကိုင်တွယ်ထိတွေ့ခြင်းများကို ရှောင်းရှားဖို့ ကချင်ဘာသာဖြင့် သတိပေးထုတ်ပြန်ထားပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်အရ ယမန်နေ့ မနက်ပိုင်း ၅ နာရီကျော်ခန့်က နမ့်ဆန်ယန်ဒေသအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲ အတွင်း စစ်ကောင်စီ စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့တယ်လို့ နမ့်ဆန်ယန်ဒေသတွေဆီက သိရပါတယ်။

ဓါတ်ပုံ – CJ 

Related Articles

Back to top button