တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 49, June 20, 2023)

၁။    မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာနှစ် ခုအား CDF မင်းတပ် ထပ်မံတိုက်ခိုက်
      June 19, 2023

ချင်းပြည်နယ် မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို မင်းတပ်ချင်းကာကွယ်ရေးတပ် (CDF)က ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံနှင့် မင်းတပ် CDF စစ်ဒေသမှူးတို့က အသိပေးသည်။ ယနေ့ (ဇွန်လ ၁၉ရက်) နံနက် ပိုင်းက မင်းတပ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနေရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရုံးအနီးရှိ စစ်ကောင်စီလက် အောက်ခံတပ်ဖွဲ့ဝင်များကို မင်းတပ် CDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အတိအကျ မသိရသေးဟု ဒေသခံ သတင်း ရင်းမြစ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားအသိပေးသည်။ ယင်းနှင့်ပတ်သက်ပြီး မင်းတပ် CDF စစ်ဒေသမှူး ဆလိုင်းနိုင်းတမ် ကို ဆက်သွယ်မေးမြန်းရာ ယခုတစ်ပတ်အတွင်း မြို့ပေါ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ပြောသည်။ “တိုက်ပွဲ သတင်း အတိအကျကို မြေပြင်ကနေ သတင်းမပို့သေးပါဘူး။ ကျနော်တို့ အနေနဲ့ မြို့အနီးအနားတွေကို ချဉ်းကပ်နေတာ ဆိုတော့ တိုက်ပွဲ ဖြစ်တာက မထူးဆန်းတော့ဘူး။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းကို မြို့တွင်းမှာ ထိတွေ့တိုက်ပွဲ ၄ ခါဖြစ်ပါ တယ်” ဟု ဆလိုင်းနိုင်းတမ် က ပြောသည်။

ယနေ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်က ကျေးရွာများဘက်သို့ လက်နက် ကြီးများ ရမ်းပစ်နေသည် ဟု ဒေသခံက အသိပေးသည်။ ထို့အပြင် ဇွန်လ ၁၁ ရက်နှင့် ၁၃ ရက်ကလည်း မင်းတပ်မြို့အဝင်ဂိတ်ကို CDF ရဲဘော်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။ https://www.fa cebook.com/photo/?fbid= 601268298738633&set=a.559396186259178

၂။   ဖား​ဆောင်းတိုက်ပွဲ စစ်သား ၄ ဦးထက်မနည်း​သေ
     June 19, 2023

ကရင်နီ(ကယား)ပြည်နယ်၊ဖားဆောင်း မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးကြောင်း ဖားဆောင်း PDF မှတာဝန်ရှိသူက​ပြောသည်။ (ဇွန် ၁၈) ည ၉ နာရီခွဲခန့်က  ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ  ကျောက်ပန်းညိုကျေးရွာအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့သည်။ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် ၊ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်၊ Loikaw PDF နှင့် EAO အဖွဲ့နှစ်ဖွဲ့ ပူးပါင်းထား​သောတော်လှန်ရေးရဲဘော်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးနှစ်ယောက်သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိ ကာ ကရင်နီပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဟု အသိ​ပေးထားသည်။ “အင်အား၁၀၀ကျော်ပါတယ်။ သံလွင်အရှေ့ဖက်ခြမ်းကို ၁၆ ရက်လောက်ကတည်းက စတိုးလာတဲ့စစ် ကြောင်းပါပဲ။လက် ရှိအခြေအနေအရ တိုက်ပွဲ ဆက်ဖြစ်နေဦးမှာပဲ”ဟု ဖားဆောင်း PDF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ဇွန်လ ၁၇ ရက်ကလည်း သံလွင်အရှေ့ဖက်ခြမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဖက်မှ အနည်းဆုံးနှစ်ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်းရှိခဲ့သည်ဟု ဆိုသည်။ ဇွန် ၁၇ ရက်တိုက်ပွဲတွင်မူ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မယ်စဲ့ မြို့ရှိစစ်ကောင်စီစခန်း ၃ ခုနှင့် ရဲစခန်း တစ်ခုတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက ဇွန် ၁၅ ရက်က ဖားဆောင်းမြို့နယ်အတွင်းစစ်တပ် အင်အားတိုးမြှင့်ချထားပြီး စစ်ကြောင်းထိုးလှုပ်ရှားလာပြီး နောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ တို့ အခြေစိုက်တပ်များ ရှိသည်။ https://www.facebook.com/photo/?fbid=601292832069513&set=a. 559396186259178

၃။   လူငယ်တွေကို ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း ပြည်ပ ထွက်ခွာခွင့်မပြုတော့လို့ CDF မင်းတပ်ကြေညာ
     June 19, 2023

မင်းတပ်မြို့နယ်အတွင်းက အသက် ၁၆နှစ်-၃၅ နှစ်အတွင်း လူငယ်တွေကို ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း (အခြားဒေသ) နဲ့ ပြည်ပကို ထွက်ခွာခွင့်မပြုတော့ဘူးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်က ကြေညာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း မင်းတပ်မြို့ နယ်အတွင်း စစ်ရေးသတင်းထုတ်ပြန်ချက်နဲ့အတူ အခု ကန့်သတ်ချက်ကို ပူးတွဲပြီး ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက မင်းတပ်နယ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေချိန် လူမျိုးနဲ့ တိုင်းပြည်ကို ကာကွယ် ရမယ့်အစား ပြည်တွင်း ပြည်ပ ထွက်သွားသူ လူငယ်တွေများလာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အသက် ၁၆-၃၅ နှစ်အတွင်း လူငယ်တွေကို ပြည်တွင်း ပြည်ပကို ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် ခွင့်ပြု ချက်မရှိဘဲ ထွက်ခွာခွင့်မပြုတော့ဘူးလို့ ဖော်ပြထားပါတယ်။ မင်းတပ်နယ် စစ်ရေးသတင်းပိုင်းမှာတော့ ဇွန်လ ၁၁ရက်က မင်းတပ်မြို့ အရှေ့ပြင်က စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဉီးသေဆုံးခဲ့တယ်လို့ ဖော်ပြ ပါတယ်။  အဲဒီနောက် ဇွန် ၁၃ ရက်မှာ မင်းတပ်မြို့အရှေ့ပြင် မြို့ဝင်ဂိတ်ကို ထပ်မံတိုက်ခိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=684087447065998&set= pcb.684087903732619

၄။   ကျောက်ဖြူ၊ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းသစ် မွတ်ဆလင်ဒုက္ခသည်များ နေထိုင်ရေးအဆင်မပြေ
      June 19, 2023

ကျောက်ဖြူမြို့ရှိ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းသစ်သို့ ဖိအားပေးမှုများကြောင့် ပြောင်းရွှေ့ခဲ့ရသည့် မွတ်ဆလင် ဒုက္ခသည်များ နေထိုင်ရေးအဆင်မပြေဖြစ်နေသည်ဟု အဆိုပါစခန်းတွင် နေထိုင်သူများက ပြောဆိုသည်။ ဒုက္ခသည်အမျိုးသား တစ်ဦးက “စခန်းဟောင်းမှာ ဆက်နေရင် ရေဖြတ်မယ်။ မီးဖြတ်မယ်လို့ ပြောပါတယ်။ အိမ်အသစ်တွေကို သွားနေရမယ်၊ မသွား လို့မရဘူးပြောတယ်။ ကျနော်တို့မှာ အာဏာမှမရှိတာ။ ဒီမှာက ရေမရဘူး။ မိုးရွာရင် ရေမြုပ်တယ်။ ရွှံ့တွေဗွက်တွေနဲ့ လျှော်လဲ လို့၊ ဒူးတွေပွင့်လို့ ကလေးတွေကျောင်းသွားရတာ။ လူကြီးတွေ လာကြည့်စေချင်ပါတယ်” ဟု ပြောသည်။ အစိုးရဌာနဆိုင်ရာများ ဖိအားပေးမှုကြောင့် ကျောက်တလုံး မွတ်ဆလင်ကယ်ဆယ်ရေး စခန်းသစ်သို့ မေလ ၃၁ ရက်တွင် နောက်ဆုံးထား ပြောင်းရွှေ့ခဲ့ ကြရပြီး စခန်းသစ်တွင် ရေနစ်မြုပ်ခြင်း၊ ရေနှင့်လျှပ်စစ်မီး အဆင်မပြေခြင်း၊ သွားလာရန် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေ ခြင်းစသည့် အခက်အခဲများကြုံရကြောင်း ဒုက္ခသည်များက ပြောသည်။

ယင်းအပြင် ဆောက်လုပ်ပေးထားသည့် အိမ်သာများမှာလည်း အိမ်နှင့်ဝေးပြီး၊ နေအိမ်ဝန်းအတွင်း ရေနစ်မြုပ်မှုများ ကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပိုအခက်တွေ့ရသည်ဟု အဆိုပါဒုက္ခသည်က ဆက်ပြောသည်။ “အိမ်ခြံကွက်က ကျဉ်းတော့ အိမ်သာဆောက်ဖို့လည်း နေရာ မရှိဘူး။ သူတို့ဆောက်ထားတဲ့ အိမ်သာကလည်း ၁၀ မိနစ်၊ ၁၅ မိနစ် လောက် သွား နေရတာ အဆင်မပြေပါဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ ပိုအခက်အခဲ ဖြစ်တယ်” ၎င်းက ဆိုသည်။ နေအိမ်အဆောင်များ သည်လည်း ခိုင်ခံ့မှု မရှိသည့်အပြင် ဆောက်လုပ်ထားသည့် နေအိမ်များသည် အလျား ၁၂ ပေ၊ အနံ ၂၂ ပေသာ ရှိပြီး မီးဖိုချောင် အပါအဝင် ၆ ပေ ၃ ခန်းနှင့် ၄ ပေ ဝရံတာတစ်ခုသာ ပါသည့်အတွက် မိသားစုနေထိုင်ရန် အဆင်မပြေဟု ဒုက္ခသည်များက ပြော သည်။ ယင်းအပြင် တစ်အိမ်ကို ၃ သိန်းခွဲသွင်းမှ လျှပ်စစ်မီတာရရှိသည့်အတွက် မရှိဆင်းရဲသားအများစုမှာ လျှပ်စစ်မီး မရရှိ သေးကြောင်း ပြောဆိုကြသည်။ ဒုက္ခသည်အမျိုးသမီးတစ်ဦးက “သူတို့အားနဲ့နေခိုင်းတော့ နေရတာပေါ့။ အစကတည်းကနေ လည်း ဒီကအခြေနေတွေကို သိပါတယ်။ သိသိနဲ့ လာရတာပါ။ မီးကလည်း ပိုက်ဆံပေးမှ မီးရပါတယ်။ ကျမတို့မှာက ပိုက်ဆံ မတတ်နိုင်တော့ မှောင်မှောင်မဲမဲ နေရပါတယ်။ ရေဆိုလည်း သောက်ရသုံးရတာတွေ အဆင်မပြေဘူး။ ကြာရင် အဲ့ရေတွေနဲ့ ဝမ်း ရောဂါတွေ ဖြစ်နိုင်ပါတယ်”ဟု ပြော သည်။ ကျောက်တလုံးကယ်ဆယ်ရေး စခန်းသစ်ကို စခန်းဟောင်းနှင့်မနီးမဝေး လယ်ကွင်း ပြင်တွင် ဆောက်လုပ် ထားခြင်းဖြစ်ပြီး ကယ်ဆယ်ရေးစခန်းဟောင်းကို ဖျက်သိမ်းပြီး ရပ်ကွက်/ကျေးရွာအသွင် ပြောင်းလဲ၍ ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ပြင်ဆင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ https://tinyurl.com/2s3zpfj6

၅။  မူဆယ်မှာ TNLA တပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်
    June 19, 2023

ရှမ်းမြောက် မူဆယ်မြို့နယ် ကောင်းဝိုက်ကျေးရွာအဝင်မှာ မနေ့ ဇွန်လ ၁၈ ရက် မနက် ၁၁ နာရီဝန်းကျင်က တအာင်း တပ်မတော် (TNLA)ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ကောင်းဝိုက် ကျေးရွာ အဝင် လမ်းမကြီးပေါ် စစ်ကောင်စီတပ်က စစ်ဆေးမှု ပြုလုပ်နေချိန် TNLA တပ်ဖွဲ့ဝင် ၂ ဦးက လက်နက်ကိုင်ဆောင်ပြီး အရပ်ဝတ် နဲ့ ဆိုယ်ကယ် စီးနင်းလာစဉ် ပစ်ခတ်လိုက်တာကြောင့် သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကိုသိရှိသူ တစ်ဦးက “သူတို့နှစ်ယောက်က လမ်းမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီနဲ့  သွားတိုးမိလိုက်တာ။ သူတို့ ၂ ယောက် နောက်ပြန်လှည့် လာတဲ့အချိန်မှာ စစ်တပ်က သူတို့ ၂ ယောက်ကို ပစ်လိုက်တာ။ ကျနော်တို့က သူတို့ ၂ ယောက်ကို ပြန်သွားခေါ်ခဲ့တာ” လို့ ပြောပါ တယ်။

ပစ်ခတ်ခံခဲ့ရတဲ့ တပ်ဖွဲ့ဝင် ၂ ဦးဟာ လက်မောင်းနဲ့ ဝမ်းဗိုက်တွေမှာ ထိမှန်ခဲ့ပြီး ကုသမှု ခံယူနေရတယ်လို့ သူကဆက် ပြောပါတယ်။ မော်တောင်းနဲ့ ကောင်းဝိုက်ရွာအနီးတစ်ဝိုက်မှာ TNLA တပ်ဖွဲ့လည်း စစ်ယူနီဖောင်း အပြည့်အစုံနဲ့ ပြည်ထောင်စု လမ်းမပေါ်မှာ စစ်ဆေးမှု ပြုလုပ်ခဲ့ဖူးပါတယ်။ မူဆယ်မြို့နယ် မော်တောင်းရွာအနီးတစ်ဝိုက်မှာ TNLA၊ ကချင်တပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ သွားလာနေတဲ့နယ်မြေ ဖြစ်ပါတယ်။ https://www.facebook .com/photo/?fbid=587713863535882 &set=pcb.587713926869209

၆။   ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရ
      June 19, 2023

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်‌ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်‌မြေရဲစခန်းဟာ ဇွန် ၁၉ ရက်‌‌ ညနေ ၄ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတို့က ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ် ဖွဲ့ အင်အား ၃၀ ကျော် တပ်စွဲနေထိုင်‌တဲ့ ကင်မွန်းချောင်းရဲစခန်းကို ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲစခန်းထဲကို တော်လှန်ရေး အင်အားစု‌ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံး ၁၀ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။ “ဗုံးသီးက ရဲစခန်းထဲ တည့်တည့်ကျတယ် လို့ပြောတယ်၊ ထိခိုက်သေဆုံးတာရှိမယ်။ မြေပြင် အခြေအနေ သိရရင် ထုတ်ပြန်ပေးမယ်” လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့် က ပြောပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကနေ လက်နက်ကြီး ၅ လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း အဆက်မပြတ် ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကင်မွန်းချောင်းဒေသခံတဦးက ပြောပါတယ်။ “လက်နက်ကြီး လက်နက်ငယ်အသံတွေက ညံဆူနေတာပဲ၊ စဖြစ်တာနဲ့ တောင်ခြေက ဈေးဆိုင်တွေ အကုန်တံခါးပိတ် လိုက်တယ်၊ ဘယ်သူမှလည်း ထွက်မကြည့်ရဲဘူး။”  ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း ၇ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာနဲ့ အဆောက်အဦ ပျက်စီး တာတွေ ရှိနေပါတယ်။ https://burmese.dvb.no/archives/599842

၇။    စစ်ရှောင်တွေ ထွက်ပြေးနေရလို့ လူမရှိတဲ့ သရက်ချောင်းမြို့နယ် ရငဲ အင်းဗူးရွာက နေအိမ်တွေကို စစ်ကောင်စီ          တပ်က မီးရှို့ဖျက်ဆီးပြီး တန်းဖိုးကြီးပစ္စည်းတွေကို ကားနဲ့ ခိုးယူ တင်ဆောင်သွား
     June 19, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအုပ်စု အင်းဗူးရွာက နေအိမ်လေးတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောသည်။ ဇွန်လ ၁၆ ရက် မနက် ၈ နာရီခန့်အချိန်လောက်မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ရှင်တွေအနေနဲ့ စစ်ရှောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးတော့ မရှိဘူးဟု ဆိုပါသည်။ “ဒီမနက်မှာ မီးရှို့ခံရတဲ့အိမ်က လေးဆောင်ရှိပါပြီ။ နောက်ထပ်ရှို့နေတာတွေလည်း ရှိသေးသည်”ဟု ရငဲရွာ ဒေသခံတစ်ဦးက ပြောသည်။ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေကတော့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ လူမရှိတဲ့ အိမ်များသာဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်အထိကို မီးခိုးလုံးကြီးတွေထွက်နေတာကို အဝေးကလှမ်းမြင်နေရသည် ကိုမြင်တွေ့နေရကြောင်း သူက ပြောသည်။ ယခု ဇွန် လဆန်းပိုင်းမှစ၍ သရက်ချောင်းမြို့နယ်အတွင်း ရှိ ကျေးရွာတွေက နေအိမ် ၁၀ ဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၁၀ ရွာခန့်က လူဦးရေ (၅၀၀၀) နီးပါး နီးစပ်ရာ တောတောင်တွေမှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=59093825314718 0&set=pcb.590938296480509

၈။   မိုးတားတိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် KIA PDF တို့ကြား စစ်ရေးတင်းမာမှုရှိနေ
      June 19, 2023

ကသာခရိုင် မိုးတားတိုက်နယ်တွင် ကသာမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တပ် စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိသည်ဟု သိရသည်။ ဇွန်လ ၁၇ ရက်နေ့ စစ်အင်အား ၆၀ ဝန်း ကျင်ရှိသော ခမရ ၄၁၅ တပ်ဖွဲ့သည် ကသာမြို့မှ မိုးတားဘက်သို့ တက်လာခဲ့ရာ မိုးတားနယ်ရှိသော အောင်မင်္ဂလာသုခ ကျေးရွာ အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနားခဲ့သည့်အတွက် စစ်အင်အားပြန်လည် ဖြည့်တင်းထားသည်ဟု ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “တိုက်ပွဲ ကတော့ထပ်မဖြစ်ဘူး ဟိုတစ်နေ့ကပဲ ဖြစ်တာဖြစ်ပြီးတော့မှ စစ်ကောင်စီဘက်ကပြန် ဆုတ်သွားတာ မနေ့ညနေပိုင်းက ပြန်တက်လာတယ် သူတို့ ဒီမိုးတားနယ်ထဲ ဆက်ထိုးလာရင် တော့တိုက်ပွဲဖြစ်ဖို့အသင့်ဘဲ”ဟုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ သည် တိုက်ခိုက်ခံရပြီးနောက် တပ်ပြည်လည်ဆုတ်ခွာသွားကာ အောင်မင်္ဂလာသုခရွာတွင် ညအိပ်တပ်စွဲနေချိန် ကာကွယ်ရေး တပ်ဖွဲ့တို့ဘက်မှ ဒရုန်းဖြင့် ထပ်မံသွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မင်္ဂလာသခုအနီး တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်တပ် အပြန်အလှန်တိုက်ခိုက်မှု ၁ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသော်လည်း အသေးစိတ်မသိရဘဲ ဒဏ်ရာရရှိသူများကို ကား ၂ စီးဖြင့် ကသာဘက်သို့ လာရောက်သယ်ဆောင်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီ ဘက်မှ အင်အားထပ်မံဖြည့်တင်းလာသည့် ယင်းစစ်ကြောင်းသည် ကသာနှင့်မိုးတားတိုက်နယ်အစပ် နန့်လန်ကျေးရွာအနီး တော တွင်းနေရာတွင် ဝင်ရောက်နေပြီး မိုးတားနယ်ထဲတွင် ထပ်မံတိုက်ပွဲဖြစ်ပွားနိုင်သည်ဟု သိရသည်။ လက်ရှိတွင် စစ်ကိုင်း – ကချင် အစပ် ကသာနယ်တဝိုက်တွင် စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်လုပ်ဆောင်နေသည့်အတွက်ကြောင့် မင်းလယ်၊ ဝဲကြီး၊ အောင်မင်္ဂလာသုခနှင့် နန့်လန် အနီးတဝိုက်ရှိသော ကျေးရွာနေပြည်သူများက ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရဆဲ ဖြစ်သည်ဟု နန့်လန် ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “ခုလောလောဆယ်တော့ ရွာတွေထွက်ပြေးတိမ်း ရှောင်ရတာ မရှိသေးပါဘူး။ စစ်ရေးအခြေနေက ဒီထက်ပိုဆိုးလာရင်တော့ ရှောင်ရမယ့်သဘောမှာရှိတယ်”ဟုပြောသည်။ https://burmes e.kachinnews.com /2023/06/19/az1-216/

၉။  ရေး-သံဖြူဇရပ်ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄ ဦးကို PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားဟုဆို
     June 19, 2023

ရေး-သံဖြူဇရပ် ကားလမ်းပေါ်မှာ ဒီကနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄ ဦးကို KNLA/PDF ပူးပေါင်းအဖွဲ့တို့မှ ဖမ်းဆီးရမိ ကြောင်း YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က အတည်ပြုပါတယ်။ ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်မှာ ရေး- သံဖြူဇရပ်ကား လမ်း ပေါ်မှာ KNLA/PDF တပ်ဖွဲ့တို့မှ နေရာ ၃ နေရာခန့်ခွဲပြီး လမ်းသွားလမ်းလာမော်တော်ယာဉ်တွေကို စစ်ဆေးရာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူဟာ အရပ်သားကားနဲ့ အသွင်ယူလာတဲ့ စစ်ကောင်စီ ရေတပ်၊ လေတပ်မှ တပ်ဖွဲ့ဝင်တွေအပါအဝင် တပ်ဖွဲ့ဝင်လေးဦး ဖြစ်တယ်လို့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။ “ ဒီနေ့ ကျနော် တို့ YPDF နဲ့ ကျားဖြူ(၁) ပူးပေါင်းတပ်ဖွဲ့နဲ့ နေ့လည် ၁၁:၃၀ နာရီဝန်းကျင် လမ်းပေါ်တက် ကားလမ်းပိတ်ဆို့ စစ်ဆေးခဲ့တာရှိပါ တယ် မနက်ပိုင်းမှာ တောင် ညို၊ KNLA ပူးပေါင်းအဖွဲ့က အရပ်သားအသွင်ယူထားတဲ့ စခ တွေ ဖမ်းမိထားတယ်လို့ တော့ကြားရ တယ်။ လေကြောင်း ၁ ရေကြောင်း ၁၊ ခလရ -၃၅ က ၂ လို့ သိထားရတယ်။ အားလုံးလေးဦးလို့ သိရတယ်။ ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး အချက်အလက်အသေးစိတ်ကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီလိုမျိုး လမ်းသွားလမ်းလာယာဉ်တွေကို ရှောင်တခင်စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်ရာမှာ ပြည်သူတွေက ပူးပေါင်းပါဝင်မှု ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ မှ စပြီး မော်လမြိုင်- ရေး – ထားဝယ် – ဘိတ် အမှတ် ၈ ကားလမ်းမကို ထိုးဖောက်၊ ဝင်ရောက်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း KNLA တပ်ရင်း ၂၇ မှ အသိပေး ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/photo?fbid=61262282 0972872&set=a.606834888218332

၁၀။ ကလေးမြို့  မြို့မဈေးမှာ ပန်းရောင်းတဲ့ဈေးသည်အပါအဝင် ပန်းပန်ထားတဲ့သူ(၂၀)ကျော် ဖမ်းဆီးခံရတယ်လို့သိရ
      June 19, 2023

ကလေးမြို့ ညောင်ပင်သာရပ်ကွက်က မြို့မဈေးမှာ ဇွန်လ(၁၉)ရက်နေ့ မနက်ပိုင်းက ပန်းရောင်း တဲ့ဈေးသည်တွေ အပါ အဝင် ပန်းပန်ထားတဲ့ အရပ်သား ပြည်သူအယောက်(၂၀)ကျော် ဖမ်းဆီးခံရ တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ စစ်ဖက်သုံးကားအသေးနဲ့အတူ ကား(၅)စီးဖြင့် အရပ်ဝတ်ဝတ်ပြီး မြို့မဈေးရဲ့ အနောက် ဖက်ကနေ ဝင်လာပြီး ဈေးသည်အပါအဝင် ဈေးထဲက ပန်းပန်တဲ့သူအယောက်(၂၀)ကို ဖမ်းဆီးသွား တယ်လို့ မျက်မြင်တစ်ယောက်က အခုလိုပြောပါ တယ်။ “စစ်ကားတစ်စီးပြီးတော့ ကားအသေးက (၅)စီးလောက်ရှိမယ် ၊ အရပ်ဝတ်ဝတ်ထားတယ်ပေါ့ ဈေးရဲ့ အနောက်ဖက် ကနေ ပန်းပန်တဲ့သူအကုန်ဖမ်းတာ ၊ စပယ်ပန်းရောင်းတဲ့အဒေါ်ကြီးလဲ စပယ်ပန်း ပန်ထားလို့ဆိုပြီး ဖမ်းသွားတယ် ၊ အများစုက တော့ ဈေးသည်တွေပဲဖမ်းသွားတာ ၊ ဖမ်းခံရတဲ့သူတွေကို အရှေ့ရဲစခန်းမှာ ခေါ်သွားတယ်”လို့ ပြောပါတယ်။

 ဇွန်လ(၁၉)ရက်နေ့ဟာ နိုင်ငံ့တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့မွေးနေ့ဖြစ်တာကြောင့် ပန်း သပိတ်ပြုလုပ်ဖို့ လူမူကွန်ရက်မှာလှုံဆော်နေတာရှိပြီး ပန်းပန်ထားတဲ့သူတွေကို အဲ့ဒီသံသယနဲ့ ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ “ဈေးလမ်းကိုလာပြီး ဈေးသည်အပါအဝင် ပန်းပန် တဲ့သူတွေကိုဖမ်းတာဟာ တမင်သက်သက် လာဖမ်းတာပဲ ဖြစ်တယ် ၊ အဲ့တာတောင်ကားထဲ လူမဆန့်တော့လို့ ၊ ဆန့်ရင်တော့ ဆန့်သလောက်ကို ဖမ်းသွားမှာသေချာတယ်”လို့ သူကဆက် ပြောပါတယ်။ အခုလက်ရှိအချိန်မှာ ကလေးမြို့က လူစည်ကားရာနေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပန်းပန်တဲ့သူတွေ ကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/p hoto/?fbid=656714676490867&set=a.273500801 478925

၁၁။   မြန်မာ – ထိုင်း နယ်စပ်မျဥ်းပေါ်ရှိ UWSA တပ်စခန်း (၅) ခု ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင် တောင်းဆို
       June 20, 2023

မြန်မာ – ထိုင်း နယ်စပ်မျဥ်းတလျောက်တွင် အခြေစိုက်ထားသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စခန်း (၅) ခုကို ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင်များက တောင်းဆိုလိုက်သည်။ အဆိုပါ တောင်းဆိုချက်သည် ယ​မန်နေ့ (ဇွန် ၁၉) ရက်တွင် တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာ – ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် Thai – Myanmar Township Border Committee (TBC) အစည်းအဝေးတွင် ထိုင်းအာဏာပိုင်များက မြန်မာအာဏပိုင်များထံ တောင်း ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးချက်မှာ ထိုင်းအာဏာပိုင်မှ မြန်မာနိုင်ငံဘက်ရှိ UWSA တပ်စခန်း(၅)ခု ဆုတ်ခွာပေးဖို့ ဆွေး နွေးချက် အပါအဝင် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်နေထိုင်သူ၊ စည်းကမ်းဖောက်ပျက်ပြီး ထိုင်းနိုင်ငံသို့ တိမ်းရှောင် သူ နှင့် အမှုပြေးများကို ကူညီဖမ်းဆီးပေးရန်လည်း ထိုင်းအာဏာပိုင်များကို မြန်မာအာဏာပိုင်များက တောင်းဆိုသည်။

ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်း ရေ အား ပူးတွဲအသုံးပြုရေး ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်း ရေကြီး ၊ ရေလျှံ ရာတွင် ကြိုတင်သိရှိနိုင်ရေးအတွက် အချက်ပေး ကိရိယာ တပ်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ စသည့်အချက်များကို နှစ်နိုင်ငံမှ ဆွေးနွေးခဲ့သည်။ တာချီလိတ်ခရိုင် နှင့် ချင်းရိုင်းခရိုင်ကြား မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းမှ တင်ပို့နေမှုများ၊ လက်နက်ခဲယမ်းများ တရားမဝင် သယ်ဆောင်သည့် ကိစ္စရပ်များ စသည့် ကိစ္စရပ်များအား ကဏ္ဍအလိုက် နှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မြန်မာ – ထိုင်း နယ်စပ်တစ်လျှောက်ရှိ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်စခန်းကို ဆုတ်ခွာပေးရန်အတွက် ထိုင်းဘက်က တောင်းဆိုခဲ့ဖူးသည်။ https://burmese.shannews.org/archives/35383

၁၂။   ရွှေကူမြို့နယ်  KIA PDF စိုးမိုးထားသည့် နေရာများတွင် စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းဖွင့်လှစ်         ရန် ခွင့်ပြု မည်မဟုတ်ကြောင်းပြောဆို
       June 19, 2023

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF စိုးမိုးထားသည့် နေရာများတွင် စစ်ကောင်စီ စာသင်းကျောင်းများ ဖွင့်လှစ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြော သည်။ ရွှေကူမြို့နယ် KIA တပ်ရင်း ၁၂ နယ်မြေအတွင်း  ရွှေကူအရှေ့တောင်ဘက်ခြမ်းနှင့် တပ်ရင်း ၅ နယ်မြေဖြစ်သည့် အနောက် ဘက်ခြမ်း ကျေးရွာပေါင်း ၂၀ ကျော်တွင် စစ်ကောင်စီ ဖွင့်လှစ်မည့်ကျောင်းများ ခွင့်ပြုမည်မဟုတ်ကြောင်း ရွှေကူ PDF မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ “ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့စစ်ကောင်စီ ကျောင်းတွေကို လက်မခံကြောင်း အစကတည်း ကနေ ပြောပြီးပြီလေး ကျွန်တော်တို့နေရာစိုးမိုးထားတဲ့နေရာတွေမှာလည်းဒီဘက်ကနေ(NUG ကျောင်း) ဖွင့်ပေးထားတာ တွေရှိ တယ်။ ကျွန်တော်တို့ စိုးမိုးထားတဲ့နေမြေတွေမှာတော့ စစ်ကောင်စီကျောင်းဖွင့်ထားတာမရှိပါဘူး နေရာမစိုးမိုးရသေးတဲ့နေရာ တွေ တချို့နေရာတွေမှာတော့ရှိတယ် အဓိကတော့ မြို့ပေါ်တွေမှာပဲရှိတယ် ရွာထဲက Non-CDM တွေတောင်မြို့ပေါ်မှာပဲသွားနေ ကြတယ်”ဟုပြောသည်။

ရွှေကူအရှေ့တောင်ဘက်ခြမ်းရှိ KIA ရင်း ၁၂ နယ်မြေတွင် KIA ၊ PDF စိုးမိုးထားသည့် ကျေးရွာများမှာ စီသာ၊ စီသောင်၊ နန့်လန်၊ နောင်လတ်ကြီး၊ စီမူလေး၊ စီမူကြီး၊ မံဝင်း၊ ဝင်ဝ၊ ငှက်တံတား၊ မံနား၊ မံခါး စသည့်ကျေးရွာပေါင်း ၂၀ ကျော်အထိရှိပြီး  ရွှေကူ အနောက်မြောက်ဘက်ခြမ်းမှာ KIA ရင်း ၅ နယ်မြေဖြစ်ကြောင်းသိရသည်။ လက်ရှိ KIA နှင့် PDF စိုးမိုးထားသည့် ရွှေကူမြို့ နယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာများတွင် ယခုနှစ် ပညာသင်နှစ်အတွက် အမျိုးသားညီညွှတ်ရေးအစိုးရမှ ကျောင်းပေါင်း ၁၀ ကျောင်း ကျော်အထိဖွင့်လှစ်ထားပြီဖြစ်ပြီး ယင်းစာသင်ကျောင်းများတွင် မတက်ရောက်ဘဲ မြို့ပေါ် စစ်ကောင်စီကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားများကိုလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောဆိုထားသည်။ “စစ်ကောင်စီကျောင်း မှာ တက်ပြီးအောင်လာတဲ့သူတွေကိုလည်း အသိအမှတ်မပြုပေးဘူး။ ပြီးရင်မြိုပေါ်မှာပဲ သွားနေ ရွာကိုပြန်မလာခဲ့နဲ့ ကျွန်တော်တို့ စိုးမိုးထားတဲ့နေရာမှာ လာမနေနဲ့ပေါ့ အဲ့လိုပဲ”ဟု ရွှေကူ PDF တာဝန်ရှိသူကဆက်ပြောသည်။ ရွှေကူ မြို့နယ် အရှေ့တောင်ခြမ်း ဘက်ရှိသော စီသာ၊ စီသောင် ၊မံဝင်း စသည့်ကျေးရွာများတွင် NUG ကျောင်းများဖွင့်လှစ်ထားနိုင်ပြီး အခြားနေရာများတွင်လည်း ဆက်လက်ဖွင့်လှစ်ရန်  အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်းသိရသည်။ https://burmese.kachinnews.com/2023/0 6/17/zm1-69/

၁၃။   တပ်ဆုတ်လိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဒေါညေးခူ ကျေးရွာတွင်းမိုင်းထောင်ထားခဲ့
       June 19, 2023

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ (၁၄) ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဖားဆောင်းမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းကို စစ်ကူသွားကြတာ ဖြစ်နိုင်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ” အခုက ကျနော်တို့ တိုက်ပွဲ ဖြစ်တယ်ဆိုပေမယ့် တိုက်ပွဲက နေ့စဉ်ရက်ဆက်ဖြစ်ခဲ့တာမဟုတ်ဘူး။ ကြိုကြားကြိုကြားပဲဖြစ်တယ်။ တိုက်ပွဲကြီးကြီးမားမားလည်း မဖြစ်ခဲ့ဘူး။ ဒီကြားထဲမှာပေါ့နော်။ သူ့ဟာသူပဲ ဆုတ်သွားတာပေါ့။ ဒါသူတို့ စစ်ကူသွားဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ တစ်ခြားရည်ရွယ်ချက်လည်း ရှိကောင်းရှိနိုင်မယ်ပေါ့နော်။”လို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားပြီး အချိန်မှာ တော့ ကျေးရွာတွေရဲ့ လမ်းဆုံ၊ လမ်းထောင့်တွေနဲ့ ကျေးရွာပတ်ပတ်လည်မှာ မိုင်းတွေ ထောင်ထားခဲ့တာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ရွာထဲမှာပေါ့နော်။ ရွာထဲရဲ့ ရွာလမ်းဆုံတွေမှာပေါ့။ အလိုနေရာတွေမှာ မိုင်းတွေ ထောင်ခဲ့တယ်။ ပြီးတဲ့အခါမှာ ရွာပတ် ပတ်လည်မှာပေါ့နော်၊ ကျနော်တို့က သွားပြီးတိုက်တဲ့အခါမှာ သူတို့က ကာကွယ်ရေးအနေနဲ့ သုံးတဲ့ ပုံစံမျိုးပေါ့။ မိုင်းတွေ ထောင် ခဲ့တာတွေရှိတယ်။ ရွာပတ်ပတ်လည်မှာ မိုင်းတွေ ထောင်ထားတာတွေရှိတယ်”လို့ သူက ဆက်ပြောပါတယ်။ အဆိုပါ စကစ တပ်တွေဟာ ဧပြီလထဲမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဧပြီလ (၂၂) ရက်နေ့မှာ ဒေါညေးခူ အနောက်ဘက် တောင်ကြောသို့ ဆုတ်ခွာသွားခဲ့ပါတယ်။ မေလ (၂) ရက်နေ့မှာ တစ်ဖန် ပြန်လည်စစ်ကြောင်းထိုးလာပြီး ဒေါညေးခူ ကျေးရွာထဲ မှာ (၁) လကျော်ကြာ တပ်စွဲထားခဲ့ပြီး မယ်စဲ့မြို့နယ်နဲ့၊ ဖားဆောင်းမြို့နယ်ဘက် တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ  တပ်တွေကို ပြန်ဆုတ် ခွာသွားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့် အချိန်မရွေး စစ်ကြောင်းပြန်လည် ထိုးလာနိုင်တဲ့ အတွက် ဒေသခံတွေ အနေနဲ့ အသွားအလာ မပြုလုပ်ကြသေးဖို့ကိုလည်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း ၁၀ က ဇွန်လ (၁၆) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/0j94

၁၄။   တနင်္သာရီမြို့နယ်မှာ သုံးရက်ဆက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်ခွာ
       June 20, 2023

စစ်ကောင်စီစစ်ကြောင်းဟာ တနင်္သာရီမြို့နယ်မှာ သုံးရက်ဆက်တိုက်ခိုက်ခံရပြီးနောက် ထိခိုက်မှုအများအပြားနဲ့ ပြန် ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ သမီးလှရွာဘက်ကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အခုလ ၁၇ ရက်နေ့ကစပြီး မနေ့ကအထိ သုံးရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ “သူတို့ဘက်က အထိနာတယ်။ ဒါကြောင့်လည်းပြန်ဆုတ်သွားတာပါ။ မနေ့ကဆိုရင် သူတို့ကဆုတ်တယ်။ ကျနော်တို့က လိုက်ပစ်တယ်” လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ သိန္ဒောရှေ့တန်းစခန်းကိုသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဘန်လောနဲ့ သမီးလှကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေက အခုလ ၁၇ ရက်နေ့ မနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့ရာ ၆ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ KTLA-tcjf အဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် က ၃၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး ​တော်လှန်ရေးတပ်ဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

၁၈ ရက်နေ့မွန်းလွှဲပိုင်းမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းကို သမီးလှအရှေ့ကမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့သလို မနေ့က မနက်ပိုင်းနဲ့ညနေပိုင်းမှာလည်း အဲဒီစစ်ကြောင်း ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။ မနေ့က မွန်းလွဲ ၂ နာရီလောက်က စတင် ဆုတ်ခွာနေတဲ့ အဆိုပါစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဘက်က လိုက်လံပစ်ခတ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးများပြားခဲ့တယ်လို့ သိရပါတယ်။ “ဝါးလုံးပခက်နဲ့ ဒဏ်ရာရသူတွေကို သယ်နေကြတာတွေ၊ တွယ်ပြီးသွားနေရတာလည်းတွေ့တယ်” လို့ မြိတ်ခရိုင်တပ်ရင်း (၂)ရဲ့ရဲဘော်တစ်ဦးက ပြောပြပါတယ်။ ဒါ့အပြင် မနေ့ကည နေပိုင်းမှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာမျိုးကိုလည်း တော်လှန်ရေးတပ်တွေဘက်က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဆင်ခေါင်းရွာဘက်ကနေ ပြန်လည်ထွက်ခွာသွားပြီလို့သိရပါတယ်။ https://w ww.facebook.com/photo?fbid=29092781665830 8&set=a.196212682796489

၁၅။   စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ရင်း ၂ ခု ပြည်သူ့ဘက်က ရပ်တည်ပြီး စစ်တပ်စခန်းတွေကို             သိမ်းပိုက်နေ
       June 20, 2023

ထိုင်း-ကရင်နီ နယ်စပ်၊ မယ့်စဲမြို့နယ်မှာ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နေတဲ့ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်‌ရေးတပ်ဦး-KNPLF တပ်ရင်း (၂) ခုဟာ နယ်ခြားစောင့်တပ်ကနေ အသွင်ကူးပြောင်း လာတာ ဖြစ်တယ်လို့ တိုးတတ် သော ကရင်နီပြည်သူ့ အင်အားစု-PKPF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်က ၂၀၀၉ ခုနှစ်မှာ ဖိအားပေးလို့ KNPLF တပ်ရင်း ၂ ခု နယ်ခြားစောင့်တပ်-BGF အဖြစ် အသွင်ကူးပြောင်းခဲ့ပေမဲ့ လက်ရှိ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ဖို့ အသွင်ကူး ပြောင်းခဲ့တာလို့ ဆိုပါတယ်။ မယ့်စဲမြို့နယ်၊ ပန်းထိမ် အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၄) ဟာ မူလအတိုင်း KNPLF (4878) တပ်ရင်း ဖြစ်လာသလို ရွာသစ်မြို့ အခြေစိုက် BGF တပ်ရင်း (၁၀၀၅) ကလည်း မူလအတိုင်း (7894) တပ်ရင်းအဖြစ် ပြည်သူ့ဘက် က ပြန်လည်ရပ်တည်ပြီး အလံ၊ ယူနီဖောင်းနဲ့ ဘက်တံဆိပ်တွေ ပြောင်းလဲကာ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေပြီလို့ PKPF ကပြောပါတယ်။ ဇွန်လ ၁၄ ရက်ကစပြီး စစ်ကောင်စီရဲ့ မယ်စဲမြို့မ ရဲစခန်း၊ ဗျူဟာကုန်နဲ့ ထိုင်း-ကရင်နီ နယ်ခြားစခန်း တွေဖြစ်တဲ့ BP-14၊ BP-15 မယ်တနွယ်စခန်း နဲ့ BP-16 တောင်လှ စခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး နယ်ခြားစောင့် တပ်စခန်း တွေဖြစ်တဲ့ (၁၀၀၄) နဲ့ (၁၀၀၅) စခန်းဌာနချုပ်တွေကိုပါ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က တန်ပြန်တိုက်ခိုက်ရာ KNLPF ဌာနချုပ်စခန်းရှိတဲ့ ဟိုစဲ့မြို့သစ်၊ ဖားအောင်းမြို့ တစ်ဖက်ခြမ်းက KNPLF တပ်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တာတွေကို လုပ်နေတယ် လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ပြောပါတယ်။ ဒီလို လေကြောင်း သုံးပြီး (၁၀၀၄) နယ်ခြားစခန်းကို ပြန်သိမ်း နိုင်ခဲ့ပေမဲ့ လက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြန်လည်သိမ်းယူခဲ့ပြီး စစ်တပ် တပ်စွဲထားနိုင်တာ B-13 စခန်းသာ ရှိတော့ တာကြောင့် မကြာခင် မယ့်စဲမြို့နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မယ်လို့ PKPF ကပြောပါတယ်။ လက်ရှိ မယ့်စဲမြို့နယ်ထဲ မှာ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ KNU/KNLA၊ KNPP/KA ၊ KNDF နဲ့ KNPLF တပ်ဖွဲ့တို့ ပူးပေါင်းပြီး 4K တပ်ပေါင်းစုအဖြစ် စစ်ကောင်စီကို တိုက်ထုတ်နေရာ စစ်ကောင်စီဘက် ဒီးမော့ဆို အရှေ့ခြမ်းကို ထိုးစစ်ဆင်ဖို့ ရောက်ရှိနေတဲ့ တပ်တွေ၊ ဖရူဆို-ဖားဆောင်း အခြေစိုက်တပ်တွေ စတဲ့ ကရင်နီပြည် နေရာအနှံ့က တပ်တွေ စုပေါင်းပြီး မယ့်စဲမြို့နယ်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေ တယ်လို့ ဆိုပါတယ်။ မယ့်စဲမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်ဝိုက်က ပြည်သူ တွေ အနေနဲ့ ဘေးလွတ်ရာ ကြိုတင်ရှောင်ရှားပေးကြဖို့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံ ထားပါတယ်။ https://www.facebook.com /photo/?fbid=292580406461744&set=a.285900490463069

၁၆။  ကြာအင်ဆိပ်ကြီးမြို့‌ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ငွေကြေးကောက်ခံမှုပိုမိုလုပ်ဆောင်လာ
       June 19, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသူ ဒေသခံ များကို စစ်ဆေး မေးမြန်းမှုအပြင် ငွေကြေးတောင်းခံမှုများကိုပါ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံ များထံမှ သိရသည်။ ကြာအင်းဆိပ် ကြီးမြို့ အနီး ကျေးရွာများမှဒေသခံများအနေဖြင့် မြို့တွင်းသို့ ဝင်ထွက်သွားလာမှုများအပြင် ကုန် ပစ္စည်းများ ဝယ်ယူသွားပါက ပစ္စည်းအရေအတွက်အပေါ်မူတည်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး ၅၀ဂါလံဆန့် စက်သုံးဆီပေပါ နှစ်လုံးကို (၁၅,၀၀၀) ကျပ်အထိ တောင်းခံနေကြောင်း ကြာအင်းဆိပ်ကြီးမြို့ခံ တစ်ဦးက ယခုလိုပြောသည်။ ၎င်းက “ကြာအင်းလောက်ကို ဆီ သွားပို့ရင် နှစ်ပေပါကိုတစ်သောင်းခွဲလောက်သူတို့တောင်းတယ်။ သူတို့နဲ့ မျက်မှန်းတန်း တဲ့ဟာတော့အဲ့လောက်မဖြစ်ဘူ။ မျက်နှာစိမ်းတဲ့လူဆို သူတို့လက်ကုန် တောင်းတယ်။ ရပ်ကွက် (၁) ကြံ့ခိုင်ရေး ရှေ့ကဂိတ်ကပိုဆိုးတယ်”ဟု ပြောသည်။ စစ်ကောင်စီတပ်သည် နေ့အချိန် မြို့သို့သွားလာ လုပ်ကိုင်စားသောက်သည့် ဒေသခံများကို ငွေကြေး ကောက်ခံ စစ်ဆေးမှုပြုလုပ် သလို ညအချိန်တွင် လက်နက်ကြီးများ ညတိုင်းနီးပါး ပစ်ခတ်နေသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်စိတ်များဖြင့် နေထိုင်သွားလာ နေရကြောင်းလည်း ဒေသခံများက ဆိုသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီး မြို့တွင်းသို့ ဝင်သည့် လမ်းတချို့ ဖျက်ဆီးခံထားရပြီး ဝင်ပေါက် တချို့ကိုသာ ဖွင့်ပေးထား ကာ လမ်းသွား လမ်းလာများကို ပုံစံမျိုးစုံ စစ်ဆေးပြီး ငွေကြေး တောင်းခံမှုများအပြင် ကျေးရွာအနီး လက်နက်ကြီးများပါ ပစ်ခတ် နေကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မဟာမိတ် ဆက်ဆံရေးတာဝန်ခံ ဦးငြိမ်းမင်းက‌‌ ယခုလို ပြောသည်။ ၎င်းက”ကြာအင်းဆိပ်ကြီး ရပ်ကွက်(၆)ကိုဝင်ဖို့လမ်းတော့ ကားဝင်လို့မရအောင်အကုန်လုံးဖြိုလိုက်တယ်။ Main လမ်းကတစ်လမ်းပဲဖွင့်ထားတယ်။ အဲ့တစ်လမ်းတော့ မပိတ်ရသေးဘူး။ သူတို့တွေစစ်ဆေးရေး ဂိတ်တွေဖွင့် ထားပြီး ပိုက်ဆံ ကောက်တယ်။ မထင်ရင် မထင်သလိုဖုန်းစစ်တယ်။ ညတိုင်း နီးပါး ကျေးရွာဘက်ကို လက်နက် ကြီးပစ်ထုတယ်။ လက်နက်ကြီး ပစ်တော့ကျေးရွာသားတွေက ထိတ်ထိတ် လန့်လန့် နဲ့ အိပ်နေရတယ်။ တစ်ချို့ဗုံး ကျင်းထဲ အိပ်တယ်။ တချို့ကလည်း လုံခြုံတဲ့ နေရာပြောင်းအိပ်ရတယ်။ အဲ့လိုက ပုံမှန်လို ဖြစ်နေတယ်”ဟု ပြောသည်။ https://kicnews.org/2023/06/%e1%80%80%e1%80%bc%e1%80%ac %e1%80%a1%e1%80%84%e1%80%ba%e1

၁၇။   ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ နိုင်ငံရေးပြဿနာတွေ ပြေလည်ရေး လမ်းစရမှာမဟုတ်လို့           NLD ပြော
       June 19, 2023

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေး လမ်းစ ရနိုင်မှာမဟုတ်ဘူးလို့ NLD ပါတီဗဟိုအလုပ်ကော်မတီက ဒီကနေ့ထုတ်ပြန်ပါ တယ်။ လက်ရှိအချိန်အထိ လူထုရဲ့ ချစ်ခင်မှု၊ ယုံကြည်အားကိုးမှု တွေကို ရနေဆဲဖြစ်သလို လူထုခေါင်း ဆောင်အဖြစ်လည်း သတ် မှတ်ခံထားရပြီး ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေးပြဿနာ တွေ ကို ဖြေရှင်းရာမှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တဦး ဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဒီကနေ့မှာ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသာ းတွေအားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် မိတ်ဆွေနိုင်ငံတွေ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အင်အားစုတွေ အားလုံးနဲ့အတူ ထိရောက်စွာ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ လည်း ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံရချိန်ကတည်းက လက်ရှိအချိန်အထိ ရှေ့နေအဖွဲ့နဲ့ ထိတွေ့ရတာ ကလွဲလို့  ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရသလို အာဆီယံ အထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်တွေအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး တောင်းဆိုချက်တွေကိုလည်း စစ်အုပ်စုက လျစ်လျှူရှု ငြင်းပယ်ထားပါတယ်။ ဒီကနေ့ ၇၈ နှစ်မြောက်မွေးနေ့မှာ NLD ပါတီ ဗဟိုကော်မတီအပါအဝင် ပြည်ပ နိုင်ငံတချို့နဲ့ ပြည်တွင်းက လူထုနဲ့ တော်လှန်ရေးအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ ပန်း သပိတ် လှုပ်ရှားမှုတွေ၊ လူထု သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ NLD ပါတီဝင် အများစု ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်း ဆီး ချုပ်နှောင်ခံထားရပေမယ့် အခက်အခဲတွေကို ခါးစည်းခံကာ နွေဦးတော်လှန်ရေးမှာ တဖက်တလမ်းက နိုင်ရာတာဝန်ကို ပါဝင်ထမ်းဆောင်နေတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ https://www.faceb ook.com/photo/?fbid=654957016677379& set=a.605723148267433

၁၈။   မယ်စဲ့ စစ်ရှောင်ဦးရေ ၅၀၀၀ ထိရှိလာ၊ စားနပ်ရိက္ခာလိုအပ်နေဆဲဖြစ်
       June 19, 2023

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းမှာ ဇွန်လ တတိယပတ်ကစပြီး ဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ဦးရေတွေ တိုးလာပြီး လက်ရှိမှာ ၅၀၀၀ ကျော်အထိရှိနေပြီလို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ တည်ထောင်သူ ဦးဗညား ကပြောပါတယ်။ “မယ်စဲ့မှာ နှစ်ထောင်ကျော် အစကတည်းက ရှိထားပြီး သားပဲ။ အခု နယ်ခံနဲ့ပေါင်းလိုက်ရင် သုံးထောင်ကျော်နဲ့ လေးထောင်။ အခုထိုင်းနိုင်ငံထဲ ပေါင်းလိုက်ရင် သုံးထောင်နဲ့ ခုနစ်ရာ ရောက်သွားပြီပေါ့နော။ ကျနော် update သိရသလောက်တော့ နောက်ပြီးတော့ တောထဲမှာလည်း ရှောင်သွားတဲ့လူတွေလည်းရှိ တယ်ပေါ့နော။ မယ်စဲ့မြို့နယ်ထဲမှာတော့ ၅ ထောင်မအောက်တော့ဘူးပေါ့နော။ အသစ်အဟောင်းပေါင်းပေါ့နော။” လို့ ဦးဗညား က ပြောပါတယ်။ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်သူတွေထဲက ၃၆၆၉ ဦးဟာ ထိုင်းနယ်စပ်မှာရှိတဲ့ မယ်စရင်းနဲ့ ခွန်ယွန်း စတဲ့ မယ်ဟောင်ဆောင်ခရိုင်တွေကို ရောက်ရှိနေပြီလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင် တွေက သူတို့ကို ယာယီနေထိုင်ဖို့ နေရာထိုင်ခင်းနဲ့ အစားအစာတွေကို ထောက်ပံ့ထားတယ်လို့လည်း သတင်းထဲမှာ ဖော်ပြထား ပါတယ်။

စစ်ရှောင်လူထုတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ဆေးဝါး လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီ ပေးသူတွေက ပြောပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ ကလေးမိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါး အထူးလိုအပ်နေတယ်လို့ သိရပါတယ်။ မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်းနယ်စပ်တွေမှာ စစ်ကောင်စီက လူအင်အားနဲ့စားနပ်ရိက္ခာ ဖြည့်တင်းမှုရှိနေပြီး လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ပစ်ခတ်မှုနဲ့ လေယာဉ်ကင်းထောက်တာတွေ ပြု လုပ်နေတဲ့အတွက် ဒေသခံတွေဟာ မနေရဲကြတော့ဘဲ ကြိုတင်တိမ်းရှောင်နေကြတာတွေရှိနေပါတယ်။ မယ်စဲ့မြို့အနီး ဖားဆောင်းမြို့နယ် သံလွင် အရှေ့ဘက်ခြမ်းမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ ဖားဆောင်း PDF က တိုက်တွန်းထားပါတယ်။ https://www.kantarawaddytim es.org/%e1%80%99%e1%80%9a%e1% 80%ba%e1%80%85%e1%80%b2%e1%80

၁၉။  စစ်ဘေးရှောင်နေရသည့် ကလေးငယ်အများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များလျက်ရှိ
       June 19, 2023

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များတွင် မိုးတွင်းကာလ သန့်ရှင်းသော သောက် သုံးရေ မရရှိသောကြောင့် စစ်ဘေးရှောင် ကလေးငယ်အများစုမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များ နေကြောင်း ၎င်းတို့ကို အနီး ကပ် ကူညီပေးနေသည့် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ဒေသခံအများစုသည် ချောင်းရေ နှင့် တောင်ကျရေကိုသာ အဓိက သောက်သုံး နေရပြီး မိုးတွင်းကာလ ရေးများ မသန့်ရှင်းသောကြောင့် အသက် ၅နှစ်အရွယ်နှင့် ဆယ်ကျော်သက် အရွယ် စစ်ဘေးရှောင် ကလေး အများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေကြောင်း စစ်ရှောင် အနီး ကပ် ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။ ၎င်းက “ဒီနှစ်က မိုးနောက်ကျတဲ့အတွက် သောက်ရေတွေက မသန့်ဘူး ။ အဲ့ဒီရေ တွေကို သောက်မိတော့ ကလေး အများစုကခံနိုင်ရည်မရှိဘူးလေး။ အဲ့ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အခုရက်ပိုင်း အတွင်း ပိုပြီး အဖြစ်များလာတာ။ ပြီးရင် ကိုယ်ခံအားတွေကျလာတဲ့အထိဘဲ။” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် ယခုဇွန်လ ပထမ အပတ်ကလည်း သွေးလွန် တုပ်ကွေး ဖြစ်ပွားသူစုစု‌ ပေါင်း ၃၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိတွင်လည်း သန့်ရှင်းသည့် သောက်သုံးရေများမရရှိသလို ဆေးဝါး ထောက်ပံ့မှုများ အလုံ အလောက်မရရှိသောကြောင့် လတ်တလောတွင် ဆေးဝါးပြတ်လပ်သည့် အနေ အထာ နှင့်ပါ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင် အနီးကပ် ကူညီသူတစ်ဦးကဆက်ပြောသည်။ ၎င်းက “ဒီဘက်မှာ ဆေးဝါးထောက်ပံ့မှုတွေမရှိတော့ ဒုက္ခရောက်တာပေါ့။ ရှိတဲ့ ဆေးနဲ့ ကုနေရတယ်။ အခုက ငှက်ဖျားရော ဝမ်းပျက်ဝမ်းလျှောရော ဖြစ်ကြတာ။ သေတဲ့အထိဖြစ်တာတော့မရှိသေးဘူး။ တစ်နှစ် နဲ့ တစ်နှစ်က ရောဂါဖြစ်ပုံခြင်းလည်းမတူဘူးလေး။ မိုးရွာလည်းနောက်ကျတော့ ဒီနှစ်မှာပိုဆိုးတယ်။ပြီးတော့ အစားအသောက် တွေလည်း ပြတ်လပ်တဲ့ အခြေနေဖြစ်နေပြီး။”ဟု ပြောသည်။ အဆိုပါ ဒေသတွင် စစ်ကောင်စီမှ မြို့တွင်းမှ ကျေးလက် ဒေသများသို့ စာနပ်ရိက္ခာနှင့် ဆေးဝါး သယ်ယူမှုများကို ကန့်သတ် စစ်ဆေး ပိတ်ပင်မှုများရှိနေသောကြောင့် စစ်ရှောင် ပြည်သူ များအတွက် လိုအပ်သော စားနပ်ရိက္ခာ နှင့် ဆေးဝါးများ ပြတ်လပ်နေခြင်းဖြစ်ကြောင်းလည်း စစ်ရှောင် ကူညီသူများက ဆိုသည်။ https://kicnews.org/20 23/06/%e1%80%85%e1%80%85%e1%80%ba%e1%80%98%e1%80%b1%e1%80%b8

၂၀။  ကျိုက်ထိုမြို့နယ်၌ ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံရ
      June 20, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ ဇွန် ၁၉ ရက် မနက် ၉ နာရီလောက်က  ရိုဟင်ဂျာ ၆ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။ မရမ်းချောင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့  ပူးပေါင်းအဖွဲ့တွေက “ရတနာ” မော်တော်ယာဥ်လိုင်းကို ရပ်တန့် စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာ ပါ။ ရန်ကုန်မြို့မှ မြဝတီမြို့သို့ ယာဉ်မောင်း မျိုးအောင်(ခ)ရွှေမြ (၃၂)နှစ် မောင်းနှင်ပြီး မော်တော်ယာဥ်ဝမ်းဗိုက်အောက်ပိုင်းကို စစ်ဆေးရာကနေ  အထောက်အထားမဲ့ အမျိုးသားလေးယောက်နဲ့  အမျိုးသမီးနှစ်ယောက်တို့ကို တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ တပ် နဲ့နီးစပ်တဲ့သူက ပြောပါတယ်။ အထောက်အထားမဲ့ ရိုဟင်ဂျာတွေဟာ မွန်ပြည်နယ်အတွင်းကို ပင်လယ်ရေကြောင်းကနေ အများဆုံးဝင်ရောက်ကြပြီး ပွဲစားကနေတဆင့် ထိုင်း မလေးနယ်စပ်ဘက်ကို  သွားရောက်ကြမယ့် သူတွေဖြစ်တယ်လို့ သိရပါ တယ်။ https://burmese.dvb.no/archives/599896

၂၁။  ဖားကန့်တွင် ပျူစောထီးအဖွဲ့ဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုရှိနေ
      June 20, 2023

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာတွင်ရှိသော နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစော ထီးအဖွဲ့က ဟုပြောဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံမှုရှိနေကြောင်း သိရသည်။ ဇွန်လ ၁၇ ရက် စနေနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်  ၆ ကြိမ်ထက်မနည်းခေါ်ဆိုထားပြီးနောက် ၁၂ နာရီဝန်းကျင်အချိန် လက္ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဇော်ကြီး ဘက်မှ ပြန်လည်ခေါ်ဆိုပေးရာတွင် ယခုကဲ့သို့ ပြောဆိုခဲ့သည်ဟု ဦးဇော်ကြီး က ပြောသည်။ “ငါက ပျူစောထီး အဖွဲ့ က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူ မယ်” ဟုပြောသည်။ ခြိမ်းခြောက်ပြောဆိုခဲ့ရာတွင် တောင်းခံငွေကို ဖားပြင်ကျေးရွာအနီး စခန်းကိုလာပေးရမည်ဟုပြောပြီး လူကိုယ် တိုင်လာရောက်ပေးရန် အဆင်မပြေပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ် ထပ်မံဖုန်း ဆက်ခဲ့ ကြောင်း သိရသည်။

 “သူနောက်ဆုံး ခြိမ်းခြောက်တော့ ကျနော်လည်း ခင်ဗျားကိုယ်တိုင်လာယူလို့ ပြောလိုက်တယ်၊ အဲ့လိုပြောတော့ သူက မင်းဆိုင်ပိတ်ထား မပိတ်ရင် မင်းအသက်လာယူမယ်”ဟုပြောကာဖုန်းချသွားကြောင်း သူကဆက်ပြောပြသည်။ ထိုသို့ ခြိမ်း ခြောက်ခံရမှုကြောင့် ဦးဇော်ကြီး သည် သတိထားနေထိုင်ရသည့် အခြေအနေတွင်ရှိနေပြီး လက်ရှိအချိန်အထိ  လက္ဖက်ရည်ဆိုင် ကို ဖွင့်ထားဆဲဖြစ်ကြောင်းသိရသည်။ ဖားကန့်မြို့နယ်တွင် ကျောက်အရောင်းအဝယ်လုပ်သည့် တရုတ်သူဌေးအိမ် ဓါးပြတိုက် ခံရမှု၊ တည်းခိုခန်းပိုင်ရှင် ဓါးပြတိုက်ပြီး အသတ်ခံရမှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ https://burmese.kachinnews.com/2023 /06/20/az1-217/

၂၂။   စစ်ကောင်စီကို လျှို့ဝှက်အစည်းအဝေးဖိတ်ခေါ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို မြန်မာအရပ်ဖက်အဖွဲ့အစည်း            ၃၀၀ ကျော်က ရှုတ်ချ
      June 19, 2023

စစ်ကောင်စီကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လျှို့ဝှက်အစည်းအဝေးခေါ်တဲ့အပေါ် မြန်မာအရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်က ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၎င်းအရပ်ဖက်အဖွဲ့အစည်းတွေဟာ အစည်းအဝေးကိုမကျင်းပဖို့နဲ့ ဖျက် သိမ်းဖို့လည်း ရေးသားတောင်းဆိုထားကြပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ရာထူးကနေ နုတ်ထွက်ရမှာဖြစ်ပြီး အခုလိုစစ်ကောင်စီနဲ့တွေ့နေတာဟာ အာဆီယံရဲ့သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်နေတယ်လို့ လည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ရေးသားထားပါတယ်။ ထိုင်းနိုင်ငံရဲ့လုပ်ဆောင်ချက်တွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုဆန့်ကျင်နေတာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကျင်းပမယ့် လျှို့ဝှက်အစည်းအဝေးကို အာဆီယံနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဖိတ်ကြား ထားခဲ့ပေမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး ပေါ့ခ်ဆိုခွန်း သာ တက်ရောက်မယ်လို့ ဇွန်လ ၁၇ ရက်မှာတရား ဝင် ပြောကြားထားပါတယ်။ ၎င်းအစည်းအဝေးကို လက်တွေ့မှာလုပ်ဆောင်ဖြစ်၊ မဖြစ်ကိုလည်း ထုတ်ပြန်ကြေညာလာတာ မတွေ့ရ သေးဘူးလို့ ပြောပါတယ်။ အာဆီယံဥက္ကဌနေရာအဖြစ်တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမာဆူဒီက ၎င်းအစည်း အဝေးကို မတက်ရောက်ဘူးလို့ နိုင်ငံတကာသတင်းတွေမှာ ပြောကြားထားပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က လည်း စစ်ကောင်စီကိုဖိတ်ခေါ်ဆွေးနွေးမယ့် ထိုင်းရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ https://www.facebook.com/p hoto/?fbid=587815616859040&set=a.404503 215190282

၂၃။  ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် မုန်တိုင်းဒဏ်သင့် အခြေခံလူတန်းစားများ အကျပ်အတည်းကြုံနေရ
      June 19, 2023

“မိုခါ”မုန်တိုင်းအလွန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ မိသားစုစားဝတ်နေရေးအတွက် အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ ယခင်က ပေါ်ဆန်းမွှေး ဆန်တစ်အိတ်ကို ငွေကျပ် ၉၈,၀၀၀ (ကိုးသောင်းရှစ်ထောင်)၊ ဆန်ကြမ်း တစ်အိတ်လျှင် ငွေကျပ် ၇၀,၀၀၀ (ခုနှစ်သောင်း) နှင့် စားသုံးဆီ တစ်လီတာလျှင် ငွေကျပ် ၄,၇၀၀ (လေးထောင်ခုနစ်ရာ)၊ ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၁,၈၀၀ (တစ်ထောင့် ရှစ်ရာ) ရှိခဲ့သည်။ မုန်တိုင်းအလွန်တွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ငွေကျပ် ၁၂၀,၀၀၀(တစ်သိန်းနှစ်သောင်း)၊ ဆန်ကြမ်း တစ်အိတ်လျှင် ငွေကျပ် ၈၆,၀၀၀ (ရှစ်သောင်းခြောက်ထောင်)နှင့် စားသုံးဆီ တစ်လီတာကို ငွေကျပ် ၅,၅၀၀ (ငါးထောင့်ငါးရာ)၊ ကြက်သွန် တစ်ပိဿာလျှင် ငွေကျပ် ၂,၅၀၀(နှစ်ထောင့်ငါးရာ) အထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ နဂိုကတည်းက တစ်နေ့ တာ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရသည့် အခြေခံလူစားတန်းများမှာ ကုန်ဈေးနှုန်း ထပ်မံမြင့်တက်နေခြင်း ကြောင့် ပိုမိုအကျပ်ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။  “အလုပ်အဆင်မပြေတော့ ထမင်းတောင် ဝအောင်မစားနိုင်ဘူး။ တစ်ရက်မှာ ဝင်ငွေသုံးထောင်၊ အများဆုံး ငါးထောင်လောက်ပဲ ရတာ။ ဒီလို ကုန်စျေးနှုန်းတွေ ခေါင်ခိုက်နေတဲ့အချိန်မှာ ပုံမှန်ဝင် ငွေမရှိလို့ ဆားနဲ့စားရတဲ့ နေ့တွေလည်းရှိပါတယ်” ဟု စစ်တွေမြို့မှ ဆိုက္ကားသမား ဦးကျော်လှမောင်က ပြောသည်။

ယခင်က တစ်နေ့တာလုပ်အားခဝင်ငွေနှင့် မိသားစုစားဝတ်နေရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သော်လည်း ယခု အချိန်တွင် ဝင်ငွေနည်းပြီး ထွက်ငွေများနေသည့်အတွက် ရပ်တည်ရေးခက်ခဲလာကြောင်း အခြေခံလူတန်းစားများက ပြောဆိုကြ သည်။ “ကုန်စျေးနှုန်းက ကျသွားတယ်ဆိုတာ မရှိဘူး။ တက်မြဲတက်နေတာ။ ငရုပ်သီးငါးရာဖိုးဆိုရင်လည်း ဟင်းတစ်ခွက်စာ လောက်ပဲ ရတယ်။ ဒီလိုအခြေအနေမှာ ကျနော်တို့ ဆင်းရဲသားတွေ ဘယ်လိုစားသောက်နေထိုင်ကြမလဲ။ မုန်တိုင်းအလွန်မှာ နေစရာလည်းအဆင်မပြေသလို စားစရာလည်းမရှိ ဖြစ်နေရပါတယ်” ဟု စစ်တွေမြို့ BXT ဆိပ်ကမ်းတွင် သဗ္ဗာန်ကူးတို့ စက်လှေ မောင်းသူ ဦးနီလှမောင် ကပြောသည်။ ရခိုင်တွင် မုန်တိုင်းအလွန် လမ်းခရီးအခက်အခဲကြောင့် ပြည်မဘက်မှ ကုန်ပစ္စည်းသယ် ယူရာတွင် အခက်အခဲရှိနေသည်။ ထို့အပြင် မုန်တိုင်းကိုအကြောင်းပြပြီး ကုန်ဈေးနှုန်းမြင့်တင် ရောင်းချသူများလည်းရှိနေ ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။ ရခိုင်က စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦးက “လူသားချင်းစာနာစိတ်နဲ့‌ ရောင်းချသူတွေလည်း ရှိပါတယ်။ ဒီလိုအနေထားမျိုးမှာ အစိုးရ(စစ်ကောင်စီ)ကလည်း ဒီစျေးနဲ့မရောင်းနဲ့ အရေးယူမယ်ဘာညာ ပြောလို့တော့မရဘူး။ ရောင်းကုန်ပစ္စည်းလိုအပ်ချက်ကို လိုသလိုထုတ်လုပ်ပေးနိုင်ရမယ်၊ လိုသလို သယ်ယူခွင့်ရမယ်ဆိုရင်တော့ ဒီအခြေအနေဖြစ်လာမှာ မဟုတ်ဘူး” ဟု ပြောသည်။   https://www.facebook.com/photo/?fbid=648625003977766&set =a.643209801185953

၂၄။   ဆရာ၊ဆရာမလုံလောက်ခြင်းကြောင့် ဝေးလံခေါင်ဖျားသည့် ဒေသဘက်က ကျောင်းသူကျောင်းသားများ ပူတာအို         မြို့ ပေါ်သို့ ပြောင်းရွှေ့လာ
       June 19, 2023

မြန်မာပြည်မြောက်ဖျားပိုင်း ဝေးလံခေါင်ဖျားတဲ့ ဒေသဘက်မှာ ဆရာ၊ဆရာမ နည်းပါးတာကြောင့် ကျောင်းသူကျောင်း သားတွေ အခုနှစ် ပူတာအိုမြို့ဘက်ကို သိသိသာသာ ပြောင်းရွှေ့လာကြတယ်လို့ သိရပါတယ်။ အများစုဟာ ခေါင်လန်ဖူးမြို့ကနေ အလှမ်းဝေးတဲ့ လန်းဒဂျောင်ဒေသဘက်က အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေဖြစ်ပြီး အရင်နှစ်တွေက ထက် ပြောင်းလာတာများလာပြီးတော့ အယောက် ၂၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့  အဲဒီဒေသတွေဘက်ကို သွားဖြစ်တဲ့ ပူတာအို ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “အကြောင်းအရင်းကျတော့ အဓိက သင်ကြားရေးဆရာ၊ ဆရာမ မရှိတဲ့ ကိစ္စပေါ့ နော်။ ပြောင်းလာတာတော့မှန်တယ်။ ” လို့ ဆိုပါတယ်။ လက်ရှိ အဲဒီဒေသဘက်က တချို့ကျောင်းတွေဖွင့်လှစ်နေပေမဲ့ သင်ပြ ပေးမယ့် ဆရာ၊ ဆရာမ လုံလောက်မှုမရှိတာနဲ့ တချို့ကျောင်းတွေဆိုရင် သင်ပြပေးမယ့်သူမရှိလို့ မဖွင့်လှစ်နိုင်တာတွေလည်း ရှိတယ်လို့ ကြားသိရကြောင်း  နောက်ထပ် ပူတာအိုဒေသခံတစ်ဦးကလည်း ဆိုပါတယ်။

” ဖွင့်တဲ့ကျောင်းကလည်း ဆရာ၊ဆရာမ အင်အားနဲ့ ကျောင်းသားအင်အား မလုံလောက်ဘူး။ သင်ထောက်ကူမရှိဘူး။ တောင်ပေါ်ဒေသက ဘယ်နေရာမှ ဝယ်လို့မရဘူး။ တောင်ပေါ်ဒေသကိုတော့ ဦးစားပေးစေချင်တာပေါ့။”လို့ ဆိုပါတယ်။ ပူတာအိုမြို့ဘက် ပြောင်းရွှေ့လာကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ အိမ်ဌားနေတာ၊ ဆွေမျိုးအိမ်မှာနေတာနဲ့ ဘော်ဒါ ဆောင် မှာနေပြီး ကျောင်းတက်ကြတာကို မြင်တွေ့ရပြီး ပန်းနန်းဒင်အထက် ခါကာဘိုဒေသဘက်က ကျောင်းသူကျောင်း သား တွေလည်း ရှိတယ်လို့ သိရပါတယ်။ ခေါင်လန်ဖူးမြို့ကနေ ဆိုင်ကယ်နဲ့ ကားလမ်းတွေမပေါက်ဘဲ အလှမ်းဝေးတဲ့ ဒေသဖြစ်တာ ကြောင့် ကိုဗစ်နိုင်တင်းကပ်ရောဂါနောက်ပိုင်းကနေ အဲဒီဘက်မှာ မဖွင့်လှစ်နိုင်တဲ့ စာသင်ကျောင်းတွေများတာနဲ့ စာသင်ပြပေးမယ့် ဆရာ၊ဆရာမ အင်အား လုံလောက်မှု မရှိတာတွေကြောင့် ပူတာအိုမြို့ဘက်ကို ပြောင်းရွှေ့လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ https://www.facebook.com/photo?fbid=272667062106961&set= a.266001999440134

၂၅။   ထားဝယ်သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးရဲ့ဖခင် ရိုက်နှက်ဖမ်းဆီးခံရ
       June 19, 2023

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး ရဲ့ဖခင်ဖြစ်သူကို လောင်းလုံးမြို့နယ်က နေအိမ်မှာစစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သပိတ်ကော်မတီကထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူဟာ အသက် ၆၅ နှစ်ခန့်ရှိ ဦးအောင်ဖေ ဖြစ်ပြီး ဒီနေ့နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပြင်းထိန်ရွာကနေအိမ်ကို ကား ၄ စီး အင်အား ၃၀ ခန့်နဲ့ ရောက်ရှိလာပြီး ဖမ်းဆီးသွား တာလို့ သိရပါတယ်။ “အိမ်ထဲဝင်ပြီးတော့ အကုန်မွှေနှောက်ဖျက်ဆီးပြီးရှာတယ်။ ပြီးတော့မှာရိုက်နှက်ပြီးဖမ်းသွားတာ” လို့ သပိတ်ကော်မတီရဲ့ပြန်ကြားတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ နေအိမ်အတွင်းက ပစ္စည်းတွေကို ရိုက်နှက် ဖျက်ဆီးခဲ့​သလို ဖုန်း ၂ လုံးနဲ့ ငွေကျပ် ၈ သိန်းကျော်ကိုလည်း ယူဆောင်သွားတယ်လို့သိရပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း ကိုမင်းလွင်ဦး ရဲ့အမေကို စစ်ကောင်စီတပ်က ၅ ရက်ခန့်အကြာဖမ်းဆီးစစ်ဆေးခဲ့ဖူးပါတယ်။

လောင်းလုံးမြို့ပေါ်ကစစ်ကောင်စီတပ်သားတွေဟာ မနေ့ညကလည်း ပြင်းထိန်ရွာထဲကို သေနတ်ပစ်ခတ်ပြီး ဝင်ရောက် ခဲ့သေးတယ်လို့သိရပါတယ်။ ထားဝယ်​ဒေသအတွင်းမှာ အရင်ကလည်းဒီမိုကရေစီအရေးလှုပ်ရှားသူတွေရဲ့ မိခင်တွေကိုဖမ်းဆီး ထောင်ချတာ၊ နေအိမ်မီးရှို့တာတွေအပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်ရဲ့မိခင်နဲ့ဖခင်တွေကို ပစ်သတ်တာတွေကိုပါ စစ်ကောင်စီ တပ်သားတွေနဲ့ပျူစောထီးတွေက ပြုလုပ်ခဲ့ပါတယ်။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးဟာ လက်ရှိ လောင်းလုံး မြို့နယ်အတွင်းက အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။  ကိုမင်းလွင်ဦး ကို မဖမ်းမိတဲ့အတွက် ဖခင်ဖြစ်သူကို ဓားစာခံအနေနဲ့ အခုလိုဖမ်းဆီးတာဟာ စစ်ကောင်စီတပ်ရဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်သာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်ကောင်စီက မင်းလွင်ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းမိတဲ့သူကို ဆုကြေးပေးမယ်လို့လည်း ကြေညာဖူးပါတယ်။ https://www.facebook.com/photo/?fbid=29050438336731 8&set=a.196212682796489

၂၆။  လေးကေကော်နှင့် သေ့ဘောဘိုး ဒေသခံများ မိုင်းနှင့် ကြွင်းကျန် စစ်လက်နက်ပစ္စည်းများ အန္တရာယ်ရှိနေ
      June 19, 2023

မြဝတီမြို့ တောင်ဘက် ဖလူး – ဝေါလေ လမ်းပိုင်းရှိ လေးကေကော် မြို့သစ်နှင့် သေ့ဘောဘိုး ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များအကြား တိုက်ပွဲတစ်နှစ်ကျော် အကြာ ဖြစ်ပွားထားသည့် နေရာများတွင် မိုင်းနှင့် ကြွင်းကျန်စစ် လက်နက်ပစ္စည်းများ အန္တရာယ်ရှိနေကြောင်း လေးကေကော် စစ်ဘေးရှောင်ဒေသခံများက ပြောသည်။ အဆိုပါ ဒေသတွင် နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်သွားသည့်အတွက် လေးကေကော်နှင့် သေ့ဘောဘိုး နေရာများတွင် နေရပ်ပြန်သူတချို့ရှိပြီး ရပ်ကွက်နေအိမ်များ၏ ခြံဝန်းများတွင် မပေါက် ကွဲသေးသော လက်နက် ကြီး ကျည်များနှင့် စစ်ကောင်စီဘက် ထောင်ထားသော မိုင်းများကျန်ရှိနေသေးကြောင်း လေးကေကော် ဒေသခံတစ်ဦးက ယခုလို ပြောသည်။  “လေးကေကော် မှာလည်း လူတချို့ ပြန်နေ နေကြတယ်။ သေ့ဘောဘိုးမှာလည်း လူတချို့ ပြန်နေကြတာရှိတယ်။ စစ်တပ်ကရော ကရင်ဘက်ကရော ပစ်ခတ်တိုက်ပွဲ ဖြစ်ထားကြတဲ့ နေရာဆိုတော့ စိတ်မ ချရသေးဘူး။ တချို့ အိမ်တွေ ခြံတွေထဲ ဆို မပေါက်သေးတဲ့ အလုံးကြီးတွေ စိုက်ဝင်နေတာရှိတယ်။ စစ်တပ်က မိုင်းတွေထောင်ထားတာခဲ့တာလည်းရှိတယ်။ ”ဟု ၎င်း ဒေသခံက ပြောသည်။

နောက်ထပ်လေးကေကော် မြို့သစ်သို့ ပြန်လည် ဝင်ရောက်နေထိုင်သူ ဒေသခံတစ်ဦးက “ချုံပင် ကိုင်းပင်များ ခုတ်ထွင် ရှင်းလင်းပြီး မီးရှို့ရင်း ထပေါက်ကွဲလို့ လူထိခိုက်တာ၊ ခြေထိလက်ထိ ဖြစ်တာရှိတယ်။ မျက်နှာနဲ့ ဦးခေါင်းထိခိုက်တာတွေရှိ တယ်။ ဒါပေမယ့်လည်း ပြန်နေနေကြတယ်။ ဘယ်တော့ ဘာဖြစ် မလဲဆိုတာက အမြဲတမ်း သတိထားနေ နေရတယ်။” ဟု ပြော သည်။ အလားတူ လတ်တလောကာလတွင် လေးကေကော်မြို့သစ် မယ်ဝါးခီးကျေးရွာနှင့် သေ့ဘောဘိုး ကျေးရွာဘက်တွင် ကိုယ်ထူကိုယ်ထ စုပေါင်းစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေသည့် ကာလ ဖြစ်သလို စစ်တပ်မှစခန်းအနီး မိုင်း ထောင် ထားခြင်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်များ ကျန်ရှိနေသေးသည့်အတွက် ဒေသခံပညာသင်ကြား နေသည့် ကလေးငယ်များ မိုင်း အန္တရာယ်ရှိနေမည်ကို စိုးရိမ်ကြောင်း ကျောင်းသားမိဘများက ပြောသည်။ သေ့ဘောဘိုးဒေသခံ ကျောင်းသားမိဘတစ်ဦးက “အခုက သေ့ဘောဘိုး ရွာထိပ်နဲ့ စစ်တပ်က စစ်စခန်း သစ်နေရာချထားတဲ့ နေရာနှစ်ခုရှိနေတယ်၊ သူတို့ နေနေတဲ့ နေရာပတ်ခြာလည် မိုင်းထောင်ထားတယ်။ ရွာက ကျွဲ၊ နွား နဲ့ ဆိတ်တွေ မကြာခဏ နင်းမိပြီး ထိတယ်။ ကလေး တွေကျောင်းနားချိန် ကျွဲကျောင်း ဆိတ်ကျောင်းရင်း အန္တရာယ်ဖြစ်မှာ စိုးရိမ်နေရတယ်။ ကျောင်းတွေ ပြန်ဖွင့်ချိန်ဆိုတော့ ဟိုကစား ဒီကစားရင်း စစ်ကျန်ပစ္စည်းဟောင်းတွေ ကိုင်ကစားမိရင် မတွေးရဲဘူးလေ” ဟု ပြောသည်။  https://www.facebo ok.com/photo/?fbid=64519969 7636912&set=pcb.645200190970196

၂၇။   မြိတ်တွင် NLD လွှတ်တော်အမတ်တစ်ဦး၏ အစ်ကို ဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်
       June 19, 2023

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း မြိတ်မြို့နယ် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ အစ်ကို ဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးတွင် ရိုက်နက် စစ်ဆေးပြီး သေဆုံးခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်၏ အစ်ကို ဖြစ်သူ အသက် ၅၂ နှစ်ရှိ ဦးတင်သန်းဦး ကို အခုလ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မီနှစ် အချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ နောက်လယ် (၁၁) လမ်းရှိ နေအိမ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များအပြင် အုပ်ချုပ်ရေး မှူး၊ ရာအိမ်မှူးများဖြင့် PDF အဖွဲ့နှင့် အဆက်အသွယ်ရှိဟုဆိုကာ စွပ်စွဲပြီး ဝင်ရောက် ဖမ်းဆီးခဲ့ပြီး၊ စစ်ကြောရေးတွင် ရိုက်နက် စစ်ဆေးရာမှ ၁၀ ရက်အကြာတွင် သေဆုံးခဲ့သည်ဟု သိရသည်။ မိသားစုဝင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက“အလောင်းက တော့ မရလိုက်ဘူး၊ ဆုံးပြီးမှ စစ်တပ်က သူတို့ အချက်ချင်း စစ်ဆေးရုံးကနေ သင်္ချိုင်းကိုပို့ မီးသဂြိုင်္လ်ခါနီးမှ မိသားစုဝင်တွေကို အကြောင်းလာမှ သိရတယ်”ဟု ပြောသည်။

စစ်ကောင်စီ လက်ချက်ကြောင့် ဖမ်းဆီး သတ်ဖြတ်ခံရသည့် ဦးတင်သန်းဦး သည် စစ်ကြောရေးတွင် မတရား ရိုက်နက် နှိပ့်စက်မှုကြောင့် တစ်ကိုယ်လုံးတွင် သံပူနှင့် ကပ်ခံထားသလို ခြေနှင့် လက်တွေပါ ကျိုးနေပြီး မျက်နှာ ပါးစောင်တွင်လည်း ရိုက် နက်ခံထားရ၍ ရွှဲစောင်းနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရ သည်။ အလာတူ မြိတ်မြို့ နောက်လယ်ရပ်ကွက် (၁) လမ်းတွင် ထမင်းဆိုင်ဖွင့်ထားသည့် ဦးပြည့်စုံဦး (ခ) တီတီကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ဖမ်းဆီး ခေါ်သွားပြီး နောက် ၃ ရက် အကြာမှ စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ သေးသည်။ https://www.facebook. com/photo/?fbid=590926616481677&set=pcb.590927216481

၂၈။  အရင်းအနှီးနှင့် ရာသီဥတုအခြေအနေကြောင့် နောင်းမီဒေသခံများ လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ကြုံ
      June 19, 2023

အရင်းအနှီးမရှိတဲ့အပြင် ရာသီဥတုအခြေအနေကြောင့် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာ ဒေသခံပြည်သူတွေ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ အခက်တွေ့နေကြပါတယ်။ အရင်နှစ်တွေက နောင်းမီကျေးရွာမှာ စိုက်ပျိုးထား တဲ့စပါးတွေဟာ ရာသီဥတုဒဏ်ကြောင့် နီသွားပြီး ပိုးကျသွားတဲ့အတွက် လယ်ဧကရာဂဏန်းလောက် ပျက်စီးခဲ့တယ်လို့ဆိုပါ တယ်။ အခုနှစ်မှာလည်း ရာသီဥတုဖောက်ပြန်တာတွေကြောင့်ပါ ရပ်နားထားရတဲ့သူတွေရှိသလို လယ်ဧကတစ်ဝက်လောက်ပဲ လုပ်ကိုင်နိုင်တော့တဲ့သူတွေနဲ့ တခြားသူတွေကို ငှားရမ်းပေးလိုက်သူတွေရှိတယ်လို့ နောင်းမီဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ “ငှားလိုက်တဲ့သူတွေရော တော်တော်များတယ် ဒီနှစ်က။ အရင်းအနှီးမရလို့ နားလိုက်သူတွေရှိတယ်။ ရာသီ ဥတုကလည်း မနှစ်ကလိုဖြစ်လာမှာလည်း ကြောက်တော့ တချို့က မလုပ်ရဲကြတော့ဘူး”လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိ ရွာအတွင်း ငှားရမ်းပေးလိုက်တဲ့ လယ်ဧကဟာ ၃၀၀ ဝန်းကျင်လောက်ရှိနေပြီး ငှားရမ်းသူတွေဟာ မြန်မာ ပြည်အလယ်ပိုင်း မော်လူး၊ မော်ဟန်၊ အင်းတော်၊ ကောလင်းဘက်ကဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လယ်သမားတချို့က စပါးပျိုးကြဲထားပြီဖြစ်ပေမဲ့ ရာသီဥတုပူပြင်းတဲ့အတွက် ပျက်စီးသွားပြီး နောက်ထပ်တစ်ကြိမ် ထပ်မံပျိုးကြဲထားရတယ်လို့ဆိုပါ တယ်။ နောင်းမီကျေးရွာတစ်ခုလုံးမှာ ပျိုးကြဲပြီးတဲ့ရာခိုင်နှုန်းဟာ ၄၀ ရာခိုင်နှုန်းကျော်လောက်သာရှိတယ်လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။ အရင်နှစ်က လယ်ထွန်ခ တစ်ဧက သုံးသောင်းခွဲရှိပြီး ကုန်းဈေးနှုန်းနဲ့ စက်သုံးဆီစျေးနှုန်း တက်တာတွေ ကြောင့် အခုနှစ်မှာတော့ လယ်ထွန်ခ တစ်ဧက ငါးသောင်းလောက်ရှိသွားတဲ့အတွက် လယ်ယာလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ အခက်တွေ့နေရတယ်လို့ နောက်ထပ် နောင်းမီဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒေသခံလယ်သမား တစ်ဦးရဲ့ပြောပြချက်အရ နောင်းမီကျေးရွာအုပ်စုမှာ အိမ်ခြေ ၉၀၀ လောက်ရှိပြီး ဒေသခံလယ်သမားတွေလုပ်ကိုင်တဲ့ လယ်ဧက သုံးသောင်းဝန်းကျင်လောက်ရှိတယ်လို့လည်း သိရပါတယ်။ https:// www.facebook.com/photo/?fbid=2726421087761 23&set=a.266001999440134

၂၉။  ရခိုင်တွင် မိုးကြိုးပစ်ခံရ၍ ရက်ပေါင်း ၂၀ ကျော်အတွင်း လူ ၁၀ ဦးသေဆုံးခဲ့
      June 19, 2023

ဆိုင်ကလုန်းမုန်အတိုင်းအလွန် ရခိုင်ပြည်ရှိ မြိုနယ် ၆မြိုနယ်တွင် မေလ ၂၄ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ အထိ ရက်ပေါင်း ၂၀ ကျော် အတွင်းတွင် ဒေသခံ ၈ ဦးနှင့် ချင်းပြည်နယ်ပလက်ဝမှ ဒေသခံ ၂ ဦးတိုသေဆုံးခဲ့ကာ ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသူများမှာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ရမ်းဗြဲမြိုနယ်များမှ ဖြစ်ပြီး အမျိုးသား ၆ ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ် ၁ ဦးတို အပြင် ချင်းပြည်နယ် ပလက်ဝမှ အမျိုးသား ၂ ဦးလည်းသေဆုံးခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြိုနယ် မိုးကြိုးပစ်ခံရ၍ ဝက်ဖြူပြင်ကျေးရွာနှင့် မင်းဇီချောင်းကျေးရွာမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ဦးတို လယ်ယာလုပ်ကိုင်နေစဉ် မိုး ကြိုးပစ်ခံရပြီးသေဆုံးခဲ့ကာ ကျောက်တော်မြိုနယ်မှ အမျိုးသား ၁ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းထဲမှ အမျိုးသား ၁ ဦးမှာ မင်းပြားမြိုနယ်မှ ပုဏ္ဏားကျွန်းမြိုနယ် ဝက်ဖြူပြင်တွင် လယ်အငှားလုပ်ကိုင်သူဖြစ်‌ ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြိုနယ်၊ ဝက်ဖြူပြင်ကျေးရွာမှ သေဆုံးသွားသူ၏ မိသားစုဝင်တစ်ဦးက “ကျွန်တော့် ညီလေးပေါ့နော် သေဆုံး သွားတာပါ။ ၁၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာပဲ လယ်ထွန်ပြီးလို ထွန်စက်နဲ့ ရွာကို ပြန်ဖိုလုပ်နေစဉ် မိုးကြိုးထိပြီး သေဆုံးခဲ့တာပါ။ အဲ့ဒီနေ့က မင်းဇီချောင်းမှာလည်း အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ဦးသေဆုံးခဲ့ပါတယ်။ ကျွန်တော့်ညီမှာ ဆိုရင် ၂ နှစ် သားလေး တစ်ယောက်ကျန်ခဲ့ပါတယ်”ဟု ပြောသည်။ ဇွန်လ ၆ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြိုနယ် အောင်ပလိုင်ကျေးရွာမှ လယ်တောမှအပြန် မိုးကြိုးပစ်ခံကရကာ သေဆုံးခဲ့သည်။ ယင်းပြင် မေလ ၃၀ ရက်နေ့တွင်လည်း မိုးကြိုး ပစ်ခံ၍ ကျောက်ဖြူမြိုနယ်မှ အမျိုးသား ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မေလ ၃၁ ရက်နေ့ကလည်း မင်းပြားမြို့ နယ်မှ ဒေသခံ ၁ဦးနှင့် ရမ်းဗြဲမြိုနယ်မှ ဒေသခံ ၂ ဦးသေဆုံးခဲ့‌သည်။ အလားတူ မေလ ၂၄ ရက်နေ့ကလည်း ရသေ့တောင်မြိုနယ် ပြိန်းတောကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး နေအိမ်အတွင်းဖုန်းကြည့်နေစဉ် မိုးကြိုးပစ်ခံရ၍သေဆုံးခဲ့ရပြီး ရခိုင်တွင် မိုးရာသီရောက်တိုင်း မိုးဦးပိုင်းအချိန်တွင် မိူကြိုးပစ်ခံရ၍ ဒေသခံ လယ်သမားအနည်းနှင့်အများဆိုသလို နှစ်စဉ်သေဆုံး မှုရှိကြသည်။ https://www.facebook.com/westernn ewsagency/photos/a.119286173211229/782036013602905/

၃၀။  ကံပေါက်ဒေသက ဇနီးမောင်နှံနှစ်ဦး ညသန်းခေါင်အချိန် အဖမ်းခံရ
       June 20, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သီရိမင်္ဂလာရပ်ကွက်မှာ‌နေတဲ့ ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီတပ်က ညသန်းခေါင် အချိန် နေအိမ်မှာ ဝင်ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေဟာ အသက် ၄၅ နှစ် ဝန်းကျင်အရွယ် ဦးအောင်ဇော်ဦးနဲ့ ဒေါ်ဥမ္မာတို့ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။  ဦးအောင်ဇော်ဦး ဟာ ‌ကျောက်တင်ကားမောင်းနေသူဖြစ်ပြီး မဥမ္မာကတော့ နေအိမ်မှာ ကိုယ်ပိုင်မူကြိုကျောင်းဖွင့်ထားတဲ့ သူဖြစ်တယ်လို့သိရပါ တယ်။ “ဘာကြောင့်ဖမ်းတယ်ဆိုတာမသိရဘူး။ သူ့မူကြိုကတော့ အာဏာမသိမ်းခင်ကတည်းကပဲ ဖွင့်ထားတာ” လို့ ကံပေါက် ဒေသခံ ကိုဆဲဗဲင်းက ပြောပါတယ်။

အဆိုပါဇနီးမောင်နှံနှစ်ဦးကို လက်ရှိဘယ်မှာဖမ်းထားတယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ ကံပေါက် ဒေသ သစ်တောလမ်းဆုံအနီးမှာလည်း အင်အား ၁၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးနေတာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ မနေ့ ညနေပိုင်းကလည်း ကံပေါက်ကနေ စစ်ကောင်စီတပ် ကားငယ် ၂ စီး ကားကြီး ၄ စီး အင်အားအပြည့်နဲ့ ကလိန်အောင်ဘက်ကိုထွက်သွားပြီး    အမှတ် ၂ တံတားကနေ ပြောင်ပုပ်တောင် အထိ ကားလမ်းမတလျှောက် စစ်ကောင်စီတပ်သားတွေ ချထားခဲ့တယ်လို့ သိရပါတယ်။ ခဲ့ရပါတယ်။ https://www.facebook .com/photo/?fbid=290930733324683&set=a.196212679463 

၃၁။  UWSA ဝတ်စုံဖြင့် ဓားပြတိုက်သည့် လူ ၅ ဦးကို တန့်ယန်းမြို့ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး
       June 20, 2023

သျှမ်းပြည် လားရှိုးခရိုင်  တန့်ယန်းမြို့နယ်အတွင်း “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA တံဆိပ်ပါ ဝတ်စုံ ဝတ်ဆင်ပြီး ဓားပြတိုက်သည့် အမျိုးသား လူငယ် (၅) ဦးကို ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် တန့်ယန်းမြို့ အမှတ် (၆) ရပ်ကွက်၊ လုံလိတ်ကျေးရွာအတွင်းသို့ UWSA ဝတ်စုံ ဖြင့် ဓားပြလာတိုက်သည့် အမျိုးသား လူငယ် ၅ ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။  “တစ်ယောက် က ကားပေါ်စောင့်ပြီး ၄ ယောက်က အိမ်ထဲ ဝင်ဓားပြတိုက်တာ၊ သူတို့မှာ ဓားရှည် နဲ့ ပစ္စတိုတွေ ကိုင်ထားကြတယ်။ ပြီးတော့ အိမ်ရှင်ကို ဖမ်းချုပ်ပြီး ငွေတွေကို ဖမ်းထုတ်ခိုင်းတာ၊ တရုတ်ငွေ နဲ့ မြန်မာငွေ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော်ပေါ့၊ ဒါပေမဲ့ သူတို့ကို အရပ်ထဲက ဝိုင်းဖမ်းနိုင်ခဲ့တယ်” ဟု တန့်ယန်းမြို့နေ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  ဓားပြတိုက် လူငယ် ၅  ယောက်ကို ဓားရှည် နှစ်လက်၊ ပစ္စတို သေနတ် တစ်လက်၊ UWSA တံဆိပ်ပါ စစ်စိမ်းရောင် အင်္ကျီတစ်ထည် တို့နှင့် အတူ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

အဆိုပါ ဓားပြဝင်တိုက်ခံရသည့် လုံလိတ်ကျေးရွာသည် တန့်ယန်းမြို့ပေါ် ရပ်ကွက်အတွင်း ရှိသော်လည်း အိမ်ခြေ ၂၀ ကျော်သာ ရှိနေသည့်အတွက် မြို့စွန်ကျ နေရာဖြစ်ကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။ ထို့အပြင် ဓားပြတိုက် လူငယ် အုပ်စုသည် အဖွဲ့လိုက်ရှိနေခြင်းဖြစ်ပြီး အဖွဲ့ဝင် စုစုပေါင်း ၂၀ ဝန်းကျင်နီးပါး ရှိနေကြောင်းလည်း သိရသည်။ “သူတို့ကအုပ်စု လိုက် လှုပ်ရှားတာ၊ တစ်အုပ်စုကို  ၅ ယောက် ၇ ယောက် အဲ့လိုတွေနဲ့ သွားလာကြတာတဲ့၊ တစ်ဖွဲ့လုံးဆိုရင် စုစုပေါင်း ၂၀ လောက် ရှိတယ်၊ အခုတော့ ၅ ယောက်ဖမ်းထားလိုက်ပြီ၊ ကျန်တဲ့ အဖွဲ့ဝင်တွေကိုလည်း လိုက်ဖမ်းမယ်လို့သိရတယ်”ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။ ယင်းကဲ့သို့ UWSA တံဆိပ်ပါ ဝတ်စုံဖြင့် ဓားပြဝင်တိုက်သည့် လူငယ်များကို ဖမ်းဆီးရမိခြင်းနှင့်ပတ် သက်ပြီး UWSA တပ်ဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို မေးမြန်းရန်အတွက် ဖုန်းဆက်သော်လည်း ဖုန်း လက် ခံ ဖြေကြားခြင်းမရှိပေ။  https://www.facebook.com/ photo/?fbid=589165676656481&set=pcb.589165789989803

၃၂။  စစ်ကောင်စီရဲ့ လက်နက်ကြီး နဲ့ လေယာဉ်ဗုံးကျဲမှုရန်ကို စိုးရိမ်တဲ့ ဖားဆောင်းဒေသခံများ ကြိုတင်တိမ်းရှောင်နေ
      June 18, 2023

ကရင်နီပြည် ဖားဆောင်းမြို့မှာရှိတဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကို ကြောက်ရွံ့တာကြောင့် ယာယီဘေးလွှတ်တဲ့နေရာတွေကို ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖားဆောင်းဒေသခံ တစ်ဦးဆီကနေ သိရပါတယ်။ “တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို လာပစ်တာတွေရှိ တယ်လေ။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ ဟိုးတစ်နေ့ကစပြီး ဖားဆောင်းမြို့ သံလွင်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲစ ဖြစ်ခဲ့ တယ်။ မနေ့က အဲဒီတိုက်ပွဲအနီးက လူတချို့ရှောင်ကြတယ်။ ဒီရက်လည်း မြို့ပေါ်က လူတချို့ တဖြည်းဖြည်းချင်းထပ်ရှောင် နေကြတယ်။ သူတို့ကိုလည်း ထိမှာစိုးရိမ်ပြီး ကြိုတင်ရှောင်ကြတယ်ပေါ့။” လို့ သူက ပြောပါတယ်။ ဖားဆောင်းမြို့မှာ လူဦးရေ နှစ်သောင်းကျော် ရှိနေပြီး လက်ရှိမှာ အဲဒီလူဦးရေရဲ့ ထက်ဝက်လောက် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရ ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားချိန် လေကြောင်းတွေနဲ့ လာရောက်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ ရွာမှာမနေရဲကြတော့ပဲ ဘေးလွှတ်ရာလို့ ယူဆကြတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် ( PPDF ) ကတော့ ဖားဆောင်းမြို့ သံလွင်အရှေ့ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေပြီး တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့အတွက် လူထုအနေနဲ့ သွားလာခြင်းမပြုကြဖို့ ထုတ်ပြန်ချက်ထုတ်ခဲ့ ပါတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ (၁၅)ရက်နေ့ မှာ ဘောလခဲမြို့ကနေ ဖားဆောင်းမြို့ကို စစ်ကောင်စီဖက် ဒန်ဘာကား ၅စီးနဲ့ လူ အင်အား (၂၀၀) ခန့် ၊ လက်နက် ရိက္ခာအပြည့်အစုံ ချီတက်လာတာတွေရှိပါတယ်။ https://www.kantarawaddytimes.o rg/%e1%80%85%e1%80%85%e1%80%ba%e1%80 %80%e1%80%b1%e1%80

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button