သတင်း

မယ်စဲ့မြို့နယ် ရဲစခန်းအပါအဝင် စစ်ကောင်စီ နယ်စပ်တပ်စခန်း (၃)ခု တပြိုက်တည်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုရှိ

ဓါတ်ပုံ – Karenni Military Information Center (ပုံဟောင်း)

ဖယ်ဒရယ်ဂျာနယ် မြန်မာ၊

ဇွန် ၁၄ ရက်၊ ၂၀၂၃။

ကယား( ကရင်နီ )ပြည်နယ် မယ်စဲ့မြို့နယ် ရဲစခန်းနှင့်အတူ ထိုင်း-မြန်မာ နယ်စပ် စစ်ကောင်စီတပ် စခန်းများ ဖြစ်သည့် တောင်လှစခန်း၊ မယ်တင်နွယ်စခန်း၊ BP -14 စခန်းတို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ (၁၃)ရက်နေ့ မနက် (၅)နာရီလောက်မှာစပြီး တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ ကရင်နီတပ်မတော် ဗဟိုပြန်ကြားရေးဘက်က ပြောပါတယ်။

ကရင်နီတပ်မတော် ဗဟိုပြန်ကြားရေး (KMIC) ပြောရေးဆိုခွင့်ရှိသူ ညေးရယ် ပြောတာက ” မနက် ၅‌ ‌လောက်ကစပြီး တိုက်ပွဲစဖြစ်ကြပါတယ်၊ တောင်လှစခန်း၊ မယ်တင်နွယ်စခန်း၊ BP -14 စခန်း ဝင်တိုက်တာ လက်နက်ကြီး ၁၂၀မမ (၂)လက်နဲ့ တခြားလက်နက်ငယ်တွေလည်း ရထားပါတယ်၊ ရန်သူဖက်အကျအဆုံးနဲ့ ရထားတဲ့ လက်နက်အရေအတွက်တော့‌ လော်လော်ဆယ် မသိရသေးပါဘူး၊ မယ်စဲ့ရဲစခန်းကိုဝင်တိုက်တော့ စခန်းမှူးကျသွားသွားတယ်၊ ရဲစခန်းအနီး လက်နက်ကြီး အများကြီးကျတော့ အနီးနားရွာသားတွေက ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်နေရပါတယ်”

အဲဒီ နယ်စပ်စစ်ကောင်စီ တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် တိုက်လေယာဉ်(၄)စီးဖြင့် မနက် (၁၀)နာရီ တစ်ကြိမ်၊ ညပိုင်း တစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲများကြောင့် နယ်စပ်ထိုင်းနိုင်ဘက်သို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်သည့် ဒေသခံ ပြည်သူများ သုံးထောင်ဝန်းကျင်ခန့်ရှိပြီး ထိုင်းနိုင်ငံ လူမှုကူညီရေးအသင်းတွေက အရေးပေါ် အစားအသောက် အကူအညီတွေနဲ့ နေရာထိုင်ခင်း စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button