သတင်း

ရာဇဝတ်မှုများနှင့် ဆက်စပ်သည့်စီးပွားရေးလုပ်ငန်းများအပေါ် အခြေအနေမှန်သိနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို KNU မှ ဖွဲ့စည်းမည်

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေလ ၆ရက်၊ ၂၀၂၃။

ရာဇဝတ်မှုများနှင့် ဆက်စပ်သည့်စီးပွားရေးလုပ်ငန်းများအပေါ် အခြေအနေမှန်ကို သိရှိဖော်ပြနိုင်ရေးအတွက်လည်း KNU ဗဟိုအဆင့်က ဦးဆောင်ကာ လွတ်လပ်ပြီးဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို KNU ၏ မူဝါဒ နှင့် စည်းမျဥ်းများအတိုင်း အကောင်ထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်တွင် ထည့်သွင်းဖော်ပြထားပါတယ်။

” အခုလောလောဆယ် ကွန်ဂရက်ကပြီးကာစဆိုတော့ ကော်မတီ ၆ခုလောက်ကို တာဝန်ခွဲဝေဖို့လည်း ရှိသေးတယ်။ အဲ့ဒါပြီးမှ ပဲ စုံစမ်းစစ်ဆေးရေးကော်မတီကို လွတ်လပ်တဲ့ ပုံစံနဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ ရှိပါတယ်။ ” KNU ဗဟို အလုပ်မှုဆောင်ကော်မတီမှ ပဒိုစောကလယ်စေးမှ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

KNU အဖွဲ့ဝင်များ၏ စည်းကမ်းချိုးဖောက်မှုများနှင့်ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အခြေခံ၍သော်လည်းကောင်း၊ မိမိ၏ တရားရေး လုပ်ငန်းစဉ်များအရ သော်လည်း ကောင်း အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါတယ်။

တရုတ်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ မည်သည့်ကိစ္စမဆို KNU နှင့် မပတ်သက်ကြောင်း နှင့် KK Part ဟုလူသိများသော တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်နေသော လောင်းကစားရုံများလည်း KNU နဲ့ လုံးဝ ပတ်သက်မှု မရှိကြောင်း ဖော်ပြထားပါတယ်။

KNU ခေါင်းဆောင်များ ရာဇဝတ်မှုနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းမများနှင့် ပတ်သက်သည့် ရေးသားပြောဆိုနေမှုများကို ကန့်ကွက်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားပါတယ်။

Related Articles

Back to top button