ဓါတ်ပုံ – FJMM
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေလ ၁ရက်၊ ၂၀၂၃။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ်ဖြင့် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများစုပေါင်း၍ ဆန္ဒပြ လူထုလှုပ်ရှားမှတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို မေလ ၁ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် စတင်ခဲ့ပြီး ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးပါဝင်ခဲ့ကြပါတယ်။
” ကျွန်တော်တို့က ဒီဆန္ဒပြပွဲကို ထိုင်းနိုင်ငံသားတွေနဲ့ပါ ပူးပေါင်းလှုပ်ရှားတာပါ၊ ထိုင်းအလုပ်သမားတွေ၊ မြန်မာအလုပ်သမားတွေနဲ့ တစ်ခြားနိုင်ငံက အလုပ်သမားတွေလည်း ပါဝင်ကြပါတယ်။ ကျွန်တော်တို့ကတော့ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေး၊ LGBT အခွင့်တွေကိုပါ တောင်းဆိုသွားမှာပါ ” လို့ လူထုလှုပ်ရှားမှုကို ဦးဆောင်တဲ့ မြန်မာနိုင်ငံသားတစ်ဦး ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
အဆိုပါ ဆန္ဒပြသူများသည် အလုပ်သမားအခွင့်အရေးများ၊ မြန်မာ့ဒီမိုကရေစီအရေးများနှင့် လူ့အခွင့်အရေး၊ LGBT အခွင့်အရေးများကို တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါတယ်လို့ ပြောပါတယ်။
ယနေ့ လှုပ်ရှားမှုတွင် ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး တက်ကြွဆောင်ရွက်နေကြသော ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်လျှက်ရှိကြသော နိုင်ငံရေးပါတီများမှလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရပါတယ်။