(No. 28, April 7, 2023)
၁။ KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အား စစ်ကောင်စီမှ ထောင်ဒဏ် ၆ နှစ်ချမှတ်
April 7, 2023
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ ဒီကနေ့ အပြီးသတ် တရားစီရင်ချိန်မှာ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်းထောင်ဒဏ် ၆ နှစ်ချမှတ်လိုက် တာဖြစ်တယ်လို့ ဆရာကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။ လက်ရှိ အမှုတွေအားလုံးအတွက် အယူခံဝင်ဖို့ ဆက်လက်လုပ်ဆောင်သွားဖို့ စီစဉ်နေပြီဖြစ်ပြီး အစွမ်းကုန်ကြိုစားသွားမယ်လို့ ရှေ့နေက ဆက်လက်ပြောပါတယ်။ “အယူခံဝင်မယ်။ ကြိုးစားလို့နိုင်သမျှ အကုန်ကြိုးစားမယ်။ ဒီနေ့ကနေကို စလုပ်နေပါပြီ”လို့ သူက ပြောပါတယ်။ အထက်ပါ ရှေ့နေရဲ့ပြောပြချက်အရ ဆရာကြီးအနေနဲ့ ဆုတောင်းကူဖို့ပဲ မှာကြားလိုက်တယ်လို့ ဆိုပါတယ်။ “ဘာမှမဖြစ်ဘူးနော်။ စိတ်ပျော် ပါတယ်တဲ့။ ဆုတောင်းကူပေးပါတဲ့”လို့ ဆရာကြီးက ပြောကြားလိုက်ကြောင်း ဆိုပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန် ရဲ့ မိသားစု ဝင်တစ်ဦးကလည်း “၆ နှစ်ချလိုက်ကြပြီ။ ဘုရားသခင်ရဲ့ အလိုတော်ပဲပေါ့”လို့ ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရား အသင်းအက်ဥပဒေပုဒ်မ ၁၇(၁)အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့တာပါ။ ဒါ့အပြင် မတ်လ ၁၄ ရက်နေ့မှာလည်း အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ပါ ထပ်တိုး တရားစွဲဆို ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ နဲ့ ဗိုလ်ချုပ်ဂွမ်မော် တို့ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ ၁၇(၁)၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကိုတည်ထောင်ကြပါစို့’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေမျှတဲ့အချိန်မှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့ တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန် တို့နဲ့ သွားရောက်တွေ့ဆုံတယ်ဆိုပြီး ၅၂(က)အမှုတစ်ခုနဲ့ ထပ်တိုးစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ https://www.faceb ook.com/myitkyinanewsjournal.mm/photos/a.1820726221590 00/1872922079740704
၂။ RCSS မှာ ဗိုလ်ချုပ်ကြီး ယွက်စစ် မရှိမှသာ တွေ့ဆုံဆွေးနွေးမယ်လို့ SSPP ဆုံးဖြတ်ထား
April 6, 2023
ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ RCSS ဘက်က ကမ်းလှမ်းထားပေမယ့် RCSS တပ်ဖွဲ့မှာ ဗိုလ်ချုပ်ကြီးယွက်စစ်မရှိမှသာ တွေ့ဆုံဆွေးနွေးဖို့ SSPP ဘက်က ဆုံးဖြတ်ထားတယ်လို့ စုံစမ်းသိရပါတယ်။ RCSS မှာ ဗိုလ်ချုပ်ကြီးယွက်စစ် မရှိမှ ဒါမှမဟုတ် SSPP ရဲ့ ဗဟိုကော်မတီမှာ အာဏာရှိမှသာ SSPP ဘက်က တွေ့ဆုံဆွေးနွေးမယ်လို့ ဆုံးဖြတ်ထားကြောင်း SSPP နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “လက်ရှိ (RCSS က)ဒုတိယဥက္ကဌ စိုင်းယီ လို လူမျိုး အာဏာရရင် ဝမ်ဟိုင်းက ဆွေးနွေးမယ်။ စိုင်းယီ က အရင် SSNA ဟောင်းပါ။ တခြားရှမ်းအင်အားစုတွေနဲ့ ပြေလည်တယ်” လို့ သူကပြောပါတယ်။ ရှမ်းပြည်နယ်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက် တစ်စောင်ကို RCSS ဘက်က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ထုတ်ပြန်ထားပြီး သတ်မှတ်ကာလဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်အထိ အထိတော့ သိသာတဲ့ တွေ့ဆုံဆွေးနွေးမှုကို မတွေ့ခဲ့ရပါဘူး။
လက်ရှိ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ ဦးသိန်းစိန်လူလို့ တရုတ်ဘက်က ရှု့မြင်ထားပြီး ဒီအမြင်ဟာ တရုတ်နဲ့ နီးစပ်တဲ့ FPNCC အုပ်စုတွေရဲ့ အမြင်အပေါ်လည်း လွှမ်းမိုးမှုရှိမယ်လို့ ရှမ်းပြည်အရေးသုံးသပ်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။ RCSS တပ်ဖွဲ့တွေဟာ ဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်းမှာ ရှမ်းမြောက်ဘက်ကို ပြန်လည်အခြေချလာတာကြောင့် ဒီလိုအမြင်မျိုးဖြစ်လာတာလို့ သူက ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ် ထဲမှာ RCSS နဲ့ PNLO တပ်တွေ ထိတွေ့မှုဖြစ်ပွားခဲ့သလို ရှမ်း-ကရင်နီနယ်စပ်မှာလည်း ဖေဖော်ဝါရီ နောက်ဆုံးပတ်ကတည်းက စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အကြီးအကျယ်တိုက်ပွဲနေပါတယ်။ https://www.face book.com/MeKongNewsMM/photos/a.3739 65523263391/1206535603339708/
၃။ ရွှေကုက္ကိုမြို့သစ် အနီးရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်စခန်း ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၈၅ ယောက် သေဆုံးဟုဆို
April 6, 2023
ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ရွှေကုက္ကို မြို့သစ်အနီးတဝိုက်ရှိ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောင် နယ်ခြား စောင့်တပ် (BGF) များပူးပေါင်း အထိုင်ချထားသည့် စခန်း ငါးခုကို တော်လှန်ရေး အင်အားစုများဖြစ်ကြသည့် ဗိုလ်အယ်စေးဝါး စစ်ကြောင်း၊ Lion Battalion ဗျူဟာစစ်ကြောင်း၊ KLNA နှင့် KTLA PDF ပူးပေါင်းအဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ စစ်စခန်း ၅ ခုကို ဧပြီ ၅ ရက်နေ့နှင့် ၆ ရက်နေ့ နှစ်ရက်အတွင်း သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များထံကသိရသည်။ “ထီးဝါမယ်ပလော၊ ထီကော်ထေားကျေးရွာနားမှာ တပ်စွဲထားတဲ့စခန်းတွေကို ဗျူဟာမြောက် ဝင်စီးနင်း တိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်နဲ့ BGF ၈၅ ယောက်သေပြီး ၆၀ ကျော်လောက်တော့ထိခိုက်ဒဏ်ရာရတယ်။ စခန်းတစ်ခုဆိုရင် လက်နက်တွေထားပြီးထွက်ပြေးသွားတယ်”ဟု စခန်းသိမ်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့်တော်လှန်ရေး ရဲဘော်တစ်ဦးကပြောသည်။
တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပူးပေါင်းစခန်းများကိုမီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်များထံ က လက်နက်မျိုးစုံ ၇၅ လက်ကိုပါသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။ ရွှေကုက္ကိုမြို့သစ်တွင် တရုတ်နိုင်ငံသားပိုင်ကာစီနို လောင်း ကစားရုံများနှင့် BGF ခေါင်းဆောင်အချို့၏ ကာစီနိုလောင်းကစားရုံများ အများအပြားရှိနေပြီး အဆိုပါ ကာစီနိုရုံများမှ အလုပ် သမားများကို လက်နက်များထုတ်ပေး၍ တိုက်ပွဲများတွင် အသုံးချနေကြောင်း စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေး ရဲဘော်က ဆိုသည်။ https://www.facebook.com/ayeyarwaddytimes/photo s/pcb.2450101135147873/2450100995
၄။ ညောင်ရွှေမြို့နယ် ဒေသခံ ၃ ဦးကို စစ်ကောင်စီမှ ထပ်မံဖမ်းဆီး
April 6, 2023
သျှမ်းပြည် ညောင်ရွှေမြို့ရှိ ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း သတင်းသိရှိရသည်။ (ဧပြီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီခွဲ အချိန်၌ ညောင်ရွှေမြို့အတွင်း နေထိုင်သည့် အသက် ၄၀ နှစ်ဝန်းကျင် ကိုမျိုး ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့မှ အိမ်စီးကား ၃ စီးဖြင့် နေအိမ်အတွင်းသို့ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့သည့်အပြင် ကိုမျိုး ၏ ဇနီးဖြစ်သူနှင့် အစ်မဖြစ်သူကိုလည်း ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း ညောင်ရွှေမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အိမ်စီး ကား ၃ စီးနဲ့ အရပ်ဝတ်ပြီး ဝင်ဖမ်းတာ။ သူတို့ ဖမ်းတဲ့အချိန်မှာ ပြန်ခုခံလို့ဆိုပြီး ခြေထောက်ကိုပစ်ပြီး ဖမ်းသွားတာ။ သူ့မိသားစု တွေကိုလည်း စစ်ဆေးပြီး သူ့မိန်းမ နဲ့ သူ့အစ်မကိုလည်း ခေါ်သွားတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ ပြည်သူ ၃ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီးနောက် လက်ရှိမှာ ညောင်ရွှေမြို့ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း လည်း သိရသည်။
ဖမ်းဆီးခံရသည့် အသက် ၄၀ နှစ်ဝန်းကျင် ကိုမျိုး ဆိုသူသည် ယခင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ၏ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတပ်ဖွဲ့မှ ခွဲထွက်လာပြီး ဂိမ်းဆိုင်ဖွင့်လှစ်ခဲ့ကာ ယခုလို ဖမ်းဆီးခြင်းခံရကြောင်း ညောင်ရွှေမြို့ ဒေသခံတစ်ဦးက ပြောသည်။ “ သူကတော့ ကျမတို့ သိရသလောက် အရင်က PDF ထဲမှာလုပ်ဖူးတယ်။ လုပ်ပြီးနောက်ပိုင်း ထွက်လာမှ ဂိမ်းဆိုင်ဖွင့်တာလို့ ကြားတယ်”ဟု ၎င်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။ လက်ရှိမှာ ညောင်ရွှေမြို့နယ် အတွင်းရှိ လူငယ်များ၊ PDF နှင့် ဆက်စပ်မိသူများကို စစ်ကောင်စီတပ်ဖွဲ့မှ ရှာဖွေပြီး ဆက်တိုက်ဖမ်းဆီးနေရာ ပြည်သူများမှာ လည်း လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။ ထို့အပြင် ပြီးခဲ့သည့် (ဇန်နဝါရီ ၈ ရက်) တွင်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF နှင့် ကူညီထောက်ပံ့သူများ၊ သတင်းပေးပို့သူနှင့် PDF ခေါင်းဆောင် အပါအဝင် (၁၂) ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။ https://www.facebook.com/ shannewsburmese/photos/a.341540565938393/609201 8330890559/
၅။ မတူပီမြို့နယ်မှာ ကျေးရွာခြောက်ရွာက ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ
April 7, 2023
စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ချင်းပြည်နယ် မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းမကြီးဘေးမှာရှိတဲ့ ကျေးရွာခြောက်ရွာက ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တွီးရှစ်၊ ဝလံပီး၊ ဝါပုန်း၊ ကလား ၊ ဝလံတဲ၊ ဆုဆင်း စတဲ့ ကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာ တောတောင်ထဲမှာ တိမ်းရှောင်နေရတာ အချိန် နှစ်ပတ်ကျော်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။ မတူပီမြို့နယ် ထယ်ဘွေးစခန်းကို ရိက္ခာ၊ အင်အားဖြည့်တင်းဖို့အတွက် စစ်ကောင်စီတပ်က မတ်လ ၂၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာခဲ့ပေမယ့် ဒေကာကွယ်ရေးအဖွဲ့တွေရဲ့ ကြားဖြတ် တိုက်ခိုက်မှုတွေကြောင့် ထယ်ဘွေးစခန်းကို မရောက်နိုင်သေးဘူးလို့ မတူပီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါ တယ်။ “စစ်ကောင်စီတပ်တွေ ထိုးစစ်ကြောင့် မတူပီနဲ့ ပလက်ဝကြားကားလမ်းဘေးက ကျေးရွာ ခြောက်ရွာ ထွက်ပြေး နေရတယ်။ လူတွေထွက်ပြေးတော့ အခုနေအိမ်တွေ မီးရှို့ခံနေရ တယ်။ စစ်ကောင်စီတပ်တွေ အသေများတဲ့ အခါမှာ ရွာတွေကို မီးရှို့တယ်”အဲဒီစစ်ဘေးဒုက္ခသည်အများစုဟာ ၀မ်းပျက်၀မ်းလျှောရောဂါ ခံစားနေရတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေး ပေါ်လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူ တွေက ပြောပါတယ်။
မတူပီမြို့ကနေ ၃၅ မိုင်လောက်ဝေးတဲ့ ထယ်ဘွေးစခန်းကို အချိန် နှစ်ရက်လောက်သာ သွားရပေမယ့် ဒေသကာကွယ် ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ် ဟာ မတ်လ ၂၀ ရက်နေ့ကနေ ဒီကနေ့ ဧပြီ ၆ ရက်နေ့အထိ ထယ်ဘွေး စခန်းကို မရောက် နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မတူပီမြို့ကနေ အင်အား ၁၅၀ ၀န်းကျင်နဲ့ စစ်ကြောင်းထွက်ခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် သေဆုံးတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်ရှိတယ် CDF မတူပီအဖွဲ့က ပြောပါ တယ်။ မတ်လ ၃ ရက်နေ့မှာ ကလားရွာက နေအိမ် ၃၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့ပြီး ဝလံတဲရွာနဲ့ ဆုဆင်းရွာ ကိုလည်း စစ်ကောင်စီက မီးရှို့တာကြောင့် စာသင်ကျောင်း အပါအ၀င် နေအိမ် ၂၀ ခန့် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ စစ်တပ်အာဏာသိမ်းတဲ့ နောက်ပိုင်း ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပါတယ်။ https://www.rfa .org/burmese/news/matupi-residents-fleeing-04062023050138.html
၆။ ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ဝန်းကျင် ထိုင်းဘက် ထွက်ပြေးတိမ်းရှောင်
April 6, 2023
ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၆,၀၀၀ ဝန်းကျင် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကူး တိမ်းရှောင်ခဲ့ရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေထံက သိရ ပါတယ်။ ဧပြီ ၅ ရက်၊ မနက်ပိုင်းမှာ ရွှေကုက္ကိုလ်မြို့သစ် မြောက်ဘက် ၆ မိုင် အကွာမှာ ရှိတဲ့ ထီးကော်ထောကျေးရွာအနီး နယ်ခြားစောင့်တပ် BGF၊ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားတာကြောင့် ဒေသခံတွေ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်က ဝှေးကလုတ် (ခွေးကလုတ်)၊ ဝမ်ဖာ ကျေးရွာတွေဘက် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။ “ကျောက်ဖျာ ဘက်က သူငယ်ချင်းတွေကတော့ ကြောက်နေရတယ်လို့ ပြောတယ်။ တချို့ကတော့ ထိုင်းဘက်ကို ပြေးကြတယ် ပြောတယ်။ ဖေ့စ်ဘုတ်မှာ ပို့စ်တင်ကြတာ တွေ့တယ်။ နေ့လယ်ဘက်က လေယာဉ်လာတဲ့ အသံတော့ ကြားတယ်။ မြဝတီမြို့ထဲမှာတော့ အေးဆေးသွားလာနေကြတယ်” လို့ မြဝတီ ဒေသခံ အမျိုးသမီး တစ်ဦးက ဒီကနေ့ အခြေအနေကို ပြောပါတယ်။ ကျေးရွာအနီး ထွက်ပေါ်နေတဲ့ လက်နက်သံတွေကြောင့် ထီးကော်ထောရွာနားက ထီးချားရား၊ ကော့ကော်၊ ကျောက်ဖျာကျေးရွာက ပြည်သူ တွေ ထိတ်လန့်နေပြီး ထိုင်းဘက်ကို ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထိုင်းဘက်ခြမ်း တိမ်းရှောင်လာတဲ့ ပြည်သူတွေကို ထိုင်းအာဏာပိုင်တွေနဲ့ ထိုင်းဒေသခံတွေက သောင်ရင်းမြစ်နဲ့ နီးစပ် ရာ နွားမွေးမြူရေးခြံနဲ့ ရာဘာခြံဝင်းတွေမှာ နေရာချထားပေးနေကာ စစ်ဘေးရှောင်တွေကတော့ ဆက်ပြီးတိုးလာနေဆဲလို့သိရ ပါတယ်။ သောင်ရင်းမြစ်ကမ်း တလျှောက်က စစ်ဘေးရှောင်တွေ အတွက် အရေးပေါ် အစားအစာ၊ ရေ၊ အဝတ် အထည်၊ စောင်၊ အခင်းနဲ့အခြား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေထံက သိရပါတယ်။ လက်ရှိ ရွှေကုက္ကိုလ်မြို့သစ် အနီးတဝိုက်မှာ လက်နက်ကြီးသံတွေ ထွက်ပေါ်လျက်ရှိပြီး မြို့သစ်အဝင် အထွက် ဂိတ်တွေကို နယ်ခြား စောင့် BGF တပ်တွေ ပိတ်ထားကာ ဘယ်သူ့ကိုမှ အဝင်အထွက် ပေးမလုပ်ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။ ဒီတိုက်ပွဲတွေ မှာ ဗိုလ်မှူးကြီးစောချစ်သူ ရဲ့ BGF အရာရှိ တစ်ဦး အပါအဝင် နှစ်ဖက် ထိခိုက် ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပြီး မဲခေါင်သတင်း အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ရွှေကုက္ကိုလ်မြို့သစ် အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိတာ ဆယ်စုနှစ် ၂ ခုနီးပါး ကြာခဲ့ပြီးနောက် အခုပြန်လည် ဖြစ်ပွားတာလို့ BGF အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးထံက သိရပါတယ်။ https://www.fac ebook.com/MeKongNewsMM/p hotos/pcb.1207134323279836/1207133023279966/
၇။ မတ်လအတွင်း အမျိုးသမီး ၅၈ ဦးဖမ်းဆီးခံရပြီး ၂၉ ဦးအသက်ဆုံးရှူံးခဲ့
April 6, 2023
မြန်မာတစ်နိုင်ငံလုံးမှာ မတ်လအတွင်း အမျိုးသမီး ၅၈ ဦး စစ်ကောင်စီရဲ့ဖမ်းဆီးမူကိုခံခဲ့ရပြီး စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးရတဲ့အမျိုးသမီး ၂၉ ရှိတယ်လို့ Burmese Women’s Union ကထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူ နှင့်သေဆုံးသူ စာရင်းမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ဖမ်းဆီးခံရသူ ၁၉ ဦး၊ သေဆုံးသူ ၁၇ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ ” ကျမတို့အမျိုးသမီးတွေဟာ အရင်ကဆို နိုမ့်ချဆက်ဆံခံရတယ်။ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ တန်းတူပါလာ တော့ တန်းတူဆက်ဆံခံလာရတယ်။ အမျိုးသမီးတွေပါဝင်နူန်းများလာတော့ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံလာရတာတွေရှိလာ တယ်။ ဒါပေမယ့် ကျမတို့ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူး”လို့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးမှာ တက်ကြွလှုပ် ရှားနေသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ယခုအချက်အလက် ကိန်းဂဏန်းတွေကို ခိုင်လုံတဲ့ သတင်းမီဒီယာများက ထုတ်ဖော်ရေးသားတဲ့ သတင်းအချက်အလက် များအပေါ် အခြေခံ ကောက်ယူထားတာဖြစ်ပြီး မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီဟာ နိုင်ငံနဲ့အဝှမ်းပြည်သူတွေကို နေ့စဥ်နဲ့အမျှဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ စစ်ကြောင်းထိုးတဲ့ဒေသတွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့တဲ့ပြည်သူတွေဟာ သတ်ဖြတ်ခံကြရ ပြီး အဲ့ဒီထဲက အမျိုးသမီးအချို့ဟာ အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရတဲ့လက္ခဏာတွေကို တွေ့ရှိခဲ့ကြရပါတယ်။ https://ww w.facebook.com/photo/?fbid=637758785029092&set=a.508174 331320872
၈။ KIO ပညာရေးမြို့တော် မိုင်ဂျာယန်က အင်္ဂလိပ်စာအထူးပြုအဆင့်မြင့်ကျောင်း(ILAS)ဘွဲ့နှင်းသဘင် အခမ် းအနားပြုလုပ်
April 6, 2023
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ် တဲ့ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာအထူးပြု အဆင့်မြင့်ကျောင်း Institute Of Liberal Arts In Sciences (ILAS) ရဲ့ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၏ ကျောင်းသား၊သူများကို ဘွဲ့နှင်းသဘင် ဂုဏ်ပြုပေးတဲ့ ခမ်းအနားကို ဒီကနေ့ ဧပြီ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ Intensive English program ထဲက ကျောင်းသား၊သူ (၆၉) ဦး၊ Diploma in English Program ထဲက ကျောင်းသား၊သူ (၃၅) ဦး၊ Diploma in Liberal Arts Studies ထဲက ကျောင်းသား၊သူ (၂၉) ဦးတို့ကို ဘွဲ့အသီးသီး ဂုဏ်ပြုချီးမြင့်ပေးခဲ့တယ်လို့ Academic Director ဖြစ်တဲ့ ဆရာမအင်ခွန်ဆွတ်ဆိုင်းထွယ် ကပြောပါ တယ်။ အဲဒီဘွဲ့နှင်းသဘင် အခမ်းအနားမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဒေါက်တာ တူးခေါင် ကလည်း တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် Institute Of Liberal Arts In Sciences (ILAS) ၏ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၏ ကျောင်းသား၊သူများ ကိုလည်း ပြန်လည်လက်ခံနေပြီ ဖြစ်ကြောင်း အဲဒီ အင်္ဂလိပ်စာအထူးပြု အဆင့်မြင့်ကျောင်း(ILAS)ရဲ့ လူမှုကွန်ရက် စာမျက်နှာက တဆင့် ကြေညာထားသလို လျှောက်လွှာများကိုလည်း ရယူနိုင်ပြီလို့ ဆိုပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေ ဖြစ်တဲ့ မိုင်ဂျာယန်မြို့ထဲမှာတော့ အဆင့်မြှင့်ပညာရေးကျောင်းများဖြစ်တဲ့ Institute of Liberal Arts and Sciences-Mai Ja Yang (ILAS-MJY) အပါအဝင် Mai Ja Yang College (MJY), Mai Ja Yang Institute of Education (MIED), Federal Law Academy (FLA) စသည့် အဆင့်မြင့်ပညာရေးကျောင်းများနှင့် ကချင်ပြည်နယ် တက္ကသိုလ်ပေါင်းစုံပါဝင်တဲ့ Kachin State Comprehensive University (KSCU) ကိုလည်း ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ https://www.facebook.com/p hoto/?fbid=687488320048433&set=pcb.687500663380532
၉။ မိုးဗြဲအရှေ့ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်၊ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
April 7, 2023
သျှမ်းပြည် မိုးဗြဲမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာအတွင်း ယနေ့ နံနက် ၆ နာရီ ဝန်းကျင်အချိန်က စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်နှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၆ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်ဖွဲ့၊ ရေကာတာ ၄၂၂ တပ်မှ မိုးဗြဲအရှေ့ ဘက်ခြမ်းရှိ ကျေးရွာ အတွင်းကို ၁၂၀ မမ နှင့် ၈၁ မမ များဖြင့် ရမ်းသမ်းပစ်ခဲ့ကြောင်း အသက် ၂၅ နှစ်အရွယ်ရှိ ကိုဂျိုးဇက် ၎င်း ဇနီးဖြစ်သူ အသက် ၂၀ နှစ် ဒေါ်မိငယ်တို့ ကျည်စမှန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Jop for Kayah မှ တာဝန်ခံတစ်ဦးကပြောသည်။ “ တိုက်ပွဲကမဖြစ်ပါ ဘူးဗျ။ စကစ တွေက လက်နက်ကြီးတွေနဲ့ ရမ်းထုနေတာပါ။ ဒေသခံ နေအိမ်တွေကော ပျက်စီးတယ်။ ပြည်သူ ၂ ဦးလည်း လက် မှာ လက်နက်ကြီးအစထိပြီး ဒဏ်ရာရတယ်”ဟု ၎င်းတာဝန်ခံတစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူပြည်သူ ၂ ဦးကိုလက်ရှိမှာ ဆေးဝါးကုသပေးနေကြောင်းသိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်သည်မှာ စစ်ရာဇဝတ် မှုကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများလည်း လုံခြုံရေး အတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ “ စကစတွေ ထုတဲ့အသံတောင် အိမ်တွေတုန်တာဆိုတော့ ကျတဲ့နေရာဆို ဘယ်လို နေကြမလဲဗျာ။ လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေတာပေါ့”ဟု ၎င်း တာဝန်ခံတစ်ဦးက ထပ်လောင်းပြောသည်။ အလားတူ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်) တွင်လည်း မိုးဗြဲမြို့အရှေ့ဘက်ကမ်းရှိ ကျေးရွာများထဲတွင် စစ်ကောင်စီတပ်ဖွဲ့ လက်နက် ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNDF BO 3 က ထုတ်ပြန်ထားသည်။ https://burmese.shannews.org/archives/34020
၁၀။ ၂ နှစ်တာအတွင်း KNU ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း ခုနှစ်ထောင်ကျော် ဖြစ်ပွားခဲ့
April 6, 2023
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာအတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း ခုနှစ်ထောင် ကျော် (၇,၅၈၇ ကြိမ်) ဖြစ်ပွားခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်တပ် အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ စစ်တပ်၏ လူ့အခွင့်အရေးချိုး ဖောက်မှုများကို KNU က ပြုစုထားခြင်း ဖြစ်သည်။ တိုက်ပွဲများအတွင်း ဒေသခံပြည်သူပေါင်း ၄ သိန်းနီးပါး (၃၆၅,၁၈၇ ဦးထက် မနည်း) အိုးအိမ်စွန့်ခွာခဲ့ရပြီး စစ်ကောင်စီက ဖြတ်လေးဖြတ် နည်းဗျူဟာကို အသုံးပြုကာ ဒီမိုကရေစီအရေးလှုပ်ရှားသူများသာ မက ပြည်သူများကိုပါ ဖြိုခွင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။
စစ်တပ်က ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ၂၃၀ ကြိမ် တိုက်ခိုက်ခဲ့ရာ နေအိမ် ၁၈၃ လုံး ပျက်စီးခဲ့ သည့်အပြင် ပြည်သူ ၂၂ ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် လက်နက်ကြီး ပစ်ခတ်မှု ၇၅၈ ကြိမ် ကျူးလွန်ခဲ့ပြီး နေအိမ် ၂၂၇ လုံးပျက်စီးသွားသည့်အပြင် ပြည်သူ ၁၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာတွင် ကုလသမဂ္ဂ၊ ထိုင်းနိုင်ငံ၊ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်းများက ပိတ်ပင်တား ဆီးမှုမရှိဘဲ နယ်စပ်ဖြတ်ကျော်ကာ သို့မဟုတ် နိုင်ငံတွင်း အဓိကကျသော နေရာများမှတဆင့် အကူညီပေးရေးအဖွဲ့အစည်းများ က အလိုအပ်ဆုံးဖြစ်သောနေရာများကို သွားရောက်ပံ့ပိုးခွင့်ရရေးအတွက် တိုက်တွန်းထားသည်။ https://www.facebook. com/photo/?fbid=603845528429646&set=a.4 78726164274917
၁၁။ မြေရှားသတ္တုတူးဖော်ရေးကို ကန့်ကွက်သူများအား ပစ်ခတ်ရန်အမိန့်ပေးခဲ့သည်ဟု သတင်းထွက်ပေါ်နေသဖြင့် KIO ကို ကချင်လူထုဝေဖန်
April 6, 2023
မံစီမြို့နယ် ဒိန်ဆိန်းပါဒေသတွင် မြေရှားတူးဖော်ရေးလုပ်ငန်းများကို ကန့်ကွက်နေသည့် ဒေသခံပြည်သူများကို ပစ်ခတ် တားဆီးရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က အမိန့်ပေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ကချင်လူထုအကြား ဝေဖန်မှုများမြင့်တက်နေသည်။ ဒေသခံပြည်သူများ မြေရှားတူးဖော်ကန့်ကွက်ရေးလှုပ်ရှားမှုပြုလုပ်ပါက ပစ်ခတ်တားဆီးရန် KIO/KIA ဥက္ကဋ္ဌက ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကအမိန့်ပေးခဲ့ကြောင်း အင်ဘာပါဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ “အဲ့ဒီ နေ့ ကုမ္ပဏီဝင်းကို သွားဖြိုတဲ့နေ့မှာ ပြည်သူတွေကို ပစ်ဖို့ ဒူကဘာအင်ဘန်လ ကအမိန့်ပေးတာ။ တနင်္ဂနွေနေ့တုန်းကလည်း ဘုရားကျောင်းမှာ ပစ်မိန့်ပေးထားတယ်ဆိုပြီး ဝတ်ပြုတဲ့အစီအစဉ်မှာ ဆရာကပြောတယ်”ဟု သူကပြောသည်။ ဒိန်ဆိန်းပါ ကျေးရွာနှင့် အနီးအနားရှိကျေးရွာရှိ ဒေသခံပြည်သူ တစ်ထောင်ခန့် ကျိန်းလပ်ပါရှိမြေရှားသတ္တုတူးဖော်ရေးပစ္စည်းများ သိုလှောင် ထားရာနေရာ၊ သတ္တုတူးဖော်ရေးကုမ္ပဏီဝန်ထမ်းများ နေထိုင်သော မိုးကာတဲတန်းလျားကို မတ်လ ၂၁ ရက်နေ့တွင် အင်အားသုံး သွားရောက်ဖြိုချခဲ့စဉ်တွင် ပစ်ခတ်တားဆီးရန် အမိန့်ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။ လက်ရှိအချိန်တွင် ဒိန်ဆိန်းပါဒေသ ရှိ ပြည်သူများ၏ မြေရှားသတ္တုတူးဖော်ရေးကန့်ကွက်သည့် လုပ်ငန်းစဉ်များကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ညွှန်ကြားချက်အရ ခေတ္တရပ်တန့်ထားကြောင်း ဒေသခံများက ဆိုသည်။
ပြည်သူများကို ပစ်ခတ်မိန့်ပေးသည့် ခေါင်းဆောင်သည် ပြည်သူ့ရန်သူသာ ဖြစ်ကြောင်းနှင့် KIO/KIA အဖွဲ့တွင် ပါဝင်နေ သူများအနေဖြင့် အမှားအမှန်ဆန်းစစ်သုံးသပ်သင့်သည်ဟု ကချင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြော သည်။ “KIO/KIA အင်စတီကျူးရှင်း(အဖွဲ့အစည်း)တစ်ခုလုံးမှာ ပါဝင်နေတဲ့သူတွေလည်း ဆန်းစစ်တွေးတောပြီးတော့ ကိုယ့်ရဲ့ခေါင်း ဆောင်ကို သတိပေးသင့်တာ၊ သတိပေးရမယ်။ ပြည်သူတွေကို ပစ်မိန့်ပေးတယ်ဆိုတာ မှားသလား၊ မှန်သလားဆိုတာ ပြောရ မယ်။ အထက်လူကြီးက အမိန့်နဲ့ပြောတိုင်း လိုက်မလုပ်သင့်ဘူးလို့ မြင်မိတယ်” ဟု သူက ပြောသည်။ KIO/KIA က ပြည်သူများကို ပစ်ခတ်တားဆီးရန် အမိန့်ပေးခဲ့ခြင်းရှိ၊ မရှိအတည်ပြုနိုင်ရန် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သတင်းနှင့် ပြန်ကြားရေး ဗိုလ်မှူးကြီး နော်ဘူ ထံ ဆက်သွယ်မေးမြန်းခဲ့ရာ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြဿနာများကို ဗဟို ကော်မတီအဆင့်ဆင့်ဖြင့် ဖြေရှင်းနေဆဲဖြစ်ပြီး ဥက္ကဋ္ဌက ပြည်သူများကို ပစ်မိန့်ပေးခြင်း ရှိ၊ မရှိကို မသိရှိကြောင်းပြောသည်။ “ဒီပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ကြားလည်း မကြားမိဘူး။ ပစ်မိန့်ပေးတယ်ဆိုတာလည်း မကြားဘူး။ အဲ့နည်းတူပဲ KIO ရဲ့ ကိုယ်စားအနေနဲ့လည်း ကျွန်တော့်ဘက်က ဘာမှမပြောနိုင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းတာလည်း ကော်မတီ အဆင့်ဆင့်ရှိတယ်။ ကျွန်တော်တို့ ဗဟိုကော်မတီအဆင့်မှာတောင် ဖြေရှင်းလို့မပြီးသေးဘူး”ဟု သူကပြောသည်။ မြေရှားသတ္တု တူးဖော်သည့် လုပ်ငန်းခွင်ကို ဒေသခံများက သွားရောက်ဖျက်ဆီးခဲ့သော်လည်း ကုမ္ပဏီအလုပ်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက နှစ်ရက်အကြာတွင် ပြန်လည်ပြင်ဆင်ကာ ယခုချိန်ထိ နေထိုင်နေကြောင်း သိရသည်။ https://www.facebook.com/p hoto/?fbid=536408855353454&set=a.535867418740931
၁၂။ မဲဆောက်တွင် အဖမ်းခံရသည့် PDF အဖွဲ့၀င် ၃ ဦးကို သင်္ယန်းညီနောင်ဗျူဟာတွင် စစ်ဆေးနေ
April 6, 2023
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အဖမ်းခံရသည့် PDF တပ်ဖွဲ့ဝင်သုံးဦးသည် စစ်ကောင်စီထံ လွှဲပြောင်းခံရပြီးနောက် လက် ရှိတွင် သင်္ဃန်းညီနောင်ဗျူဟာ၌ ချုပ်နှောင်စစ်ဆေးခံနေရကြောင်း ၎င်းတို့လွတ်မြောက်ရန် ကူညီဆောင်ရွက်ပေးနေသည့်ခိုင်မာ သော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “သူတို့က သင်္ယန်းညီနောင်ဗျူဟာမှာ အချုပ်ခံထားရတယ်။ ဒီသတင်းက လူမသိရင် စစ်ကောင်စီဘက်က လက်စဖျောက်သွားမှာကိုစိုးရိမ်တယ်။ ကျွန်တော်ပြောချင်တာက သူတို့လိုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရ အောင် ထိုင်းဘက်ကို ဖိအားပေးဖို့လိုတယ်”ဟု အဖမ်းခံရသူများကို လိုက်ပါကူညီပေးနေသူတစ်ဦးက ပြောသည်။ မဲဆောက်တွင် ဆေးကုသမှု ခံယူရန်ရောက်ရှိနေသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းအာဏာပိုင်များက ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။၎င်းတို့သည် ဆေးခန်းပြပြီး အပြန်တွင် ဘန်ကောက်မြို့သို့သွားသည့် လမ်းမကြီးပေါ်သို့ လမ်းမှား ရောက်သွားသဖြင့် ထိုင်း လ.ဝ.က ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ် ကြောင်း နီးစပ်သူများထံက သိရသည်။ “ထိုင်းလဝက ကဖမ်း တယ်။ အဲ့ဒီညနေမှာပဲ လဝကရုံးကို ပို့လိုက်တယ်။ ကျွန်တော်တောက်လျှောက်လိုက်ထုတ်တယ်။ ထိုင်းစစ်တပ်ဘက်က ကူညီ ပေးတယ်။ သူတို့လိုက်ထုတ်ပေးတယ်။ ၃ ရက်နေ့ ညနေလောက်မှာ ထိုင်းစစ်တပ်ဘက်က လိုက်ထုတ်ပေးတယ်ပေါ့နော်။ အဲ့မှာ ၄ ရက်နေ့မှာ လာထုတ်ပါလို့ ထိုင်းလဝက ကပြောလိုက်တယ်။ အဲ့တော့ နောက်နေ့ နံနက် ၁၁ နာရီမှာ သွားထုတ်တော့ သူတို့က ပြောလိုက်တယ်။ မနက် ၁၀ နာရီ ကတည်းက ဟိုဘက်ကမ်းကို သွန်( ပို့ ) လိုက်တယ်လို့ ပြောတယ်”ဟု အထက်ပါ သတင်းရင်း မြစ်က ပြောသည်။
ဖမ်းဆီးခံရသူ သုံးဦးမှာ အသက် ၃၈ နှစ်အရွယ် ကိုသီဟ၊ အသက် ၃၁ နှစ်အရွယ် ထက်နေဝန်းနှင့် အသက် ၂၆ နှစ်အရွယ် စောဖြိုးလေး တို့ ဖြစ်သည်။ အဆိုပါ အဖမ်းခံရသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေး (လ.ဝ.က ) မှ အင်ကြင်းမြိုင် BGF ဂိတ်ကို ပို့ဆောင်ခဲ့ပြီးနောက် အဖမ်းခံရသူများမှာ ထွက်ပြေးသဖြင့် BGF အဖွဲ့၀င်များက ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦးမှာ ရင်ဘတ် ကျည်ထိမှန်ကာ တစ်ဦးမှာ ပေါင်ကိုထိမှန်ခဲ့ကြောင်းသိရသည်။ ဖမ်းဆီးခံရသူများကို BGF ဗိုလ်မှူးနိုင်မောင်ဇော် က ဦးခေါင်းတွင် အိတ်အမဲစွပ်ကာ စစ်ကောင်စီလက်ထဲသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့သုံးဦးနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်မတ်လက စတင်ကာ မြန်မာလူမျိုးများ နေထိုင်သည့် နေအိမ်၊ တန်းလျားများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဓာတ်ပုံအချို့ကိုပြကာ မေးမြန်းမှုများရှိကြောင်းသိရသည်။ ပြီးခဲ့သည့်လပိုင်း ကလည်း မဲဆောက်တွင်ထွက်ပြေးတိမ်းရှောင်နေသည့် CDM အချို့ကိုဖမ်းဆီးပြီး ထိုင်းအစိုးရက မြန်မာစစ်တပ်ဘက်ကိုလွှဲ ပြောင်း ပေးခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။ https://www.facebook.com/MizzimaDaily/photos/a.320351647999 747/657540023582 8159/
၁၃။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ရွှေကူမြို့နယ်ရှိ ကျေးရွာ ၃၇ ရွာက ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရ
April 6, 2023
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ကြောင့် ကျေးရွာ ၃၇ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဧပြီလ (၅) ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျ အဆုံးများခဲ့ပြီးတဲ့ နောက် စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ (၃) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ရွှေကူမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်ကြတဲ့ စီမူကြီးကျေးရွာ၊ စီမူလေးကျေးရွာ၊ မံဝိန်းကျေးရွာ၊ စီသာကျေးရွာ၊ စီသောင်ကျေးရွာအစရှိတဲ့ ကျေးရွာပေါင်း ၃၇ ရွာကဒေသခံတွေ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ထွက် ပြေးတိမ်းရှောင်နေတဲ့ စီသာကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။ “ရွှေကူမြို့ပေါ်ကောတောဘက်တွေကော။ တောထဲ ကျေးရွာနံဘေးနား တောတွေဘက်တွေ တိမ်းရှောင်တာများတယ်” လို့ အထက်ပါစီသာကျေးရွာ ဒေသခံက ဆိုပါတယ်။
နှစ်ဖက်တပ်တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ နေ့လယ်ပိုင်း တစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် နဲ့ ည(၆)နာရီခန့်လောက်ကတစ်ကြိမ် ပေါင်းသုံးကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲခဲ့တာကြောင့် နေအိမ်တော်တော်များများ မီးလောင် ပြာ ကျသွားတယ်လို့လည်း စီသာကျေးရွာ ဒေသခံကဆိုပါတယ်။ ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်(ရွှေကူ)ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကနေ စီသာကျေးရွာကို လက်နက်ကြီးပစ်ခတ်တာကြောင့် လူနေအိမ်တွေ မီးလောင်ခဲ့ပြီး တိုက်လေယာဉ်တွေနဲ့ သုံးကြိမ် ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပုံနဲ့တကွ ဖော်ပြထားပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးချိန်မှာလည်း ဒီကနေ့ ဧပြီလ ၆ ရက်နေ့ထိ နှစ်ဖက်တပ်ကြား ဆက်လက် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်သံ၊ လေယာဉ်သံတွေ ကြားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိ ထွက်ပြေးတိမ်း ရှောင်နေကြရတဲ့ ကျေးရွာတွေဟာ တစ်ရွာကို လူဦးရေ တစ်ထောင်ကျော်ရှိပြီးတော့ ၂၀၁၄ သန်းခေါင်းစာရင်းအရ ရွှေကူမြို့နယ် မှာ ကျေးရွာအုပ်စု ၃၀ ကျော်နဲ့ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပါတယ်။ https://www.facebook.com/myitkyinanewsjourn al.mm/photos/pcb.1872454593120 786/1872453859787526/
၁၄။ နောင်ချိုမှာ စစ်ကောင်စီနဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်၊ ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
April 6, 2023
ရှမ်းမြောက် နောင်ချိုမြို့နယ် သံဘိုကျေးရွာမှာ စစ်ကောင်စီနဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံး ကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၅ ရက် နေ့လယ် ၂ နာရီခွဲကျော်မှာ စစ်ကောင်စီတပ် ဘက်က လက်နက်ကြီးတွေ စတင်ပစ်ခတ်ရာကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက “အဲဒီသံဘိုရွာမှာ မြေပြင်ထိတွေ့မှုက ကြီးကြီးကျယ်ကျယ် တိုက်ပွဲ ဖြစ်တယ်။ ရွာသား ၅ ယောက် ထိတယ်။ ၂ ယောက်ကတော့ သေသွားတယ်။ သုံးယာက်ကိုတော့ ဆေးရုံပို့ထားရတယ်လို့ သူတို့ရဲ့ မိသားစုတွေက ပြောလာတယ်” လို့ ပြောပါတယ်။ ဟိုခို ကျေးရွာအုပ်စု ခိုခဲ၊ ကုန်ကြီး၊ အင်းမကျေးရွာဘက် စစ်ကောင်စီက သုံးဆယ်ကျေးရွာကနေ လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သူကပြောပါတယ်။
ဆက်လက်ပြီး ၎င်းဒေသခံက “ဟိုခို ဟိုခဲ အင်းမရွာဖက်တွေမှာ PDF တွေ နေရာချထားတော့ သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ စစ်ကူတွေအတွက် ကာပစ်ပေးတာ။ ရွာဖက်ကတချို့အိမ်တွေ လက်နက်မှန်တာရှိတယ်။ ဒီနေ့မနက်ပိုင်းအထိ တော့ ငြိမ်နေတယ်” လို့ ဆိုပါတယ်။ ဒီနေ့မှာလည်း စစ်ကောင်စီဘက်က သုံးဆယ်ရွာဖက်မှာ အင်အားတွေ ထပ်ဖြည့်ထားပြီး ဒီနေ့လယ် ၁၂ နာရီကျော်မှာ ကုန်းကြီးကျေးရွာဘက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက ဆက်ပြောပါ တယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာလည်း စစ်ကောင်စီနဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ကလေကြောင်းနဲ့ပါ တိုက်ခိုက် ခဲ့တာတွေ ရှိပါတယ်။ နောင်ချိုမှာ စစ်ကောင်စီအပြင် မန္တလေး PDF နဲ့ တအာင်းတပ်မတော် (TNLA) တို့ သွားလာနေကြတဲ့ နယ်မြေဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=54433 0121207590&set=a.404503215190282
၁၅။ တဲအိမ်တွေ ဝါးပိုးထိုးတဲ့ ပြဿနာ မကြာခဏ ဖြေရှင်းနေရလို့ စစ်ရှောင်တွေ အခက်တွေ့နေကြ
April 7, 2023
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်တာ ၂ နှစ်ဝန်းကျင်ရှိနေပြီး စစ်ဘေးရှောင် ကာလတွေမှာ တဲအိမ်တွေဝါးပိုးထိုးတဲ့ပြဿနာကို မကြာခဏကြုံတွေ့နေရတဲ့အတွက် တောတောင်ထဲ ဝါးခုတ်ယူဖို့အခက်အခဲ ရှိနေကြတယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ နေရပ်မပြန်နိုင်တဲ့ စစ်ရှောင်တွေဟာ နီးစပ်ရာဆွေမျိုးတွေထံ အကူအညီတောင်းခံပြီး တဲအိမ်တွေ ပြန်လည်ပြုပြင်ကြသလို နီးစပ်ရာဆွေမျိုးမရှိကြတဲ့ စစ်ရှောင်တချို့ကတော့ စားဝတ်နေရေး ရုန်းကန်နေရတဲ့အတွက် တဲအိမ်ဆောက်ရာမှာလည်း ဝါးဝယ်ယူဖို့အတွက် အခက်အခဲရှိတယ်လို့ဆိုပါတယ်။ “ဝါးတွေကကိုယ့်ရွာ ကဟာ ကိုယ်မခုတ်လို့လားမသိဘူး ပိုးအရမ်းထိုးတယ်။ စစ်ရှောင်တဲ့ ၂ နှစ်အတွင်းမှာတော့ အနည်းဆုံး တဲအိမ် သုံးလုံးလောက် ဆောက်နေရပြီ ဒါအနည်းဆုံးပဲ။ တစ်ချို့ဆို ၆ ခါ၊ ၇ ခါ တဲအိမ်ပြောင်းဆောက်နေရတဲ့သူတွေ ရှိနေပြီ” လို့ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအများစုကို အလှူရှင်လာရောက်ထောက်ပံ့မှု နည်းပါးနေတယ်လို့လည်းသိ ရပါတယ်။ မတ်လ၊ ဧပြီလအတွင်းမှာပဲ စစ်ဘေးရှောင်အများစုဟာ မိမိတို့ တဲအိမ်တွေ ပြုပြင်နေကြတာဖြစ်ပြီး စစ်ဘေးရှောင် မိသားစုတစ်စုလျှင် တဲအိမ်အတွက် မိုးကာတစ်ထည်မျှသာ ရရှိတာကြောင့် တချို့မှာလည်း အခက်အခဲဖြစ်နေတယ်လို့ဆိုပါ တယ်။ ဖရူဆိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာအများစုဟာ လထွက်လာတဲ့အခါမှ ဝါးခုတ်သည့်ကာလ ဖြစ်တယ်လို့ သတ်မှတ်ကြ ပြီး ဖရူဆိုမြို့နယ်အတွင်း အချို့ကျေးရွာမှာတော့ လကွယ်တဲ့အခါမှ ဝါးခုတ်သည့်ကာလဖြစ်တယ်လို့ သတ်မှတ်ထားကြတာရှိလို့ စစ်ဘေးရှောင်တွေဟာ ယခုလို ဝါးပိုးထိုးတဲ့ ပြဿနာကို မကြာခဏ ဖြေရှင်းနေရလို့ တချို့မှာအခက်တွေ့နေကြရတယ်လို့ ဆိုပါ တယ်။ “ဝါးခုတ်ရင် သူ့လနဲ့သူခုတ်ရတာ၊ တစ်ရွာနဲ့တစ်ရွာလည်း မတူကြဘူး၊ လ ရင့်မှ ဝါးခုတ်တဲ့ရွာရှိသလို၊ လ နုမှ ဝါးခုတ်တဲ့ ရွာလည်းရှိတယ် မတူကြဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%90% e1%80%b2%e1%80%a1%e1%80% ad%e1%80%99%e1%80
၁၆။ ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနယ်မြေ မြောက်ဦးမြို့တွင် ယနေ့နံနက်က ရွှေကျပ် ၂၀ ခန့် လုယက်ခံရ
April 7, 2023
ရက္ခိုင့်တပ်တော် ULA/AA ထိန်းချုပ်ရာ နယ်မြေတစ်ခုဖြစ်သော ရှေးဟောင်းမြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်တွင် ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီကျော်က လူငယ်တစ်ဦး သေနတ်အတုဖြင့် ရွှေဆိုင်တစ်ဆိုင်မှ ရွှေကျပ် ၂၀ ခန့် လုယက် သွားကြောင်းသတင်းရရှိသည်။ ရွှေလုယက်ခံရသည့်ဆိုင်အမည်ကို ကာယကံရှင်များက မဖော်ပြလိုပေ။ လုယက်မှုဖြစ်စဉ်ကို တော့ ဆိုင်ပိုင်ရှင်က ယခုလိုပြောပြသည်။ “ဖြစ်တာက နံနက် ၉ နာရီဆယ်မိနစ်လောက်မှာဖြစ်တာ။ ရွှေလာဝယ်ရင်းနဲ့ လုသွား တာ။ ထွက်ပြေးသွားတာမှာ ဆိုင်ရှေ့က အဖော်တစ်ယောက်စောင့်နေတယ်။ သူကတင်ပြီး ထွက်ပြေးသွားတာ။ ရွေကျပ် ၂၀ ဝန်းကျင်လောက်ပါသွားတယ်။ မြောက်ဦးမြို့လယ်မှာဖြစ်တာဆိုတော့ အတော်ကလေးလန့်စရာကောင်းနေဘီ။ မီဒီယာတွေနဲ့ ပြည်သူတွေပူးပေါင်းပြီး သူခိုးတွေကို အမြန်ဆုံးပူးပေါင်း ဖော်ထုတ်ပေးစေချင်တယ်။”ဟု ပြောသည်။ လုယက်ခံရသည့် ရွှေဆိုင် မိသားစုဝင်တစ်ဦးက Myat Theingi ဖေ့စ်ဘုတ်စာမျက်နှာတွင် ရွှေခိုးသွားသည်ဆိုပြီး ဆိုင်ကယ်နှင့်ထွက်ပြေးသွား၍ တွေ့လျှင် ဆက်သွယ်ပေးကြပါဟု ရေးသားဖော်ပြကာ CCTV မှတ်တမ်းဓါတ်ပုံဖြင့် အကူအညီတောင်းထားသည်။
လုယက်ခံရသည့် ရွှေဆိုင်အနီးတွင်နေထိုင်သူတစ်ဦးက ဆိုင်ကယ်တစ်စီးနှင့်လာပြီး ဆိုင်ထဲကိုဝင်ကာ ဂတ်စ်မီးခြစ်နှင့် သေနတ်အတုတစ်လက်ဖြင့် ဈေးဝယ်လာသည့်ပုံစံမျိုး လုယက်သွားခြင်းဖြစ်ကြောင်း ပြောသည်။ ရွှေလုယက်သွားသည့် လူငယ် မှာ အသက် ၃၀ ခန့်ရှိပြီး သေနတ်အတုဖြင့် ဓါးမြတိုက်ယူသွားသည်။ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ ရွှေလုယက်ခံရသည့် ဖြစ်စဉ် များကို ဆိုင်ပိုင်ရှင်များထံမှ စုံစမ်းလျက်ရှိပြီး လုယက်သွားသူများကို စုံစမ်းရှာဖွေနေကြောင်း သိရသည်။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးတွင် ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ နေ့စဉ်ရက်ဆက်ဖြစ်ပွား လေ့ရှိပြီး အဆိုပါမြို့နယ်များထဲမှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်များတွင် လူသတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိနေ သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းကဆိုလျှင် တောင်ကုတ်မြို့နယ်တွင် ခိုးမှု၊ လုယက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့၍ အချို့ကျေးရွာများနှင့် ရပ်ကွက်အချို့အတွင် ဒေသခံများက ကိုယ်ထူကိုယ်စနစ်ဖြင့် ကင်းစောင့်လျှက် အဝင်အထွက် ဂိတ်ကို ပြုလုပ်ထားရကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။ ရခိုင်တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ရက္ခိုင့် တပ်တော်နှင့် စစ်ကောင်စီတို့က လုပ်ဆောင်လျက်ရှိနေပြီး ခိုးမှုလုယက်မှုများမှာမူ ထိထိရောက်ကိုင်တွယ်မှု အားနည်လျက်ရှိပြီး ဖမ်းဆီးအရေးယူမှာလည်း နည်းပါးလာ၍ ယင်းကဲ့သို့ ကျူးလွန်လာသူ များပြားလာခြင်းဖြစ်သည်။ https://www.facebook.c om/westernnewsagency/p hotos/a.119286173211229/741777507628756/
၁၇။ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လောင်းတွင် စစ်ဘေးရှောင်လာသူ သက်ကြီးရွယ်အိုဖျားနာသူ ပိုများလာ
April 6, 2023
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် စစ်ဘေးရှောင်လာသူ သက်ကြီးရွယ် အိုဖျားနာသူပိုများလာကြောင်း စစ်ရှောင်ကူညီသူထံမှသိရသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် စစ်ဘေးရှောင်သူထဲမှအသက် အရွယ်ကြီးသည့် ဘိုးဘွားများက ဖျားနာမှု ၊နှာစေးချောင်းဆိုးမှုဖြစ်ပွားသူများလာကြောင်း သိရသည်။ “အခု ရာသီဥတုကြောင့် အသက်ကြီးတဲ့အဖိုးအဖွားက ဖျားတာများလာတာတွေ့ရတယ် အခုလိုအပ်တာ ကျန်းမာရေးစောင့်ရှောက်မှုတွေ စိတ်ပညာကုသ မှုတွေ လိုအပ်တယ်”ဟု စစ်ဘေးရှောင်ကူညီတစ်ဦးက ပြောသည်။
ထိုအပြင် စစ်ဘေးရှောင်သူအတွက် စားနပ်ရိက္ခာကဖူလုံမှုရှိသော်လည်း ကျန်းမားရေးအတွက် ဆေးဝါးများလိုအပ် လျက်ရှိကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။ နေ့ရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင် ၆၀၀၀ ကျော်သည် ဘုန်းကြီး ကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းနှင့် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ခိုလှုံလျက်ရှိကြောင်းသိရ သည်။ စစ်ဘေးရှောင်လာသည့် ကျေးရွာ များသည် တောင်မဲသင်း၊ စလုံးတောင်၊ စလုံးမြောက်၊ ဆောင်းပြောင်း၊ လုံးပျဉ်၊ ပင်ပွံရွာများမှဖြစ်ပြီး လက်ရှိပင်လောင်းတွင် စစ်ဘေးရှောင်လူဦးရေ ငါးထောင်ကျော်ခန့်ရှိနေပြီး နောင်တရားတွင် တစ်ထောင်ခန့်ရှိနေကြောင်း သိရသည်။ https://www.fa cebook.com/KhamSarNgor/photos/a.625260164310576/2307 065362796706/
၁၈။ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ၏ ခမရ−၂ လက်နက်ကြီးတာဝန်ခံ ပစ်သတ်ခံရ
April 7, 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ−၂ တပ်ရင်း၏ တပ်ကြပ်ကြီးကျော်ဆန်း (လက်နက်ကြီး တာဝန်ခံ)ကို ဧပြီလ ၅ ရက် နံနက် ၆နာရီခွဲအချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု (Kyaikhto Revolution Force) ကျိုက်ထိုတော်လှန်ရေးအင်အားစုက (ဧပြီ ၆ ရက်)သတင်းထုတ်ပြန်ထားသည်။ အဆိုပါ လက်နက်ကြီးတာဝန်ခံ တပ်ကြပ်ကြီးကျော်ဆန်းသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှု များ လုပ်ဆောင်နေခြင်းကြောင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု- KRF က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်သည့်နေရာမှာပင် သေဆုံးခဲ့သည်ဟု ကျိုက်ထို တော်လှန်ရေးအင်အားစု KRF၏ ရဲဘော် တစ်ဦးက ယခုလိုပြောသည်။ “အဓိကက စကစအတွက် လက်ရှိတာဝန်ထမ်းဆောင်နေပြီး အပြစ်မဲ့ပြည် သူတွေရှိနေတဲ့ရွာတွေ ကိုလက်နက်ကြီးပစ်ဖို့တာဝန်ခံယူထားတဲ့အတွက်စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး ရှင်းလင်းရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
ထို့နောက် မွန်ပြည်နယ် ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်၏ တပ်မ ၄၄လက်အောက်ခံ ခမရ−၂ ၌ တာဝန်ထမ်း ဆောင်နေသည့် တပ်ကြပ်ကြီးကျော်ဆန်းကို ပစ်သတ်ခဲ့ပြီးသည့်နောက် ၎င်းနှင့်အတူပါလာသည့် လက်ထိပ်၊ လက်ပစ်ဗုံး၊ ဆိုင်ကယ်၊ ဖုန်းတို့သိမ်းဆည်းရမိခဲ့ကြောင်း KRF က ဖော်ပြထားသည်။ ၎င်းအပြင် ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ−၂ တပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးကျော်ဆန်းပစ်သတ်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်ဘက်မှ အနီးအနားကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ကျိုက်ထိုတော်လှန် ရေးအင်အားစု KRF ၏ ရဲဘော်တစ်ဦးက ဆက်ပြောသည်။ “လက်နက်ကြီးပစ်နေတာတော့ နေ့တိုင်းလိုလိုပဲပစ်နေတာပဲ။ ကျော်ဆန်း သတ်ခံရပြီးတော့ သူတို့အနီးအနားက ရွာတွေကိုလက်နက်ကြီးထုသေးတယ်။ လက်ရှိမှာလည်း ပစ်ခတ်နေတယ်”ဟု ယနေ့ နေ့လည်တွင် ပြောသည်။ မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ရေးစသည့်မြို့နယ်ထဲမှ ကျေးရွာများထဲတွင် နယ်မြေခံတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏပစ်ခတ်မှုများဖြစ်ပွားလျက်ရှိပြီး အဆိုပါမြို့နယ် တွင် စစ်ကောင်စီတပ်များက လုံခြုံရေးတင်းကြပ်ထားမှုများရှိနေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ https ://kicnews.org/2023/04/%e1%80 %80%e1%80%bb%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1
၁၉။ မောင်တောမြို့နယ်တွင် မြိုလူငယ် ၉၀ ကျော်ကို မြိုစာပေသင်ကြားပေးနေ
April 7, 2023
မောင်တောမြို့နယ် သီဟိုဠ်အေးကျေးရွာတွင် သီဟိုဠ်အေးလူငယ်အသင်းမှ ဦးဆောင်ပြီး လူငယ်များဖြစ်ကြသော မြို ကျေင်းသူ၊ ကျောင်းသား ၉၇ ဦးအား ပထမအကြိမ်အဖြစ် မြိုစာပေကို သင်ကြားလျှက်ရှိကြောင်း သိရသည်။ မြိုစာပေသင်တန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ဖွင့်လှစ်ကာ ၁၃ ရက်နေ့တွင် စတင်သင်ကြားပေးနေပြီး နှစ်လကြာသင်တန်းဖြစ်ကြောင်း သီဟိုဠ်အေးလူငယ်အသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမောင်လှဝင်း က ပြောသည်။ “ အဓိက မြိုစာပေရဲ့ အခြေခံဝေါဟာရတွေ၊ အက္ခရာတွေကို သိမှတ်နိုင်အောင် သင်ကြားပို့ချပေးနေတာပါ။ မြိုလူငယ်များအနေနှင့် မြိုစာပေရဲ့ အနှစ်သာရကို နားလည်ဖို့နှင့် မြိုစာပေနဲ့ ယာဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ မိမိတို့ မြိုလူမျိုးရဲ့ ပင်ကိုယ် မြိုစာပေကို ပျောက်ကွယ်မသွားစေဖို့လည်း ဖြစ်ပါတယ်။ “ ဟု ပြောသည်။ ယခုသင်ကြားပေးနေသော မြိုစာပေသင်တန်းကို မြိုစာပေဆရာ များအား ငှားရမ်းပြီးသင်ကြားပေးနေခြင်းဖြစ်ပြီး သီဟိုဠ်အေးကျေးရွာမှ လူငယ်များသာမကဘဲ အခြားသော ကျေးရွာများနှင့် မြိုလူငယ်များလည်း လာရောက်သင်ကြားနိုင်ကြောင်း သိရသည်။
လက်ရှိတွင် မြိုလူမျိုးများ ရင်ဆိုင်နေရသော အခက်အခဲမှာ လူမျိုးနှစ်မျိုးကွဲပြားနေပြီး ယင်းအခက်အခဲ ပြဿနာများကို ရခိုင်ပြည်အတွင်းရှိကြသည့် အဖွဲ့အစည်းများနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ဖြေရှင်းပေးစေလိုကြောင်း သီဟိုဠ်အေးလူငယ်အသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမောင်လှဝင်းက အကူအညီတောင်းထားသည်။ “ မြိုလူမျိုး နှစ်ခု ကွဲပြားနေတာနဲ့ ပတ်သက်ပြီး ပြောချင် တာက ခမီလူမျိုးမှ မြိုလူမျိုးခံယူနေကြသူတွေ အနာဂတ်ဆိုးကျိုး မကြုံပါရစေနဲ့လို့ပဲ ပြောကြားလိုပါတယ်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းထဲမှာတော့ မြိုခမီဆိုတာတော့မရှိတော့ပါဘူး။ သမိုင်းအဆက်ဆက် ရှိလည်းမရှိခဲ့ပါဘူး။”ဟုပြောသည်။ ရခိုင်ပြည် တွင် မြိုလူမျိုး နှစ်မျိုးကွဲပြားနေပြီး တစ်မျိုးက မြိုနှင့် နောက်တစ်မျိုးက မြို့ခေါ်ခမီ (မြို-ခမီ) ဟူ၍ ခေါ်ဆိုကာ ခမီလူမျိုးအချို့ သည် မြိုနာမည်ကို ယူလျှက်ရှိ မြို-ခမီလူမျိုးဟု အမည်ခံလာကြသည်မှာ သမိုင်းဆိုင်ရာ ရှုပ်ထွေးမှုပြဿနာများစွာရှိကြောင်း သိရသည်။ https://www.facebook.com/westernn ewsagency/photos/pcb.741808274292346/74180794 7625712/
၂၀။ SNLD စစ်ရှောင်များကို ကူညီထောက်ပံ့မှု ပေးနေ
April 7, 2023
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်း ပါတီသည် နိုင်ငံရေးမှတ်ပုံတင် မတင်သည့် အတွက် ပါတီဖျက်သိမ်းကြောင်း စစ်ကောင်စီမှ ထုတ်ပြန်လာသော်လည်း စစ်ရှောင်များကို ကူညီထောက်ပံ့မှုပေးနေကြောင်း သိရသည်။ ယမန်နေ့ (ဧပြီ ၆) ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ညောင်ထောက်ကျေးရွာရှိ စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၁၉၆ ခုထံသို့ SNLD ကိုယ်စား စိုင်းစွမ်ဝမ်းမှ ဆန်များသွားရောက် ကူညီပေးခဲ့ကြောင်း ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ညောင်ထောက်စစ်ရှောင်စခန်းက ဆိုရင် ကျောက်မဲဘက်က ပြည်သူတွေ စစ်ရှောင်ပြီး နေထိုင်ကြတာပေါ့နော်၊ အိမ်ထောင်စု ၁၉၆ ခု၊ လူဦးရေ ၅၃၆ ဦးရှိတယ်၊ အခုတော့ ဆန်အိတ် သွားကူညီပေးခဲ့တာပေါ့နော်၊ ဆန် ၆ အိတ်ပါ၊ စုစုပေါင်း တန်ဖိုးငွေက ၄၅၀,၀၀၀ (လေးသိန်းခွဲ) ပေါ့နော်” ဟု SNLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိမှာလည်း SNLD ကျားခေါင်းပါတီမှတစ်ဆင့် သျှမ်း – ကယား (ကရင်နီပြည်) နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင် များကို အသုံးအဆောင် ပစ္စည်းနှင့်စားနပ်ရိက္ခာများ သွားရောက် ကူညီပေးခဲ့ကြောင်းလည်း ပင်လောင်းမြို့မှ SNLD ပါတီ၏ မြို့နယ်ဥက္ကဌ စိုင်းသန်းထွန်း ထံမှ သိရသည်။
“ဗဟိုကနေ ကူညီထောက်ပံ့လာတဲ့ အကူအညီတွေနဲ့ ကျနော်တို့က စစ်ရှောင်တွေကို သွားရောက်ကူညီပေးခဲ့တာပါ၊ အဝတ်အထည်တွေ၊ ရိက္ခာခြောက်တွေ၊ ပြီးတော့ တခြားအသုံးအဆောင်ပစ္စည်းတွေကို သွားကူညီပေးဖြစ်ပါတယ်၊ ကရင်နီဘက် က စစ်ရှောင်တွေ အတွက် ၁၅ သိန်း၊ ပင်လောင်းမြို့မှာ ရှိတဲ့ စစ်ရှောင်တွေအတွက် ၁၅ သိန်း နဲ့ ခရစ်ယာန် ကျောင်းမှာ ရှိနေတဲ့ စစ်ရှောင်တွေအတွက် ၃၀၅,၀၀၀ ကျပ် (သုံးသိန်း ငါးထောင်ကျပ်) ကူညီပေးခဲ့ပါတယ်” ဟု စိုင်းသန်းထွန်းကပြောသည်။ လက်ရှိ တွင် ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်များသည် စုစုပေါင်း တစ်သောင်း ထက်မနည်းရှိနေပြီး ဖယ်ခုံ၊ မိုးဗြဲ ၊ ဒီးမော့ဆို နှင့် လွိုင်ကော်တို့ဘက်မှ ဒေသခံများ စစ်ရှောင်ရောက်လာကြခြင်း ဖြစ်ကြောင်းသိရသည်။ ကျားခေါင်းပါတီ SNLD ပါတီသည် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံကို နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်သည့်အတွက် နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းခံလိုက်ရကြောင်း မတ်လ ၂၈ ရက်နေ့ တွင် စစ်ကောင်စီ တပ်ဖွဲ့က ထုတ်ပြန်ကြေညာ ခဲ့သည်။ https://bur mese.shannews.org/archives/34024
၂၁။ နာဂဒေသ ပန်ဆောင်မြို့နယ် သောက်သုံးရေအတွက် ရေတွင်းတူးဖော်ရန် အကူအညီလိုအပ်
April 7, 2023
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပန်ဆောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ရေတွင်းမရှိတာကြောင့် ဆောင်းနဲ့ နွေရာသီမှာ နှစ်စဥ်လိုလို ရေရှားပါးမှုဒဏ်ကို အကြီးအကျယ် ခံစားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထဟော ၂ ရွာသားတစ်ဦးက “ခုလိုနွေရာသီဆိုရင် ပန်းကန်ဆေးရေတောင် အနိုင်နိုင်ပဲ။ အနည်းဆုံး ၅ မိုင်လောက်ဝေးတဲ့ချောင်းတွေထိ အသွားအပြန် ၁ နာရီခွဲလောက်သွားခပ်ရတယ်” လို့ ပြောပါတယ်။ ရေပုံး ဝါးကျည်တောက်တွေနဲ့သွားထမ်းရတာဖြစ်ပြီး အဝတ် လျှော်ဖို့အတွက် နွေနေပူမှာ တောင်တက်တောင်ဆင်းသွားရတယ်လို့ဆိုပါတယ်။ တောင်ပေါ်မှာတည်ထားတဲ့ ရွာတွေဖြစ်လို့ ရေတွင်း တူးဖို့လည်း အခက်အခဲရှိနေပါတယ်။
ဝပ်ထမ်းကျေးရွာကတော့ ရေလှောင်ကန်နဲ့ ရေသွယ်စရာရှိလို့ တခြားရွာတွေလောက် ဒုက္ခမရောက်ဘူးလို့ဆိုနိုင်ပေမယ့် စိမ့်ရေတွင်းငယ်လေးတွေကို အဓိကအားထားရတဲ့ ပန်ဆောင်အထက်ရွာ အလယ်ရွာတွေကမိုးတွင်းမှာတောင် ရေအခက်အခဲရှိ ကြောင်းသိရပါတယ်။ စိမ့်ရေတွင်းတွေကလည်း မနက်စောစောထခပ်ရပြီး ညနေမှတခါ ရေပြန်ခပ်လို့ရတာဖြစ်ပေမဲ့ ၄ နာရီ ပတ်ဝန်းကျင်မှာဆို စိမ့်ရေတွေရဖို့ မနက်ထိပြန်စောင့်ရတယ်လို့ ပန်ဆောင်အထက်ရွာက ဒေသခံတွေက ပြောပါတယ်။ ဒီလို အခက်အခဲတွေနှစ်စဥ်ကြုံတွေ့ရပေမယ့် အဆိုပါကျေးရွာတွေကို ဘယ်အဖွဲ့အစည်းမျိုးကမှ ရေရရှိရေး ကူညီဖြေရှင်းပေးတာမရှိ ဘူးလို့ သိရပါတယ်။ https://burmese.dvb.no/archives/587187
၂၂။ ကျောက်တော်က စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးအမှု ၅ လအကြာတွင် စတင်စစ်ဆေး
April 6, 2023
မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးအမှုကို ၅ လ အကြာတွင် စတင်စစ်ဆေးကြောင်း အမှုလိုက်ပါဆောင် ရွက်နေသည့် ရှေ့နေထံမှ သိရသည်။ ၎င်းတို့နှစ်ဦးကို ဧပြီလ ၅ ရက်နေ့က ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ရာတွင် တရားလိုကိုယ်စား ကျောက်တော်မြို့မရဲစခန်းမှ ဂါတ်စာရေးတစ်ဦးနှင့် ရှာဖွေသက်သေအဖြစ် အုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်ဆေး ခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။ “တရားလိုအစား ကျောက်တော်မြို့မရဲစခန်းက ဂါတ်စာရေး တစ်ယောက်ကို စစ်တယ်။ ပြီးရင် ရှာဖွေ သက်သေအဖြစ် သရက်တပင်က အုပ်ချုပ်ရေးမှူး တစ်ယောက်ကို စစ်တယ်” ဟု အဆိုပါ ရှေ့နေက ပြောသည်။ တရားစွဲဆိုခံထားရသူမှာ ကျောက်တော်မြို့၊ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အသက် (၄၀) အရွယ် ဦးကျော်ဟိန်း နှင့် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ (၅၃) နှစ် တို့ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲကာလက ဖမ်းဆီးခံရခြင်းဖြစ်ပြီး AA နှင့် ဆက်နွယ်သည်ဟုဆိုကာ တရားစွဲဆိုခံ ထားရခြင်းဖြစ်သည်။ ထိုအပေါ်မှာ မိသားစုဝင်များက ငြင်း ဆိုထားကြသည်။
ဦးကျော်ဟိန်း နှင့် ဦးမောင်စောသာ တို့ တရားရင်ဆိုင်နေကြရသည့်အတွက် မိသားစုဝင်များမှာ ငွေကြေး၊ စားဝတ်နေ ရေး အခက်အခဲရှိနေပြီး ၎င်းတို့နှစ်ဦးကို အပြစ်ရှိပါက အရေးယူရန်နှင့် အပြစ်မရှိပါက ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ “အမှုစဖွင့်ကတည်းကနေ တရားလိုဘက်က ရုံးချိန်းမရောက်တဲ့အတွက် ရုံးချိန်း ၁၆ ကြိမ် လောက်ထိ ရွေ့ဆိုင်းခဲ့ရတယ်။ အပြစ် မရှိဘူးဆိုရင် လွှတ်ပေးပါ။ ဒါမှမဟုတ်အပြစ်ရှိလို့ ထောင်ဒဏ်ချမယ်ဆိုရင်လည်း အရင်ချမှတ်ဖို့ပြောချင်တယ်” ဟု ဦးကျော်ဟိန်း ၏ဇနီး ဒေါ်အေးသန်း က ပြောသည်။ တရားရုံးက အမှုကို ဆက်လက်စစ်ဆေးရန်အတွက် ဧပြီလ ၂၃ ရက်နေ့ကို ထပ်မံရုံးချိန်း လိုက်သည်။ ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း AA သံသယ ဖြင့် ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပြီး တချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း၊ တချို့မှာ ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။ https://www.face book.com/dmgnewsagency/photos/a.466679383484478/25601 18020807260/
၂၃။ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာ
April 7, 2023
တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးမှာ ပြည်သူလူထုတွေအနေနဲ့ ဧပြီ ၇ ရက် ဒီကနေ့မနက် စတင်ပြီးဖြတ်သန်းသွားတာမလုပ်ကြဖို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ပူးတွဲထုတ်ပြန် အသိပေး ကြေညာလိုက်ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ ကေအန်ယူလက်အောက်ခံ မဟာမိတ်တပ်ပေါင်းစုတွေအကြား ဧပြီ ၅ ရက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အဆိုပါတိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများနေတာ ကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကတဆင့် အရပ်သားပြည်သူတွေရဲ့ကားတွေကိုအသုံးပြုပြီးလူအင်အား၊ လက်နက် ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။ ဒါကြောင့် အရပ်သားပြည်သူလူထု တွေအနေနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ လုံးဝ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မြေပြင် ပူပေါင်းစစ်ကြောင်းတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီအမိန့်ကို ပူးတွဲထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။
မြဝတီ-ကော့ကရိတ်အာရှလမ်းကိုပိတ်လိုက်တဲ့အတွက် အဓိကထိုင်း-မြန်မာကုန်သွယ်ရေး စီးဆင်းမှုတွေထိခိုက်မှုရှိခဲ့ ပေမဲ့ အခုလိုတိုက်ပွဲတွေပြင်းထန်နေခဲ့တာကြောင့် ခရီးသွားတွေကအစ အသွားလာမရှိကြတော့ဘူးလို့ ခရီးသွားသမားတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကအထိနာတွေများလာလို့ စစ်အင်အားတွေ ပိုမိုဖြန့်ကြက်နေရာယူလာပေမဲ့ တော်လှန် ရေး တပ်ပေါင်းစုတွေကတော့ စစ်ရေးမှာ လက်ဦးမှုတွေအရယူထားတာကြောင့် စစ်ကောင်စီဘက်ကမြေပြင်မှာအထိနာများလာလေ လေကြောင်းပစ်ကူကိုပိုအားပြုပြီး သုံးစွဲလာနေ ခဲ့တယ်လို့ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။ https://burmese.dvb.no /archives/587141
၂၄။ မင်းပြားမြို့တွင် စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးလေဖြတ်ပြီးနောက် ဆေးကုသခွင့်မရဖြစ်နေ
April 6, 2023
ရက္ခိုင့်တပ်တော်(AA)အား အခွန်ကောက်ခံပေးသည်ဆိုကာ စွပ်စွဲဖမ်းဆီးပြီး စစ်ကောင်စီကတရားစွဲဆိုခံထားရသည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေ မှာ လက်ရှိတွင် ကျန်းမာရေးဆိုးဝါးနေသည့် အတွက် ဆေးကုသခွင့်ရရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။ ဦးအောင်ကျော်လှ(ခ)ဦးညီဒေါင်းချေ မှာ လက်ရှိတွင် ခန္ဓာကိုယ်တခြမ်း လေဖြတ်နေသည့်အပြင် စတီးရိုးထည့်ထားရသည့် ညာဖက်လက်တဖက်မှာလည်း ရောင်ရမ်းကာပြည်တည် နေသည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။ ” လေဖြတ်နေတာတော့ ကြာနေပြီ။အချုပ်ထဲမှာ သူတို့အစီအစဉ်နဲ့ သူတို့ ဆေးကု ပေးတယ်လို့ပြောတယ်။ အခုဟာက လက်တဖက်ကလည်း အနာတွေပြန်ဖြစ်၊ ပြည်တွေဘာတွေတည်ပြီးတော့ မလှုပ်နိုင်တော့ ဘူး။ ဒါကြောင့် ကျန်းမာရေးဒီထက်ပိုမဆိုးလာခင် မိသားစုတွေက အပြင်ကဆေးရုံတွေမှာ သေသေချာချာ ဂရုတစိုက်နဲ့ ဆေးကုသပေးချင်တာပေါ့။ဒါပေမဲ့ ခွင့်ပြုချက်မရဘူးဖြစ်နေတယ်” ဟု ၄င်းကပြောသည်။ ယခုကဲ့သို့ ကျန်းမာရေးမကောင်းသည့် ကြားထဲမှ အဆိုပါအုပ်ချုပ်ရေးမှူးမှာ ရုံးပုံမှန်တက်နေသော်လည်း ၄င်း၏ အမှုကိုတစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိဘဲ ရုံးချိန်းကိုသာ အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်ဟု ဆိုသည်။
” အရင်ဆို အပတ်စဉ် အင်္ဂါနေ့တိုင်းရုံးထုတ်တာ။ဒါပေမဲ့ ၃ ကြိမ်ပဲထုတ်လိုက်တယ်။ အဲ့နောက်ပိုင်း အကြောင်း အမျိုးမျိုး နဲ့ဆိုပြီး ရုံးချိန်းတွေကို တောက်လျှောက်ရွှေ့နေတာ။ ဧပြီ ၄ ရက်နေ့ ရုံးထုတ်တုန်းကလည်း မိသားစုတွေလိုက်သွားတယ်။ ဘာမှ မစစ်ဆေးဘဲ ထပ်ရွှေ့လိုက်တယ်။ ဘယ်နေ့၊ ဘယ်ရက်ကိုရွှေ့လိုက်တယ်ဆိုတာလည်း သေချာမသိခဲ့ရဘူး။ အမှုကိုတော့ အမြန်ဆုံးပြီးပြတ်စေချင်တာပေါ့” ဟု မိသားစုဝင်တစ်ဦးက ဆက်ပြောသည်။စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေသည့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊အောက်တိုဘာလ ၈ ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှ (ခ) ညီဒေါင်းချေအပါအဝင် မင်းပြားဒေသခံ ၅ ဦးကို နံနက်အရုဏ်တက် ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီ တပ်သားများက နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ ၅ ဦးအနက် ၃ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ သော်လည်း အဆိုပါအုပ်ချုပ်ရေးမှူးနှင့် မင်းပြားဒေသခံတစ်ဦးမှာ ပြန်မလွတ်ဘဲ AA အတွက် အခွန် ကောက်ခံပေးသည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)/(၂)တို့ဖြင့် စစ်ကောင်စီက တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် AA တို့ကြား၂၀၂၂ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ အပစ်အခတ်ရပ်စဲခဲ့ကြပြီး တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်းက မတရား ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန် စစ်ကောင်စီနှင့် AA တို့ကြား နှုတ်ဂတိများရှိခဲ့ သည်။ https://www.facebook.com/ayeya rwaddyti mes/photos/a.509189952572344/2449995755158411/
၂၅။ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ကရင်နီအမျိုးသားကောလိပ် (KnNC)ရဲ့ ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားပြုလုပ်
April 6, 2023
ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)မှာဖွင့်လှစ်နေတဲ့ ကရင်နီအမျိုးသားကောလိပ် (KnNC) ကနေပြီး ကျောင်းသူ ကျောင်းသား (၁၁၅) ဦးကို ဒီပလိုမာဘွဲ့အပ်နှင်းခြင်းနဲ့ ကျောင်းဆင်းပွဲ အခမ်းအနားကို (ဧပြီလ ၆ ရက်နေ့ ) မနက်ပိုင်းမှာ ပြုလုပ် သွားခဲ့ပါတယ်။ ကရင်နီပညာရေးဌာန လက်အောက်ရှိ (KnNC)ကျောင်းဟာ ၁၉၉၅ ခုနစ်ကနေ စတင်ဖွင့်လှစ်ခဲ့ပြီး (၂၈) နှစ်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်နီလူငယ်တွေကို ပညာသင်ကြားပေးလျက်ရှိနေပါတယ်။ လက်ရှိအချိန်ထိ ကျောင်းသူကျောင်းသား ၂၀၀၀ ကျော် တက်ရောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ကရင်နီအမျိုးသားကောလိပ် (KnNC) ကနေ တက်ရောက်ပြီးစီးသွားတဲ့ ကျောင်းသားကျောင်းသူ (၉၅) ရာခိုင်နှုန်းခန့်ဟာ မိမိလူမှုအသိုင်းအဝိုင်းမှာ ကျောင်း ဆရာ၊ အမျိုးသမီး၊ လူငယ်၊ ကျန်းမာရေးစတဲ့ နယ်ပယ်တွေမှာ ပြန်ပြီးကူညီနေကြပါတယ်။
အဲ့ဒီထဲမှာမှ (၁၅) ရာခိုင်နှုန်းခန့်ဟာ ပညာသင်ဆုရရှိပြီး တက္ကသိုလ် ပညာရေးဆက်လက် သင်ယူနေတယ်လို့ သိရှိရပါ တယ်။ (KnNC)ကျောင်းဟာ Community Development၊ Social Science၊ Information Technology (IT)၊ Science စတဲ့ အထူးပြုဘာသာရပ်(၄)ခုကို အဓိက သင်ကြားပေးပြီး ကရင်နီစာပေနဲ့ သမိုင်း၊ Gender issues၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဘာသာရပ်၊ လူအခွင့်အရေး၊ ဒီမိုကနေစီနဲ့ ဖယ်ဒရယ်စနစ်တို့နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း သင်ကြားပေးလျက်ရှိတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ သုံးနှစ်တာကာလ ပညာသင်နှစ် ဒီပလိုမာဘွဲ့ကနေပြီးတော့ လာမယ့်နှစ်မှာ လေးနှစ် တာကာလ ပညာသင်နှစ် B.A ဘွဲ့ ပေးနိုင်ဖို့အပြင် အထူးပြုဘာသာရပ်တွေကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်လို့ KnNC တာဝန်ခံ ဆရာမကြီး အဲလစ်ဇဘက်မော်မိမာက ပြောပါတယ်။ https://www.facebook.com/KantarawaddyTimes/ph otos/pcb.60165388817 97905/6016529971798796/
၂၆။ ရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာ
April 6, 2023
စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကြမ်းဖက်အဖွဲ့အဖြစ် ဧပြီလ ၄ ရက်မှာ ကြေညာလိုက်ပါတယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ငန်းတွေကို အားပေးကူညီနေ တဲ့အတွက် အခုလိုထုတ်ပြန်ကြေညာရတာလို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ် ကပြောပါတယ်။ “စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ငန်းတွေကို သူကအားပေးကူညီတဲ့သဘောဖြစ်တယ်။ ဒီမိုကရေစီနည်းကျ ပေါ်ပေါက်ခဲ့တဲ့ပါတီတွေရှိတယ်။ ပြည်သူ့ထောက်ခံမှုရထားတဲ့ ပါတီတွေကို တရားမဝင်ဖျက်သိမ်းဖို့ ကြိုးစားတယ်ပေါ့နော်။ သူတို့လက်အောက်ခံ ပါတီတွေကို ပြည်သူ့အာဏာကို မတရားရရှိအောင် စီစဉ်တဲ့အနေအထားမှာ UEC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းဖြစ်ပါ တယ်”အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းမှာ ပါဝင်ပတ်သက်တဲ့သူတွေဟာ အကြမ်းဖက်ဥပဒေနဲ့ အရေးယူတာအပြင် ဖမ်းဆီးခံရတာတွေကိုပါ ခံရမှာဖြစ်တယ်လို့ ဦးနေဘုန်းလတ် က ဆိုပါတယ်။
NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ – ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အခုလိုကြေညာတာလို့ ဦးနေဘုန်းလတ် က ပြောပါတယ်။ စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲကော်မရှင်ဟာ တိုင်းရင်းသားပြည်သူအများစု လုံးဝလက်ခံသဘောမတူတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်မြဲ စေဖို့ ဆောင်ရွက်နေတယ်လို့လည်း NUG ဘက်က စွပ်စွဲထားပါတယ်။ UEC ရဲ့ လုပ်ဆောင်ချက်တွေဟာ အများပြည်သူတွေ ထိတ်လန့်မှုဖြစ်ပေါ်စေဖို့၊ ပြည်တွင်းတရားဝင် နိုင်ငံရေးအဖွဲ့အစည်းတွေကို ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ အတင်းအကျပ် လုပ်စေဖို့ တွန်းအားပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။ UEC ကတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံပြန်တင်တဲ့ ပါတီ ၅၀ ကို ပြန်လက်ခံခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းတယ်လို့ ကြေညာထားပါတယ်။ https://w ww.facebook.com/photo/?fbid=600 416335453106&set=a.583637430464330
၂၇။ မတ်လ တစ်လအတွင်း စစ်သုံ့ပန်း (၁၃) ဦးဖမ်းဆီးရမိ၊ စစ်ဘက်ဆိုင်ရာ ဥပဒေအရ ဆောင်ရွက်နေတယ်လို့ KNDF ဆို
April 6, 2023
စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ မတ်လတစ်လ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၁၃) ဦး ဖမ်းဆီးရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဧပြီလ (၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မတ်လဆန်း ရှမ်းပြည်နယ်တောင်ပိုင်းက ထိတွေ့တိုက်ပွဲနဲ့ မတ်လ (၉) ရက်နေ့ကစ စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက တိုက်ပွဲအတွင်း ဖမ်းမိတာဖြစ်ပြီး စုစုပေါင်း (၁၃) ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဖမ်းဆီး ရမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ ဥပဒေ၊ စစ်သုံ့ပန်း ဥပဒေအတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားပြီး စစ်သုံ့ပန်းစံချိန် စံနှုန်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ အတွင်းရေးမှူး- ၃ ခူးရီးဒူ က အခုလိုပြောပါတယ်။ “ကျတော်တို့ KNDF မှာက Military act (စစ်ဖက်ဆိုင်ရာ အရေးယူဆောင်ရွက်မှု ဥပဒေ) ရှိတယ်။ Military act ထဲမှာ ကျတော်တို့ စစ်သုံ့ပန်းရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြီးတော့ ရေးသားထားတာရှိတယ်။ ကျနော်တို့က ၂ ခုပေါ့လေနော် တခုက ကျနော်တို့ရဲ့ KNDF Military act မူဝါဒနဲ့ ရေးဆွဲထားတဲ့ ဥပဒေနဲ့ အညီတခုရယ် နောက်ထပ်တခုကတော့ နိုင်ငံတကာ မှာ ချမှတ်ထားတဲ့ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေ ဒီနှစ်ခုနဲ့ ကျနော်တို့တွေက လက်ရှိဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို အဲဒီစံချိန်စံနှုန်းနဲ့ အညီ ကျတော်တို့တွေက လုပ်ကိုင်ဆောင်ရွက်နေတယ်ပေါ့”လို့ သူကပြောပါတယ်။
စစ်သုံ့ပန်း (၁၃)ဦး ထဲမှာ အရာရှိတချို့ပါဝင်ပြီး အများဆုံးက စစ်ကောင်စီရဲ့ ဆက်သွယ်ရေး တပ်သားတွေလို့ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၁၂) မှ ဆက်သွယ်ရေး ဒုတပ်ကြပ်တစ်ဦး MA-3 သေနတ် တစ်လက်နဲ့အတူ KNDF ထံ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ ဖယ်ခုံမြို့နယ် ကုရင် ကျေးရွာအုပ်စုတောင်ကြားမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ ၄၂၉ နဲ့ ဖယ်ခုံ PDF တပ်ရင်း ၂ အပါအဝင် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၁၂ ရက်နေ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၆) ဦး ဖမ်းဆီးရမိတယ်လို့ ဖယ်ခုံ PDF ထုတ်ပြန်ထားတာရှိပါတယ်။ https://l.facebook.com /l.php?u=https%3A%2F%2Fbit.ly%2F434qHZc %3Ffbclid%3DIwAR3wV24MrCP7qmvIjSE_
၂၈။ ကော့သောင်း-မြိတ်လမ်းပိုင်းပေါ်ကတံတားပေါ်မှာ မိုင်းဆွဲခံရပြီးနောက် ကော့သောင်းအဝေးပြေးကားလိုင်းတွေပိတ်
April 6, 2023
မြိတ်-ကော့သောင်းလမ်းပေါ်က တံတားတစ်စီး မိုင်းခွဲခံရလို့ ပျက်စီးသွားပြီးနောက် ကောင့်သောင်းအဝေးပြေး ကား လိုင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့သိရပါတယ်။ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ရမ်းဖိုတံတား မှာ စစ်ကောင်စီတပ်ကားတွေ မိုင်းဆွဲခံရပြီးနောက် တံတားတစ်ဖက်နိမ့်ကျသွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကားတွေကိုရက်အကန့်အသတ်မရှိပိတ်လိုက်တာဖြစ်ပြီး ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာကိုလည်း တိတိ ကျကျမသိဘူးလို့ ခရီးသည်တင်ယာဥ်လိုင်းအသိုင်းအဝိုင်းကပြောပါတယ်။ အဲဒီအပြင် ဧပြီ ၅ ရက်နေ့က ကော့သောင်းက နေထွက်ခွာသွားတဲ့ ခရီးသည်တင်မှန်လုံကားကြီးတွေရော ကားငယ်တွေကိုပါ စစ်ကောင်စီဘက်က ဖြတ်သန်းခွင့်မပေးတော့ဘဲ အားလုံးလှည့်ပြန်ခိုင်းတယ်လို့ဆိုပါတယ်။
“ကားပေါ်မှာက ပစ္စည်းတွေအားလုံးတင်ထားပြီးပြီ ပုပ်တတ်တဲ့ဟာတွေလည်းပါတယ်။ ဒီနေ့ကားလည်းထွက်လို့မရဘူး မနေ့က ကားတွေလည်းပြန်ဝင်လာရမှာ ဘယ်လိုလုပ်ရပါ့မလဲမသိဘူး” လို့ ကော့သောင်းအဝေးပြေး ယာဥ်လိုင်း တစ်ခုရဲ့ ဂိတ်မှူး ကပြောပါတယ်။ မိုင်းဆွဲခံရတဲ့ ရမ်းဖိုတံတားဟာ တနင်္သာရီမြို့နဲ့ မြိတ်မြို့အကြားတည်ရှိပြီး မြိတ်-ကော့သောင်း အဝေးလမ်းမ ပေါ်မှာတည်ရှိပါတယ်။ ဧပြီလ ၄ ရက်နေ့ကလည်း ဘန်းလမွတ်ကျေးရွာအနီးက မြိတ်-ကော့သောင်းအဝေးပြေးလမ်းမပေါ်မှာ စစ်ကောင်စီတပ်သားတွေ တင်ဆောင်လာတဲ့ကား မိုင်းဆွဲခံခဲ့ရပါသေးတယ်။ https://www.face book.com/photo/?fbid=2 50242930726797&set=a.196212682796489
၂၉။ ရိုဟင်ဂျာ ၇၀၀ ကျော်လက်ခံဖို့ စီစဉ်နေကြောင်း စစ်ကောင်စီပြော
April 6, 2023
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေထဲက အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံဖို့ လျာထားတယ်လို့ စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာမှာ ဧပြီလ ၅ ရက် နေ့က ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ထားတဲ့ လူဦးရေအိမ်ထောင်စုစာရင်းတွေကို စိစစ်ချက်အရ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထားရှိသူ ၅၆,၀၀၀ ကျော်၊ အထောက်အထား မရှိသူ ၃၀,၀၀၀ ကျော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြမ်းဖက်စာရင်းမှာပါဝင်သူ ၉၀၀ ကျော် စုစုပေါင်း ၈၇,၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ နှစ်နိုင်ငံညှိနှိုင်းချက် တွေအရ အဲဒီရိုဟင်ဂျာတွေထဲက ၇၀၀ ကျော်ကို ရှေ့ပြေးစီမံကိန်း အနေနဲ့ ပြန်လည်လက်ခံဖို့ သဘောတူခဲ့တဲ့အတွက် လက်ခံ ဖို့လျာထားတာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်ကိုလည်း လက်ခံဖို့ စိစစ်နေတယ်လို့လည်း ဆိုပါတယ်။
ပြန်လာသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံသွားမှာဖြစ်ပြီး လှဖိုးခေါင်ကြားစခန်းမှာ နှစ်လ ကြာ ယာယီထားမှာပါ။ အဲဒီကနေတစ်ဆင့် သူတို့အတွက် မောင်တောမြို့နယ်၊ မြောက်ဘက်ခြမ်းမှာ ကျေးရွာ ၁၅ ရွာ၊ မြေကွက် ၇၅၀ စီစဉ်ထားပြီး အခြေခံအဆောက်အအုံတွေလည်း ဆောင်ရွက်ထားသလို ဝင်ရောက်လာတဲ့အပေါ်မူတည်ပြီး အဆင့်ဆင့် ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ မတ်လ ၂၃ ရက်နေ့က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောဆို ထားပါတယ်။ ရိုဟင်ဂျာတွေကတော့ စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်ဟာ မူလနေရာမှာ ပြန်လည်နေရာချထားမှာ မဟုတ်သလို နိုင်ငံသားဖြစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့် ပေးဖို့စတဲ့ အာမခံချက်တွေမရှိတာကြောင့် ပြန်လာမယ့်သူ မရှိ သလောက်နည်းပါးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်ခစန်းမှာခိုလှုံနေတဲ့ ရိုဟင်ဂျာတွေက ပြောဆိုထားပါတယ်။ အခု လက်ရှိ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေးအခက်ခဲကြောင့် မိမိနေရပ်ကို ပြန်လာချင် ပေမယ့် သူတို့ရဲ့ တောင်းဆိုမှုတွေကိုမရရင် တော့ပြန်လာကြမှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ https://www.rfa.org/burmese/news/rohingya-04062023060830.ht
၃၀။ ရောက်တဲ့နေရာမှာ အစဉ်အလာမပျက် ရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲ ပြုလုပ်ကြတဲ့ ကရင်နီစစ်ရှောင်များ
April 7, 2023
စစ်ပွဲတွေကြောင့် နေရပ်မပြန်နိုင်ကြသေးတဲ့ ကရင်နီပြည်က ရွေ့ပြောင်းနေထိုင်သူ စစ်ဘေးရှောင်တွေဟာ ရိုးရာဓလေ့ တစ်ခုဖြစ်တဲ့ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ရောက်ရှိတဲ့နေရာကနေ အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ယမန်နေ့ (ဧပြီလ ၆ ရက်နေ့) က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာ တစ်ရွာမှာ ကရင်နီရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတော်မှာ ခါတိုင်းနှစ်တွေလို ဖားစည်၊ ဗုံ၊မောင်းတွေ တီးခတ်သံတွေတော့ မကြားရပါဘူး။ လက်ရှိ စစ်ရေးအခြေအနေ ပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်မှာ ခါတိုင်းနှစ်တွေလို ပွဲတော်ကျင်းပဖို့အတွက်က တော့ စိုးရိမ်စရာ အနေအထားမှာရှိတာကြောင့် တိတ်တဆိတ်နဲ့ အကျဉ်းချုံးသာပြုလုပ်ကြတာပါ။ “ဒီကနေ့ ပြုလုပ်တဲ့ပွဲဟာ ပြီးခဲ့ တဲ့နှစ်တွေနဲ့ ယှဥ်မယ်ဆိုရင် အရင်တုန်းကဆိုရင် အုပ်စုလိုက်လာကြတယ်။ ပြီးတော့ တံခွန်တိုင်မှာပူဇော်ကြတယ်။ အိမ်တိုင်း ကို ရိုးရာအကတွေနဲ့ လိုက်ကကြတယ်။ ဒီနေ့မှာတော့ မလာရဲကြတော့ဘူး။ ရွာထဲမှာလည်း ဖားစည်လည်း မတီးရဲတော့ဘူး။ ရွာ လည်း မလည်ရဲတော့ဘူး ဖြစ်သွားတယ်” လို့ ကျေးရွာခံ အမျိုးသမီး မော်ငါးမြာ က ပြောပါတယ်။
အဲဒီပွဲကို တိုက်ပွဲကြောင့် နေရပ်ကို စွန့်ခွာခဲ့ရတဲ့ ဒေါကလော်ဒူအုပ်စုက ကျေးရွာ ပေါင်း (၆) ရွာက ဒေသခံတွေကလည်း ရိုးရာမပျက် ပါဝင်ကြပါတယ်။ သက်ဆိုင်တဲ့ မိမိရွာတွေမှာ မကျင်းပနိုင်တော့ပေမယ့်လည်း ဒီပွဲတော်မှာ လာရောက်ပူးပေါင်းပြီး ပြုလုပ်ကြရတယ်လို့ ဒေါကလော်ဒူအုပ်စုက အသက် ၅၀ အရွယ် တံခွန်တိုင်ကိုးကွယ်သူ ခူးတီရယ် က ပြောပါတယ်။ “တိုက်ပွဲ တွေရှိလို့ ရွာပြန်လို့ မရတော့ဘူး။ ကျေးရွာပေါင်း (၆)လောက်က ရွာမပြန်နိုင်ကြတော့ဘူး။ ကျနော်တို့လည်း ပြန်လို့မရတော့ဘူး။ အဲ့တာကြောင့် ကျနော်တို့ မိတ်ဆွေရွာမှာ အတူတူလာပူးပေါင်းပြီး ပြုလုပ်ရတာ ဖြစ်တယ်” လို့ သူက ပြောပါတယ်။ ကရင်နီပြည် မှာတော့တိုက်ပွဲတွေ ဘယ်လောက်ပဲရှိနေပါလေ့စေ၊ ကရင်နီလူမျိုးတွေကတော့ မိမိတို့ရဲ့ ရိုးရာဓလေ့ကိုအမြဲတမ်း ထိန်းသိမ်း စောင့်ရှောက်ရမယ်ဆိုတဲ့ အသိက လူတိုင်းရင်မှာ ရှိနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ https://www.kantara waddytimes.org/%e1%80%9b%e1%80% b1%e1%80%ac%e1%80%80%e1%80%ba%e1%80
၃၁။ ထားဝယ်တွင် မူးယစ်ဆေးဝါးရောင်းသူနှင့် သုံးစွဲသူ ၂ ဦးကို PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး
April 7, 2023
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်-ထီးခီးလမ်းပိုင်း တနေရာမှာ မူးယစ်ဆေးဝါးရောင်းချသူ ၁ ဦးနဲ့ သုံးစွဲသူ ၂ ဦး တို့ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ DDT-ထားဝယ် ပကဖက ဧပြီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ဧပြီ ၅ ရက် မနက် ၁၁ နာရီလောက်က ထားဝယ်-ထီးခီးလမ်းပိုင်းတနေရာမှာ သွားလာနေစဥ် မူးယစ် ဆေးဝါးသုံးစွဲသူ ၂ ဦးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာက မူးယစ်ဆေးဝါး ၁၀ လုံးကျော် တွေ့ရှိခဲ့တဲ့အပြင် ရောင်းချသူကိုလည်း ထောင် ချောက်ဆင်ဖမ်းခဲ့တာကြောင့် အလုံး ၁၀၀ ကျော် ဖမ်းဆီးရမိကာ စုစုပေါင်း WY တံဆိပ်ပါ စိတ်ကြွဆေးပြား ၁၉၀ လုံးနဲ့ အိုက်စ်မူး ယစ်ဆေး အပါအဝင် ငွေကျပ် ၇၄,၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ Dawei Defense Team-DDT မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဖမ်းဖို့ကဘာသတင်းမှလည်းမရဘူး။ ကျနော်တို့ကလမ်းပိုင်းကို စစ်ဆေးဖို့သွားတာလည်းမဟုတ်ဘူး။ လမ်းပိုင်းမှာ ဖြတ်သွားရင်းနဲ့ မသင်္ကာလို့စစ်ဆေးရင်းနဲ့တွေ့တာ။ စစဖမ်းတာကသုံးစွဲသူနှစ်ယောက်ပဲမိတယ်။ ရောင်းချသူကိုတော့ ထောင် ချောက်ဆင်ပြီး ဖမ်းလိုက်တာ။ သုံးစွဲတဲ့သူနှစ်ယောက်မှာက WY ၁၀ လုံးကျော်နဲ့ ရေခဲနဲ့ ဖမ်းမိတာ။ ဒိုင်မှာက ၁၀၀ ကျော်လောက် မိတာ။” အခုလို ဖမ်းဆီးမှုကို Eastern Defense Force – EDF၊ Dawei Defense Team – DDT (ထားဝယ် ပ.က.ဖ) နဲ့ ထားဝယ် တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းရှာဖွေ ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် မူးယစ်ဆေးသုံးစွဲသူ ၂ ဦးနဲ့ ရောင်းသူ ၁ ဦးကို တော့ စစ်တပ်အလိုကျ ရောင်းဝယ်ဖောက်ကားတာတွေ မလုပ်ဖို့ သတိပေးထားပြီး နောက်ထပ်မပြုလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းကာ ဧပြီ ၆ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး တရားမဝင်ငွေတွေကိုလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် အသုံးပြုသွားမယ်လို့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ https://burmese.dvb.no/archives/587206
၃၂။ ကစထမှူးများ အပြောင်းအလဲပြုလုပ်ခြင်းအပေါ် တုန်လှုပ်စရာမရှိကြောင်း ပဒိုစောတောနီး ပြော
April 6, 2023
KNU နယ်မြေများဖြစ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ တာဝန်ကျနေသော ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး-၄ (ကစထ-၄) အပါအဝင် စစ်ဌာနချုပ်တိုင်းမှူးများ အပြောင်းအလဲပြုလုပ် ခြင်းကိစ္စအပေါ် တုန်လှုပ်စရာမရှိကြောင်း KNU ဗဟိုပြောခွင့်ရသူ ပဒိုစောတောနီးက ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့တွင် ပြု လုပ်ခဲ့သော ” မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ ” အစီရင်ခံစာ သတင်း စာရှင်းလင်းပွဲ၊ အမေးအဖြေကဏ္ဍတွင် သတင်းထောက်များ၏မေးမြန်းမှုကို ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ” မတ်လ ၂၇ ရက်နေ့က ကျွန်တော်တို့ကို အပြတ်ချမယ်ဆိုကတည်းက ကျွန်တော်တို့ ဘာမှတုန်လှုပ်စရာအကြောင်းမရှိဘူး။ သူပြောတဲ့ တစ်ချိန်တည်းမှာပဲ သူ့လက်အောက်မှာရှိတဲ့ ဒေသဆိုင်ရာ တပ်မှူးကြီးတွေကို ခဏခဏ ပြန်ပြောင်းနေတာ။ ဒါက ဘာလဲဆို တော့ သူလုပ်တဲ့အရာ ဘာမှမအောင်မြင်ဘူး၊ သူ့လူတွေ ဖြုတ်လိုက် ထုတ်လိုက်နဲ့ပဲ ချာလပတ်လည်နေတယ်ဆိုတာကို ပြလိုက် တာပဲလေ။ အဲ့ဒါကြောင့် ဒီအပိုင်းမှာ ကျွန်တော်တို့တုန်လှုပ်စရာအကြောင်းမရှိဘူး၊ ကျွန်တော်တို့လုပ်စရာရှိတာကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ရှိ KNU နယ်မြေများကို ကိုင်တွယ်ရသော ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး-၄ (ကစထ-၄) ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင် နေရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေအား ပြောင်းလဲခန့်အပ်ခဲ့သည်။ ထို့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနေရာတွင် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်း တို့အား စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောင်းလဲခန့်အပ်ထားခြင်းဖြစ်သည်။ ကစထမှူး၊ တိုင်းမှူးများ အပြောင်းအလဲပြုလုပ်ခြင်းသည် KNU အပေါ် မည်သို့မှသက်ရောက်မည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့်လုပ်စရာရှိသည်များအား ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ပဒိုစောတောနီး ကပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ ကမ္ဘာပေါ်မှာအင်မတန်မှပဲ ဗလောင်းဗလဲနိုင်လှတဲ့ လူဆိုတာ ဒီလူ (မင်းအောင်လှိုင်)ပဲလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နဲ့ အပြတ်ချမယ်လုပ်လိုက်၊ ကျွန်တော်တို့နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတော့ ငြိမ်းချမ်းရေးလုပ်မယ် လုပ်လိုက်နဲ့ ဖင်တစ်ပြန် ခေါင်းတစ်ပြန် ပြောနေတဲ့လူဟာ ဒီကနေ့ ဒီကာလမှာ ကျွန်တော်တို့ ရင်ဆိုင်တွေ့နေရတဲ့ သူပဲဖြစ်ပါတယ်” ဟု ပဒိုစောတောနီး ကပြောကြားခဲ့သည်။ https://www.f acebook.com/MizzimaDaily/photos /a.320351647999747/6575417455826437/
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။