သတင်း

KNU မှ ဖေဖော်ဝါရီလ အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲ သတင်းများ ထုတ်ပြန်

Photo – KNU
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၂၊၂၀၂၃
KNU ထိန်းချုပ်နယ်မြေများအတွင်း ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းအချက်အလက်များကို မတ်လ ၁၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါထုတ်ပြန်ချက်ထဲတွင် KNLA၊KNDO နှင့် စစ်ကောင်စီလက်အောက်ခံ BGF တို့အကြား တိုက်ပွဲဖြစ်ပွားမှု ၄၁၈ ကြိမ်ရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၈၆ ဦးသေဆုံးကာ ၂၆၇ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။
KNLA နှင့် KNDO တို့ဘက်မှ ၂၇ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၂ ဦး သေဆုံးခဲ့ရကြောင်း သိရပါတယ်။
ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်များနှင့် BGF များမှ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှု ၇၆ ခန့်ရှိပြီး လက်နက်ကြီး အလုံးရေ ၃၅၁ လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး ထိုပစ်ခတ်မှုကြောင့် နေအိမ် ၄၄ လုံး၊ Junior College ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ၂ကျောင်း၊ ဆေးပေးခန်း ၂လုံး နှင့် ပြည်သူပိုင်အဆောက်အဦး ၂၅ခု ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် BGF တပ်များ၏ ကျေးရွာအတွင်း ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု ၁၁ ဦးသေဆုံးပြီး ဦးဇင်း ၂ပါး၊ ကိုရင် ၂ပါးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၄၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ ကျေးရွာတွင်းရှိ အရပ်သားပြည်သူများ၏ နေအိမ် ၂၁ လုံးကို အကြောင်းမဲ့ မီးရှို့ခဲ့ပြီး ရွာသား ၇ဦးအား ဖမ်းဆီးခဲ့၍ ၆ဦးအား တရားစွဲဆိုကာ ထောင် ၆လ ချမှတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Related Articles

Back to top button