သတင်း

KNU ဗဟိုအလုပ်မှုဆောင်ကော်မတီအား နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်းများမှ တောင်းဆို

ဓါတ်ပုံ – KNU (KNU ဗဟိုကော်မဝင်များအား ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပခဲ့သည့် KNU ဌာနချုပ်မှာ ကျင်းပခဲ့သည့် KNU တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနားတွင် တွေ့ရစဉ်)။
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃
KNU ဗဟိုအလုပ်မှုဆောင်ကော်မတီအား နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကရင်လူ့အဖွဲ့ အစည်းများမှ ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာ အိတ်ဖွင့်စာပေးပို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
အဆိုပါအိတ်ဖွင့်စာတွင် တရုတ်မှ လာရောက်လုပ်ကိုင်သော မြို့သစ်စီမံကိန်းများမှာ တရားဥပဒေနှင့် ကိုက်ညီခြင်း မရှိသည်ကို သိလျှက်နှင့် KNU ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ခွင့်ပြုထားခြင်းနှင့် KNU ၏မူဝါဒနှင့် ဆန့်ကျင်နေမှုများကို အရေးယူမှု ပျက်ကွက်ခြင်းများရှိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
” တရုတ်မြို့သစ်စီမံကိန်းက တရားဥပဒေနဲ့ မကိုက်ညီတာတွေရှိတယ်။KNU ရဲ့ policy နဲ့လည်းမကိုက်ညီဘူး။ ဒါကိုလက်မှတ်ထိုးပေးတဲ့ ပဒိုးစောရောဂျာခင် ကို စစ်ဆေးအရေးယူဆောင်ရွက်မှုတွေမရှိတာကလည်း KNU ရဲ့ အားနည်းချက်လို့ မြင်ပါတယ် ” လို့ ပြောရေးဆိုခွင့်ရှိသူ နော်ဆဲဆဲမှ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
အဆိုပါအိတ်ဖွင့်စာထဲတွင် KNU ဗဟိုအလုပ်မှုဆောင်ကော်မတီကို နုတ်ထွက်ပေးရေး၊ ဗဟိုကော်မတီအသစ်မဖွဲ့စည်းခင်မှာ ကြားကာလစီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းရေး၊ကြားကာလ စီမံခန်ခွဲရေးအဖွဲ့မှ ကွန်ကရက်နှင့် ရွေးကောက်ပွဲကို ကျင်းပပေးရေးနှင့် တရားမျှတမှုနှင့် လွတ်လပ်မှု ရှိသော စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းပေးရေး ဆိုတဲ့ အချက် ၄ချက်ကို အဓိကထားတောင်းဆိုထားပါတယ်။
” လက်ရှိတော်လှန်ရေးမှာလည်း KNU အပေါ်အားရတာလည်းရှိသလို အားမရတာတွေလည်းရှိပါတယ်။ KNU ထိပ်ပိုင်းခေါင်းဆောင်တွေမှာ ပြတ်ပြတ်သားသား ရပ်တည်မှုမရှိတာတွေကိုတွေကိုတော့ အားမရဖြစ်တယ်။ ” လို့ နော်ဆဲဆဲမှ ပြောပါတယ်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှာလည်း စစ်ကောင်စီမှ ပေးအပ်သော ဘွဲ့တံဆိပ်ကို သမီးဖြစ်သူမှ တစ်ဆင့် လက်ခံထားကြောင်းကို အိတ်ဖွင့်စာထဲတွင် ဖော်ပြထားပါတယ်။

Related Articles

Back to top button