တိုင်းရင်းသားများသတင်းသတင်း

ထန်တလန်မြို့ရဲစခန်းသိမ်း တိုက်ပွဲတွင် CNA ရဲဘော်တစ်ဦးကျဆုံး

ဖက်ဒရယ်ဂျာနယ်မြန်မာ (ဖေဖော်ဝါရီ – ၉)
ချင်းပြည်နယ်၊ ထန်တလန်မြို့ ရဲစခန်သိမ်းတိုက်တွင် CNA ရဲဘော်တစ်ဦးဖြစ်သူ Lt. Khup Hlei Thang ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရတယ်။
လက်ရှိချိန်တွင် ထန်တလန်မြို့တခုလုံးကို CDF ထန်တလန်က ထိန်းချုပ်ထားနိုင်ခဲ့ကြောင်းသိရပါတယ်။
” တိုက်ပွဲအတွင်းမှာ ကျနော်တို့ CNA – CDF ဖက်က ဦးကျဆုံးပြီး တစ်ဦး ဒက်ရာရသွားတယ် တစ်မြို့လုံးကိုတော့ ကျနော်တို့ ထိန်းချုပ်ထားဆဲပါ၊ စစ်ကောင်စီတပ်က တောင်ကုန်းတခုမှာပဲ ရှိတော့တယ်”ဟု CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ်ဂျာနယ်မြန်မာ ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲတွင်း သိမ်းဆည်းရရှိသည့် လက်နက်များ (ဓါတ်ပုံ-CNA)
ယင်း စခန်းသိမ်းတိုက်ပွဲကို ယန်မန်နေ့ည ၁၀ နာရီတွင်စတင်ပြီး ယနေ့မနက် ၁ နာရီအချိန်တွင် စခန်းတစ်ခုလုံကိုသိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ လက်နက် အလက် ၄၀ ကျော်နှင့် ခဲယမ်းများကို CNA, CDF ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းရမိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စခန်းသိမ်းရရှိပြီးနောက် စစ်ကောင်စီတပ်ဖက်မှ ဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
CNA – CDF ပူးပေါင်းတပ်ဖွဲ့များ (ဓါတ်ပုံ-CNA)
ထို့အပြင် ယနေ့ ဖေဖော်ဝါရီလ (၉)ရက်နေ့ မနက် ၈ နာရီအချိန်ခန့်တွင် ထန်တလန်မြို့နယ် Tlangpi, Bumpi Camp နှင့် lungler ကျေးရွာ နှစ်ရွာတို့ကိုလည်း စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်များဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။

Related Articles

Back to top button