အတွေးအမြင်

စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန်ချက်များနှင့် ခွဲခြမ်းစိတ်ဖြာခြင်း

စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန်ချက်များနှင့် ခွဲခြမ်းစိတ်ဖြာခြင်း

  • ဒီရေ (သူ့အတွေးသူ့အမြင်)

စစ်ကောင်စီက ၂၀၂၃ ဖေဖော်ဝါရီ ၀၂ ရက်စွဲနဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်သစ် (၇) ခုကို ထုတ်ပြန်ခဲ့ပါ တယ်။ ပထဝီလွှမ်းခြုံမှု အနေနဲ့ကတော့ တိုင်းဒေသကြီး (၄) ခုနဲ့ ပြည်နယ် (၄) ခု၊ စုစုပေါင်း (၈) နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ မြို့နယ်တိုင်းလည်း မဟုတ်ပါဘူး။

ဒီလိုထုတ်ပြန်ရာမှာ စစ်ဌာနချုပ်တွေကို အခြေခံပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။တိုင်းစစ်ဌာနချုပ် (၁၄) ခုရှိတဲ့အနက် (၄) ခုပါဝင်ပြီး ကယားပြည်နယ်တွင်း မြို့နယ်တွေအတွက်ကတော့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဖြစ်ပါတယ်။ အမိန့် (၆) ခုအရ မြို့နယ်ပေါင်း (၃၇) ခုပါဝင်ပါတယ်။

တိုင်းစစ်ဌာနချုပ် သို့မဟုတ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တွေကို အခြေခံတာဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ဒေသတွေအပေါ် တိုင်းမှူး သို့မဟုတ် ဒေသကွပ်ကဲရေးမှူးတွေက စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးသွားမှာ ဖြစ်တယ်။    

ဒီစစ်အုပ်ချုပ်ရေးအာဏာ ဆိုတာကိုလည်း ​ခြေ/ဥ ပုဒ်မ ၄၁၉ အရ အပ်နှင်းတာဖြစ်ကြောင်း၊ “အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး” ဖြစ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ရေးထားတယ်။

ဒီနေရာမှာ ပြန်လည် သတိပြုမိစေတာကတော့ ဒီစစ်အုပ်ချုပ်ရေးအမိန့်​တွေ ထုတ်ပြန်မှုတွေကို စစ်ကောင်စီက (၂၀၀၈ ​ခြေ/ဥအရ) ကျင့်သုံးတယ်ဆိုတာဘဲ။   

ယခင် အရေးပေါ်ကာလကြေညာချက် ပြီးဆုံးခဲ့သလို စစ်ကောက်စီရဲ့ အစောပိုင်းသက်တမ်း ပြီးဆုံးပြီးနောက် အရေးပေါ်ကာလကို ထပ်မံကြေညာတာမို့ စစ်ကောင်စီနဲ့ သူ့ရဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကိုလည်း ပြန်လည် ဖွဲ့စည်းတာရှိခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာတဲ့ ဒေသတွေကို ကြည့်ရင်လည်း အများအားဖြင့် ဗမာလူမျိုးများစွာ နေထိုင်တဲ့ ဒေသတွေနဲ့ PDF တွေအားကောင်းတဲ့ ဒေသ​တွေ ဖြစ်ပါတယ်။      

EROs တွေကို မဦးတည်ဘဲ ဒီလိုမျိုး ကြေညာတာက စစ်ရေးထက်ပိုမိုလေးနက်တဲ့ ရည်ရွယ်ချက်က ရှိပြီးသားပါ။

(၇) ခုမြောက် စစ်အုပ်ချုပ်ရေး အမိန့်ကတော့ အမိန့်အမှတ် (၁) က​နေ (၆) ကို ထပ်မံရှင်းလင်းထားတာ ဖြစ်ပြီး၊ လုပ်ပိုင်ခွင့်အဆင့်ဆင့်နဲ့ အစီရင်ခံခြင်းကို ဖြည့်စွက် ဖော်ပြထားပါတယ်။ ဒီလိုဖော်ပြရာမှာလည်း အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး လုပ်ပိုင်ခွင့်တွေက ဘာတွေလည်း ဆိုတာကို ထည့်သွင်းထားပါတယ်။

ဒီနေရာ ထည့်သွင်းစဥ်းစားရမှာတွေနဲ့ မေးခွန်းတွေရှိမှာပါ။ မိမိတစ်သီးပုဂ္ဂလ အနေနဲ့ကတော့ ဒါတွေကို စစ်အုပ်ချုပ်ရေး အမိန့်အသစ်တွေလို့ နားလည်တယ်ဆိုရင် အခြားသော ပြည်နယ် / တိုင်းဒေသကြီး တွေအပေါ် ယခင်စစ်အုပ်ချုပ်ရေးအမိန့်တွေက ပျက်ပြယ်ပြီလို့ မှတ်ယူလို့ ရပါသလား။

ဘယ်လိုဘဲ ဖြစ်ဖြစ် သူတို့ဆီကနေ နောက်ထပ် စစ်အုပ်ချုပ်ရေးအမိန့်​တွေ မလာနိုင်ဘူး ဆိုတာ မဖြစ်နိုင်ပါဘူး။   

စဥ်းစားစရာတွေကတော့ စစ်ကောင်စီက ဘယ်လိုမျိုး နည်းလမ်းမျိုးစုံနဲ့ ချည်းကပ်နေပါသလဲ။ ဟုတ်ပါတယ် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေး မျိုးစုံပါဘဲလို့ ယေဘုယျပြောလို့ရတာပေါ့။ ဒါပေမယ့် နောက်ဆုံး ဘယ်ပုံပေါက်မလဲ။

Ref: Myanmar Alinn Daily (03 Feb 2023), Photo – Credit 

Related Articles

Back to top button