Getty Images
– ၇၃၀
ယမ်းရနံ့လှိုင်တဲ့ အဲ့ဒီ့မြေပေါ်
အတောင်မစုံတဲ့ ကြယ်တွေဟာ
ကိုယ့်ဇာတ်ညွှန်းနဲ့ကိုယ် တစ်ဆစ်ချိုးနေကြပေါ့…
တစ်ဘဝစံ ဘီလူးတွေနဲ့ စည်းချင်းထိုးတဲ့ပွဲ
ဘယ် သက္ကရာဇ်ထိရောက် မလဲလေ….
ငိုသံအပြည့်နဲ့ ဒီပြက္ခဒိန်ကြီး ၂နှစ် ပြည့်ပြီ…
ကောင်းချီးတွေ မလိုချင်ဘူး
ပေါင်းစည်းပေးကြမှသာ မင်္ဂလာ….
ကြောက်စိတ်ကို ကျော်လွန်ရင်
တစ်ဖက်ကမ်းရောက်ပြီလေ…။ ။
အယ်ဗင်လု(ခ်)