သတင်း

မိုးဗြဲအနောက်ဖက် စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျလို့ အမျိုးသမီး(၁)ဦးအသက်ဆုံးရှုံးပြီး၊ အမျိုးသား (၃)ဦး ထိခိုက်ဒဏ်ရာရ

ဓါတ်ပုံ - MB-PDF
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ‌ဇန်နာဝါရီ ၁၇၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်နယ်၊ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)နှင့် ဖယ်ခုံအမြောက်တပ်တို့က ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်ညပိုင်း (၈)နာရီခန့်မှာ လက်နက်ကြီး ရမ်းသန် ပစ်ခတ်မှုကြောင့် မိုးဗြဲအ‌နောက်ဖက် စစ်ရှောင်စခန်းတွင် ကျရောက်ခဲ့ကာ အသက်(၃၀)ကျော် အမျိုးသမီး တစ်ဦးပွဲချင်းပြီး အသက်ဆုံးရှုံးပြီး၊ အမျိုးသား(၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုအခြေနေနဲ့ပတ်သက်ပြီး Mobye Rescue Team တာဝန်ရှိသူတဦးက ” မနေ့ည (၈)နာရီလောက်ကပေါ့ မိုးဗြဲအနောက်ဖက်မှာ လုံခြုံမယ်လို့ထင်ပြီး တဲထိုးပြီးနေကြတာပေါ့နော်၊ အမျိုးသမီးတဦးကတော့ တဲထဲမှာ အိပ်နေရင် တဲထဲတည့်တည့် လက်နက်ကြီးကျပြီး ပွဲချင်းပြီး ဆုံးသွားတယ် တဲလည်း မီးလောင် တာပေါ့၊ ကျန်တဲ့ အမျိုးသား (၃)ယောက်က တဲဘေးမှာ မီးလုံရင်ဘေးမှာ လက်နက်ကြီးကျပြီးထိတာပေါ့၊ အမျိုးသား (၃)ယောက်တော့ လောဆယ်ဆေးကုသပေးနေပါတယ်” လို့ ပြောပါတယ်။
ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲ တို့မှာ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်များ ဖြစ်ပေါ် နေပြီး အရပ်သားနေအိမ်ပျက်စီးမှုများလည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

Related Articles

Back to top button