ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်နီမှာ ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်က စစ်ကောင်စီတပ်မှ စကခတပ်မဟာ (၁၆) တပ်ရင်း ၅၆၈ နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၂၁၁) တပ်ဖွဲ့တို့ ပထမ အထူးဇုံသိန်နီခရိုင်အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုရှိနိုင်ပေမယ့် အသေးစိတ်စာရင်း မသိရသေးဘူးလို့ ဆိုပါတယ်။
MNDAA တပ်ဘက်ကတော့ ရဲဘော်တဦး ကျဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ The Kokang က ထုတ်ပြန်ထားပါတယ်။
The Kokang ၏ ဖော်ပြချက်အရ ပြီးခဲ့တဲ့နှစ်ထဲမှာလည်း စစ်ကောင်စီတပ်က MNDAA တပ်မဟာနယ်မြေများထဲသို့ ဝင်ရောက်ကျူးကျော်လာလို့ နှစ်ဖက်တိုက်ပွဲ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။