သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ချင်းပြည်နယ်၊ ဖလမ်းဒေသအပါအဝင် အထက်ချင်းတွင်းဒေသမှာ ပြုလုပ် ခွင့်မပြုဘူးလို့ CNDF ဆို

ဓါတ်ပုံ – CNO / CNDF
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၂၊ ၂၀၂၃
 
စစ်ကောင်စီက ပြုလုပ်လာမယ့် ရွေးကောက်ပွဲကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်း ဒေသတွေမှာ ပြုလုပ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ချင်းအမျိုးသားသကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှ ၉ ရက်နေ့ထိ ပြုလုပ်ခဲ့တယ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဒုတိယအကြိမ်မြောက် ညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာလို့ နားလည်ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အထမြောက်အောင် ကူညီပေးတဲ့ မည်သည့်ပုဂ္ဂိုလ်မျိုးမဆို CNDF က အရေးယူသွားမည်လို့ ဆိုပါတယ်။
 
စစ်ကောင်စီကတော့ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားနိုင်ဖို့ ဟားခါးမြို့ပေါ်မှာ အိမ်ထောင်စုစာရင်း စုဆောင်းတာ၊ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး စတင်အကောင်အထည်ဖော် လုပ်ရှားခိုင်းနေတာ တွေ့လာရတယ်လို့ ချင်းသတင်းဌာနများက ဖော်ပြ နေကြပါတယ်။

Related Articles

Back to top button