တိုင်းရင်းသားများသတင်း

ကြာအင်းဆိပ်ကြီး ဆေးရုံကို စစ်ကောင်စီမှ ဝင်ရောက်နေရာယူထား

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၆၊ ၂၀၂၃
 
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီ တပ်များက ဇန်နဝါရီလ ၅ရက်နေ့ ည ၇နာရီ ဝန်းကျင်မှစပြီး အကြမ်းဖက် ဝင်ရောက် စီးနင်းနေရာယူထားကြောင်း သိရပါတယ်။
 
” စစ်သားတွေ ည ၇နာရီလောက်မှာ လာတယ်။ လူနာတွေ ဆရာဝန်တွေကို အကုန်ဆေးရုံမှ ဆင်း ခိုင်းတယ်။ ဆရာဝန်တွေရော ဆရာမတွေရော အထုပ်ဆွဲပြီး ပြေးရတယ်။ လူနာတွေလည်း ပြေးရ
တယ်။” လို့ ကြာအင်းဆိပ်ကြီး ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း နေရာယူထားတာကြောင့် ဆေးရုံရှိ လူနာများနှင့် ဆရာဝန် တွေကို ဆေးရုံမှ ထွက်သွားခိုင်းခဲ့ပါတယ်။ စစ်ကောင်စီတပ်များ ဆက်လက်တပ်စွဲ ထားမယ်ဖြစ် ကြောင်း သိရပါတယ်။
 
လက်ရှိတွင် ကြာအင်းဆိပ်ကြီးဆေးရုံမှာ ဆေးကုသမှုခံယူနေသော လူနာများမှာ ဆေးရုံမှ ဆင်းခဲ့ရ၍ ဆက်လက်ဆေးကုသမှုခံယူရန် ခက်ခဲနေကြောင်း သိရပါတယ်။
 
ကြာအင်းဆိတ်ကြီးမြို့ထဲ ရှိ ဇမိခန်းမမှာလည်း စစ်ကောင်စီတပ်များ ဝင်ရောက်နေရာယူထားပြီး ကင်းလှည့်နေတယ် လို့လည်း သိရပါတယ်။
 
KNU/ KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်လျှက် ရှိသော ကြားအင်းဆိတ်ကြီးမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ သိန်းဂဏန်းနဲ့ ချီ ရှိလာပြီးဖြစ်၍ စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ လိုအပ်လျက်ရှိပါတယ်။

Related Articles

Back to top button