နောက်ဖေးပေါက်ဖွင့်ခြင်း
– ဝင်းမျိုးသူ (သူ့အတွေးသူ့အမြင်)
သံတမာန်လောက ကတော့ဘယ်ကိစ္စမဆိုညှို့လို့မရတာ မရှိဘူးလို့ယုံကြည် ကြပါ တယ်။ ဒါကြောင့်မို့ နိုင်ငံတွေအကြား ပဋိပက္ခတွေဖြစ်ပွါးလာတဲ့အခါ သံတမာန် ရေးအရ ညှိုနှိုင်းဖြေရှင်းဆောင်ရွက်ဖို့ကိုပဲ ကြိုးပမ်းတတ်ကြပါတယ်။
ယူကရိန်း၊ ရုရှားစစ်မှာလည်း တဖက်နှင့်တဖက် အပြီးအပြတ်ချေမှုန်းရေး တိုက် တာ မဖြစ်နိုင်တာမို့ တချိန်မှာ ညှိုနှိိုင်းဖြေရှင်းကြလာမှာပဲယုံကြည်တဲ့အတွက် ညှိုနှိုင်းကြဘို့ တိုက်တွန်းပြင်ဆင်တာ တွေရှိပါတယ်။
ညှိုနှိုင်း နိုင်ဖို့အတွက် သံတမာန်ရေး ဆက်ဆံရေးလမ်းကြောင်းတွေ ဖွင့်ထားလေ့ရှိပါတယ်။
စစ်ဖြစ်နေသော်ငြားလဲ diplomatic engagement လို့ဆိုတဲ့ သံတမာန်ရေးထိစပ် တွေ့ဆုံမှုတွေ ရုရှားနဲ့ ယူကရိန်းအကြားမှာရှိပါတယ်။ အမေရိကန်ကလည်း ယူကရိန်းကို လက်နက်တွေပေးနေပေမဲ့ ညှိုနှိုင်း ဘို့ရာ တိုက်တွန်းနေတာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်တွေအနေနဲ့ရုရှား အဆင့်မြင့်တာဝန်ရှိသူတွေအကြား ပုံမှန်ဆက်သွယ် ရေးကို ထိန်းသိမ်းထားရှိပြီး သံတမာန်ရေး အတိုးအဆုတ်ကစားနေတာရှိပါတယ်။
ကလေးတွေရန်ဖြစ်သလို မင်းနဲ့ပြတ်ပြီ၊ စောက်ဖက်လုပ်စရာမရှိတော့ဘူးဆိုပြီး နှုတ်ခမ်းစူ၊ ခြေစောင့် ကာ ကျန်သူငယ်ချင်းတွေကိုလည်း အဲ့အကောင်နဲ့ သွားအဖက်မလုပ်နဲ့ လုပ်ရင်သေခန်း ပြတ်ဆိုပြီး တော့လည်း ဒေါသရှေ့ထား ပြုမူကြတာတော့လည်းမဟုတ်ပါဘူး။
မြန်မာအရေးမှာလည်း အာဆီယံက တူညီဆန္ဒငါးရပ်ကို SAC က လိုက်နာဖို့ ဖိအားပေးတယ်၊ မလိုက်နာတော့ ဘယ်အစည်းအဝေးမှ SAC ကိုမဖိတ်ရဆိုပြီး မဲပြန်တင်းပါတယ်။
အာဆီယံက သာ မြန်မာကို လိုအပ်တယ်၊ ငါတို့မြန်မာက အာဆီယံမလိုအပ်ဘူးဆိုတာက သန်းရွှေလက်ထက်ကတည်းက စစ်တပ်ကပြောနေကြ စကားပါ။
မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ဆင်ခြင်နိုင်မှု အလေ့အထ အားနည်းသည့်အလျောက် လူရာဝင်ချင် ပေမဲ့လည်း ငါ့တို့ကို အကြပ်ကိုင်ရင် မင်းတို့လဲ ဒါပဲထင်တယ်ဆိုပြီး ကော့ပြတတ်တဲ့ သူတွေအနေတော့ အာဆီယံ အဖက်မလုပ်လည်း မှုစရာမလိုဘူးဆိုပြီး အိုးရွဲ့စလောင်းရွဲ့ကြတတ်စမြဲပါ။
ဒီလို အာဆီယံက ဟန်ကို့ယ်ဖို့ တင်းလိုက်တဲ့အခါ သံတမာန်ဆက်သွယ်ရေး လမ်းကြောင်းက ပျောက် သွားပါတော့တယ်။ ဒီအခါ အနည်းဆုံးတော့ ထိတွေ့ဆက်ဆံမှု စကားလမ်းကြောင်းတော့ ဖွင့်ထားဦးမှ ဆိုပြီး ထိုင်းနိုင်ငံက အလွတ်သဘောတွေ့ဆုံမှု လုပ်ပြီး SAC တာဝန်ရှိသူတချို့ ဘန်ကောက်ခေါ်တွေ့ပြီး ဘွာတေး ပြန်လုပ်ထားတဲ့ပုံစံရှိပါတယ်။
အပေးအယူတခုတော့ရှိကြမယ် ထင်ပါတယ်။ SAC ကလည်း ဒါကိုပဲ ဒီအကောင်တွေ ငါတို့ကို ပစ်ထား လို့မရပါဘူးကွာ ဘာမှတ်လဲဆိုပြီး သံတမာန်ရေးအယ်လ်ဂျီဘရာ Diplomatic calculus တွက်ကာ စိတ်ကြီး ဝင်ကြဦးမယ်ထင်ပါတယ်။
ထိုင်းတွေကတော့ထုံးစံအတိုင်း ကြုံတုံး ရသလောက်အမြတ်ဝင်ထုတ်ကာ အာဆီယံကို ရေရှည် အာဆီယံ ဘုံသဘောတူညီချက် အထမြောက်ဖို့ သံတမာန်ရေးရှေ့ပြေး engagement စေ့စပ် ရေးလုပ်ထားတာပါလို့ စစ်တုရင်က မြင်းလို ခွချက်လုပ်ဦးမယ်ထင်ပါတယ်။
တနည်းအားဖြင့်လည်း အိမ်ရှေ့ဧည့်ခန်းမ ဝင်ပေါက်ပိတ်ထားတော့ နောက်ဖေးခြံစည်းရိုးခွေး တိုးပေါက်ကို ဟပေးထားတဲ့ သံတမာန်ရေး ကစားကွက်တခုပါပဲ။