(No. 91, December 20, 2022)
၁။ ဆိုးတရှားမြို့နယ်အတွင်း မည်သူမဆိုသွားလာခြင်းမပြုရန် ကရင်နီတပ်မတော် အမှတ် ၂ တပ်ရင်းမှ အသိပေး
December 20, 2022
လုံခြုံရေးအခြေအနေကြောင့် ကရင်နီပြည်နယ် ဆိုးတရှားမြို့နယ်အတွင်း မည်သူမဆိုသွားလာခြင်းမပြုရန် ကရင်နီတပ် မတော် အမှတ် ၂ တပ်ရင်းမှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အသိပေးထုတ်ပြန် ထားကြောင်းသိရသည်။ ကရင်နီတပ်မတော် အမှတ် ၂ တပ်ရင်းထိန်းချုပ်လုပ်ရှားလျှက်ရှိသည့် ဆိုးတရှားမြို့နယ် တောင်ဘက်ခြမ်းဒေသအတွင်း (နမ့်ပန်ချောင်း တစ်လျောက်) ရေကြောင်းမှဖြစ်စေ၊ ကုန်းကြောင်းမှဖြစ်စေ၊ မည်သူမဆိုသွားလာခြင်းမပြုကြရန် အသိပေးထားသည်။ သတိပေးထုတ်ပြန်သည့် နေ့မှစပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေနှင့်အညီ ထိရောက်သည့်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဖော်ပြထား သည်။ https://www.facebook.com/KhamSarNgor/photos/a.625260164310576/2228428263993750/
၂။ ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ဝန်ထမ်း ၄၀ ကျော် ဖမ်းဆီးခံထားရ
December 20, 2022
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာ ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခု အတွင်း ဝန်ထမ်း ၄၀ ကျော် ကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်း လုပ်ကွက်သို့ စစ်ကောင်စီတပ် အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး ဝန်ထမ်းများကို ယနေ့အထိ ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု ဖားကန့်မြို့ အမျိုးသားတစ်ဦးက ပြောသည်။ ”မှော်စီဆာအပိုင်းထဲက ဆင်စိန် ကုမ္ပဏီကို ဝင်စီးထားတယ်။ အဲ့မှာ ကုမ္ပဏီထဲက ကိုယ်စားလှယ်တစ်ချို့နှင့် စားဖိုမတွေကော ကျောက်ရှာတဲ့ လူတွေကော အဲ့မှာ ဖမ်းဆီးထိန်းသိမ်းထားတုန်းဗျ ခုချိန်ထိ သူတို့ဘာကိုစစ်ဆေးနေတာလဲတော့မသိဘူး။ ခုထိ မထွက်သေးဘူး အခုနဲ့ဆို သုံးရက်ရှိပြီ”ဟု ဖားကန့်မြို့မှ အမျိုးသား တစ်ဦးက ပြောသည်။ ”သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေလို့လည်းဖြစ်နိုင်တယ် တခြားကတော့ သေချာမသိရဘူး”ဟု ဒေသခံတစ်ဦး က သုံးသပ် ပြောဆိုသည်။
စီးနင်းခံထားရသည့် ဆင်စိန်ကုမ္ပဏီသည် လတ်တလော ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်တစ်ခုဖြစ်သည်ဟု လည်း သိရသည်။ စစ်ကောင်စီ စစ်သားများသည် ယခုနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်း ကုမ္ပလုပ်ကွက်များအတွင်းသို့ ဝင်ရောက်စီးနင်းခြင်း၊ လုပ်ကွက်များအတွင်းတပ်စွဲခြင်း တို့ကို ပိုမိုပြုလုပ်လာနေကြောင်း သိရ သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက် စီးနင်ကာ အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။ https://burmese.kachinnews.com/2022/12/20/az2-64/
၃။ မောင်တောတွင် ပျောက်ဆုံးနေသည့် ကျေးရွာသား ၂ ဦး သတ်ဖြတ်ခံရပြီး အလောင်းသာ ပြန်တွေ့
December 19, 2022
ရခိုင်ပြည်၊ မောင်တောမြိုနယ်တွင် ဝါးခုတ်ရန် သွား၍ ပျောက်ဆုံးနေသည့် ရွှေတောင်ကျေးရွာသား နှစ်ဦးမှာ သတ်ဖြတ် ခံထားရသည့် အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည့် ကျေးရွာသားများက ပြောသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဝါးခုတ်ရန်တောင်ပေါ့်သို့ သွားရာမှ ကျေးရွာသားနှစ်ဦးမှာ ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ၎င်းတို့မှာ ရွှေတောင် ကျေးရွာမှ အသက် ၃၇ နှစ်အရွယ်ရှိ ဦးဘသန်းနှင့် အသက် ၃၅ နှစ်အရွယ်ရှိ ဦးသိန်းထွန်း တို့ ဖြစ်ကြသည်။ သတ်ဖြတ်ခံရသူ နှစ်ဦး ၏ ရုပ်အလောင်းကို ကျေးရွာ၏ အရှေ့မြောက်ဖက်ရှိ ၇ မိုင်ခန့်ကွာဝေးသည့် တောင်တန်းပေါ်တွင် အလောင်းများအား မြုပ်နှံ ထားသည်ကို ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်း က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။ “ပျောက်နေတဲ့ ရွာသား နှစ်ဦးကို အလောင်းတွေပဲ ပြန်တွေ့တော့တယ်။ ဒီနေ့ နေလည် ၁ နာရီကျော်လောက်မှာ ပြန်တွေ့တာပါ။ သတ်ဖြတ်ပြီးတော့ မြုပ်နှံထားတာပါ။ သူတို့ နှစ်ဦးရဲ့ ခန္ဓာကိုယ်တွေကို ပိုင်းဖြတ်ပြီးတော့ မြေမြုတ်ထားတာဖြစ်တယ်။ သတ်ဖြတ်ထားတဲ့ နေရာကတော့ ရွာရဲ့ အရှေမြောက်ဖက် ၇ မိုင်လောက်ကွာဝေးတဲ့ တောင်တန်းအထက်မှာ မြုပ်နှံထား တယ်”ဟု ပြောသည်။
ပျောက်ဆုံးနေသူနှစ်ဦးကို ကျေးရွာသားများက ရွာ၏ အရှေမြောက်ဖက် ၇ မိုင်လောက်ကွာဝေးသည့် တောင်တန်း များတွင် ရှာဖွေရာတွင် စခန်းချနေထိုင်သည့်နေရာများ ၅ နေရာလောက်တွေ့ရှိခဲ့ပြီး လူနေထိုင်သည့် အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရှိခဲ့ကြောင်း ကျေးရွာသားများ ဆိုသည်။ “ကျွန်တော်တို့ကတော့ ARSA က သတ်တာလို့တော့ ယူဆတယ်။ ကျွန်တော်တို့ ရှာဖွေကြစဉ့်မှာ စခန်းချနေခဲ့ကြတဲ့ နေရာတွေ ၅ ခုလောက်ထိ တွေခဲ့ရတယ်”ရှာဖွေခဲ့သည့် ကျေးရွာသားတစ်ဦးကဆိုသည်။ မောင်တောမြို့နယ် မြောက်ပိုင်ရှိနေထိုင်သူများ အများအပြားသည် တောင်ယာများကို မှိခိုအားထားပြီး စားသောက်နေရ၍ ယင်းကဲ့သို့ သတ်ဖြတ်ခံရမှုကြောင့် ဒေသခံများမှာ အထိတ်တလန့် ဖြစ်နေကြောင်း ကျေးရွာ လူကြီးတစ်ဦးက ပြောသည်။ ပြီးခဲ့ သည့် ဇွန်လကလည်း မောင်တောမြို့နယ်မှာ ကျောင်းအုပ်ဆရာကြီး တစ်ဦးနှင့် ဆရာမ တစ်ဦးကို အမည်မသိလက်နက်ကိုင် တစ်ဖွဲ့က ပြန်ပေးဆွဲခဲ့ပြီး ငွေကြေးအမြောက်အများနှင့် ပညာရေးဝန်ထမ်း နှစ်ဦးကို ရွေးယူခဲ့ကြရသည်။ https://www.faceb ook.com/westernnewsagency/photos/pcb.675124664294041/675124594294048/
၄။ ဟိုပုံးမြို့နယ်တွင် ၆ ဘီးကားနှင့်သယ်ဆောင်လာသည့် လက်နက်များဖမ်းဆီးရမိကြောင်း စစ်ကောင်စီထုတ်ပြန်
December 19, 2022
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု အနီးတွင် ၆ ဘီးကားနှင့်သယ်ဆောင်လာသည့် လက်နက်များကို ဒီဇင်ဘာ ၁၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ပင်လုံမြို့၊ ဆနင်းကျေးရွာ ဘက်မှ ရပ်ဆောက်မြို့နယ် ပင်ဖြစ်ကျေးရွာသို့ မောင်းနှင်လာသည့် ဒိုင်နာ(အပြာ)ရောင် ၆ ဘီးကားကို စစ်ဆေးရာ PDF တပ်ဖွဲ့ များသယ်ဆောင်လာသည့် Type-81 အမျိုးအစား ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနှင့် အခြားဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရ မိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ “PDF တွေအဲ လောက်လက်နက်တွေ ဝယ်နိုင်မလား စဉ်းစားစရာပဲ ပြီးတော့ ကားပေါ်ကလူက ထွက်ပြေးသွားတယ်တဲ့ ခြေထောက်မှာလေယာဉ်ပျံလိုစက်ပါရင်တော့မပြောတတ်ဘူး လိုက်မမီဘူးဆိုတော့ လေ စိတ်ဓာတ်စစ်ဆင်ရေးလည်း ဖြစ်နိုင်တာပေါ့ ပြီးမှအပြစ်မဲ့ပြည်သူတွေကို ထွက်ပြေးသွားတဲ့သူဆိုပြီး ဖမ်းပြတာတွေ လုပ်မှာ ပဲစိုးရိမ်ရတယ်”ဟု ပြည်သူတစ်ဦးက ပြောသည်။ ကားကိုစစ်ဆေးရန် ရပ်တန့်ခြင်းမရှိသည့်အတွက် လှုံခြုံရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာမှ ရပ်တန့်ခဲ့ပြီး လိုက်ပါသူများကထွက်ပြေးသွားခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။ သိမ်းဆည်းရ မိသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွင် ဆိုထားသည်။ https://www.facebook.com/KhamSarNgor/photos/pcb.2227530950750148/2227530780750165/
၅။ ပလက်ဝတွင် စစ်ကောင်စီက ရေကြောင်းလမ်းဖွင့် ပေးထားသော်လည်း အကန့်အသတ်ဖြင့်သာ ရိက္ခာသယ်ယူခွင့်ပြု
December 19, 2022
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ ပလက်ဝ -ကျောက်တော် ရေလမ်းကြောင်း တစ်ခုကို စစ်ကောင်စီက ဖွင့်ပေးခဲ့သော်လည်း ရိက္ခာသယ်ယူခွင့်ကိုမူ အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးထား ကြောင်း သိရ သည်။ စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်များ တကျော့ပြန် တိုက်ပွဲဖြစ်ပွား ခဲ့သည့် ဇူလိုင်လမှ စတင် ကာ ရခိုင်နှင့်ချင်းပြည်နယ်မှ ပလက်ဝမြို့ရှိ ကုန်လမ်း၊ ရေလမ်းကြောင်းများကို ပိတ်ထားခဲ့ ခြင်းဖြစ်သည်။ “အခု ရေလမ်းတစ်ခုကို ဖွင့်ပေးထားပါတယ်။ ဒါပေမယ့် ဆန်၊ ဆီးဆားတွေကို အကန့်အသတ်နဲ့သာ သယ်ခွင့်ရပါတယ်။ စစ်ဆေးတာတွေလည်း ရှိပါ တယ်။ ဆန်တွေကိုတော့ ၁၀ အိတ်၊ အိတ်၂၀ အထိ သယ်ခွင့်မပေးဘူး။ လူတစ်ယောက် တစ်အိတ်ဆို တစ်အိတ်ပဲသယ်ခွင့် ပေး ထားတယ်”ဟု ပလက်ဝ ဒေသခံ ဦးမင်းမင်းက ပြောသည်။ “ကုန်းလမ်းကို ဖွင့်ပေးရင် ပိုကောင်းပါတယ်။ ကျွန်တော်တို့ အတွက် က ကားလမ်းကို ဖွင့်ပေးရင် စားနပ်ရိက္ခာတွေ သယ်ယူတာ ပိုလွယ်တယ်။ မြန်လည်းမြန်တယ်လေ။ ကားလမ်းနဲ့ ၁ နာရီ လောက်ပဲ သွားရတယ်။ အခုက ရေကြောင်း နဲ့ဆိုတော့ ကြာတယ်။ ကျောက်တော်နဲ့ ပလက်ဝကို ၈ နာရီ လောက်သွားရတယ်။ စစ်တွေကို သွားရင် ညအိပ်ရတယ်။ စရိတ်စက ပိုများတယ်။ အကုန်အကျများတာပေါ့” ဟု ဦးမင်းမင်းက ထပ်မံ ပြောကြားသည်။
လက်ရှိတွင် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ဖွင့်ပေးထားသည့်အတွက် ကုန်ဈေးနူန်းများ အနည်းငယ် ကျဆင်းသွားသော်လည်း ရိက္ခာသယ်ယူခွင့်ကို အနည်းငယ်သာ ခွင့်ပြုထားသည့်အတွက် အခက်အခဲရှိကြောင်း ပလက်ဝဒေသခံ များထံက သိရသည်။ “လမ်းပန်းဆက်သွယ်ရေးက တစ်လမ်းဖွင့်ပေးထားတယ်ပေါ့။ မြို့ထဲမှာကတော့ အကျပ် အတည်းက နည်းသွားတယ်။ သင်္ဘောတက်ခွင့်ရတာကြောင့် ကုန်ဈေးနူန်းကတော့ နည်းနည်း ကျသွားတယ်။ အရင်က ဆန်တစ်အိတ်ကို တစ်သိန်းကနေ အခု ခုနှစ်သောင်းဖြစ်သွားပါတယ်။ ဒါပေမဲ့လူတစ်ဦးကို ဆန်တွေအများ အပြား သယ်ခွင့်မရှိဘူး၊ ဆီတွေအများ ကြီး မသယ်ရတာတွေလည်းရှိနေတယ်။ ကျွန်မတို့က အစစ်အဆေး တွေကြားက သွားလာရတော့ များများစားစား ဝယ်ထားချင် တယ်။ ဒါပေမဲ့ ယူခွင့်မရဘူး” ဟု ပလက်ဝဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်ရှိ ကုန်လမ်း၊ ရေလမ်းအများအပြားကို ပိတ်ပင်ထားပြီး ရိက္ခာသယ်ယူခွင့်၊ ဆေးဝါးသယ်ယူခွင့်များကိုလည်း ကန့်သတ်ထား ဆဲဖြစ် သည်။ စစ်ကောင်စီတပ်သည် လက်ရှိတွင် အချို့လမ်းများအား ပြန်လည် ဖွင့်ပေးထားသော်လည်း စစ်ဆေးမူများကိုမူ တင်းကျပ် စွာ လုပ်ဆောင်လျက်ရှိသည်။ https://www.facebook.com/MizzimaDaily/photos/a.802268133141427/6230386343662
၆။ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ သတင်း အမှားသာ ဖြစ်
December 18, 2022
ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီ ဝါဒဖြန့် မီဒီယာကတစ်ခု ဖြစ်သော MRTV က ရှမ်းပြည်နယ်၊ တအောင်းဒေသ နမ့်ဆန်မြို့နယ် တိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း TNLA က ထုတ်ပြန် သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ MRTV တွင် သတင်းထုတ်ပြန်သကဲ့သို့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်နက်များသော်လည်းကောင်း၊ NUG –PDF ၏ လက်နက် ပစ္စည်းများ သိမ်းဆည်းခံရ ခြင်းမရှိ၊ ဆုံးရှုံးပျက်စီးခြင်းမရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဦးတည် တိုက်ခိုက်ခြင်း မဟုတ်ဘဲ ပလောင်ဒေသမှ တဆင့် လက်နက်၊ ခဲယမ်း နှင့်ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာ သော စစ်ကိုင်းတိုင်း အတွင်းက PDF များသည် နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာ တဝိုက် သို့ ရောက်ရှိနေသည်ဟု သတင်းကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒီဇင်ဘာလ ၇ ရက် နေ့တွင် တအောင်းတပ်မတော် TNLA ၏ တပ်စခန်းများသို့ ဝင်ရောက်လာသဖြင့် တိုက်ပွဲများဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ပွဲ ၇ရက်အတွင်း MI 17 ၊ MI 35 ရဟတ်ယာဉ်ဖြင့် ၂၈ ကြိမ်၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်ဖြင့် ၃၂ ကြိမ်၊ မန်တုံမြို့မှ ၁၂၀ မမ လက်နက်ကြီး ပစ်ကူ ၉ ကြိမ်၊ နမ့်ဆန်မြို့မှ ၁၂၀ မမ လက်နက်ကြီး ပစ်ကူ ၂၉ ကြိမ် တိုက်ခိုက် ခဲ့ကြောင်းဆိုသည်။ ထိုသို့ လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကုန်းသာ၊ ဟူးမန်း၊ မန်လုံး ကျေးရွာများမှ နေအိမ်အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လုပ်ငန်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ကုန်းသာရွာသား ၂ ဦးသေဆုံးခဲ့ကာ အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း၊ TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အများအပြား သေဆုံးခဲ့သည့်အပြင် အသက်ရှင်ဖမ်းဆီးထားသူများ ရှိကြောင်း၊ ငါးကြင်းမီး စက်သေနတ် ၁ လက်၊ စက်သေနတ်ကြီး ၁ လက်၊ စက်သေနတ်သေး ၁ လက်၊ ဘက်ခေါက် ၂ လက်၊ ၂၂ လက် ထောက် တွဲ ၁ လက်၊ PRG 72 ၁ လက်၊ ဗုံးသီး ၁၉ လုံး၊ M9 ဗုံးသီး ၉ လုံး၊ မိုင်းများ၊ ကျည် ၁၂၀၀ ကျော်၊ ဆက်သွယ်ရေးစက် ၁ လုံး ၊ ဖုန်း ၂ လုံးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။ https://www.facebook.com/westernnew sagency/photos/pcb.674374061035768/674373711035803/
၇။စစ်ကောင်စီ လက်နက်ကြီးကြောင့် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန်
December 19, 2022
ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် (၉၀) ကျော်အရွယ် အဘိုးတစ်ဦး လက်နက်ကြီး ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကော့နွဲကျေးရွာအနီး ကျောက်စရစ်ကုန်းနေရာတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ၏ လက်နက် ကြီး ပစ်ခတ်မှုကြောင့် အသက်(၉)နှစ်အရွယ် ကလေးငယ်နှင့် အသက် (၉၈)နှစ်အရွယ် အဘိုးတို့ မြေးအဖိုး နှစ်ဦးကို ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ယခုလိုပြောသည်။ ၎င်းက “မင်းအောင်လှိုင်တပ်ဖွဲ့တွေ ပြည်သူအတွက် ကြည့်မှာ မဟုတ်ဘူး။ သူတို့လုပ်ချင်တာ၊ ပစ်ချင်တာ ဘယ်သူ ထိထိဂရုစိုက်ဘူး။ အခုလည်း အမြဲပစ်နေလို့အဖေနဲ့ မြေး ထိသွား တယ်။ အဖေက အခု ၉၀ ကျော် ပြီး ဒီလိုဖြစ်တာ တော်တော်စိတ်မကောင်းဖြစ်တယ်။ အခုရွာမှာကျန်တဲ့ လူတွေအနည်းငယ်က လည်း အိမ်အောက် ဗုံးခိုကျင်းမှာပဲ နေရတယ်”ဟု ပြောသည်။
အဆိုပါ လက်နက်ကြီးထိမှန်မှုကြောင့် အဘိုးဖြစ်သူမှ လက်ဝဲဖက် ရင်ဘတ်ထိမှန်ခဲ့သလို မြေးဖြစ်သူ မှာ လည်း ညာဖက် မျက်နှာလက်နက်ကြီးစ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ မြေးအဖိုးနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားရပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးသူက ပြောသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုအခြေအနေနှင်ပတ်သက်၍ ကော့ကရိတ်မြို့ခံတစ်ဦး ကလည်း “စစ်ကောင်စီတွေက လက်နက်ကြီးအမြဲတမ်း ပစ်နေ တယ်။ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ကော့ကရိတ် ကနေကော့နွဲဘက်တက်သွားတယ်။ နောက်တော့ လက်နက်ကြီး သံကော၊ လက်နက်ငယ်သံကောအများ ကြီးကြား ရတယ်။ စစ်ကောင်စီဘက်က အထိခိုက်များ မယ် ထင်တယ်။ စစ်ကားနှစ်စီး တက်သွားတယ်။ အလောင်းတွေ သွားယူတာဖြစ်မယ်”ဟု ပြောသည်။ https://kicnews.org/2022/12/%e1%80%85%e1%80%85%e1 %80%ba%e1%80%80%e1%80%b1%e1%80%ac%e1
၈။ ကျောက်တော်မြို့က ဆန်စက်ပိုင်ရှင် ၁ ဦးကို စစ်ကောင်စီက ပုန်ကန်မှုဖြင့် ထပ်တိုးတရားစွဲ
December 20, 2022
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကာဒီ (ခ) သဇင်ကျေးရွာက ဆန်စက်ပိုင်ရှင်တဦးကို စစ်ကောင်စီက ကြီးလေးတဲ့ ပုဒ်မတခုဖြစ်တဲ့ စစ်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ-၁၃၁ နဲ့ ထပ်တိုးတရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အခုထပ်တိုးတရားစွဲခံလိုက်ရသူမှာ ကာဒီကျေးရွာက ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း (၄၃ နှစ်) ဖြစ်ပြီး သူ့ကို ကျောက်တော် မြို့နယ် ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှူးက အောက်တိုဘာ ၂ ရက်က ဆွေးနွေးစရာရှိတယ်ဆိုကာ ခေါ်ပြီး သူနဲ့အတူ အဖော်လိုက်ပါသွားတဲ့ အပေါက်ဝကျေးရွာသား ဦးမောင်ချေ (၃၅ နှစ်) ကိုပါ ဖမ်းဆီးလိုက်တာပါ။ သူတို့နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တလကျော်ကြာ စစ်ကြောရေးမှာ စစ်ဆေးခံခဲ့ရပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်နွှယ် တယ်လို့ စွပ်စွဲပြီး စစ်တွေမြို့နယ် တရားရုံးမှာ ဒီဇင်ဘာ ၆ ရက်က မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆို ခဲ့ပါတယ်။ ဦးလှမောင်သန်းနဲ့ ဦးမောင်ချေတို့ကို ဒီဇင်ဘာ ၁၉ ရက်က စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဦးလှသန်းမောင် ကို မတရားအသင်းဆက်သွယ်မှုအပြင် ရာဇသတ်ကြီးပုဒ်မ-၁၃၁ နဲ့ပါ ထပ်မံတရားစွဲဆိုထားတယ်လို့ ဇနီးဖြစ်သူ ဒေါ်လှယဥ်ဆန်း က ပြောပါတယ်။
“သူတို့နှစ်ယောက်ကို မနေ့က စစ်တွေမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၇(၁) အတွက် ရုံးထုတ် စစ်ဆေးခဲ့ကြတယ်။ အဲဒီမှာ ကျမယောက်ျားကို ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ စစ်တပ်က ထပ်မံတရားစွဲထားတယ်လို့ တရားသူကြီးက ပြောတယ်။ ကျမလည်း ဥပဒေအကြောင်းတွေ နားမလည်တော့ အဲဒီပုဒ်မအကြောင်းကို ရဲတွေကိုမေးကြည့်တော့ ရဲတွေက ပြစ်မှုကြီးတယ်လို့တော့ ပြော ကြတယ်။ ကျမယောက်ျားက စစ်ကြောရေးမှာညှဉ်းပန်းနှိက်စက်ခံ ခဲ့ရတဲ့ဒဏ်ရာ တွေလည်း နောက်ကျောတွေခါးတွေနဲ့ ဦးခေါင်း တွေမှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရထားတယ်လို့ ပြောတယ်။ ကျမတို့ကတော့ ဆေးရုံတက်ပြီးတော့ ဆေးကုသခွင့်တွေ ပေးစေချင်တယ်။ အခုတော့ အပြင်က ဆေးတွေဝယ်ပြီး ပေးနေရတယ်” လို့ ပြောပါတယ်။ ဦးလှမောင်သန်းနဲ့ ဦးမောင်ချေ တို့ နှစ်ဦးကို အောက်တိုဘာ ၂ ရက်မှာ ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်အထိ တလကျော်ကြာ စစ်ကြောရေးမှာ စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်မှာ စစ်တွေမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ “အခုတရားစွဲထားတဲ့ ရာဇသတ်ကြီးပုဒ်မ-၁၃၁ ဆိုတာက စစ်ပုန် ကန်မှုကို အားပေးကူညီခြင်း (သို့မဟုတ်) စစ်သားတာဝန်ဝတ္တရားမှ သွေဆောင်ရန် အားထုတ်ခြင်းဆိုပြီး ရေးထားတယ်။ ပြစ်မှု မြောက်တယ်ဆိုရင်တော့ ပြစ်ဒဏ်တွေကတော့ အနည်းဆုံး ၁၀ နှစ်ကနေ အများဆုံးနှစ် ၂၀ တသက်တကျွန်းအထိရှိ တယ်။” ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူမှုရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ ပြီး ၈၀ ကျော်သာ ပြန်လွှတ်ပေးသေးကာ ဖမ်းဆီးထားသူ ၁၀၀ ကျော်ကို ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုထားပါတယ်။ http://burm ese.dvb.no/archives/569757
၉။ မူဆယ်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ
December 20, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မင်္ဂလာမူဆယ်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်း သိရ သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းအချိန်တွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် သေဆုံးနေသော အသက် ၃၀ နှစ် အရွယ် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း မူဆယ်နှလုံးလှ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ “ အဲ့အမျိုးသားက အသက် ၃၀ နှစ်လောက်ရှိတယ်။ သူ့နေရပ်ကိုလည်း မသိရဘူး။ သူများက လာပစ်သွားတာတဲ့ ပုံစံမျိုးနဲ့ပေါ့ဗျာ။ ကျနော်တို့ကလည်း သေသေချာချာမသိရဘူး။ အလောင်းပေါ်မှာ ဒဏ်ရာ၊ ဒဏ်ချက်တွေ မရှိဘူး။ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ ပုံစံမျိုးတော့ပေါက်တယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။
ပိုင်ရှင်မဲ့ အလောင်းများသည် များသောအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲ သူများဖြစ်ပြီး အိမ်ခြေမဲ့ နေထိုင်ကြရာ အအေး ပတ်ခြင်း၊ အစာအာဟာရ ပြတ်ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါ ပိုင်ရှင်မဲ့ အလောင်းများဟာ တရုတ်နယ်စပ် ဒေသ မူဆယ်မြို့အပြင် ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာလည်း တွေ့နေတတ်သလို လောင်းကစားပေါများသည့် လားရှိုးမြို့ တွင်လည်း တွေ့ရတတ် ကြောင်း သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်း သျှမ်းသံတော်ဆင့် သတင်း မီဒီယာ မှ သီးခြားအတည်ပြုထားရာ မူဆယ်မြို့ နှင့် လားရှိုးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အိမ်ခြေမဲ့နေထိုင်သူ လူဉီး ရေ ၄၀ ခန့်က သေဆုံးနေကြောင်း လူမှုကူညီရေးထံများမှ သိရသည်။ https://burmese.shannews.org/archives/32119
၁၀။ ရေးမြို့ရှိ စစ်ကောင်စီတပ်ရင်း ၅၈၆ ပစ်ခတ်တိုက်ခိုက်ခံရ
December 20, 2022
မွန်ပြည်နယ်၊ ရေးမြို့၊ အာရှလမ်းမကြီးဘေးမှာရှိတဲ့ တပ်ရင်း ၅၈၆ ထဲက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ နေ့လယ် ၁၁ နာရီကျော်လောက်က RPG နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ “ဒီနေ့ မနက် ၁၁ နာရီ ၄၉ မိနစ်လောက်မှာ ရေးမြို့ထဲက ၅၈၆ တပ်ရင်းထဲကို ကျနော် RPG နဲ့ ဝင်ထုတယ်။ ပြီးတော့ လက်နက် ငယ်တွေနဲ့ နည်းနည်းပါးပါး မွှေ့ယမ်းပစ်ခတ်တယ်။ သူတို့ စစ်ဆင်ရေးဘန်ကာတွေကို ကျနော်တို့ အရင်ထုချေတာပေါ့။” အဆိုပါ တိုက်ခိုက်မှုမှာ ရေးဘီလူးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိကြောင်းနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတာတွေ ရှိတယ်လို့ လည်း ဆိုပါတယ်။ “အခုပစ်ခတ်တာကြောင့် စစ်ကောင်စီက လေးဦးကျတယ်၊ ဒဏ်ရာရတာတွေလည်း ရှိတယ်။ ကျနော်တို့ တပ် ဖွဲ့ဝင်တွေကတော့ ပြောက်ကျားစနစ်နဲ့ အလျင်အမြန် တိုက်ခိုက်နိုင်ခဲ့တာကြောင့် အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”
မွန်ပြည်နယ်၊ ရေးမြို့အတွင်းမှာ စစ်ရေးအခြေအနေတွေ ခပ်စိပ်စိပ် မြှင့်တင်လာဖို့ရှိပြီး လက်ရှိမှာ တိုက်ပွဲတွေအတွက် လက်နက်ကြီးတွေလည်း ပိုင်ဆိုင်ထားတာကြောင့် မြို့ခံတွေအနေနဲ့ အားမငယ်ဖို့နဲ့ ရေးမြို့ကို ပြန်လည်ထိန်းနိုင်အောင် ကြိုးစား သွားမှာ ဖြစ်တယ်လို့လည်း ရေးဘီလူးခေါင်းဆောင်က ပြည်သူတွေကို အသိပေး ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က လည်း ရေးဘီလူးအဖွဲ့က ရေးမြို့အခြေစိုက် အမတ ၃၁၆ လိုင်းခန်းကို ၄၀ မမနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်ခဲ့ပါတယ်။ http://burmese.dvb.no/archives/569733
၁၁။ ခေါင်လန်ဖူးဒေသတွင် ဆေးဝါးပစ္စည်းများ လိုအပ်နေပြီး ဖျားနာသူများကို ထမ်းစင်ဖြင့်သယ်ယူကာ ညအိပ်ခရီးဖြင့် သွားရောက်ကုသနေရ
December 19, 2022
ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်က ကျေးရွာတွေဘက်မှာ ဆေးဝါးပစ္စည်း လိုအပ်မှုတွေ ရှိနေပြီး ကုသရေးအပိုင်းမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။ ခေါင်လန်ဖူးမြို့နဲ့ အလှမ်းဝေးပြီး အသွားအလာခက်ခဲတဲ့ ကျေးရွာတွေမှာ ဖျားနာတဲ့လူနာတွေကို ထမ်းစင်အသုံးပြုပြီးတော့ ခေါင်လန်ဖူးမြို့ပြည်သူ့ဆေးရုံထိ ည အိပ်ခရီးနဲ့ သွားရောက်ကုသကြရတယ်လို့ အဲဒီဒေသဘက် သွားရောက်ခဲ့တဲ့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။ “ ဆေးဝါး ကတော့ အဓိကသူတို့လိုအပ်ချက်ပဲ။ သူတို့က လူနာတစ်ယောက် ဖျားပြီဆိုလို့ရှိရင် ကားတွေမရှိတဲ့အခါကျတော့ ထမ်းစင်နဲ့ ဝါးလုံးထိုးပြီးမှ ခေါင်လန်ဖူးကို သုံးရက်လေးရက် ညအိပ်ပြီးတော့ ခေါင်လန်ဖူးဆေးရုံကိုသွားတယ်။ ခေါင်လန်ဖူး ဆေးရုံမှာ အဆင်မပြေလို့ရှိရင် ပူတာအိုကိုသွားကြတာ။” လို့ဆိုပါတယ်။ သက်ကြီးပိုင်းနဲ့ ကလေးတွေအတွက် ဆေးဝါးတွေ လိုအပ်နေတဲ့ အပြင် ဆောင်းတွင်းဝတ် အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာလကတည်းက တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ပင်ထားတဲ့အပြင် ဆေးရောင်းတဲ့သူလည်းမရှိတာကြောင့် ဆေး တစ်လုံးဝယ်နိုင်ဖို့ခက်ခဲတဲ့ ဒေသဖြစ်တယ်လို့ နယ်လှည့်ဆေးဝါးကုသရေးတွေ လုပ်ဆောင်နေတဲ့ ပန်းဥယျာဉ်လူငယ် လူမှုကူညီ ရေးအသင်း တာဝန်ခံကလည်း ပြောပါတယ်။ “ ပူတာအိုထက် သုံးဆလောက် ပိုခက်ခဲတယ်။ တရုတ် နယ်စပ်ဘက်က ဂိတ်တွေ အကုန်ပိတ်ထားတဲ့အခါကျတော့ ဒီဖက်က ပူတာအိုဘက်က အတက်မရှိရင်တော့မရှိဘူး။ ဆေးတစ်လုံးဝယ်ရဖို့ ပိုက်ဆံရှိ ရင်တောင် မှ ဆေးဝယ်လို့မရဘူး။ဆေးရောင်းတဲ့သူတွေမရှိဘူး။” လို့ အထက်ပါ တာဝန်ခံက ဒေသအခက်အခဲကို ရှင်းပြပါတယ်။ ဒါ့အပြင် အဲဒီဒေသဘက်က ပြည်သူတွေဟာ နယ်စပ်ဂိတ်တွေ ပိတ်လိုက်တဲ့နောက်ပိုင်း စားနပ်ရိက္ခာအတွက် ခက်ခဲကြမ်းတမ်း တဲ့ တောင်ပေါ်လမ်းခရီးကို ခြေကျင်နဲ့ဖြတ်ကျော်ပြီး ဆန်နဲ့ စားနပ်ရိက္ခာတွေကို သွားရောက်ထမ်းယူနေကြရတာလည်း ဖြစ်ပါတယ်။ https://www.facebook.com/myitkyinanewsjournal.mm/photos/a.185799768452952/179910655628/
၁၂။ မိုင်းမတော်တဆဖြစ်လို့ သရက်ချောင်း PDF တပ်ဖွဲ့ဝင်တဦးကျဆုံး
December 19, 2022
တနင်္သါရီတိုင်း၊ သရက်ချောင်းမြို့နယ် အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(TYC-PDF) တပ်ဖွဲ့ဝင် (၁၉) နှစ်အရွယ် ရဲဘော် ဖြူလေး (ခ) လိပ်စွန်ဟာ ဒီဇင်ဘာ (၁၅) ရက်က မိုင်းဆင်နေချိန်မှာ မတော်တ ဆပေါက်ကွဲမှုဖြစ်ပြီး ကျဆုံး သွားတယ်လို့ အဲ့ဒီအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ “အော်ပရေးရှင်းလုပ်နေတုန်း မတော်တဆ ဖြစ်ပြီး ကျဆုံးတာပါ၊ သူ့မိဘတွေ ကိုရော အကြောင်းကြားပြီး ဆယ့်ခြောက်ရက်နေ့မှာ ရဲဘော်အနေနဲ့ စျာပနအခမ်းအနား လုပ်ပြီး သဂြိုလ်ခဲ့တယ်” လို့ သူကပြော ပါတယ်။ မိုင်းမတော်တဆဖြစ်တဲ့ နေရာအနီးအနားမှာ တခြားတပ်ဖွဲ့ဝင် တွေလည်းရှိနေပြီး သူတဦးတည်းပဲထိခိုက်ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို မိုင်းမတော်တဆမှု ဖြစ်ပွားရတာဟာ ပစ္စည်းလက်နက်ပြည့်စုံမှု မရှိတဲ့အတွက် အသက်ကိုရင်းရသလို ဖြစ်နေ တယ်လို့ TYC- PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ” လက်လုပ်ဆိုတော့ safe မဖြစ်ဘူး၊ အော်ရယ်ဂျင်နယ် တွေကိုလည်း ကျွန်တော်တို့ မတိုးနိုင်ဘူး” လို့ သူကဆိုပါတယ်။ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်ဟာ သင်တန်းဆင်းမိုင်းကျွမ်းကျင်သူတဦးဖြစ်ပြီး အန္ဒရာယ်များတဲ့ လက် လုပ်ပစ္စည်းကြောင့်သာ ကျဆုံးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ အသုံးပြုဖို့အတွက် လက်လုပ်လက်နက်ထုတ်လုပ်ရင်း၊ စမ်းသပ်ပစ်ခတ်ရင်း ထိခိုက်ကျဆုံးသူနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေ လည်း အများအပြား ရှိနေပါတယ်။ https://deltanewsagency.com/26052/
၁၃။ အနွေးထည်နှင့် စောင်များ လိုအပ်နေသည့် ရခိုင်စစ်ဘေးရှောင် သောင်းချီ ရှိနေ
December 19, 2022
ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ယခုနှစ်ဆောင်းရာသီအတွင်း အနွေးထည်နှင့် စောင်များ လာရောက်လှူဒါန်းသူ မရှိ ၍ စစ်ဘေးရှောင်စခန်းတွင် အနွေးထည်နှင့် စောင်များ လိုအပ်နေသည့် စစ်ဘေးရှောင် အရေအတွက် သောင်းချီ ရှိနေကြောင်း သိရသည်။ ယခုနှစ်တွင် ဆောင်းရာသီဝင်စ၌ ပြီးခဲ့သည့် နှစ်များကထက် အချမ်းနည်းသော်လည်း ဒီဇင်ဘာလထဲတွင် အချမ်းပို လာပြီဖြစ်၍ စစ်ဘေးရှောင်စခန်း အနည်းဆုံး ၁၃ ခုလောက်က အနွေးထည်နှင့် စောင်များ လိုအပ်လာခြင်းဖြစ်သည်။ ယခုနှစ် ဆောင်းရာသီတွင် စခန်းတွင်းသို့ လာရောက်လှူဒါန်းသူ လုံးဝမရှိသည့်အတွက် စစ်ဘေးရှောင်များတွင် အနွေးထည်များနှင့် စောင်များ လိုအပ်နေသည်ဟု ကျောက်တော်မြို့နယ်က မြတ်မုနိ စစ်ဘေး ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးသန်းထွန်း ကပြော သည်။ “အရင်နှစ်တွေကလို အနွေးထည်တွေ စောင်တွေ လာရောက် လှူဒါန်းတဲ့သူမရှိဘူးဖြစ်နေပါတယ်။ ဒီလထဲ အရမ်းချမ်းလာ ပြီ ဆိုတော့ အနွေးထည်တွေလိုအပ်နေပါတယ်။ အရင်နှစ် တွေက ရိက္ခာတွေအပြင် အနွေးထည်တွေ လှူဒါန်းကြတယ်။ အခုတော့ လာလှူတဲ့ သူမရှိဘူးဖြစ်နေပါတယ်”ဆို ပြောသည်။
ရခိုင်က စစ်ဘေးရှောင်စခန်းများကို ယခင်ပုဂ္ဂလိက အလှူရှင်များက လာရောက်လှူဒါန်းမှုများ ရှိသော်လည်း တကျော့ ပြန်တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီက NGO၊ INGO အဖွဲ့အစည်းများကိုပင် ထောက်ပံ့မှုများ ခွင့်မပြုတော့သည့်၍ ပြင်ပအလှူရှင်များပါ ထောက်ပံ့မှုရပ်တန့်ခဲ့ရသည်။ စစ်ဘေးရှောင်စခန်းများမှ အသက်ကြီးပိုင်း များနှင့် ကလေးငယ်များအတွက် အနွေးထည်နှင့် စောင်များလိုအပ်နေကြောင်း ပုဏ္ဏားကျွန်းစက်မှုဇုန် စစ်ဘေးရှောင် စခန်းမှ စခန်းတာဝန်ခံကပြောသည်။ “အဓိက ကတော့ အသက်ကြီးပိုင်းတွေနဲ့ ကလေးတွေအတွက် အနွေးထည်နဲ့ စောင်တွေလုံလုံလောက်လောက် ရှိချင်ပါတယ်။ အရင်ကလို လာလှူတာလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သက်လတ်ပိုင်းတွေက အဆင်ပြေပေမဲ့ သက်ကြီးပိုင်းနဲ့ကလေးတွေက အဆင်မပြေ ကြပါဘူး”ဟုဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာ အတွင်းကတည်းက ရခိုင်က မြို့နယ် ၈ မြို့နယ်က စစ်ဘေးရှောင်စခန်းများနှင့် မွတ်ဆလင် IDP စခန်းများကို စစ်ကောင်စီက ရိက္ခာထောက်ပံ့ခွင့်များကို ကန့်သတ်ပိတ်ပင်ထားလိုက်ပြီး NGO,INGO အဖွဲ့ အစည်းများက ပြန်လည်ထောက်ပံ့ခွင့်ပေးပြုဖို့ စစ်ဘေးရှောင်များက လိုလားနေကြသည်။ စစ်ကောင်စီနှင့်AAတို့ နိုဝင်ဘာ ၂၆ ရက်နေ့ကတည်းက လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်ဖြင့်ယာယီအပစ်အခတ် ရပ်စဲထားခဲ့ပြီးနောက် တွင် UN OCHA က လည်း စစ်ဘေးရှောင်နှင့် IDP စခန်းများကို ပြန်လည်ထောက်ပံ့ခွင့် ရဖို့ မျော်လင့် နေကြောင်း ဒီဇင်ဘာလ ၈ရက်နေ့က ထုတ်ပြန်ခဲ့သည်။ https://www.facebook.com/westernnewsagency/photos/pcb.675020450971129/6750200476378
၁၄။ နမ့်ဆန်မြို့ စစ်ဘေးရှောင် ၇၀၀ နီးပါး နေရပ် မပြန်နိုင်သေး
December 19, 2022
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၇၀၀ နီးပါး နေရပ် မပြန်နိုင်သေး ကြောင်း သိရှိရသည်။ စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲငြိမ် သွားသော်လည်း တစ်ချို့က နေရပ်ပြန်သွားပြီး တစ်ချို့က နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင် ကူညီပေးသည့် အမျိုးသမီး တစ်ဦးက ပြောသည်။ “ တစ်ချို့တော့ ပြန်သွားကြပြီ။ တစ်ချို့ကတော့ ရှိနေသေးတယ်။ ၇၀၀ နီးပါးလောက်တော့ ရှိနေတယ်။ မပြန်သေးတဲ့ သူက အသက်ကြီးတဲ့သူနဲ့ ကလေးတွေ ဖြစ်တယ်။ တချို့အိမ်တွေ ပျက်စီးသွားတာရှိတယ်။ တချို့က ပြာကျသွား တာရှိတယ်လေ။ အဲ့ကြောင့် မပြန်နိုင်ကြသေးဘူး” ဟု စစ်ဘေးရှောင်ကို ကူညီပေးသည့် အမျိုးသမီးက ပြောသည်။ အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ် ၅၀ ခန့် ပျက်စီးဆုံးရှုံးသွားပြီး ၅ အိမ်ခန့်မှာ မီးရှို့ဖျက်စီးခံခဲ့ရပြီး ပြာကျသွား ကြောင်း သိရသည်။
ထိုသို့ စစ်ဘေးရှောင်များ လက်ရှိအချိန်တွင် နေရပ်သို့ ပြန်သွားပြီး နေအိမ်ပြန်တွေ့ပါက စိတ်ထိခိုက် ဒဏ်ရာရရှိ င် သောကြောင့် နေရပ်သို့ မပေးပြန်သေးကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး ထံမှ သိရသည်။ “လက်နက်ကြီး ကြောင့် နေအိမ် ၅၀ လောက် ပျက်စီးသွားတယ်။ သူတို့ မီးရှို့ဖျက်ဆီးပြီး ပြာကျသွားတာတော့ ၅ အိမ်လောက်ရှိမယ်ထင်တယ်။ သူတို့ အခုပြန်သွားပြီး နေအိမ်တွေကို ပြန်သွားတွေ့ရင် စိတ်ထိခိုက် ဒဏ်ရာရမှာလည်း စိုးရိမ်တယ်လေ” ဟု အထက်ပါ ကူညီပေးသူက ပြောသည်။ စစ်ကောင်စီ နှင့် TNLA တို့သည် ဒီဇင်ဘာ ၇ ရက်က စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် နောက်ပိုင်း တိုက်ပွဲငြိမ်ခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲကြောင့် ပြည်သူ ၁,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ ၃၀၀ ကျော်ခန့်က နေရပ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။ https://burmese.shannews.org/archives/32103
၁၅။ မြဝတီ−ကော့ကရိတ်အာရှလမ်း သင်္ဃန်းညီနောင်ဂိတ်တွင် ပိတ်ဆို့နေသည့်ကားများ ယနေ့အထိ ပိတ်မိနေဆဲ
December 20, 2022
ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးရှိ တောနော်ရေတံခွန်အနီးတွင် ဒီဇင်ဘာလ(၁၈)ရက် နေ့လည် (၁၁)နာရီအချိန်မှစ၍ တံတားအောက်ခြေတိုင်များ ပျက်စီးနေသောကြေင့် ကားများ ယနေ့အချိန်ထိ ပိတ်မိ နေဆဲဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကုန်ကားများ နှင့် ခရီးသည် တင်ကား များ အစီးရေ (၂၀၀)ကျော်ခန့် စတင်ပိတ်ဆို့နေပြီး ယနေ့နံနက်ပိုင်းတွင်လည်း တံတားကျိုး စစ်ဆေးရေး ဂိတ် မှစပြီး သင်္ဃန်းညီနောင်အဝင်ဂိတ်အထိ ကားများ အစီးရေ(၃၀၀)ခန့် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း ယာဉ်မောင်း တစ်ဦးက ယခုလိုပြောသည်။ “ဖားအံတက်လာတဲ့ကားတွေဆို တံတားကျိုးမှာပိတ်ထားတယ်။ မြဝတီဘက်ကဆင်းလာတဲ့ ကား တွေဆို သင်္ဃန်းညီနောင် မှာပိတ်ထားတယ်။ BGFရော စစ်တပ်ရောပိတ်ထားတာ။ တောနော်နားက ကျိုးသွားတဲ့ဟာက အသုံး ပြုလို့မရတော့ဘူး။ အရင်တစ်ခေါက်မိုင်းခွဲတာ ထိသွားတဲ့ တံတားပဲ။ တံတားအောက်ခြေတိုင်ကျိုးသွားတယ်။ တံတားခါးညွန့် သွားတာပေါ့။ ဒီနေ့လည်းပိတ်နေတာ ကော့ကရိတ်ဘက်ခြမ်းမှာဆိုရင် (၃၀၀) လောက်ပိတ် နေတယ်” ဟု ပြောသည်။
လက်ရှိအချိန်ထိ လမ်းကို ပိတ်ထားသောကြောင့် ယာဉ်များဆက်လက်ပိတ်ဆို့နေဆဲဖြစ်သလို နောက်ထပ် နှစ်ရက်အထိ လမ်းကို ပိတ်ထားမည်ဟု သတင်းများထွက်ပေါ်နေကြောင်းလည်းယာဉ်မောင်းများကဆိုသည်။ အလားတူ ယမန်နေ့က စစ်ကောင်စီတပ်များက ကော့ကရိတ်မြို့အနီးရှိ ကော့နွဲရွာနှင့် အနီးအနားကျေးရွာများအတွင်းသို့ လက်နက် ကြီးရမ်းသမ်း ပစ်ခတ်မှုများ တစ်နေကုန်နီးပါး ပစ်ခတ်လျက်ရှိနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ဘေး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသလို ကော့နွဲဒေသခံ မြေးအဖိုး နှစ်ဦးလည်း ထိခိုက်သွား ကြောင်း ဒေသခံ တစ်ဦးကပြောသည်။ ယမန်နေ့ ဒီဇင်ဘာလ(၁၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ သော ကြောင့် KNLA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေး တင်းမာမှု များရှိနေ ကြောင်း ဒေသခံသတင်း အရင်းအမြစ်များထံမှ သိရသည်။ https://kicnews.org/2022/12/%e1%80%99%e1%80%bc%e1%80%9d%e1%80%90 %e1%80%ae%e2%88%92%e1
၁၆။ တောင်ကြီး ၂၄ နာရီအတွင်း ဆိုင်ကယ် ၁၀ စီးကျော် ခိုးယူခံရ၊ သူခိုးကို ဖမ်းဆီးနိုင်ခြင်းမရှိ
December 20, 2022
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၂၄ နာရီ အတွင်း မြို့ခံဆိုင်ကယ် ၁၀ စီးကျော် ပျောက်ဆုံးနေပြီး သူခိုးကို သက်ဆိုင် ရာများမှ ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နှင့် ယနေ့ ၂၀ ရက်နေ့ မနက်ပိုင်းအထိ တွင် ဆိုင်ကယ် ၁၀ စီးကျော် ခိုးယူခံရပြီး ရဲစခန်းနှင့် သက်ဆိုင်ရာသို့ တိုင်တန်းမှု ပြုလုပ်သော်လည်း သူခိုးကို ဖမ်းဆီးနိုင်ခြင်း မရှိ ကြောင်း အသက် ၆၀ ဝန်းကျင် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ “ကျနော်တို့ ဘေးအိမ်က CZI ဆိုင်ကယ်လည်း သော့ခတ် ထားရက် နဲ့ ခေါင်းကို ရိုက်ချိုးပြီး ခိုးသွားတယ်၊ ဆိုင်ကယ်ပျောက်တာက နေ့စဥ်နေ့တိုင်း ရှိနေတယ်၊ တခြား ရပ်ကွက်ကလည်း ဆိုင်ကယ်ပျောက်တာကို တိုင်ကြတာ ဘယ်သူကမှ အရေးယူပေးတာ မရှိဘူး” ဟု တောင်ကြီးမြို့ခံ အသက် ၆၀ ဝန်းကျင် အမျိုးသား တစ်ဦးက ပြောသည်။ တောင်ကြီးမြို့ရှိ မင်္ဂလာဦးရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ မြို့မရပ်ကွက် နှင့် ပြည်တော်သာ ရပ်ကွက် တို့မှ ဆိုင်ကယ်များ သည် နေ့စဥ်နီးပါး ပျောက်နေကြောင်း ၎င်းက ဆက်ပြောသည်။
“သူခိုးတွေက လူတွေ အိပ်မောကျတဲ့အချိန် မနက် ၂ နာရီနဲ့ ၃ နာရီကြားမှာ လာခိုးတာ၊ ဆိုင်ကယ်အသစ်တွေ၊ ဈေးကြီး တဲ့ ဆိုင်ကယ်တွေကိုပဲ လာခိုးတာ။ ခြံတံခါးသော့တွေကို ချိုးဖျက်ပြီး ဝင်ခိုးသွားတာ”ဟု အထက်ပါ အမျိုးသား က ဆက်ပြော သည်။ ယင်းကဲ့သို့ ဆိုင်ကယ်သူခိုးများကို CCTV မှတ်တမ်းနှင့် တကွ ရဲစခန်းသို့ တိုင်ကြားမှု ပြုလုပ်သော်လည်း အရေးယူဆောင်ရွ က်ပေးခြင်းများ မရှိသည့်အတွက် ပြည်သူများက အားကိုးရာမဲ့နေကြောင်း ပြည်သူများ က ပြောဆိုညဉ်းတွားနေကြသည်။ တောင်ကြီးမြို့သည် အာဏာသိမ်း စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် စစ်တပ်များစွာနှင့် ပြည်နယ်ရဲရုံး၊ ခရိုင်ရဲရုံးတို့အပြင် အစိုးရရုံးနှင့် လုံခြုံရေးအင်အား တင်းကြပ်ထားသော်လည်း ခိုးဆိုးလုနှိုက်မှုများက တစ်နေ့တစ်ခြား များလာ ကြောင်း သိရသည်။ https://burmese.shannews.org/archives/32122
၁၇။ ရန်ကုန် – မော်လမြိုင် ညရထားပြေးဆွဲမှု ယာယီဖျက်သိမ်း
December 19, 2022
ရန်ကုန်မြို့ကနေ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ပြေးဆွဲနေတဲ့ ရန်ကုန် – မော်လမြိုင် လူစီး ညရထားပြေးဆွဲမှုကို လုံခြုံ ရေးအရ ယာယီဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားက ဒီဇင်ဘာလ ၁၈ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်ညက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာ ကြားမှာ ကုန်တင် ရထားတစ်စီး မိုင်းဆွဲခံခဲ့ရပြီး မီးရထားခရီးစဉ်တွေ ရပ်ဆိုင်းထားရာကနေ အခုလို ထုတ်ပြန်လာ တာပါ။ ကုန်ရထားမိုင်းဆွဲခံရတဲ့ ဖြစ်စဉ်မှာ ရထားတွဲတချို့ တိမ်းမှောက်ခဲ့ရပြီး လမ်းပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျက်စီးသွားတဲ့ မီးရထား လမ်းပိုင်းကို ပြင်ဆင်နေတယ်လို့ မြန်မာ့မီးရထားက ဒီဇင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာမရှိတဲ့အတွက် ညရထားပြေးဆွဲမှုကို ဖျက်သိမ်းရ တာလို့ မြန်မာ့မီးရထားက ဆိုပါတယ်။ နေ့ရထားတွေကိုတော့ အစုန်၊ အဆန် ပြေးဆွဲပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ညရထားပြေးဆွဲမှု မဖျက်သိမ်းခင် ရန်ကုန်-မော်လမြိုင် ရထားလမ်းမှာ အစုန်၊ အဆန်ရထား နှစ်စင်းနဲ့ အမြန်ရထား နှစ်စင်း ပြေးဆွဲခဲ့တာပါ။ https://www.facebook.c om/rfaburmese/photos/a.10150522560153128/10162309753833128/
၁၈။ ဖားကန့်မြို့တွင်းက ရွှေဆိုင်တစ်ခုဓားပြတိုက်ခံရ
December 20, 2022
ဖားကန့်မြို့တွင်းရှိ စင်ကြယ်ရွှေဆိုင် တစ်ဆိုင် ယနေ့ နံနက်ပိုင်းတွင် ဓားပြတိုက်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ငှက်ပျောတောရပ်ကွက်ရှိ စင်ကြယ်ရွှေဆိုင်ကို ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် အမည်မသိ လူတစ်စုမှ သေနတ် ကိုင်ဆောင်က ဓားပြဝင်တိုက်သွားကြောင်း ဖားကန့် မှ အမျိုးသားတစ်ဦးက ပြောသည်။ “ဓားပြတိုက်ခံရတာဟုတ်တယ် ရွှေတွေ ဘယ် လောက်ပါသွားလဲဆိုတာတော့အတိအကျမသိရသေးဘူး။ သေနတ်ပြပြီးလုပ်တာ သေနတ်ဆိုတာ အခုကတော်လှန်ရေး ကာ လလည်းဖြစ်တော့ တချို့ကအခွင့်ကောင်းယူပြီး အတုနဲ့လည်းလုပ်ရင်လုပ်မှာပဲ။ ပြည်သူတွေကတော့ကြောက်နေရတာ”ဟု ပြောာဆိုသည်။ ဓါးပြတိုက်ခံရသည့် အဆိုပါရွှေဆိုင်အား စစ်ကောင်စီတပ်မှ လာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် လက်ရှိ တွင် ဆိုင်ပိတ်ထားကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့အပြင် ဓါးမြလာတိုက်သည့်အချိန်တွင် ဖားကန့်မြို့တွင် မီးပျက်နေတာကြောင့် CCTV မှတ်တမ်းလည်း ရိုက်ယူနိုင် ခြင်း မရှိကြောင်း သိရသည်။ ဖားကန့်မြို့နယ်တွင် ယခုနောက်ပိုင်း ရွှေဆိုင်၊ ဖုန်းဆိုင်များဓားပြ တိုက်ခိုက်ခံမှုမကြာခဏ ဖြစ်ပွားလျက် ရှိပြီး လွန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ည၄ နာရီအချိန်တွင် လုံးခင်းကျေးရွာရှိ ဝေဖြိုးအောင် ရွှေဆိုင်ဓားပြတိုက်ခံရမှု၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် လုံးခင်းရှိ JM ဖုန်းဆိုင်သေနတ်ထောက် ဓားပြတိုက်ခံရမှုတို့ ဖြစ်ပွားခဲ့သည့်အပြင် အခြားဖြစ်စဥ်များ လည်း အမြောက်အများရှိခဲ့သည်။ https://burmese.kachinnews.com/2022/12/20/az1-94/
၁၉။ ဂန့်ဂေါတွင် ဆိုင်ကယ်ရပ်မပေးသဖြင့် ချင်းလူငယ် ၁ ဦးကို စစ်တပ်က ပစ်သတ်
December 18, 2022
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၌ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီးနင်းလာသည့် ချင်းလူငယ် ၁ ဦးကို ဆိုင်ကယ်မရပ်ပေးသဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဂန့်ဂေါမြို့၊ အမှတ် ၁ စစ်ဆေးရေးဂိတ်၌ ဆိုင်ကယ် စီးနင်းလာသော အသက် ၃၀ အရွယ်ခန့် ဆလိုင်းရွှေဘိလျန် ကို စစ်တပ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒေသခံ တဦးက “KPK ဆိုတဲ့ ဆီဆိုင်နားလေးမှာ ဆီထည့်သွားတဲ့ အချိန်၊ သူက ဂိတ်နား ကို ဖြတ်သွားတော့ သူက ချင်းအမျိုးသား ဖြစ်နေတာ့ ဗမာလို တားတာကို နားမလည်ဘဲ ဆိုင်ကယ် ဆက်စီးနင်းသွားတော့ ပစ်သတ်ခံရတာ” ဟု ဆိုသည်။
ဆလိုင်းရွှေဘိလျန် သည် ချင်းပြည်နယ်၊ မတူပီမြို့နယ် တိန်ဆီးရွာမှဖြစ်ပြီး ဂန့်ဂေါမြို့ပေါ်က အဒေါ်ဖြစ်သူဆီ အလည် လာစဉ် ယင်းကဲ့သို့ ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီကမူ စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ် ဆိုင်ကယ် ၁ စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင် ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ အထောက်အထားများ နှင့် တကွ PDF တယောက်ကို အသေဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မတူပီသို့ ပြန်လည် သယ်ဆောင်ခွင့် မပေးသဖြင့် ဂန့်ဂေါမြို့တွင်ပင် သဂြိုဟ်လိုက်ရကြောင်း၊ ဂန့်ဂေါမြို့ အဝင်အထွက်များတွင်လည်း စစ်ဆေးရေးဂိတ်များ ချထားပြီး စစ်ဆေးမှုများ တင်းကျပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။ https://www.facebook.com/theirrawaddyburmese/ph otos/a.142225162488311/6312052188838880/
၂၀။ အကြမ်းဖက် စစ်ကောင်စီ ကို ရှုတ်ချရန် အာဆီယံနှင့်အီးယူတို့ ပျက်ကွက်မှု NUG က ဝေဖန်ထောက်ပြ
December 19, 2022
ဥရောပသမဂ္ဂ(EU)-အာဆီယံ ထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် စစ်ကောင်စီကို ရှုတ်ချရန် ပျက်ကွက်ခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ဝေဖန်သည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့က အီးယူ-အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ နှင့်ပတ်သက်၍ အတည်ပြု ချမှတ်ခဲ့သော ပူးတွဲကြေညာချက်တွင် အမျိုး သား ညီညွတ်ရေးအစိုးရ NUG ကို မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စား လှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသည့်အပြင် တရားမဝင် အကြမ်းဖက် စစ်အာဏာရှင်များ၏ ကြမ်းကြုတ် ယုတ်မာရက်စက်မှုများကို ရှုတ်ချကြောင်း ဖော်ပြရန်လည်း ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ပူးတွဲကြေညာချက် တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် လိုအပ် လျက်ရှိသည့် လူသားချင်းစာနာမှု အကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာ ပေးအပ်နိုင်ရေးတို့အတွက် တောင်းဆို ထားကြောင်း တွေ့ရှိရကြောင်း၊ အီးယူနှင့် အာဆီယံခေါင်းဆောင်များအနေဖြင့် ယခုနှစ် ဇူလိုင်လ အတွင်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို အကြမ်းဖက်စစ်အုပ်စုက မတရား ကွပ်မျက်ခဲ့ခြင်းကို ရှုတ်ချခဲ့ပြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန် အား “သက်ဆိုင်သည့်အဖွဲ့အားလုံးနှင့် အပြည့်အဝထိတွေ့ဆက်ဆံ၍ ယုံကြည်မှု” တည်ဆောက်ရန် တောင်းဆိုခဲ့ပါသည်။ ယခုကဲ့သို့ တောင်းဆိုမှုများအားကြိုဆိုသော်လည်း ယင်းတောင်းဆိုမှုများသည် အသစ်အဆန်း မဟုတ်သကဲ့သို့ အရေး ပါသည့် အချက်အလက်များလည်း မပါဝင်ဘဲ ကျန်ရှိနေသည်ကို တွေ့မြင်ရ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များ အတွက် ကတိ ကဝတ်ပြုထား သည့် အီးယူ-အာဆီယံ ကတိကဝတ်ပြုမှု သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြုလက်ကိုင်ထား၍ အကြမ်းဖက်စစ်အုပ်စု၏ အတုအ ယောင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှုအားလုံးကို တားဆီးပိတ်ပင်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒအား လေးစားမှုကို ပြသရမည်ဖြစ်ကြောင်း၊ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထောက်ခံရ မည်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု ၏ ဥပဒေမဲ့ အရေးပေါ်အခြေအနေကြေညာခြင်းတို့အား ပယ်ချရမည်ဖြစ်ကြောင်း ပါရှိသည်။ လေယာဉ်ဆီ ရောင်းချနေသူများ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခြင်း အပါ အဝင် အကြမ်းဖက် အပြစ်မဲ့အရပ်သားများအပေါ် နောက်ထပ် ရက်စက် ကြမ်း ကြုတ် မှုများ ပြုလုပ် လာနိုင်မည့် စစ်အုပ်စု၏ လုပ်ဆောင် နိုင်စွမ်းအား ဖြိုဖျက် နိုင်ရန်အတွက် ထိရောက်သည့် ဆောင်ရွက်မှုကို တောင်းဆိုရမည် ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်အုပ်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံကွပ်မျက်ခြင်း မပြုနိုင် အောင် ပြင်းထန်သည့် ဖိအားများပေးရန် လိုအပ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေလျက်ရှိ သည့် အကြမ်းဖက် စစ်အုပ်စုကြောင့် ဖြစ်ပေါ်နေသော ဘက်ပေါင်းစုံ အကျပ်အတည်းများအား ကူညီဖြေရှင်းပေးရန် အီးယူနှင့် အာဆီယံတို့မှ ဆောင် ရွက် မည့် နှစ်ဆတိုး ကြိုးပမ်းအားထုတ်မှုများအား အမျိုးသားညီညွတ်ရေး အစိုး ရ အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ဆက်လက် ဖော်ပြထားသည်။ အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် အီးယူကဲ့သို့ သော ပြင်ပ မိတ်ဖက် များထံမှ ပံ့ပိုးကူညီမှုကို ထပ်လောင်းတောင်းဆိုသည့် အာဆီယံ၏ တောင်းဆို ချက်ကို အသိအမှတ်ပြုကြောင်း၊ အပြန်အလှန်အားဖြင့် အာဆီယံသည် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှုနှင့် နိုင်ငံတကာ၏ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် ၎င်းတို့ ၏ ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော် ပြသ သင့်ကြောင်းပြောဆိုထားသည်။ https://www.facebook.com/khitthitnews/photos/a.386800725090613/16834659154
၂၁။ လွိုင်ကော်မြို့မှာ ဓာတ်ဆီစျေး တစ်လီတာ ၁၉၇၅ ကျပ် ပေါက်စျေးရှိလာ
December 19, 2022
စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ လွိုင်ကော်မြို့ ရည်ညွှန်းဓာတ်ဆီစျေးနှုန်း ထုတ်ပြန်ချက်အရ ဓာတ်ဆီ 92 တစ်လီတာ ၁၉၇၅ကျပ်နဲ့ 95 တစ်လီတာ ၂၀၆၀ ကျပ်အထိ ပေါက် စျေးရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က 92 တစ်လီတာ ၂၀၁၀ ကျပ် ပေါက်စျေးရှိပြီး ဒီဇင်ဘာ လ ၁၉ ရက် မှာတော့ ၁၉၇၅ကျပ် အထိ ပေါက်စျေးရှိနေပေမယ့် စက်သုံးဆီအရောင်း ဆိုင်ကြီးနဲ့ ဆိုင်ငယ် ဈေးနှုန်းကွာ ခြားမှုရှိ တယ်လို့ လွိုင်ကော်မြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။
ဓာတ်ဆီစျေးနှုန်းတွေ တဖြည်းဖြည်း ပြန်လည်ကျဆင်းနေပေမယ့် တခြားလူသုံးကုန်စျေးနှုန်းတွေကတော့ မြင့်တက် နေဆဲဖြစ်ပြီး အခြေခံစားသောက်ကုန်စျေးနှုန်းတွေလည်း ပုံမှန်မြင့်တက်နေသေးတယ်လို့ လွိုင်ကော်မြို့မှာ နေထိုင်သူ တွေက ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် လွိုင်ကော်မြို့တွင်းမှာ ဓာတ်ဆီစျေး တစ်လီတာကို ၃၅၀၀ ကျပ် အထိ၊ ကျေးလက် ဒေသ ဖက်မှာ တစ်လီတာကို ၅၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာလကုန်ကစ ပြန်လည် ကျဆင်းလာတာဖြစ်ပါ တယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက တချို့နေရာတွေမှာတော့ ဓာတ်ဆီစျေး 92 တစ်လီတာကို ၂၅၀၀ ကျပ်အထက် ပေါက်စျေးရှိနေပြီး တစ်ဆိုင်နဲ့ တစ်ဆိုင် စျေးနှုန်းဟာလည်း တူညီမှုမရှိဘူးလို့ ဒီးမော့ဆိုမြို့မှာ စစ်ဘေးရှောင်နေ သူတွေကဆိုပါတယ်။ https://www.kantarawaddytimes.org/%e1%80%9c%e1%80%bd%e1%80%ad%e1%80%af%
၂၂။ ပုလောမှာမူးယစ်ဆေးဝါးရောင်းချနေသူနှစ်ဦးကို PDF ဖမ်းဆီး
December 19, 2022
မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချနေသူနှစ်ဦးကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဖမ်းဆီးပြီး မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ အခုလ ၁၇ ရက်နေ့ ည ၈ နာရီလောက်မှာ လက္ကူး ကျေးရွာကိုသွားရောက်ပြီး မူးယစ်ဆေးဝါးရောင်းချနေသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုလိုဝင်ရောက် ဖမ်းဆီးရာမှာ လက္ကူးကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးဖိုးထောင်ဆိုသူနဲ့ အသက် ၅၃ နှစ်အရွယ် ဦးကုလားတို ဆိုသူတို့ကို ဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။ ဖမ်းဆီးရမိသူတွေဆီကနေ WY ဆေးပြား ၆၀၁ ပြား ဘိန်းစာမုန့် ၄၆ ထုပ်၊ ငွေ ၂ သိန်း ၇ သောင်း၊ ဆိုင်ကယ် ၁ စီး နဲ့ ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှိူ့ဖျက်ဆီးလိုက်ပြီး ဖမ်းဆီးထားတဲ့လူ ၂ ဦးကိုတော့ အခြေအနေအရ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ PRDF အဖွဲ့ကဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ ငွေနဲ့တခြားပစ္စည်းတွေကိုတော့ တော်လှန်ရေး အတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းချနေ သူတွေကို အရင်လကတည်းက သတိပေးတားမြစ်မှုတွေပြုလုပ်ထားခဲ့ပြီး အခုလည်း ပုလောဒေသက တခြားမူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေတဲ့ သူအချို့ကို သတိပေးတားမြစ်ခဲ့တယ်လို့ဆိုပါတယ်။ တော်လှန်ရေးကာလမှာ မူးယစ်ဆေးဝါးများကို အမြစ်ပြတ်တိုက်ဖျက်ရေး ကိုပါ လုပ်ဆောင်သွားမယ်လို့လည်း PRDF အဖွဲ့က အသိပေးကြေညာထားပါတယ်။ https://www.facebook.com/phot o/?fb id=216162604134830&set=pcb.216162704134820
၂၃။ ငါးခြောက်ရောင်းအားမကောင်းသဖြင့် ပေါက်တောမှ ဆိုလာစနစ်ဖြင့် ငါးခြောက်လှန်းလုပ်ငန်း လည်ပတ်ရန် ခက်ခဲနေ
December 20, 2022
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ချောင်းဝကျေးရွာတွင် ဆိုလာစနစ်ဖြင့် အခြောက်ခံကာ ထုတ်လုပ်ရောင်းချနေသော ငါးခြောက်များမှာ ရောင်းအားမကောင်းသည့်အတွက် ပုံမှန်လည်ပတ်ရန် အခက်အခဲဖြစ်နေကြောင်း အဆိုပါကျေးရွာမှ ငါး ခြောက်လှန်းလုပ်ငန်းကော်မတီ တာဝန်ရှိသူများက ပြောသည်။ ယခုနှစ် အောက်တိုဘာလအတွင်းမှ စတင်ကာ ဆိုလာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငါးခြောက်လှန်းလုပ်ငန်းတွင် ကုန်စိမ်းများရှိသော်လည်း ငါးခြောက်များကို ဝယ်ယူသူ နည်းပါးသဖြင့် အခက်အခဲဖြစ်နေကြောင်း ချောင်းဝကျေးရွာမှ ငါးခြောက်လှန်းလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးဦးစိန်ထွန်း ကပြော သည်။ “ငါးခြောက်ရုံက အမိုးအကာအကုန်လုံးပိတ်ထားတယ်။ ဆိုလာပြားတွေ တပ်ဆင်ထားတယ်။ အထဲမှာ ပန်ကာတွေလည်း ပါတယ်။ နေရောင်ခြည်က ငါးတွေကို တိုက်ရိုက်မထိဘူး။ အမိုးအကာတွေက အပူကိုရရှိတယ်။ အဲဒီ အပူရှိန်နဲ့ ငါးခြောက်ဖြစ် လာတယ်။ လုပ်တာက မကြာသေးဘူး။ ငါးခြောက်တွေကို စစ်တွေက အယူနည်းလို့ လည်ပတ်ဖို့ခက်ခဲနေတာပါ” ဟု ၎င်းက ပြော သည်။ ငါးခြောက်လှန်း လုပ်ငန်းကို လုပ်ကိုင်နိုင်ရန်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ချောင်းဝကျေးရွာတွင် ဆောက်လုပ် ပေးထားခြင်းဖြစ်ပြီး ကျေးရွာသားများအနေဖြင့် ၁၂ ရာသီ ငါးခြောက်လှန်းနိုင်ရန်နှင့် ရာသီမပြတ် ဝင်ငွေရရှိစေရန် ပြုလုပ်ပေးထားခြင်းဖြစ်ကြောင်း ငါးခြောက်လှန်းလုပ်ငန်းကော်မတီမှသိရသည်။
ယခင်က ငါးများကို အခြောက်ခံရန်အတွက်နေရောင်ခြည်ကို အသုံးပြုခဲ့ရသော်လည်းလက်ရှိတွင် UNDP မှစီစဉ် ဆောင် ရွက်ပေးထားသည့် ဆိုလာစနစ်ဖြင့် ငါးများကို အခြောက်ခံရသည့်အတွက် သန့်ရှင်းသောငါးခြောက်များကို ထုတ်လုပ်နိုင်သည် ဟု ဦးဦးစိန်ထွန်း ကပြောသည်။ “ အခုလို UNDP ကပေးတဲ့ နည်းပညာတွေနဲ့လုပ်လိုက်တော့ မိုးရာသီမှာ နေအပူရှိန်မရရင်လည်း အဆင်ပြေတယ်။ အဓိက ငါးခြောက်ကို နေပူနဲ့ တိုက်ရိုက်လှန်းရင် အပြင်လေထိ တယ်။ ယင်ကောင်တွေ လာနားတာရှိမယ်။ ငါးမှာသဲတွေလာစင်မယ်ပေါ့။ အခုလို လေလုံမိုးလုံလုပ်တာက ယင်ကောင် လည်းမလာတော့ဘူး။ နောက်ပြီး ငါးအနံ့အသက်ကို လည်း စုပ်ယူတဲ့စနစ်တွေလည်းပါတော့ ငါးကအနံ့အသက် လည်းမထွက်ဘူး။ သန့်သန့်ရှင်းရှင်းရတာပေါ့” ဟု ၎င်းက ဆိုသည်။
ငါးခြောက်လှန်းလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးကျော်နိုင်က “ကုန်စိမ်းက အချိန်မရွေးရတယ်။ ကုန်ခြောက်ကို ကျတော့ စစ်တွေကိုတင်ပို့တာ ဝယ်သူနည်းတယ်။ လုပ်ငန်းကလည်း စလုပ်တာမကြာသေးဘူးလေ။ တင်ပို့မှုနည်းတော့ အလုပ်က သိပ်မ လည်ပတ်နိုင်ဘူး။ အလုပ်သမားစရိတ်တွေလည်း ရှိသေးတယ်”ဟု ၎င်းက ပြောသည်။ ဆိုလာစနစ် ဖြင့် ထုတ်လုပ်ရောင်းချနေ သည့် ငါးခြောက်များကို စစ်တွေမြို့သို့ တင်ပို့ရောင်းချနေခြင်းမှာ ပုံမှန်မရှိသော် လည်း နှစ်လလျှင် အနည်းဆုံး တစ်ကြိမ်သာ တင်ပို့နေခြင်းဖြစ်ပြီး တစ်ကြိမ်ပို့လျှင် ငါးခြောက်ပိဿာ ၈၀ မှ ၁၀၀ အထိသာ တင်ပို့နိုင်သည်ဟု ချောင်းဝကျေးရွာ ငါးခြောက် လှန်းလုပ်ငန်းကော်မတီမှ သိရသည်။ ချောင်းဝကျေးရွာ ရှိ ဆိုလာစနစ် ဖြင့် အခြောက်ခံထုတ်လုပ်နေသည့် ငါးခြောက် လှန်းရုံမှာ အလျားပေ ၁၂၀ ခန့်၊ အနံပေ ၃၀ ခန့်ရှိပြီး လုပ်ငန်းရှင်များနှင့် အလုပ်သမားစုစုပေါင်း လူဦးရေ ၄၀ ခန့်ဖြင့် လုပ်ဆောင် နေကြခြင်း ဖြစ်သည်။ https://www.facebook.com/dmgnewsagency/photos/pcb.2477140149105048/24771 39832
၂၄။ ကျောက်မဲမြို့ စစ်ဘေးရှောင်စခန်းအနီး လောင်းကစား လာရောက်ဖွင့်လှစ်နေ
December 19, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု ခိုအုံကျေးရွာရှိ စစ်ရှောင်စခန်းအနီးတွင် လောင်းကစား ဝိုင်းများ ဖွင့်လှစ်နေကြောင်းသိရှိရသည်။ ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်း အတွင်းရှိ စစ်ဘေးရှောင် စခန်း ၏ အနီးတွင် ယခု (ဒီဇင်ဘာလ) ဒုတိယပတ်မှစတင်ပြီး လောင်းကစားဝိုင်းကို စည်းကားအောင် သျှမ်းပြဇာတ်များပါထည့်သွင်း ဖွင့်လှစ်ထားနေကြောင်း ကျောက်မဲမြို့ဒေသခံ လူငယ်တစ်ဦးက ပြောသည်။ “လောင်းကစားဝိုင်းက စစ်ဘေးရှောင်စခန်းရဲ့ မျက် နှာစောင်း ဟိုဘက်ဒီဘက်မှာဘဲ ဆောက်ထားတာ။ လောင်းကစား လာဆော့ရင် ဆိုင်ကယ်၊ ကား တွေကို ဒီဘက် စစ်ဘေးရှောင် စခန်းမှာ ရပ်ထားတယ်။ ပြီးရင် ဟိုဘက်လမ်းကို ကူးပြီးလောင်းကစားသွားဆော့တယ်။ စစ်ရှောင်စခန်းအနီးမှာ လောင်းကစား ဝိုင်းဖွင့်တယ်ဆို တာမဖြစ်သင့်ဘူး “ ဟု ကျောက်မဲမြို့ဒေသခံ လူငယ်တစ်ဦးက ပြောသည်။ အဆိုပါ လောင်းကစားဝိုင်းထဲတွင် ဖဲဝိုင်း၊ လေးကောင်ဂျင်၊ ကုံးကင်း စသည့်ဖြင့် လောင်းကစားနည်းမျိုး စုံရှိကြောင်း သိရသည်။
“ လောင်းကစားဝိုင်း ဖွင့်လာတာတော့ (၄-၅) ရက်လောက် ရှိနေပြီ။ နေ့ရော ညရောပဲ ဖွင့်နေတယ်။ လောင်းကစားဝိုင်း စဖွင့်တုန်းက သူတို့ သျှမ်းပြဇာတ်အကကို ခေါ်တယ်။ ဖျော်ဖြေပွဲခေါင်းစဉ် မတပ်ထားဘဲနဲ့တော့ သူတို့လောင်းကစား ဝိုင်း မလုပ် ဘူး။ ကုန်းသာရွာမှာတုန်းကလည်း သျှမ်းနှစ်သစ်ကူးပွဲဆိုပြီးတော့ ဒီနေ့ထိ လောင်းကစားဝိုင်းတွေ မပြီးသေးဘူး“ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းအချိန်တွင် အရပ်ဝတ်ဖြင့် ကျောက်မဲမြို့နယ် ရဲမှူး၊ ဦးစီးမှူး နှင့် တခြား တာဝန်ရှိ ၃ ဦးတို့က သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၄၈ စု နှင့် လူဦးရေ ၂၀၀ နီးပါးကို မဖြစ်မနေ နေရပ်ပြန်ရန် ဖိအားပေးခဲ့သည်။ “ ကျနော် ထင်တာတော့ သူတို့လည်း ဆက်ကြေး ပေးပြီးဖွင့်တာ ထင် တယ်ဗျ။ သူတို့ နမ့်ဟူးတောင်းမှာ စဖွင့်တုန်းကလည်း အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်နဲ့ ဖွင့်ပြီး လုပ်တာ၊ အခုလည်း အဲ့လိုဘဲ ထင်တယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။ ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာရှိ လောင်းကစားဝိုင်းသည် ဦးဝင်းထွန်း ဆိုသူက ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်များကို ၁ လလျှင် ကျပ်သိန်း ၁၅၀ ထိ အခွန်ပေးဆောင်ပြီး ဌာနဆိုင်ရာ မြို့နယ်များကိုလည်း တစ်ရက်လျှင် ၂ သိန်းမှ ၃ သိန်း အခွန်ပေးဆောင်ရကြောင်း သိရသည်။ https://burmese.shannews.o rg/archives/32100
၂၅။ မြဝတီမြို့ အိမ်ဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွား
December 19, 2022
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၁)တံတားအနီးတွင် ဒီဇင် ဘာလ(၁၉)ရက် နံနက်(၉) နာရီ(၁၅)မိနစ်အချိန်၌ အိမ်ဆိုင်တစ်ဆိုင်တွင် မတော်တဆမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မြဝတီမြို့ အလင်းသစ်လူမှု ကယ်ဆယ်ရေး အသင်း (Rescue Myawaddy)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုင်း−မြန်မာနယ်စပ်၊ အမှတ်(၁)ချစ်ကြည်ရေးတံတား အနီးရှိ အိမ်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်တစ်ဦးသည် အိမ်နောက်ဖေးတွင် ဟင်းအိုးတည် ထားပြီး အိမ်ရှေ့၌ စျေးသွားရောင်းနေစဉ် မီးပေါ့ဆမှုဖြင့် အိမ်ဆိုင်တစ်ဆိုင်လုံး နာရီဝက်ကျော်ခန့် မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်မှုတစ်စုံတရာမရှိခဲ့ကြောင်း အလင်းသစ် (Rescue Myawaddy) အသင်းမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။ “(၄၅)မိနစ်ပဲမီးလောင်သွားတယ်။ လူအထိအခိုက် တော့မရှိဘူး။ (၉)နာရီ(၁၅)လောက်မှာစလောင်တယ်။ အနောက်မီးဖိုချောင်မှာ ဟင်းအိုးတည်နေရင်းနဲ့စလောင်တာ။ သူက ဟင်းအိုးတည်ထားရင်းနဲ့ အရှေ့မှာ စျေးထွက် ရောင်းတော့ အနောက်က ဟင်းအိုးတည်ထားတဲ့ မီးကနေပြီးတော့တစ်အိမ်လုံး လောင်သွားတာ”ဟု ပြောသည်။
ထိုသို့ မီးလောင်မှုဖြစ်ပွားနေစဉ် မီးလောင်နေသည့်နေအိမ်ကို လာကြည့်သည့်် မြို့ခံတစ်ဦးမှ အတက် ရောဂါ အခံရှိသည့်အတွက် ၎င်းဖြစ်စဉ်နေရာတွင် ရောဂါထဖောက်မှုဖြစ်ပွားခဲ့သေးသည်ဟု ထိုတာဝန်ရှိသူက ဆက်ပြော သည်။ အဆိုပါ မီးလောင် ကျွမ်းမှု ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် တန်ဘိုးကိုမသိရသလို နေအိမ်ပိုင်ရှင်ကို လည်း သက်ဆိုင်ရာ ရဲများက သွား ရောက်ဖမ်းဆီးအရေးယူခြင်းမပြုကြောင်းလည်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။ အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၁၆)ရက်နေ့တွင် အဆိုပါ ထိုင်း – မြန်မာနယ်စပ် အမှတ်(၁) ချစ်ကြည် ရေး တံတားအနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ကား ၃ စီး မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့ကာ လူနေအိမ်တချို့နှင့် မီးကြိုး များ ထိခိုက်ပျက်စီးသွားခဲ့သေးသည်။ https://kicnews.org/20 22/12/%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae%e1%80%99%e1
၂၆။ တိမ်းရှောင်နေရသည့် ပလမြို့တောင်သူများ စပါးမရိတ်နိုင်သေးသဖြင့် အခက်ကြုံ
December 20, 2022
တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပလမြို့ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတောင်သူတွေ ဟာ ရိတ်သိမ်းချိန် ကျော်လွန်နေတဲ့ စပါးခင်းတွေဆီကို အခက်အခဲအမျိုးမျိုးကြောင့် ပြန်မလာ နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါ တယ်။ ပလမြို့မှာ အိမ်ထောင်စု ၄၀၀ လောက်နဲ့ လယ်ဧက ၄၀၀၀ လောက်ရှိပြီး စပါး ရိတ်သိမ်းဖို့ အုပ်ချုပ်ရေးမှူးတွေ ဆီကနေ ထောက်ခံချက်တွေယူပြီးမှ ရိတ်ရတယ်လို့ ဆိုပါတယ်။ လယ်ယာစိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒေသခံတဦးက “ကျနော်တို့ မြို့ထဲကို ပြန်မသွားရဲတော့ဘူး။ စပါးခင်းတွေကိုတော့ လူငှားပြီး ရိတ်ခိုင်းထားရတယ်။ စကစဘက်က ထွက်ပြေးတိမ်းရှောင်နေတဲ့ သူတွေ ကို ပြန်လာဖို့ ခေါ်နေတာတော့ ရှိတယ်။ တဖက်မှာလည်း စကစဘက်က နံရံကပ်စာတွေ ကပ်ပြီး PDF နဲ့ ပတ်သက်ရင် တအိမ်လုံး မီးရှို့မယ်။ သတ်မယ်လို့ ခြိမ်းခြောက်တာတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂ ရက်က ပလမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခံရပြီးနောက် စကစဘက်က ပလမြို့ပေါ်မှာ ဒေသခံ အယောက် ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးခဲ့တာတွေကြောင့် ဒေသခံတွေက ပလမြို့က နေ တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ PDF တွေက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရသူတဦးက “ပလမြို့ပေါ်မှာ မိုင်းပေါက်ပြီးနောက်နေ့မှာ စကစတွေက လိုက်ဖမ်းတော့တာပဲ့။ သုံးလေးရက်ဆက်တိုက်ဖမ်းတယ်။ ကျနော်တို့လည်း ကြောက် လန့်ပြီး ထွက်ပြေးတိမ်းရှောင်ရတာပေါ့။ ဒီလိုတွေ ဖမ်းနေတာကြောင့် စပါးခင်းတွေဆီပြန် ရောက်ဖို့ အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။ ပုလောနဲ့ ပလမြို့ပေါ်တွေမှာတော့ ပြီးခဲ့တဲ့အပတ်တွေက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေကြား ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ စကစဘက်က နံရပ်ကပ်စာတွေကပ်ပြီး ခြိမ်းခြောက်ကာ လုံခြုံရေးတင်းကြပ်ခဲ့တယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/569687
၂၇။ AA နှင့်ဆက်စပ်မှုဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မှ ဆရာဝန်အမှုတွင် လိုပြသက်သေများ စစ်ဆေးနေဆဲ
December 20, 2022
ရခိုင်ပြည်၊ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှ သွားဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်သူရထွန်းအား စွဲဆိုထားသည့် ၁၇(၁) အမှုအတွက် လိုပြသက်သေများအား စစ်ဆေးနေဆဲဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။ ဒေါက်တာ ကျော်သူရထွန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စတင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ရ ပြီး လဝက်ခန့်အကြာအဆက်သွယ်ပြတ်တောက်နေခဲ့ကာ နောက်ပိုင်း တောင်ကုတ် မြို့မ ရဲစခန်း သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရဲစခန်းသို့ရောက်ရှိပြီးနောက် သူ့အား ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်မှုဟု ဆိုကာ ၁၇(၁) ဖြင့် စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးက တရား လိုလုပ်ပြီး တရားစွဲဆိုခဲ့သည်။ ယင်းနောက်ပိုင်း အောက်တိုဘာ ၂၁ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ ပြီးနောက် ရုံးချိန်း ၄ ကြိမ်မြောက်အထိ တရားလိုအပါအဝင် လိုပြသက်သေများ စစ်ဆေးလျက်ရှိသည်ဟု ဒေါက်တာကျော်သူရထွန်း၏ ဇနီးဖြစ်သူက ပြောသည်။
“ရုံးချိန်းကတော့ ၄ ကြိမ်လောက်ရှိပြီ။ တရားလိုစစ်ဆေးပြီးပြီ။ လိုပြသက်သေကတော့ စုစုပေါင်း ၂ ယောက်။ ခုလာမယ့် ရုံးချိန်းမှာလည်း လိုပြသက်သေစစ်မယ်” ဟုပြောသည်။ ဒေါက်တာကျော်သူရထွန်း မှာ သွားဆရာဝန် တစ်ဦးဖြစ်ပြီး စစ်တွေဇာတိ ဖြစ်ကာ လက်ရှိတောင်ကုတ်တွင် မိသားစုနှင့် နေထိုင်နေခြင်းဖြစ်သည်။ ယင်းအပြင် ဖမ်းဆီးခံရစဉ် သူနာပြုဖြစ်သူ ဇနီးအား ဆေးရုံသို့ ပိုပြီးအပြန် လမ်းတွင် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများက တောင်ကုတ်တပ်ရှောင်လမ်းမှ တစ်ဆင့် ၅၄၄ တပ်ရင်းဖက်သို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်များက ဆိုကြသည်။ https://www.facebook.com/westernnewsagen cy/photos/a.119286173211229/675785817561259/
၂၈။ CDM ကျောင်းသားတွေအတွက် ဒဂုံတက္ကသိုလ်ယာယီကောင်စီက သင်တန်းတွေ ဖွင့်လှစ်ပေးမယ်
December 20, 2022
ဒဂုံတက္ကသိုလ်ယာယီကောင်စီ အနေနဲ့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ CDM ကျောင်းသား ကျောင်းသူ တွေ အတွက် သင်တန်းတွေ ဖွင့်လှစ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကြားကာလ ပညာသင်ကြားရေး သင်တန်းတွေ အဖြစ် Research and Sampling Methodology ၊ Political Science ၊ Computer Basic Course ၊ General English Course စတဲ့ သင်တန်းတွေကို မကြာမီ ဖွင့်လှစ်မှာဖြစ်ပြီး CDM ကျောင်းသား ကျောင်းသူတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ “CDM ကျောင်းသားတွေအတွက် အခုလိုလုပ်ပေးတဲ့အတွက် အရမ်းအဆင် ပြေပါတယ်။ ကျွန်တော်တို့ လူငယ်တွေလည်း အခုဆို ပညာရေးမှာ တော်တော်လမ်းပျောက်နေတယ်။ အခုလိုမျိုးတွေ များများ သင်ကြား ပေးစေချင်တယ်။ ကျွန်တော်တို့ ကတော့ အဆုံးထိ တော်လှန်သွားမှာ ဖြစ်တယ်” လို့ စစ်အာဏာ မသိမ်းမီက တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ ကျောင်းသား တစ်ဉီး က ပြောပါတယ်။ လက်ရှိ တော်လှန်ရေး ကာလအတွင်း ကြားကာလ ပညာသင်ကြားနိုင်တဲ့ ကျောင်းတွေ အများအပြား ရှိနေပြီ ဖြစ်သလို NUG အစိုးရက ဖွင့်လှစ်ထားတဲ့ နွေဦးတက္ကသိုလ် အနေနဲ့လည်း ပညာသင်ဆု ခေါ်ယူတာတွေ ချင်းမိုင်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး သင်တန်းပို့ချဖို့ စီစဉ်နေတာတွေ ရှိတယ်လို့ သိရပါတယ်။ https://www.facebook.com/MeKongNewsMM/p hotos/a.373965523263391/1145368362789766/
၃၉။ စစ်ကောင်စီ ဖိအားပေးမှုကြောင့် ကျောက်မဲစစ်ရှောင်များ မြို့ပေါ်သို့ အိမ်ငှားနေထိုင်
December 20, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းအတွင်းရှိ စစ်ဘေးရှောင်များ စစ်ကောင်စီမှ နေရပ်ပြန်ရန် ထပ်မံဖိအားပေးပြီးနောက် စစ်ရှောင်များသည် မြို့ပေါ်သို့ အိမ်ငှားနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၅ ) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် ရဲမှူး၊ ဦးစီးမှူး နှင့် တခြား တာဝန်ရှိသူ ၃ ဦးတို့မှ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းရှိ စစ်ရှောင်များကို နေရပ်ပြန်ရင် ဖိအားပေးခဲ့သည်။ ထို့ကြောင့် စစ်ရှောင်များသည် နေရပ် ပြန်ရန် အခက်ခဲများစွာ ရှိနေသဖြင့် ကျောက်မဲမြို့ပေါ်၌ အိမ်ငှားနေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီး မြို့ပေါ်ရှိ အိမ်ငှားခ တစ်လလျှင် (၈၀,၀၀၀) ကျပ် ကုန်ကျနေသည့်အတွက်ကြောင့် အခက်ခဲ ကြုံတွေ့ နေရသည်ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြော သည်။ “ အိမ်က ကျဉ်းရင်တော့ စျေးသက်သာတယ် တစ်လကို (၄ သောင်း၊ ၅သောင်း) ကျပ် လောက်တော့ ပေးရမှာပေါ့။ အိမ်က မိုးလှုံ၊ လေလှုံပြီး နည်းနည်းကျယ်ရင် တော့ တစ်လကို (၇သောင်း၊ ၈သောင်း) ကျပ် လောက်တော့ ပေးရတယ်။ ကျမတို့ စစ်ရှောင် တွေက ဘာအလုပ်မှ မရှိဘူး “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းသို့ ရောက်ရှိနေသော စစ်ရှောင်များသည် အိမ်ထောင်စု ၄၈ စု နှင့် လူဦးရေ ၁၇၀ ကျော်ရှိပြီး များသောအားဖြင့် သက်ကြီးရွယ်အို နှင့် ကလေးငယ်များ ဖြစ်ကြကြောင်း သိရသည်။ အဆိုပါ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ကျောင်းသို့ ရောက်ရှိနေသော စစ်ရှောင်များသည် ဟူးဆွန်ကျေးရွာ၊ တွန်ဟိတ်ကျေးရွာ၊ ချုံးဟောင်းနှင့် နဲမ်းဆိုင်း ရွာတို့မှ ဒေသခံများဖြစ်ရာ လူဦးရေ ၁၇၀ ကျော်တို့သည် ယခုလ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ မြို့ပေါ်သို့ ရွေ့ပြောင်းပြီး အိမ်ငှား နေထိုင်မည် ဖြစ်ကြောင်း သိရသည်။ “ ကျမတို့ နေရပ်အိမ်ကို မပြန်နိုင်တာ ၁ နှစ် ကျော်ရှိပြီ။ အခြေအနေတွေ ဘယ်လိုရှိမှန်းမသိ၊ အိမ်တွေလည်း ပျက်စီးကုန်ပြီ။ အိုး၊ အိမ်တွေ ဘာမှမရှိတော့ဘူး။ စစ်ကောင်စီကတော့ နေရပ်ကိုပြန်ခိုင်းတယ်။ ပြန်ရင် အိုး၊ အိမ်တွေမရှိဘူး ဘယ်လိုစားသောက်ရမှန်း မသိ၊ ဘယ်လို နေရမှန်းမသိတော့ အရမ်းကို ပူဆွေးနေတယ်။ အဲ့ကြောင့် မြို့ပေါ်မှာ အိမ်ငှားနေဖို့ ဆုံးဖြတ်ထားတယ် “ ဟု ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။ ထို့အပြင် အသက် ၂၀ နှစ်ကျော် စစ်ရှောင် အမျိုးသားတစ်ဦးက မြို့ပေါ်သို့ ရွှေ့ပြောင်းပြီး အိမ်ငှားနေထိုင်လျှင် အလုပ်မရှိပါက စားဝတ်နေရေးအတွက် ပိုမိုကြပ်တည်း လာနိုင်ကြောင်း ပြောသည်။ https://burmese.shannews.org/archives/32109
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။