သတင်း

CDF-Paletwa အပတ်စဉ်(၂) ဆေးဝါးကျွမ်းကျင် သူနာပြု သင်တန်းဖွင့်လှစ် ပြီးမြောက် 

ဓါတ်ပုံ – CDF-Paletwa
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၉
 
ချင်းပြည်နယ်၊ ပလက်ဝက်မြို့နယ်ထဲက ဖွဲ့စည်းထားတဲ့ ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့-ပလက်ဝဟာ အပတ်စဉ် (၂) ဆေးဝါးကျွမ်းကျင် သူနာပြု သင်တန်းကို ထပ်မံ ဖွင့်လှစ်ပြီးမြောက် သင်ကြား ပေးခဲ့တယ်လို့ သိရပါတယ်။
 
ကျန်းမာရေး စောင့်ရှောက် အရေးတကြီးလိုအပ်နေတဲ့ နေရာဒေသအပါအဝင်၊ တော်လှန်ရေး ရဲဘော်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ ပေးနိုင်ရေးအတွက် ရည်မှန်းပြီး ဖွင့်လှစ် သင်ကြား ပေးနေတာဖြစ်ပါတယ်။
 
CDF-Paletwa တပ်ဖွဲ့အနေဖြင့် “မြေပြင်ရှိ ကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့အတွက် ရဲဘော်များ ထိခိုက်မှု ရှိတဲ့အချိန် ဆေးဝါးမပြည့်စုံခြင်းများကြောင့် နီးစပ်ရာဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးရတဲ့ အခြေအနေ တွေရှိနေသလို လက်ရှိတွင်လည်း နီးစပ်ရာ ဆေးရုံဆေးခန်းတွင် ပို့ဆောင်ကုသမှုခံယူနေကြတာ (၁၀)ဦးထက် မနည်းရှိနေခဲ့တယ်”လို့ ဆိုပါတယ်။
 
ဒါ့အပြင် CDF-Paletwa တပ်ဖွဲ့ဘက်က ဆေးဝါးများအပါအဝင်၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် လိုအပ်ချက်များစွာ ရှိနေသေး တာကြောင့် ပြည်တွင်း၊ ပြည်ပ အလှုုရှင်များ၊ မိဘပြည်သူ များအနေဖြင့်လည်း ဖက်ဒရယ်ဒီမိုကရေစီအတွက်ပါဝင်တော်လှန်နေကြတဲ့ ရဲဘော်များကို တက်စွမ်းသမျှ ဆက်လက် ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။

Related Articles

Back to top button