ဆောင်းလေရဲ့ လောင်မီး
ဆောင်းလေတွေ တိုက်ပြန်ပြီ
စောင်မလောက်တဲ့အချိန်မှာ
ဆောင်းလေက မအေးမြစေဘူး
ပူလောင်နေတဲ့ရင်ကို ကော်ဖီပူပူနဲ့ အချိုသတ်လိုက်တယ်။
တစ်ရက်တစ်လ တစ်နှစ်…
အိမ်ကို ပစ်ပြီးထွက်ခဲ့တာ နှစ်နှစ်ပြည့်တော့မယ်
အမေလည်း လွမ်းလို့ ငိုတာ ရက်တွေ ဆက်လို့
တစ်ရက် တစ်ချိန် တစ်မနက်…
အိမ်တော့ ပြန်ရောက်ကောင်းရဲ့
အမေ့ကို ပြန်ဖက်ရကောင်းရဲ့
အိမ်ထမင်း အိမ်ဟင်းစားရကောင်းရဲ့
စောင်ထူထူနဲ့ နေဖင်ထိုးအောင်အထိ ကွေးရကောင်းရဲ့
ချစ်သူကို ပန်းတစ်ပွင့်နဲ့ အစက ပြန်စချစ်ရကောင်းရဲ့။
တစ်ရက် တစ်ချိန် …
တိုင်းပြည်ကြီး စစ်အသံမကြားတဲ့ ကာလကြီးကို ရောက်တန်ကောင်းရဲ့…
ရောက်တန်ကောင်းပါရဲ့… အမေ။
ကံ့ကော်ဖြူ