သတင်း

မင်းတပ်မြို့ ခလရ ၂၇၅ တပ်က စစ်ကောင်စီတပ်သား တဦး CDF-Mindat ထံ ခိုလှုံ

ဓါတ်ပုံ – CDF-Mindat

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၈

မင်းတပ်မြို့ ခလရ ၂၇၄ တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မျိုးသက်ပိုင် (တပ်သား) အဆင့် ရှိသူဟာ ပြီးခဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ (သောကြာနေ့)က အလင်းဝင်လာခဲ့ပြီး MA 1 တစ်လက်၊ ကျည်Box 4ခု၊ ကျည်ဆံ ၆၅ တောင့်၊ ကျည်ကာဝတ်စုံ တစ်စုံ တို့ဖြင့် CDF-Mindat ထံအပ်နှံကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့တယ်လို့ သိရ ပါတယ်။

CDM ပြုလုပ်လာတဲ့ တပ်သားကို CDF-Mindat ဟာ ထုတ်ပြန်ကြေငြာထားတဲ့ ဂတိအတိုင်း လက်နက်ဖြင့် ကျပ် သိန်း (50) တိတိ ချီးမြှင့် ပေးအပ်ပြီး ဖြစ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button