သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အနီးရှိ စစ်ကောင်စီအမြောက်တပ် တိုက်ခိုက်ခံရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့နယ် အနီးရှိ အမြောက်တပ်တစ်ခုအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့ နံနက် ၉နာရီခွဲ အချိန်ခန့်တွင် ဒေသခံတော်လှန်ရေးအင်အားစု ဖြစ်တဲ့ ရေးဘီလူး အဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ချိန်အတွင်း အမြောက်တပ်အတွင်းမှ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်သား အချို့ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့တယ်”လို့ ရေးဘီလူးအဖွဲ့တာဝန်ခံမှ သတင်းထုတ်ပြန်ထားတာပါ။
အမြောက်တပ်သို့ ဝင်ရောက် ပစ်ခတ်ပြီးချိန်နောက် အထိအခိုက်မရှိဘဲ ရေးဘီလူးအဖွဲ့သားများမှ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။
YE ဘီလူး – ထုတ်ပြန်ချက်

Related Articles

Back to top button