ဓါတ်ပုံ-KNDF
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၆
ဒီးမော့ဆိုမြိုနယ် စံပြ (၆) မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၃)ရက်နေ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့လို့ KNDF/B09 နှင့် နှစ်ဖက် တိုက်ပွဲ ၃ ကြိမ်ထိ ထိတွေ့ပြင်းထန်ခဲ့ တယ်လို့ သိရပါတယ်။
အဆိုပါနှစ်ဖက်ထိတွေ့ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာ ရမှု (၃၀)ဦးခန့် ရှိခဲ့တယ်လို့ KNDF ဘက်က သတင်းထုတ်ပြန်ပါတယ်။
ထိခိုက်မှု ကြီးမားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘက်သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာတို့အတွင်းသို့ စစ်ကြောင်းများဖြင့် ဝင်ရောက်ခဲ့ပြီး အရပ်သားနေအိမ်များကိုလည်း မီးရှို့ဖျက်စီး ခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လာသလို ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး (၃) လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။
အလားတူ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာလည်း ဘက်သလိန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တဖက်သတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်တလော်မှာတော့ စစ်ကောင်စီ တပ်များက ဘက်သလိန်နှင့် ဝမ့်လထွားကျေးရွာများတွင် ခြေကုပ်ယူ တပ်ဆွဲလျက်ရှိသလို နှစ်ဖက်တပ်များကလည်း အနီးကပ် စောင့်ကြည့်နေတဲ့ အခြေအနေထိ ဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။