ဓါတ်ပုံ – CDF-Senthang (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၆
ချင်းပြည်နယ်ထဲက စစ်ကောင်စီ တပ်ရင်း ၂၂၆ မှ တပ်သား ၃ ဦးဟာ MAI ၁ လက်နက်၊ ကျဉ်နှင့်အတူ CDF-Senthang ထံ ခိုလှုံ လာတယ်လို့ သတင်းထုတ် ပြန်ပါတယ်။
ပြည်သူ့ရင်ခွင့် ခိုလှုံလာတဲ့ CDM စစ်သားတို့ကို CDF-Senthang ဘက်က နွေးထွေးစွာကြိုဆိုခဲ့ပြီး ထိုက်သင့်တဲ့ ဆုကြေးလက်ဆောင်များကို ချီးမြှင့်ကာ လုံခြုံမှုရှိတဲ့ ဒေသသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။