ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၃
KNDF ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်ထဲက တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတချို့ကို စွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
KNDF ဦးဆောင်တဲ့ ကရင်နီတပ်မတော် (KA) ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့က စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆို မြို့နယ် ကုန်းသာ၊ သေးဆူလဲ၊ပူဖားနှင့် ဒေါကမီးကျေးရွာများက တပ်စခန်းတို့ကို ပူးပေါင်း စစ်ဆင် ရေး တစ်ရပ် ဆင်နွဲခဲ့တာပါ။
ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များဟာ ၄င်းတို့ တပ်စွဲထားသော ကျေးရွာများမှ ဆုတ်ခွာထွက်ပြေးခဲ့ကြသလို အဆိုပါကျေးရွာများကို KNDFနှင့် ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်း နိုင်ခဲ့ပြီး ကုန်းသာကျေးရွာကိုတော့ KRU တပ်များနေရာယူနိုင်ရန် နေရာချထားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲ၊ ပူဖားနှင့် ဒေါကမီးအထိ စစ်ကောင်စီ တပ်များကို တိုက်ထုတ် နိုင်ခဲ့ပေမယ့် အဆိုပါကျေးရွာများအတွင်း စစ်ဆင်ရေးမပြီး ပြတ်သေးသလို မြေမြုပ်မိုင်း အန္တရာယ် ရှိနေ သေးတယ်လို့ သတိပေး ထုတ်ပြန်ပါတယ်။
ယမန်နေ့က ဒီဇင်ဘာလ ( ၂ ) ရက်နေ့ သေးဆူလဲကျေးရွာအတွင်းသို့ နေရပ်ပြန်ရောက်နေထိုင်သော ပြည်သူ တစ်ဦး စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့ရတာပါ။
ဒါ့အပြင် စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်လာနိုင်သလို တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်လို့ ပြည်သူ များ အနေဖြင့် အဆိုပါကျေးရွာများသို့ အစောတလျင် ပြန်လည်ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြု လုပ်ကြပါ ရန် အထူးတိုက်တွန်းထားပါတယ်။
ထို့ကြောင့် အဆိုပါနယ်မြေများသို့ အစောသလျင် ပြန်လည် ဝင်ရောက်နေထိုင်ခြင်းများ မပြုလုပ်ကြရန်နှင့် KNDF က ထုတ်ပြန်တဲ့ စစ်ရေးသတင်းများကို ဂရုစိုက်စောင့်ကြည့်ပေးပါရန် မေတ္တာရပ်ခံ အသိပေးထား ပါတယ်။