သတင်း

ဖားကန့်နှင့် လွယ်ဂျယ် တို့မှာ စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေ တိုက်ခိုက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ထဲက ကလပ်ကုန်း အဝိုင်းပတ်အနားမှာ ပတ်ကင်း လှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ကေအိုင်အေ တပ်ဖွဲ့တို့က အဝေးထိန်းမိုင်းများ ဖြင့် တိုက် ခိုက်ခဲ့တာပါ။

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်း (၈) နာရီခန့်မှာ စစ်ကားဖြစ် ပတ်ကင်း လှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဖားကန့် ကလပ်ကုန်း အပိုင်းပတ် အရောက် မှာတော့ ကေအိုင်အေတပ်ဖွဲ့တို့က အသင့်ပြင်ဆင်ထားတဲ့ မိုင်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားအပါအဝင်၊ တပ်သားတချို့ ပျက်စီး ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ ကေအိုင်အေ သတင်းအရင်းအမြစ်အရ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုလည်း ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ တပ်သားများကို ညပိုင်း ၈ နာရီခွဲ ခန့်မှာတော့ စစ်ကားများ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်း ၈ နာရီခွဲခန့်မှာလည်း လွယ်ဂျယ်မြို့နယ်၊ စိန်လုံတောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းသို့ စစ်ကား (၁၂) စီးဖြင့် အင်အား ဖြည့်တင်းဖို့ ရောက်လာတဲ့ ခမရ (၄၃၇)ကို ကေအိုင်အေ၊ တပ်မဟာ (၃) နယ်မြေ ဖြစ်တဲ့ ခဝမ်တောင်ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ တာ ကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာလည်း မိုင်းဆွဲ တိုက်ခိုက် ခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ဟာ စစ်ကားအပါအဝင်၊ တပ်သားများလည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်လာ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ခွဲ ခန့်မှာလည်း လွယ်ဂျာနယ်စပ် တပ်စခန်းမှ ဗန်းမော်ဘက်သို့ ဆင်းလာတဲ့ စစ်ကားတစီးကို လောဒ့်ဒန်ကျေးရွာ ၁၁ မိုင်ကုန်းမှာ ကေအိုင်အေတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Related Articles

Back to top button