သတင်း

ကချင်-စစ်ကိုင်း နယ်စပ် ကသာအထက်ပိုင်း KIA တပ်မဟာ ၈ နယ်မြေသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၂

 

ကချင်-စစ်ကိုင်း နယ်စပ် ကသာမြို့နယ် ချောင်းဝကျေးရွာအထက်ပိုင်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၈) နယ်မြေ၊ ကောက်ကွေ့ချောင်းရိုးဘက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့ ၁၁ နာရီခန့်မှာ လာရောက် ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ KIA သတင်းအရင်းအမြစ်အရ သိရ ပါတယ်။

 

အဆိုပါ ဂျက်ဖိုက်တာ ၃ စီးသည် တံတားဦးလေဆိပ်မှ တက်လာသည့် လေယာဥ်ဖြစ် ပြီး ဗုံးကြဲမှုကြောင့် အရပ်သားနေအိမ် တချို့ ထိခိုက်ပျက်စီးသွားသလို ခပေါင်းကျေးရွာငယ်မှ အမျိုးသမီးငယ်တစ်ဦး ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

 

ချောင်းဝ ကျေးရွာအထက်ပိုင်း ကောက်ကွေ့ချောင်းအနီးရှိ KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ယနေ့နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစတင်ကာ ဂျက်ဖိုက်တာ သုံးစီးအသုံးပြု၍ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်၊ ပြီးတော့ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တယ်၊ ကောက်ကွေ့ချောင်းရိုးတစ်လျောက်တွေကိုပတ်ပြီး ကြဲချသွားတယ်လို့ ကသာပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက KNG ကို ပြောပြထားပါတယ်။

 

ကချင်–စစ်ကိုင်းနယ်စပ်ဒေသများမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ တပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက် စစ်ရေး တင်းမာ နေမှု ရှိနေတယ်လို့ သိရပါတယ်။

Related Articles

Back to top button